Skip to main content

``မတူညီသော အမြင်များ´´

(လူနှစ်ယောက်လား? ဖန်ခွက်တစ်ခွက်လား? လူနှစ်ယောက်နဲ. ဖန်ခွက်တစ်ခွက်လား? ......???)

အင်း။ လူတွေက ကိုယ့်အကြောင်းကိုယ် အပြောချင်ဆုံး သတ္တ၀ါတွေတဲ့.. ကျမလည်း အရင်ကတော့ ကိုယ်ကြိုက်တဲ့စာတွေ စုစည်းထားဖို. စိတ်ကူးပြီး ဘလောက်ဂ်လေး တစ်ခု စမ်းလုပ်ကြည့်ရင်းနဲ့ .... အခုတော့ ကိုယ်ပြောချင်တာတွေကို (ဘယ်သူ နားထောင်ထောင်ချင်ချင် ၊ နားမထောင်ချင်ချင်) ရေးချင်တာတွေ ရေးလို.ရနေတဲ့ ကိုယ်ပိုင်စာမျက်နှာလေးတစ်ခု ဖြစ်လာရတယ်။ ကိုယ့်တွေးမိတာ၊ ထင်မြင်ယူဆမိတာလေးတွေ၊ ကိုယ့်ခံစားချက်တွေပေါ့။ ကိုယ့်အတွေးနဲ. ကိုယ်ရေးတာဆိုတော့ ကိုယ်ဘက်ကမှန်မယ်ထင်တာလေးတွေ။ တယောက်နဲ. တယောက် အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ တယောက်ထဲတောင် အခုမှန်တယ်ထင်ထားတာလေး နောက်တော့ မမှန်တော့ပါလား ဆိုပြီး အမြင်တွေ ပြောင်းတတ်ကြသေးတာပဲ။

အရင်ကတော့ အကြောင်းအရာတစ်ခုကို ကြည့်ရင် ကိုယ်မြင်သလို သူများတွေမြင်မယ် လို. ထင်မှတ်နေခဲ့မိတာ။ ပထမဦးဆုံး အကြောင်းအရာတစ်ခုအပေါ် အမြင်မတူတာကို သတိထားမိတာက ကျမတို. အဆောင်မှာ နေတုန်းကပေါ့။ နောက်ဆုံးနှစ်ထင်ပါတယ်။ ကျမတို. ရေချိုးခန်း ရေပုံးထဲက ရေပေါ်မှာ ပုရွက်ဆိတ်တွေ အုံလိုက် ကျင်းလိုက် ပေါလောပေါ်နေတဲ့ အချိန်ကစတာပါပဲ။

ကျမကတော့ ရေမကူးတတ်တဲ့ သူမို. ရေထဲ ကြာကြာနေရမှာ ကြောက်ပါတယ်။ အဲဒီလို ပုရွက်ဆိတ်တွေ တွေ.လို.ကတော့ ကျမ အကုန်ဆယ်ပစ်တာပဲ။ သူတို.ရေထဲမှာ ရေနစ်နေတယ်၊ ဒုက္ခရောက်နေတယ် ထင်တာကိုး။ နောက် ရွတ်တတ်သေးတယ်။ `နင့်အသက် တစ်ခါဆယ်၊ ငါ့အသက် ဆယ်ခါဆယ်´ ဆိုပြီး ရွတ်သေးတယ်။ ကိုယ့်ကိုကိုယ်တော့ ကယ်တင်ရှင်ကြီးပေါ့။

အဲ. နောက် ဒီအကြောင်းကို သူငယ်ချင်းတယောက်ကို ပြောပြမိလို. သူ.အမြင်တမျိုးကို သိလိုက်ရတော့ ကျမ အံ့သြသွားတယ်။ သူထင်တာက ပုရွက်ဆိတ်တွေ ရေနစ်တယ်လို. မထင်ဘူးတဲ့။ အိုက်လို. ရေစိမ်ချိုးနေကြတာတဲ့။ သူကတော့ ရေတခါချိုး နာရီဝက်လောက်ကြာအောင် ရေကို စိမ်ပြေနပြေ ချိုးတတ်သူကိုး။ (သူ.အမြင် အတိုင်းဆိုရင်တော့ ကျမက သူများရေချိုးနေတာကို နှောင့်ယှက်တဲ့သူ ဖြစ်သွားပြီပေါ့)

