Skip to main content

Posts

Showing posts with the label တွေးမိသည်များ။

အမေ့အိမ်နှင့် အတွေးစ များ...။

  ဒီက ပုံလေးကို ယူထားပါတယ်။ ဒီလထဲမှာ ကျမရဲ့ ချစ်သော မောင်ငယ်နဲ့ မိသားစု ရန်ကုန်ကို အကြောင်းကိစ္စတခုကြောင့် ဆယ်ရက်တိတိ ရောက်လာခဲ့ပါတယ်။ သူ့မိသားစုဆိုတာက သူ့မဟေသီနဲ့ သားတော်မောင် အခါလည်သားအရွယ် အမွှာညီနောင် နှစ်ယောက်ရယ်..ပေါင်း လေးယောက်ရယ်ပါ။ ကျမတို့လည်း နီးမှ သိရလို့ ပြင်ဆင်ချိန် သိပ်မရလိုက်ပါဘူး။  ကိုယ့်မိဘအိမ်ပြန်လာတာပေမယ့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီဆိုတာကို သူ ဒီရောက်မှ သဘောပေါက်သွားပါတယ်။ မီးပျက်ပြီး ပူအိုက်နေတဲ့ အချိန်တွေမှာ ရေပြောင်း မြေပြောင်းမို့ ကလေးတွေ နေလို့ ဘယ်လိုမှ  အဆင်မပြေတာနဲ့ တရက်သာ အိမ်မှာ နေနိုင်ပြီး ဟိုတယ်ပြောင်းရပါတော့တယ်။ ပြောင်းဖို့ကိုလည်း ကျမကပဲ အကြံပေးခဲ့ပါတယ်။ အဲဒီမှာတင် ကျမလည်း ကျမတို့ရဲ့  ငယ်ဘ၀လေးကို ပြန်သတိရမိလိုက်ပါတယ်..။ ဘာတွေ ကွာခြားကုန်ကြပြီလဲ ဆိုတာကိုပါ။ ကျမတို့ ငယ်စဉ်က အဖိုးအဖွားတွေဆီ သွားရတာ ပျော်ရွှင်နေတာပါပဲ။ ဖေဖေ့ရဲ့ မိဘများက မန္တလေးတိုင်းက မြို့လေးတမြို့မှာ နေကြပါတယ်။ နွေရာသီ  မောင်နှမတွေ စုံကြရင် သူတို့နေတဲ့ အဲဒီအိမ်ကျဉ်းကျဉ်းလေးထဲမှာ ခြင်ထောင်တွေကို တန်းစီထောင်ပြီး အိပ်ကြရပါတယ်။ အိပ်ခန်းထဲက ကုတင်တွေပေါ်မှာတောင် လူပြည...

ဟိုရောက်သည်ရောက် သင်္ကြန်အတွေးများ...။

သင်္ကြန်နီးလာပြီ...။ ကလေးတွေကတော့ ရက်ချိုးရေတွက်ရင်း စောင့်မျှော်နေပြီ။ ဒါကတော့ ကျမတို့ ငယ်ငယ်တုန်းကလိုပါပဲ.. နောက်တော့လည်း သူများပျော်တာတွေကို ငေးကြည့်ရင်း ညနေဖက်မှ အိမ်ရှေ့မှာ ရေပုံးချ.. လာသမျှ ခွေးရော ကြောင်ရောမကျန် ရေတွေလှမ်းပက်.. ပြီး အိမ်နီချင်းချင်း ရေတွေပြန်ပက်ကြရင်း ထပ်တိုးလာမယ့် သင်္ကြန်တခုပဲ ဖြစ်နေမှာပါ...။ သင်္ကြန်ဆို အင်းယားလမ်းထဲက မဖြတ်ဖြစ်ဖို့ သတိထာြး ဖစ်ရင်းနဲ့ကို ဖြတ်ဖြစ်နေကျ...။ ရေပက်ခံ သင်္ကြန်ကားတွေ ကြားမှာ ရေထိမခံပဲ တံခါးအလုံပိတ် ချွေးတွေအောင်းရင်း ဒုက္ခခံဖြစ်ခဲ့တာကလည်း နှစ်တိုင်းလိုပါပဲ...။ ကိုယ်တိုင်က သင်္ကြန်မှာ ပျော်လေ့ မရှိတော့ သင်္ကြန်ဆိုတာအတွက် အင်တိုက်အားတိုက် သိပ်မရှိတတ်ခဲ့ဘူးလေ..။ ဒါကတော့ သင်္ကြန်နဲ့ ပတ်သက်လို့လည်း တချို့သော တချို့သူတွေလို ဇာတ်လမ်း မှတ်တမ်းလှလှလေးတွေလည်း မပိုင်ဆိုင်ဖူးခဲ့သလို မေ့ထားချင်စရာ အတိတ်ဟောင်းတွေလည်း မရှိခဲ့လို့ ဖြစ်မယ်ထင်တယ်။ : P ကျမ မိဘတွေက သင်္ကြန်ဖူးစာဆိုတော့ သင်္ကြန်ရောက်တိုင်း ဖေဖေက မေမေ့ကို သင်္ကြန်ရေလောင်းလေ့ရှိတယ်..။ မေမေကလည်း စိတ်ဆိုးသလို ပြုံးတုံ့တုံ့လုပ်ရင်း အတိတ်ကို ပြန်အောက်မေ့ တနှစ်လုံး မတည့်ခဲ့သမျှ သင်ပုန်းချေဖြစ်နေသလားတော့ မသိနို...

