Skip to main content

Posts

Showing posts with the label ထွေရာလေးပါး

သနပ်ခါး တမ်းချင်း....

ဒီနှစ်နွေ ရန်ကုန်မှာ တော်တော် ပူပါတယ်။ ကမ္ဘာကြီး ပိုပူနွေးလာတာလား... ကျမတို့ကပဲ အသက်တွေကြီးလာလို့ အပူဒဏ်ကို ပိုမခံနိုင်တော့တာလား။ နွေရာသီက ကျမ နှစ်သက်တဲ့ ရာသီတခုတော့ မဟုတ်ပါဘူး... ငယ်ငယ်တုန်းကတော့ ရာသီဥတုပူတာထက် ကျောင်းမတက်ပဲ အိမ်မှာနေရင်း စားလိုက် သောက်လိုက် ကစားလိုက်နေရတာကို သဘောကျခဲ့တာပေါ့။ နောက်ပြီးတော့ စာအုပ်အသစ်တွေရော အရင့် အရင် သိမ်းထားတဲ့ မဂ္ဂဇင်း စာအုပ်သေတ္တာတွေကိုပါ နွေရာသီဆို စိတ်ကြိုက်မွှေနှောက်ဖတ်လို့ ရသေးတယ်... ဒါ့အပြင် စာအုပ်ဆိုင်က စာအုပ်တွေ တလှေကြီး သွားငှား... မောင်နှမတွေ တယောက်တလှည့် လဲဖတ်ကြနဲ့ဆိုတော့ ပူတာလောက်ကတော့ မှုလောက်စရာ မဟုတ်ဘူးလေ... ။ ငယ်ငယ်တုန်းက နွေရာသီဆို ကျမတို့ နေတဲ့ နယ်မြို့လေးတွေကို မားမား ရောက်လာတတ်ပါတယ်.. (မားမားဆိုတာ မေမေ့ရဲ့ အမေ)... ဖေဖေကတော့ တာဝန်နဲ့ တောထွက်ရတဲ့ အချိန် ခပ်များများထင်ရဲ့... မာမားလာရင် ကျမတို့ စည်းနဲ့ ကမ်းနဲ့ နေရ ထိုင်ရ သွားရ လာရ စားရ သောက်ရ...ပြီး မကြာခဏ အဆူခံနေရတတ်တော့ ကလေးပီပီ သိပ်တော့ သဘောမတွေ့လှပါဘူး။ သူများ အဖွားတွေလို မြေးတွေကို အလိုလိုက်လှတယ် မရှိပါဘူး... အဲ... မားမားမရှိခင်တုန်းက အိမ်အပြင်ဘက်မှာ ညစ်ပတ်ပေပွနေအောင် အကစားမက်နေ...

၉.၉.၀၉

ဒီနေ့  ၉ ရက်၊ ၉ လ၊ ၀၉ ။ နေ့လည်က ပြည်လမ်း စိန်ဂေဟာအပေါ်ထပ်က စားသောက်ဆိုင်တွေမှာ သူက ကူပွန်လဲ အစားအသောက်တွေ မှာနေတုန်း  ကျမလည်း ရတဲ့အချိန်ကလေးအတွင်း တူးဒေးစာအုပ်ဆိုင်ကို စာအုပ်တွေ ၀င်ကြည့်ရင်းနဲ့ အောက်က စာအုပ်လေးကို အမှတ်မထင် တွေ့ပါတယ်.. သိမ်းထားချင်တာကို အခုတွေ့မှပဲ သတိရပြီး ယူဖြစ်ပါတယ်..  ဆရာစိုင်းခမ်းလိတ်ရဲ့ အသက်ခြောက်ဆယ်ပြည့် အမှတ်တရစာအုပ်လေးထဲက သီချင်းတွေကို ကြည့်ရင်း  သွားလေသူ အဆိုတော် စိုင်းထီးဆိုင်ကိုလည်း အမှတ်တရ နားထဲစွဲနေခဲ့တဲ့ သူ့အသံဝဲ၀ဲလေးကိုပါ  ကြားယောင်မိပါရဲ့...။ နောက် မနော်ရဲ့ စာအုပ်အသစ်.... ထွက်နေတာ မသိလိုက်ဘူး။ မနော်ကိုလည်း မမေးမိဘူးလေ.... ( ပို့စ်အရင်တင်နေတာနဲ့  မဖတ်ရသေးဘူး..:))    ဒီလထုတ် စာအုပ်တွေထဲမှာ ဆရာမင်းလူရဲ့ ဒီစာအုပ်တွေ့တော့ အသစ်ထွက်တာ ထင်ပြီး ၀မ်းသာအားရ နဲ့ ကောက်ဆွဲလာခဲ့မိပြန်ရော.. စာအုပ်အဖုံးက ပြောင်းနေတော့ မမှတ်မိလိုက်တာ...  :) စာအုပ်တန်ဖိုးတွေ စိတ်တွက်တွက် ကြည့်ရင်းနဲ့ တူးဒေး စာအုပ်တိုက်က ထုတ်ပေးနေတဲ့ Member Discount Card ရဖို့ နီးနေပြီ...  ကလေးကျောင်းချိန်အမီ ပြေးရဦးမယ် ဆိုတော့ အချိန်ကလည်း သိပ်...