ဒါနဲ. ကျမလည်း သူများတွေအမြင်ကို နဲနဲ ပိုသိချင်တာနဲ. နောက်တယောက်ကို ဗျူးကြည့်မိတယ်။ သူ.ကို မေးကြည့်တော့ သူကတော့ ပုရွက်ဆိတ်တွေ ရေဆာလို. ရေဆင်းသောက်တယ်လို. ထင်တာပဲတဲ့။ ရေနစ်နေတယ်လို.တော့မထင်ပါဘူးတဲ့။ သူကတော့ ရေဆိုတာ ဆေးတပါးဆိုပြီး တချိန်လုံး အားတိုင်း ရေသောက်နေတတ်သူတစ်ယောက်ကိုး။ ( ဒီလိုဆိုရင်တော့ ကျမ သူများရေသောက်နေတာကို ပိတ်ပင်တားဆီးသူ တစ်ယောက်...)

အဲဒီမှာတင် ကျမ သဘောပေါက်သွားရတယ်။ လူတွေက ကိုယ်ထုံခဲ့တဲ့ အကျင့်ဗီဇတွေ၊ နေထိုင်ကျက်စားခဲ့တဲ့ ပတ်ဝန်းကျင်က သူတို.အတွေးအမြင်တွေကို ထင်ဟပ် ပြောင်းလဲတတ်တယ်ဆိုတာကို သတိထားမိသွားခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ ကျမ အငြင်းသန်တဲ့ အကျင့်လျော့ပါးသွားရပါတယ်။ သူများတွေအမြင်ကိုလည်း သူတို.ရှုထောင့်ကနေ ကြည့်ဖြစ်ဖို. ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အချို.သောသူတွေကတော့ ကျမအမြင်တွေကို ပြောမိတဲ့အခါတိုင်း ဆရာကြီးလုပ်တယ်လို. ယူဆပြီး အမြင်ချင်းဖလှယ်ဖို.ဆိုတာထက် ကျမကို ဆန်.ကျင်ဘက်ဖြစ်မယ့်အရာတွေကိုပဲ တမင်ရွေးပြီး ပြောဆိုတိုက်ခိုက် လာပါတယ်။ အဲဒီအခါမျိုးမှာတော့ ကျမ စိတ်မကောင်းဖြစ်စွာနဲ့ပဲ သူတို.ကို ရှောင်ဖြစ်သွားပါတယ်။ သိပ်ရင်းနှီးတဲ့သူတွေနဲ့ပဲ လွတ်လွတ်လပ်လပ် စကားပြောဖြစ်ပါတော့တယ်။ ပြောရင်းနဲ. ငြင်းရတော့မယ် အနေအထားမျိုးရောက်ရင် ကျမ မဆက်ဖြစ်တော့ပါဘူး။ ကျမ မှားတာ မှန်တာထက် အမြင်ချင်းမတူတဲ့အကြောင်းနဲ. ဘာဖြစ်လို. ဒီလို မြင်တာလဲဆိုတာကိုသိချင်တာပါ။ ကျမကတော့ ကိလေသာကုန်ခမ်းတဲ့ အရိယာပုဂ္ဂိုလ်များမှ တပါး ကျန်သူတွေကတော့ ပရမတ်တရားထက် ပညတ်တွေကိုသာစွဲနေလို. အမှားတွေတော့ ရှိနေဦးမယ်လို. ထင်တာပါပဲ။ အစွဲတွေလည်း ရှိနေမှာပေါ့လေ။