အာရှတော်ဝင်ဆေးခန်းသို့ တခေါက်...

မနေ့ညက အာရှတော်ဝင် ရောက်သွားပါတယ်...။ အခုတလော အဲဒီဘက် ခဏ ခဏရောက်ဖြစ်နေတယ်..။ သားငယ်ပြလိုက်.. ကလေးတွေ အဖေပြဖို့ သွားလိုက်နဲ့....။ ဒီတစ်ခါကတော့ ကျမအလှည့် .....။ အကြောင်းကတော့ ရင်ခုန်သံတွေ မမှန်လို့ပါ...။ တချက်တချက် ဆောင့် ဆောင့်ခုန်တာ လူတောင် တွန့်တွန့်သွားတယ်...။ အရင်လည်းဖြစ်ဖူးပေမယ့် နာရီပိုင်းလောက်ဆို ပုံမှန်ပြန်ဖြစ်နေတာကိုး။ ဒီတစ်ခါကတော့ နေ့လည်ကတည်းက ဖြစ်တာ ည..၉နာရီလောက် အိမ်ပြန်ရောက်တဲ့ အထိ မသက်သာဘူး။ ဒါနဲ့ သူလည်း လာနားထောင်ကြည့်ပြီး စိတ်ပူတာနဲ့ အာရှတော်ဝင်လိုက်ပို့ပါတယ်။ ကျမကတော့ မပြချင်ပါဘူး။ မောတာလည်း မဟုတ်... နှလုံးအောင့် နာနေတာလည်းမဟုတ်..။ ဒါပေမယ့် သူစိတ်ပူနေလေတော့ လိုက်ပြလိုက်တာပေါ့...။  ကလေးသုံးယောက်ကိုတော့ အဖိုးအဖွားတို့အိမ်မှာ ခဏထားခဲ့လိုက်ပါတယ်...။ ထုံးစံအတိုင်း သူက သူ့အစ်မ ဆရာဝန်မဆီ အရင်ခေါ်သွားတယ်...။ မ၀ါက စမ်းကြည့်တယ်..ကြားတယ်.. တချက် တချက် မဟုတ်ဘူးပေါ့..ဒါပေမယ့် အီးစီဂျီ  ရိုက်လည်း ပေါ်မှာမဟုတ်ဘူးတဲ့...။ သူကတော့ ဘာပဲဖြစ်ဖြစ် အာရှတော်ဝင်က နှလုံးအထူးကုဆိုတော့ စက်တွေ ရှိတယ်ဆိုပြီး... ခေါ်သွားလေရဲ့။် ဟိုရောက်တော့ ပြင်ပလူနာဆောင်ကို သွားတော့   အီးစီဂျ...

ရှင်သန် ရပ်တည်ဖို့အတွက်....