?????????? ပို့စ် ကို ဘာသာပြန်ခြင်း..

ယခုတလော ကွန်နက်ရှင်တော်တော်ဆိုးနေပါသည်။ တနေရာမှ တနေရာကို သွားရဖို့အရေး နှိပ်လိုက်ရတဲ့ click တွေ။ Network error ဆိုရင်တော့ သုံးကြိမ်လောက် ကြိုးစားလိုက်ရင် ရောက်သွားနိုင်သေးသည်။ Access Denied ဆိုရင်တော့ နောက်ပြန်လှည့်ဖို့သာ..( တိုးတိုးတိတ်တိတ်နဲ့ ကျော်ခွသွားရတော့ ကြာမြင့်သည့် အချိန်တွေက ...) -- အရင်ကတော့ Ultrasurf လေးရနေသေးတော့ အေးအေးဆေးဆေး ပို့စ်တင်လို့ရနေသေး။ ခုကျတော့ ရေးပြီးကာမှ ပျောက်သွားရတာ နှစ်ခါ သုံးခါမကတော့..။ တန်ခူး တက်ဂ်ထားတဲ့ အနှစ်နှစ်ဆယ် ပို့စ်လည်း လူကိုယ်တိုင် နောက်အနှစ်နှစ်ဆယ်ကြာမှ လာပို့ဖြစ်တော့မည် ထင်သည်။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ... တလွဲဆံပင်ကောင်း..မဟုတ်တဲ့နေရာ အားထုတ်နေကြတဲ့သူတွေ.... နောက်ဆို ဒေါသထွက်တိုင်း မေတ္တာနာနာ (ဒေါသပါနေပေမယ့်) ပို့တော့ရန်သာ စိတ်ကူးထားပါသည်။ ချစ်တဲ့သူများလည်း ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ.... မုန်းတဲ့သူတွေလည်း သူ့တရားနဲ့ သူ၊ သူ့ကံအတိုင်းသာ ရှိပါစေ...:) (ပို့စ်ကလည်း မတင်ဖြစ်လို့ ဘလော့ဂ်လေးလည်း ဖုံတွေ တက်နေလို့... ရတဲ့နေရာကနေ တင်တော့လည်း သူများတွေ မဖတ်မိအောင် နားမလည်အောင် စကားဝှက်တွေနဲ့ တင်ထားသလိုလို.. အခုဆို တက်သွားတဲ့ ...

??????????

???????.. ???????? ?????????????????????????????????? ????? ???????? ??????????? ???????????? ????????? ??????????????? ????????????? ???????? ????????????? ??????????? click ????????? Network error ?????????? ??????????????????????? ?????????????????? Access Denied ?????????? ?????????????? ?????????????????? ( ?????????? ???????????????? ??????????????????) ????? Ultrasurf ????????? ?????????? ????????? ????? ?????????????? ??????? ?????????? failed ???????????? ?????????????..?????????????..? ???????? ??????????? ??????? ????????????????? ???????????????? ????????????????? ??????????????????? ?????????????????????? ????????????? ????????????? ???????? ?????????????...? ??...???????? ?????????? ?????????????? ???????..:) ?????????????????????? ???????????? ???????????? ??????????????????? ??????????? ??????????? ???????...??????????? ?????????????????

ပြဿနာ တခု အရင်းပြုလို့...