မနေ့ညက အိမ်အောက်ထပ်ဆင်းတော့ Hamster တွေ အိမ်ထဲကနေ အသံလေးတွေ ထွက်လာလို့ ငုံ့ကြည့်လိုက်တော့.. လက်သန်းလောက်ရှိတဲ့  အမွေးအမျှင်မဲ့ သတ္တ၀ါလေးတွေ.. ညိုတိုတို လှုပ်စိလှုပ်စိလေးနဲ့ သုံး လေးကောင်လောက်တွေ့လိုက်ပါတယ်။ ခုထက်ထိတောင် အကြီးနှစ်ကောင်ကို ဘယ်သူ အထီး အမမှန်းမသိတော့ ဘယ်ကောင်က မွေးတာမှန်းလည်း မသိ၊ ဗိုက်ဖောင်းတာလည်း မတွေ့ရပဲနဲ့... အော်.. ဒီသတ္တ၀ါလေးတွေကျတော့ ဖြစ်တာ ပျက်တာ မြန်ုလိုက်တာနော်.. အဲဒါနဲ့ သူတို့လေးတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်..။ နောက်နှစ်ပတ်လောက်ကြာရင် ဘယ်နှစ်ကောင်လောက် ရှင်သန်ကျန်ရစ်မှာတဲ့လဲ.. တွေးမိရင်းပေါ့...။ မနက် မိုးလင်းတော့ သူများတကာ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ  ကျောင်းတက်နေရတဲ့ သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးရပါတယ်။ အိမ်မှာ လူစောင့်မရှိလို့ ကျောင်းပိတ်တဲ့ သားကြီးနဲ့ သမီးငယ်ကိုပါ တခါတည်း ပြင်ဆင်ပြီး ရုံးခေါ်သွား..... ထုံးစံအတိုင်း ဗြုတ်စဗြင်းတောင်းနဲ့ ထွက်သွားကြတာ.. ကျောင်းနားရောက်လို့ ဆင်းဖို့ပြင်ဆင်တော့မှ သားငယ်က သူ့ကျောပိုးအိတ်ကို သတိရတယ်.. ဟာ.. ကျန်ခဲ့ပြီ။ ကဲ.. မထူးတော့ပါဘူး.. လူစုံတုန်း Oriental House မှာ dim sum လေး ၀င်စားကြပေါ့..။ အရင်ကလို ၀င်ပေါက်ကနေ ...

ကျမ မမြင်ချင်တော့သော အပိုင်း (၃)

ကျမချစ်တဲ့ မြန်မာပြည်မှာ နေတာ စိတ်ညစ်ဖို့ ကောင်းတယ် ဆိုတာ ဒါမျိုးတွေကြောင့်ပေါ့။ ခုလေးပဲ.. အိမ်ရှင်တို့ ဆိုပြီး ခြံတံခါးကို ၀ုန်းဒိုင်း လာကျဲသွားတယ်။ လူတွေကလည်း ရပ်ကွက်လူကြီးလိုလို..၊ အာဏာပိုင်တွေကလိုလို၊ အလိမ်ခံ အညာခံရတာတွေ များလာတော့ အိမ်လာအလှူခံတဲ့ လူတွေဆိုရင် အထဲကနေသာ ချောင်းကြည့်ပြီး အသာငြိမ်နေဖြစ်တာ များတယ်။ ကလေးတွေကတော့ လူလာရင် အပြင်ပြေးထွက်တတ်လို့ သူတို့ကို အမြဲ တားနေရတယ်။ ဘုမသိ ဘမသိ ပြောချင်တာတွေ စွတ်ပြောလိုက်မှာစိုးလို့...။  ခုလာတာက လျှပ်စစ်ရုံးကလို့တော့ ပြောတယ်။ ဘာယူနီဖောင်းမှ ၀တ်မလာဘူး။ အိမ်မှာ တပ်ထားတဲ့ မီတာ နှစ်လုံးမှာ တစ်လုံးကတော့ အဖုံးပါတယ်..။ တစ်လုံးကတော့ အဖုံးမပါလို့ လာစစ်ရင် ပြဿနာတက်မယ် ဘာညာပြောတော့ အိမ်ကို ရောက်နေတဲ့ အစ်ကိုက လာပြောတယ်။ သူတို့ကို တပ်ခိုင်းရင် ငါးထောင်ပဲ ပေး။ ခုချက်ချင်း လာတပ်ပေးမယ်တဲ့။ အစ်ကိုဆိုတာကလည်း မလည်မ၀ယ်ရယ်..။ ကျမက ငွေငါးထောင်ကို နှမြောတာမဟုတ်ပေမယ့် အဲဒီလို လုပ်စားတာမျိုးကိုဆို စိတ်ထဲ သိပ်မကျေလည်ဘူး။ ဒါက ကျမရဲ့ သံသယ ပြဿနာ။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတာမျိုးလည်း မဟုတ်။ ယူနီဖောင်းလည်း မပါ၊ ခြိမ်းခြောက်ပြီး တောင်းဆို အေးဒမြ တိုက်နေတာေ...