အင်း.. ပြဿနာများကတော့ နေရင်းထိုင်ရင်းကို ၀င်လာတတ်တာပဲကိုး...  ရုံးက ဘတ်စ်ကားဂိတ်နားမှာရှိတော့ ကားတွေအမောင်းကြမ်းလို့  ကလေးတွေကို အမြဲ ကရုစိုက်နေခဲ့ရတာ...  ခုနလေးတင် ကားတိုက်သံကြားလို့  လမ်းဖြတ်ကူးတဲ့  လူတွေ ဘာတွေများ ဘာဖြစ်ပါလိမ့် ထွက်ကြည့်မိတော့  ရုံးရှေ့မှာ ရပ်ထားတဲ့ ကျမတို့ ကားလေးက တခြမ်းပိန်... ။ သူ့ကို နမ်းနေတဲ့ကားက ရုံးကို ဆန်လာပို့တဲ့ ကား...။  ဖြစ်ပုံကတော့ ဘတ်စ်ကားမှတ်တိုင်ကို ၀င်လာတဲ့ ၅၁ ကားကြီး က လမ်းဘေးမှာ ရပ်ရင်း ဆန်အတင်အချလုပ်နေတဲ့ ကားကို ၀င်တိုက်သွားတာပါ...။ အဲဒီဆန်ကားက ကျမတို့ ကားကို  ကားကြီးတိုက်တဲ့ အရှိန်ရယ်.. သူ့ကားပေါ်မှာ တင်ထားတဲ့ ဆန်အိတ်အလေးချိန်တွေရယ် ပေါင်းပြီး ၀င်ဆောင့်လိုက်တာ ကျမတို့  ကားက အထိအနာဆုံး... :(  ဘာပဲဖြစ်ဖြစ် လူတွေ အထိအခိုက်မရှိလို့ တော်ပါသေးရဲ့။ လမ်းသွားလမ်းလာတွေ အဲဒီကြားထဲ ရောက်မလာတာလည်း ကံကောင်းလို့နော်..။ ကိုယ်တွေများ အပြင်ထွက်ဖို့ ကားပေါ်အတက်ဆိုရင်လည်း.. အဲဒီနေရာက ကျမထိုင်တဲ့ နေရာတည့်တည့်။ အဲဒီလိုင်းကားတွေကလည်း အရမ်းအရမ်းကို မောင်းတာ.. ကြီးနိုင်ငယ်ညှင်းဆိုတာ  လူတွေသာမဟုတ်ဘူး ကားတွေလည်း အဲဒ...

အာရှတော်ဝင်ဆေးခန်းသို့ တခေါက်...

မနေ့ညက အာရှတော်ဝင် ရောက်သွားပါတယ်...။ အခုတလော အဲဒီဘက် ခဏ ခဏရောက်ဖြစ်နေတယ်..။ သားငယ်ပြလိုက်.. ကလေးတွေ အဖေပြဖို့ သွားလိုက်နဲ့....။ ဒီတစ်ခါကတော့ ကျမအလှည့် .....။ အကြောင်းကတော့ ရင်ခုန်သံတွေ မမှန်လို့ပါ...။ တချက်တချက် ဆောင့် ဆောင့်ခုန်တာ လူတောင် တွန့်တွန့်သွားတယ်...။ အရင်လည်းဖြစ်ဖူးပေမယ့် နာရီပိုင်းလောက်ဆို ပုံမှန်ပြန်ဖြစ်နေတာကိုး။ ဒီတစ်ခါကတော့ နေ့လည်ကတည်းက ဖြစ်တာ ည..၉နာရီလောက် အိမ်ပြန်ရောက်တဲ့ အထိ မသက်သာဘူး။ ဒါနဲ့ သူလည်း လာနားထောင်ကြည့်ပြီး စိတ်ပူတာနဲ့ အာရှတော်ဝင်လိုက်ပို့ပါတယ်။ ကျမကတော့ မပြချင်ပါဘူး။ မောတာလည်း မဟုတ်... နှလုံးအောင့် နာနေတာလည်းမဟုတ်..။ ဒါပေမယ့် သူစိတ်ပူနေလေတော့ လိုက်ပြလိုက်တာပေါ့...။  ကလေးသုံးယောက်ကိုတော့ အဖိုးအဖွားတို့အိမ်မှာ ခဏထားခဲ့လိုက်ပါတယ်...။ ထုံးစံအတိုင်း သူက သူ့အစ်မ ဆရာဝန်မဆီ အရင်ခေါ်သွားတယ်...။ မ၀ါက စမ်းကြည့်တယ်..ကြားတယ်.. တချက် တချက် မဟုတ်ဘူးပေါ့..ဒါပေမယ့် အီးစီဂျီ  ရိုက်လည်း ပေါ်မှာမဟုတ်ဘူးတဲ့...။ သူကတော့ ဘာပဲဖြစ်ဖြစ် အာရှတော်ဝင်က နှလုံးအထူးကုဆိုတော့ စက်တွေ ရှိတယ်ဆိုပြီး... ခေါ်သွားလေရဲ့။် ဟိုရောက်တော့ ပြင်ပလူနာဆောင်ကို သွားတော့   အီးစီဂျ...