ရေးစရာမရှိခြင်းအကြောင်း။

အခုတလော ရေးစရာအကြောင်းလည်း ထွေထွေထူးထူးမရှိ၊ ရေးချင်စိတ်ကလည်း သိပ်မရှိ... နောက်ပြီး စာအရေးအသားကောင်းတဲ့ သူများ ဘလော့ဂ်ထဲက စာတွေ သွားဖတ်တော့ ကိုယ်ရေးနေတာတွေက စာကောင်းပေခန့်တွေ မဟုတ်တော့ အားပဲ ငယ်ရတော့ မလိုလို...။ အဓိက ကတော့ စာရေးစေဖို့ စေ့ဆော်ပေးတဲ့ အချက်တွေ ပျောက်ဆုံးနေတယ်လို့ ပြောရမလား၊ စိတ်ဓာတ်တွေ ပျောက်ဆုံးနေတယ်လို့ပဲ ပြောရမလား။ ကျမ ဟိုတလောကတော့ တော်တော် ပူလောင်နေခဲ့တယ်။ ကိုယ်မလုပ်နိုင်တာတွေ၊ ကိုယ်အားမရတာတွေ၊ သူများတွေ ကျမတို့တွေ ဒီလိုမျိုး အေးအေးဆေးဆေး နေနေကြတာတွေ ကြည့်ပြီးတော့....။ အမျိုးသားနဲ့ စကားပြောလည်း အတိုက်အခံ၊ သူငယ်ချင်းတွေနဲ့ စကားပြောတော့လည်း အတိုက်အခံ။ တကယ်တမ်းကျတော့ ကျမကပဲ ပူနေတာလေ။ သူတို့တွေက ကျမကိုကြည့်ပြီး အထူးအဆန်းလုပ်လို့။ ကျမ  စကားတွေချည်းပဲ ပြောနေတာကို အမျိုးသားကပြောတယ်။ မလုပ်နိုင်ပဲ စကားတွေချည်းပဲ ပြောနေတာမျိုးကတော့ အလကားပဲတဲ့။ ဟုတ်တယ်။ မလုပ်နိုင်ဘူး။ မလုပ်ရဲဘူး။ မလုပ်တတ်ဘူး။ မှန်တယ်။ ဒါပေမယ့် .... အဲဒါနဲ့ပဲ ကျမမှာ ရှိနေတဲ့၊ ကျမတို့မှာ ရှိနေတဲ့ စိတ်ကလေး သေပစ်လိုက်ရတော့မှာလား။ သူငယ်ချင်းကလည်း ပြောတယ်။ နင်လုပ်နိုင်လို့လား၊ နင်လုပ်ရဲလို့လားတဲ့။ အဲဒီလိုပြောတ...

အလွဲများနှင့် ကျမတို့ဘဝ

ကျမ ဖေဖေ့ဆီက ဘိုကလေးသတင်းတွေ ကြားရပါတယ်။ သူတို့အဖွဲ့က လယ်သမားတွေကို ထွန်စက်တွေလှူကြတာနဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေပေါ့။ ထွန်စက်တွေ လှူပေးမယ့် သူတို့တွေ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ကြတော့ ရယ်စရာ ဟာသတွေ အနေနဲ့ ပြန်ပြောတာ ကြားရတာပါ။ စက်ကို တက်မောင်းတော့ ရှေ့မသွားပဲ နောက်ပြန်ဆုတ်သွားတာ၊ ထွန်စက်က တအားပြေးတော့ ထိန်းမရတာနဲ့ လူက ခုန်ချ ဆင်းရစ်ခဲ့ရတာ၊ တခါ ဘရိတ်အုပ်လိုက်လို့ အပေါ်ကနေ ဂျွမ်းပြန်ကျတာ.. အို.. စုံလို့ပါပဲ။ ရယ်လည်း ရယ်မိပါတယ်။ ပြီး ... ကျမ တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ဟာက ဟို ဟာသကား GOD MUST BE CRAZY ထဲကလို ဖြစ်နေပါပေါ့လား လို့ တွေးမိပြန်တော့ စိတ်မကောင်းဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျမ ပြည်ပကို ပထမဆုံးအကြိမ်အဖြစ် ရောက်ခဲ့ဖူးပါတယ်။ ကျမ အလုပ်လုပ်ခဲ့တဲ့ နေရာက မြို.တော်မဟုတ်ပါဘူး။ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက လူတွေကလည်း သူတို.အပြောအရ တောသားတွေပါပဲ။ သူတို့ စက်ပစ္စည်းတွေ ကောင်းကောင်းနှိုက်တတ်တယ်။ မော်တော်ဆိုင်ကယ်ကိုယ်စီနီးပါးပိုင်ဆိုင်ပြီး သူတို့ စက်အကြောင်းသူတို့ ကောင်းကောင်းသိကြပါတယ်။ ကျမတို့ စက်ရုံက အနီးဆုံးမြို.နဲ့ကို နာရီဝက်လောက် ဝေးပါတယ်။ စက်ရုံကို ဈေးလာရောင်းတဲ့ အမျိုးသမီးတွေက pick-up...

ကျမနဲ့ မိုးစက်များ

ကျမနဲ့ မိုးစက်များ အလင်းရောင်က မှိန်နေသလိုပဲ...။ လုပ်လက်စ အလုပ်ကို ခဏနား၊ ကွန်ပျူတာ မျက်နှာပြင်က အကြည့်ခွာပြီး မီးချောင်းနှစ်ချောင်းထွန်းထားတဲ့ မျက်နှာကျက်ကို မော့ကြည့်မိတယ်။ အင်း... မီးချောင်းတွေလဲ လင်းသားပဲ...။ နေပါဦး..။ အပြင်ဘက်ကများ...။ ခန်းဆီးကနေ အပြင်ဘက်ကို ဟ ကြည့်လိုက်တော့...မှိုင်းညို.နေတဲ့ မိုးကောင်းကင်ရယ်... ခုန်ပေါက်ဆင်းလာနေတဲ့ မိုးရေစက်တွေရယ်...။ ဘယ်အချိန်ကများ ရွာနေတာပါလိမ့်..။ လမ်းမပေါ်မှာတောင် စီးဆင်းလာတဲ့ မိုးရေတွေတောင် တော်တော်များနေပြီပဲ။ ကျမ ထိုင်တဲ့ ရုံးခန်းရဲ. အပြင်ဘက်မှာ ဘတ်စ်ကား မှတ်တိုင် ရှိပါတယ်။ မှန်သားပြင်နဲ့သာ စည်းခြားထားလို့ အပြင်ကို ကျမ လှမ်းမြင်ရသလို... အပြင်ဘက်၊ လမ်းပေါ်ကဖြတ်သွား ဖြတ်လာတွေကလည်း ခန်းဆီး မကာခင်တုန်းကတော့ အထဲကို လှမ်းမြင်နေရပါတယ်။ နဂိုကထဲကိုက ရှိသမျှတံခါးတွေ ပိတ်၊ ခန်းဆီးတွေတပ်၊ သူများတွေ မြင်မှာ မကြိုက်တတ်တဲ့သူမို့ .. သည်နေရာမှာ ရုံးခန်းထိုင်ဖို့ အရင်ကတော့ အင်တင်တင်ရယ်ပေါ့။ တကယ်တမ်း ထိုင်ဖြစ်တော့လည်း သူတို့က ကိုယ့်ကြည့်၊ ကိုယ်က သူတို့ကို ပြန်ကြည့်။ အလှူခံတွေကလည်း မှန်နားမှာ လာရပ်၊ ပန်းသည်တွေကလည်း ပန်းတွေ လာရောင်းနဲ့ ဆိုတော့ နဲနဲတော့ စိတ...