ဘာတွေ အလုပ်ရှုပ်နေသလဲ ..ဆို...

အသစ်မတင်လို့ လာအော်နေကြတယ်.... သူငယ်ချင်းတွေကလည်း မေးတယ်.. မအားတာလားတဲ့.. သတိတရလာမေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားလည်းနာတယ်.. သည်တော့ လောလောဆယ် အာရုံစိုက်မရသေးတဲ့ ကျမရဲ့ အကြောင်းလေးကို ပြောရင်း  ပို့စ်အသစ်တင်လိုက်ပါတယ်။ ဒါကတော့ ကျမတို့ မိသားစုကလေးရဲ့ နိစ္စဓူဝ ကျင်လည်နေတဲ့ ပုံစံလေးပါ.... မနက်ခင်းပိုင်းဆိုရင်... ကလေးသုံးယောက်ကျောင်းချိန်အမီ..(ဒါတောင် အမြဲနောက်ဆုံးမှ) ... အပြေးအလွှား.. အော်ဟစ်လှုပ်ရှားရင်း  မနက် ၇-နာရီခွဲမှာ အိမ်ကထွက်...ကားပေါ်ရောက်။ ဘေးအိမ်က ၀ရန်တာကနေ ထွက်  လက်ပြနှုတ်ဆက်နေတဲ့ အဖိုးနဲ့ အဖွားကို ကလေးတွေက အော်ဟစ်ပြန်နှုတ်ဆက်ရင်း...နေ့သစ် စတင်ပြီ။ ကားပေါ်ရောက်တော့မှ... ကလေးတွေလည်း ဆက်ငိုက်တဲ့သူက ငိုက်...။ မုန့်စားတဲ့သူကစား..။ှ ခြေအိတ်စွပ်ပြီး  ဖိနပ်စီးတဲ့သူက စီး၊ ဆီလိမ်းရင်း ခေါင်းဖြီးတဲ့သူက ဖြီးပေါ့။ အခုတလော ရာသီဥတုက အေးချမ်းပြီး မြူတွေ အုံ့ဆိုင်းနေတတ်တယ်လေ.. မနက်ပိုင်းတွေမှာ...။ မြူတွေ အများကြီးမြင်ရတဲ့ နေရာရောက်ရင်.. ကျမနှုတ်ဖျားက ညည်းဖြစ်တဲ့ သီချင်းလေး တပိုင်းတစ.... နှင်းထုရဲ့ ကြားထဲမှာ..သူ့မေတ္တာအပိုင်းအစနဲ့ တရွေ.ရွေ.ရယ် ထွက်ခွာသွားသူ... ကျန်သူတွေ ...

အောက်တိုဘာ ၃၁- တစ်နေ.တာ

ဒီနေ့တနေ့လုံး လမ်းပေါ်မှာပါပဲ.. ကိစ္စလေးရှိလို့ ကန်တော်ကြီးကို တစ်ချက်ဝင်၊ ပြီး Myanmar ICT Exhibition ဆယ်နှစ်မြောက် ပြပွဲကို တပ်မတော်ပြခန်းမှာ ၀င်ပတ်။ လိုချင်တာက scanner...။ အင်း.. ရလာတာကတော့... ပြခန်းတွေက ကမ်းလိုက်တဲ့ စာရွက်တွေပါပဲ...။ laptop တွေလည်း ထပ်ငမ်းလာခဲ့သေးတယ်။ ကိုယ်က Toshiba သုံးနေကျမို့လားတော့ မသိ.. battery နဲ့ သုံးရချိန် နည်းတာက လွဲလို့ ...Toshiba ကိုတော်တော်သဘောကျမိရဲ့။ နောက်ပြီး modem သိပ်မကောင်းချင်တော့လို့ အသစ်ဝယ်မလားဆိုပြီး.. မေးမြန်းကြည့်လိုက်တော့မှ..  နောက်ပိုင်း ဇယားတွေ ကျန်နေသေးတယ် ဆိုလို့ မ၀ယ်ဖြစ်လိုက်ဘူး။ သက်ဆိုင်တဲ့ လူတွေကို သေသေချာချာ စုံစမ်းပြီးမှပဲ.. ။ ပြပွဲကို နှစ်ပတ် သုံးပတ်လောက်ပတ်... ဒီကြားထဲ သူက ဟိုငေးလိုက် ကိုယ်က ဆက်လျှောက်လိုက်နဲ့.. သည်လောက် လူရှင်းတဲ့ကြား လူပျောက်နေလို့.. ဟယ်လို ဟယ်လို လုပ်နေရသေး။  ဆယ့်နှစ်နာရီခွဲလောက်ကျတော့ ကလေးတွေကို ကျောင်းကြိုချိန်နီးလာလို့ နီးနီးနားနား စိန်ဂေဟာ ပြေး၊ ဖြစ်သလိုလေး ၀က်သား အခေါက်အသားကင်နဲ့ ယိုးဒယားသဘောင်္သီးထောင်းနဲ့စား။ ပြီး သူက ဆံပင်ညှပ်တော့...ကိုယ်က ဆံပင်ဖြောင့်ရင်ကောင်းမလား စဉ်းစားသေးတယ်။ သူငယ်ချင်း အပ...

မြို.ထဲသိုတစ်ခေါက်....

အခုတလော စာရေးရတာ အဆင်မပြေပါဘူး။ ရေးလက်စတန်းလန်း စက်က ရပ်သွားတာတို့၊ ultrasurf connection failed ဖြစ်သွားတာ မသိလို့ publish လုပ်လိုက်မိကာမှ ရေးသမျှအားလုံး ပျောက်သွားပါလေရော.. ဒီကြားထဲ ခိုးရေးတာမျိုး မဟုတ်ပေမယ့် ကိုယ့်ကို မကြည်အကဲနဲ. ချက်နေတဲ့ ကျမရဲ. ဒါရိုက်တာကိုလည်း အရိပ်အကဲ ကြည့်နေရပါသေးတယ်။ ဘာမှတော့ မပြောပါဘူး။ သက်ပြင်းတွေ ချမယ်၊ ခေါင်းတွေ ကုတ်မယ်။ အနားမှာ ဟိုလျှောက်သည်လျှောက်လုပ်မယ်...။ ဟိုဟာလုပ်ပါလား... သည်ဟာလုပ်ပါလား လာပြောမယ်။ ကြာတော့လည်း အာရုံတွေ နောက်လာကာ ဘယ်တွေရောက်လို့ ဘာတွေ ရေးရမယ်မှန်းမသိတော့။    ဒီနေ့တော့ ကိစ္စလေးတစ်ခုရှိတာနဲ့ မြို့ထဲ ဆင်းဖြစ်ပါတယ်။ နေ့လည်စာကို မြို.ထဲမှာပဲ စားမယ်ဆိုပြီး နဲနဲ သန့်သန့်ရှင်းရှင်း ရှိမယ့် ဆိုင်လိုက်ရှာကြရပါတယ်။ အရင်ကလို လမ်းဘေးဆိုင်ထိုင်စားရတာ ကို စိတ်ထဲ သိပ်မသန့်ချင်တော့....။ အဲဒါနဲ့ အတွေးက တဆက်တည်း ကျောင်းတုန်းက လမ်းဘေးမှာထိုင် ၀က်သားတုတ်ထိုး စားလိုက်၊ လမ်းဘေးအထမ်းသည်အသုပ်ဆိုလည်း ထိုင်စားတတ်တဲ့ ကျမတို့၊ နေ့ကျောင်းသူ သူငယ်ချင်းတစ်ယောက်ရဲ. ချစ်သောကိုကိုက လမ်းဘေးစာ ဘယ်တော့မှ မစားဘူးလို့ သူမပြန်ပြောပြတော့ တအံ့တသြ ဖြစ်တာနဲ့အတူြ...