ဆူး

ဘာရယ်မဟုတ်ပါဘူး။ တွေးမိတာကို ရေးဖြစ်သွားတဲ့ ကဗျာမပီ စာမပီတဲ့ စာလေးတပုဒ်ပါပဲ။ ရေးမိတာတွေကတော့ တွေးမိတာတွေပါပဲ။ အဲဒါကိုမှ အရင်းခံမှာကို။ ဒါပေမယ့် တွေးမိသမျှကတော့ ကိုယ့်အကြောင်းချည်းပဲတော့ ဘယ်ဖြစ်ပါ့မလဲ။ မှန်ဘီလူးနဲ့တော့ မကြည့်ပါနဲ့။ ပါဝါတွေ တိုးနေဦးမယ်။ ဟဲဟဲ : P ဆူး ဆူးတစ်ဆူး၊ ရင်ထဲကို စိုက်ဝင်နစ်စူး စူးသူပဲ နာတာလား၊ ဆူး .. သူရော မနာတော့ဘူးလား။

ကျမ မမြင်ချင်တော့သော ..... (၂)

ပြောချင်နေခဲ့တာ ကြာပါပြီ။ မနေ့က ဧရာဝတီစာမျက်နှာမှာ မမွှေးနိုင်သော ညမွှေးပန်းကလေးများ ဆိုတဲ့ သတင်းဆောင်းပါးကို ဖတ်လိုက်ရတော့......ကျမ မမြင်ချင်တော့သော...အပိုင်း(၂) အဖြစ်နဲ့ ရေးဖြစ်သွားခဲ့ပါတယ်။ ကျမအနေနဲ့  ကျမနေထိုင်သွားလာနေတဲ့ အသိုင်းအ၀ိုင်းကွက်ကွက်ကလေးပေမယ့် မြင်သလောက်လေးနဲ့တင် ရင်ထဲ မကောင်းပါဘူး။ ဧရာဝတီဆောင်းပါးရှင်လိုတော့ ကျမ ထဲထဲဝင်ဝင်မလေ့လာခဲ့ဖူးပါဘူး။ ဆရာမ မိုးမိုး (အင်းလျား)၊ ဆရာမ နုနုရည် (အင်းဝ)  တို့ကို အားကျပေမယ့် ရင်ထဲ တင်းကျပ်လာတာကို ဖြေလျော့ချင်ရုံ သက်သက်ကိုပဲ မနေနိုင်လွန်းလို့ စာရေးဖြစ်နေတာပါ။ ကျမအရင်ကတော့ သူတို့လေးတွေကို သတိမထားမိခဲ့ဘူး။ နောက်ပိုင်း ည ရ-နာရီ ၈-နာရီလောက်ဆိုရင် လမ်းဘေးမှာ ၂-ယောက် သုံးယောက် ရပ်နေတာ တွေ့တွေ့မိတော့ ညဖက်ကြီး ဒီလို အ၀တ်အစားမျိုးတွေဝတ်ပြီး ထွက်တယ်ဆိုတော့ နဲနဲ ထူးဆန်းတာပေါ့။ ကာရာအိုကေဆိုင် ဘီယာဆိုင်တွေ ခေတ်စားလာတော့ သီချင်းဆိုကောင်းတဲ့ မိန်းကလေးတွေ၊ အဆိုမကောင်းလည်း လှလှပပ ၀တ်စားပြီး အကလေးနဲ့ တွဲတော့ ကြည့်လို့တော့ အကောင်းသား။ နောက်တော့ အဲဒီလို ပုံစံမျိုးနဲ့ အမျိုးသမီးငယ်တွေ လမ်းဘေးမှာ ကားစောင့်နေတတ်တယ်။ အမျိုးသားက အဲဒါ အဲဒီလိုဆိုမှ ကျမလည်...

ကျမ မမြင်ချင်တော့သော ..... (၁)