လိုအပ်နေတာ......

ခုတလော .... ရေးစရာအကြောင်းအရာ သိပ်မရှိတာလား၊ ရင်ဖွင့်ချင်လောက်အောင် ရင်ထဲ သိပ်ပြီး မွန်းကျပ်မနေလို့လားတော့ မသိ၊ ကျမ ဘလော့ဂ်မှာ ပို့စ်အသစ်တွေ မတင်ဖြစ်သေးပါဘူး။ အော်... တင်ချင်တဲ့ ၀တ္ထုတိုလေး တပုဒ်ကျတော့လည်း scribd ကို upload လုပ်လို့မရပြန်၊ ဘာမှမခံပဲ ဒီအတိုင်း သွားပြန်တော့လည်း access denied ...။ ကွန်နက်ရှင်ကလည်း နှေးလွန်းတဲ့ အပြင် ပေါ်လိုက်ပျောက်လိုက်နဲ့ ဆိုတော့ တခါတလေ သူငယ်ချင်းတွေတောင် အားနာမိသေး။ သူတို့က hi လုပ်ရုံရှိသေး။ ကိုယ်က ပျောက်သွားပြန်တော့  သူ့ hi ကိုပဲ ကိုယ်က ဖြည့်စွက်ပြီး hide လုပ်လိုက်သလိုလို...။  တကယ်တမ်းကျတော့ ကျမက ကိုယ်ကြုံတွေ့သမျှကို ဘလော့ဂ်ပေါ်တင်ချင်တဲ့ ဘလော့ဂ်ရောဂါသည် အနုစား ဆိုပါတော့။ အပြင်ထွက်တိုင်းလည်း ကိုယ့် လက်ကိုင်ဖုန်း ကင်မရာလေးကို အဆင်သင့်လုပ်ထားလို့....။ ဒါပေမယ့် ဟိုတနေ့က ကလေးကျောင်းအမှီ ပို့ပါတယ်ဆိုကာမှ လှည်းတန်းမှာ တော်တော်နဲ့ မီးပွိုင့်က မစိမ်း။ လုံထိန်းကားတွေက အများကြီး တရွှီးရွှီးနဲ့ ဖြတ်နေတာ.. အင်းစိန်လမ်းကို အသွားအပြန် နှစ်ဘက်စလုံးပဲ။ ဘာတွေများဖြစ်နေတာပါလိမ့်လို့ လူတွေကလည်း ထူးမခြားနား ဝေတေတေ မျက်လုံးတွေနဲ့ လိုက်ကြည့်နေကြတယ်။ နောက်တော့ ကားေ...

ဂျီတော့ခ်၊ကျမတို့နှင့် သူငယ်ချင်းများ

ဂျီတော့ခ်၊ကျမတို့နှင့် သူငယ်ချင်းများ ခုတလော မီးတွေကကောင်းနေတော့ ကွန်ပျူတာကို တချိန်လုံးဖွင့်ပြီး အွန်လိုင်းမှာ ရှိနေတတ်ပါတယ်။ အရင်ကတော့ မီးပျက်ရင် လိုင်းပေါ်က ပြုတ်ပြုတ်ကျတာနဲ့၊ ဘက်ထရီကုန်ခါနီးလို့ မြန်မြန်ပြေးဆင်းနေရတာနဲ့ဆိုတော့ လိုင်းပေါ်မှာ တချိန်လုံးရှိမနေနိုင်ပါဘူး။ ခု ရုံးရောက်ရင် ဖွင့်ထားတဲ့စက်.. ရုံးနဲ့ အိမ်နဲ့ အကူးအပြောင်းကြားကာလမှာပဲ သူတို့ခမျာ နားရရှာ။ ကွန်ပျူတာက သုံးလုံး လူက ၅ယောက်ဆိုတော့ သိပ်အဝေမတည့်ချင်။ ကျန်တဲ့နေရာမှာသာ တန်းတူ အခွင့်အရေး။ ကွန်ပျူတာကိုင်ရင်တော့ အားနည်းသူ ဖြစ်သွားတဲ့ မိန်းမသား ကျမတို့ နှစ်ယောက် က စက် -၂ လုံးကို ယူလိုက်ပါလေရော...။ ကျမကတော့ လူတွေနဲ့ မျက်နှာချင်းမဆိုင်ချင်သလောက် ကွန်ပျူတာနဲ့တော့ မျက်နှာကို မလွှဲနိုင်။ ကျန်တဲ့စက်တစ်လုံးက ကလေးနှစ်ယောက်နဲ့ အဖေ တလှည့်စီကိုင်ကြပါတယ်။ သားငယ်ကတော့ အဖေ့လက် ကွန်ပျူတာ ကီးဘုတ်က ခွာလိုက်တာနဲ့၊ ခဏတဖြုတ်ထ သွားလိုက်တာနဲ့ သူ နေရာလုပြီးသား။ တခါတလေ အဖေ က ရိုက်တဲ့စာတွေ ကို သူက back space နဲ့ပြန်ဖျက်၊ ဒါမှ မဟုတ် Enter key ကိုနှိပ်ပြီး နှောင့်ယှက်လိုက်နဲ့ပေါ့။ အဖေကလည်း အလုပ်လုပ်တဲ့အချိန်ကလွဲရင် စိတ်မဆိုးတတ်သူမို. နောက်ဆုံးမတော့ သ...

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ..

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ... ကျမဘေးနားမှာ ရှိတဲ့လူတွေကို စကားပူတွေ အများကြီးပြောမယ်... ဒါမှ မဟုတ် အေးစက်စွာနဲ့ပဲ တလုံးမှ မပြောပဲ ဆိတ်ဆိတ်နေမယ်.... ။ တယောက်ထဲ နေခွင့်ရှိရင်တော့ ဆရာတော်ကြီးတွေရဲ. အဆုံးအမ စာတိုလေးတွေ၊ ဆရာဖေမြင့်တို့ရဲ့ ကြက်စွပ်ပြုတ်လေးတွေ မြည်းမယ်။ ရင်ထဲတခုခု ကျန်ရစ်ခဲ့မယ့် (လူတွေကို ချစ်တတ်ဖို့) ရသ ၀တ္တုတိုလေးတွေရင်လည်း ဖတ်မယ်။ (အရင်ကလို လုံးချင်းဝတ္ထုဖတ်ဖို့တော့ အချိန်မရှိ။) ပြီး တရားခွေတွေဖွင့်ပြီး တောင်လိုပုံနေတဲ့ အ၀တ်တွေကို တညလုံး မီးပူတိုက်ရင်တိုက်မယ်။ အ၀တ်တွေ တညလုံး လျှော်ချင် လျှော်နေမယ်.. (ညဖက်ကတော့ ကိုယ့်ကိုယ်ပိုင်အချိန်လေ) ....သီချင်းအေးအေးလေးတွေဖွင့်ပြီး စိတ်တွေ လွှင့်ထားလိုက်မယ်. ... အင်တာနက် ထဲက motivational poems တွေ အဆိုအမိန့်တွေ သွားဖတ်မယ် ၊ ရယ်စရာ ကာတွန်းတွေ ဟာသတွေ လိုက်ဖတ်မယ်... ။ နောက်ဆုံးတော့... အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး ၀င်လေထွက်လေကို သိနေလိုက်ရင်း တဖြေးဖြေး ငြိမ်းချမ်းစွာ အိပ်ပျော်သွားတတ်ပါတယ်.... ။ လောကနိယာမအရဆိုရင်တော့ ဘယ်ဟာမှ မြဲတဲ့အရာမဟုတ်တာပဲ။ စိတ်ဆိုးတာ၊ စိတ်ဓာတ်ကျတာတွေကို ပိုဆိုးမသွားအောင် ထိန်းပြီး အာရုံကောင်းဘက်လွှဲတင်ပေးလိုက်နိုင်ရင်ေ...
``မတူညီသော အမြင်များ´´ (လူနှစ်ယောက်လား? ဖန်ခွက်တစ်ခွက်လား? လူနှစ်ယောက်နဲ. ဖန်ခွက်တစ်ခွက်လား? ......???) အင်း။ လူတွေက ကိုယ့်အကြောင်းကိုယ် အပြောချင်ဆုံး သတ္တ၀ါတွေတဲ့.. ကျမလည်း အရင်ကတော့ ကိုယ်ကြိုက်တဲ့စာတွေ စုစည်းထားဖို. စိတ်ကူးပြီး ဘလောက်ဂ်လေး တစ်ခု စမ်းလုပ်ကြည့်ရင်းနဲ့ .... အခုတော့ ကိုယ်ပြောချင်တာတွေကို (ဘယ်သူ နားထောင်ထောင်ချင်ချင် ၊ နားမထောင်ချင်ချင်) ရေးချင်တာတွေ ရေးလို.