အရင်ကတော့ ဒီနေရာလေးကိုရောက်ရင် ကျမမျက်လုံးအစုံက တစ်စုံတစ်ယောက်ကို ရှာဖွေနေမိတတ်ပါတယ်။ ကလေးတွေ ကျောင်းအပို့မှာ မရှိသေးရင်  စောနေသေးတာပဲ လို့ တွေးမိတတ်ပေမယ့် ၁၀-နာရီလောက်ဆိုရင်တော့  သူ ရောက်နေတတ်ပါပြီ။ ထီးကလေးဆောင်းပြီး ပေါင်ချိန်စက်ကလေး ရှေ့ချလို့ပေါ့။ နေ့လည်နေခင်းမှာလည်း သူ ရှိနေတတ်ပါတယ်။ ညနေစောင်း၊ ဒါမှမဟုတ် မှောင်စပျိုးချိန် ကျမတို့ ရုံးကအပြန်ဆိုရင်တော့ သူရှိမနေတော့ပါဘူး။ ဒီတော့ သူ့ရဲ့ အလုပ်ချိန်က မနက် ၁၀နာရီ ခွဲ ပတ်ဝန်းကျင်ကနေ ညနေ လေး နာရီလောက်ထိ ဖြစ်နေမယ် ထင်ပါတယ်။ ကျမ သူ့ကို ပြန်စ တွေ့တုန်းက အံ့အားသင့်ပြီး ၀မ်းသာစိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ ၀မ်းသာရတာကတော့ ကျမတို့ ကျောင်းတက်ခါစကတည်းက ကျမတို့အပေါ် ကောင်းခဲ့တဲ့ အဆောင်က ထမင်းချက်ဦးလေးလာ ကြီးကို ကို ပြန်တွေ့လိုက်ရလို့ပါ။ စိတ်မကောင်းဖြစ်ရတာက ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းပြုနေရတာကို ကျမမျက်စေ့အောက် မြင်နေရလို့ပါပဲ။ ကျမတို့ အဆောင်နေစဉ်က ကျမတို့ရဲ့ အားကိုးအားထားပြုရာ ဦးလေးကြီးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအထဲကမှ ဦးလေးလာ တစ်ယောက်ကိုတော့ဖြင့် ကျမ အခင်ဆုံးပါပဲ။ တိုင်းရင်းသားအသံဝဲ၀ဲနဲ့ သူပြောတဲ့စကားကို နှစ်ခါ သုံးခါထပ်ပြောမှ နားလည်ခဲ...

ကျမတွေးမိသော သေခြင်းတရား။

ကျမ သေခြင်းတရားကို မကြာခဏတွေးကြည့်ဖူးပါတယ်။ တစ်ခါတစ်လေ နေထိုင်မကောင်းဖြစ်လို့ အနေရအထိုင်ရ ခက်နေတဲ့အခါမျိုးမှာလည်း ငါသာ သေခါနီး ဒီလိုမျိုးဖြစ်နေရင် တော်တော် အနေကျပ်မှာပဲ။ အသေဖြောင့်မှာ မဟုတ်ဘူး လို့လည်း တွေးကြည့်မိဖူးပါတယ်။ သီလ သမာဓိနဲ့ ပြည့်စုံလှတဲ့ ပုဂ္ဂိုလ်တွေများရဲ့အကြောင်းကြားရရင်တော့ အားတက်ရပါတယ်။ ငါ့ရဲ့ နောက်ဆုံးအချိန်လေးလည်း ဒီလိုသာပြီးဆုံးနိုင်မယ်ဆို သွားရာလမ်းကောင်းမှာပဲလို့ အားကျခဲ့ဖူးပါတယ်။ ကျမ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို အရင်က တစ်ခါမှ မကြုံဖူးပါဘူး။ ကျမက ကြောင်တွေ ခွေးတွေ ချစ်တတ်တော့ ကျမရဲ့ ငယ်စဉ်အချိန်တော်တော်များများဟာ သူတို့နဲ့ပဲ အချိန်ကုန်ဆုံးခဲ့ပါတယ်။ သံယောဇဉ်တွယ်တတ်တဲ့အပြင် တဦးတည်းသော မိန်းကလေးဖြစ်တဲ့အတွက် ကျမရဲ.အဖော်ဟာ သူတို့တွေပဲ ဖြစ်ခဲ့ရပါတယ်။ သူတို့လေးတွေ ကလေးမွေးခါနီး ဗိုက်နာလာပြီဆိုရင် ကျမနား ပွတ်သီးပွတ်သပ်လာလုပ်တတ်ပါတယ်။ ဆရာဝန်မဖြစ်ခဲ့ရတဲ့ ကျမ ကြောင်ဝမ်းဆွဲတော့ ဖြစ်ခဲ့ပါတယ်။ မွေးတဲ့အခါမှာတင် ကျမ သူတို့အနား ရှိနေခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့နောက်ဆုံးအချိန်မှာလည်း ကျမ ဘုရားစာရွတ်ရင်း ကျောလေးသပ်ပေးရင်း သူတို့ရဲ့နောက်ဆုံးထွက်သက်ထိ ကျမဘေးနားမှာ ရှိနေခဲ့တတ်ပါတယ်။ ...