ရနေတဲ့ ကိုယ်ပိုင်စာမျက်နှာလေးတစ်ခု ဖြစ်လာရတယ်။ ကိုယ့်တွေးမိတာ၊ ထင်မြင်ယူဆမိတာလေးတွေ၊ ကိုယ့်ခံစားချက်တွေပေါ့။ ကိုယ့်အတွေးနဲ. ကိုယ်ရေးတာဆိုတော့ ကိုယ်ဘက်ကမှန်မယ်ထင်တာလေးတွေ။ တယောက်နဲ. တယောက် အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ တယောက်ထဲတောင် အခုမှန်တယ်ထင်ထားတာလေး နောက်တော့ မမှန်တော့ပါလား ဆိုပြီး အမြင်တွေ ပြောင်းတတ်ကြသေးတာပဲ။ အရင်ကတော့ အကြောင်းအရာတစ်ခုကို ကြည့်ရင် ကိုယ်မြင်သလို သူများတွေမြင်မယ် လို. ထင်မှတ်နေခဲ့မိတာ။ ပထမဦးဆုံး အကြောင်းအရာတစ်ခုအပေါ် အမြင်မတူတာကို သတိထားမိတာက ကျမတို. အဆောင်မှာ နေတုန်းကပေါ့။ နောက်ဆုံးနှစ်ထင်ပါတယ်။ ကျမတို. ရေချိုးခန်း ရေပုံးထဲက ရေပေါ်မှာ ပုရွက်ဆိတ်တွေ အုံလိုက် ကျင်းလိုက် ပေါလောပေါ်နေတဲ့ အချိန်ကစတာပါ...
မနက်ခင်းမာရသွန် “မြန်မြန်လာထား...မြန်မြန်လာထား...နောက်မကျသေးခင်......” ရုတ်တရက် မြူးကြွသော တေးသံကြောင့် လန်.နိုးလာကာ ဘာဖြစ်တာပါလိမ့် လို့်. မသိတသိစိတ်ကလေးမှ သိစိတ်ကပ်အောင် မနည်းကြိုးစားနေရသည်။ အော်... ငါ့ ဖုန်းက morning call ပဲ...၅ နာရီခွဲပြီပေါ့.. အိပ်ချင်လိုက်တာနော်... ပထမတစ်ကြိမ်တော့ dismiss လုပ်ဖို. လွန်သွားပြီ.. နောက်တစ်ခါ ”မြန်မြန်လာထား” မလာခင် alarm ကို dismiss လုပ်လိုက်မှ..အင်း ....ထမင်းချက်ရဦးမှာပါလား. ဒါမှ ကလေးတွေ ကျောင်းမီမှာ..ငါလည်း ဘယ်တော့များမှ မနက်စောစောကို ကြည်ကြည်လင်လင် နဲ. နိုးထနိုင်ပါ့မလဲ....ညဆို အင်တာနက် ၂နာရီခွဲ၊ သုံးနာရီ ထိ သုံးနေတော့ ငါ့မှာ အိပ်ရေးဝ တယ်ကို မရှိပါဘူး..အင်တာနက် ရတော့လည်း မကိုင်ဘဲ မနေနိုင်... ကိုယ့်အကျင့်ကို ကိုယ် ပြန်သုံးသပ်ရင်း ထမင်းတစ်အိုးတည်ထား ပြီး ကလေးတွေ အတွက် ဟင်းကို ထမင်းချိုင့်အမီ ပြင်ဆင်ရပြန်သည်။ ချက်ပြီးလို. ကိုယ့်လျှာက အရသာတွေ.ရင်တော့ စိတ်ကျေနပ်သွားရသည်.. မဟုတ်ရင် စိတ်ဓာတ်ကျစွာ `ဒီတစ်နေ.တော့သူတို.လေးတွေ ဒါပဲစားပါစေတော့..ကိုယ်ဟာကိုယ်တော့ တော်တော်မကျေနပ်လှ... ဘာဖြစ်လို. ဒီလောက်ညံ့နေရပါလိမ့်..ကိုယ်တိုင်ကလည်း သိပ်ပြီးအရသာ မခံတတ်တော့...