ကျမပြောချင်တာကတော့ လူတွေကြည့်တဲ့ရှုထောင့်မတူရင် သူ.အတွေးအခေါ် အယူအဆချင်းကတော့ ထပ်တူကျဖို.ခက်ပါလိမ့်မယ်။ ပုဂံ ရွှေစည်းခုံ ဘုရားရောက်ဖူးကြတဲ့သူဆိုရင်တော့ အခု ကျမပြောမှာကို သိပါလိမ့်မယ်။ ကျန်စစ်သား လှံထောက်ထားခဲ့တယ်ဆိုတဲ့ ရေပြည့်နေတဲ့ ချိုင့်ခွက်ထဲကနေ ရွှေစည်းခုံဘုရားရဲ. စိန်ဖူးတော်ကို မြင်အောင် ကြည့်ဖို.ဆိုရင် တနေရာထဲကနေပဲ ကြည့်မှ ရပါလိမ့်မယ်။ သူ.limit ကကျော်ပြီး နေရာနဲနဲ ပြောင်းလိုက်တာနဲ. မတွေ.ရတော့ပါဘူး။ ဒါပေမယ့် စိန်ဖူးတော်ကို ဖူးမြင်ရခြင်းဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲပဲ ဆိုရင်တော့ မှန်ပြောင်းနဲ.၊ ဒါမှ မဟုတ် တခြားတနည်းနည်းနဲ. ကြည့်ရင်လည်း မြင်ရပါလိမ့်မယ်။ အဲဒီ တနေရာထဲကပဲ ကြည့်နေပြီး သူများဘက်ကကြည့်တာကို မဟုတ်ဘူး ငြင်းနေရင်တော့ အချိန်ကုန် လူပမ်းဖြစ်မယ့်အပြင် ရန်ပါများရပါလိမ့်မယ်။ အဖြေလည်းထွက်လာမှာမဟုတ်ပါဘူး။

(ပညာရှင်မဟုတ်တဲ့) ကျမတဦးတည်းအနေနဲ.ဆိုရင်တော့

  • လူတဦးချင်းစီဟာ သူဖြတ်သန်းခဲ့တဲ့ အတွေ.အကြုံ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်တွေကနေ သူ.အတွေးအမြင်တွေ ဖြစ်လာစေတယ်လို. လက်ခံပါတယ်။
  • သူဖတ်ခဲ့တဲ့စာပေ၊ သူလက်ခံခဲ့တဲ့ သူ.ကို လွှမ်းမိုးစေနိုင်တဲ့ အထင်ကြီးလေးစားတဲ့ လူတွေရဲ. သက်ရောက်မှုတွေကနေလဲ ဆက်နွယ်ဖြစ်ပေါ်စေတယ်လို.လဲ ယုံပါတယ်။
  • ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေကနေလဲ ဆင့်ပွားကြီးထွားစေနိုင်သလို တခြား သူ.အသိ ဆင်ခြင်နိုင်စွမ်းက လက်ခံနိုင်တဲ့ အဆင့်အလိုက်ကိုလည်း သူ လက်ခံနိုင်ပါလိမ့်မယ် လို.လည်း ယူဆပါတယ်။


အဲဒီတော့ တကယ်တမ်း အပြုသဘောဆောင်တဲ့ စကားဝိုင်းတစ်ခုဖြစ်ဖို.ဆိုရင်တော့ သူရှုထောင့်နဲ. သူ.အမြင်ပြောတာကို လက်ခံနားလည်ပေးနိုင်စွမ်းရှိရပါမယ်။ သူများတွေကတော့ လက်ဖမိုးနဲ. လက်ဖ၀ါး၊ ခေါင်းနဲ.ပန်းတွေနဲ. ဥပမာ ပေးခဲ့ဖူးပါတယ်။ နောက်ပြီး မျက်မမြင် ပုဏ္ဏား ၆-ယောက် ဥပမာလည်း ရှိပါသေးတယ်။ တကယ်တမ်းကျတော့ ဒီထက်ပိုလည်း ကွဲနိုင်ပါသေးတယ်။ မျက်မမြင်ပုဏ္ဏားတွေကတော့ အမြင်မရှိပဲ ကိုယ်ထင်တာ ကိုယ်လျှောက်ပြောပြီး တကယ့်အဖြစ်မှန်နဲ.ကွာခြားခဲ့ပါတယ်။ အဲဒီတော့ သူမမြင်လို. ပြောတာကို ကဲ့ရဲ.အပြစ်တင်နေမဲ့အစား အမှန်မြင်အောင် ကူညီပေးဖို.တာဝန်ရှိပါတယ်။ ပြောရရင်တော့ ထောင့်စေ့လေ၊ အဖြေမှန်နဲ.ပိုနီးလေဖြစ်မယ်လို. ကျမတော့ ယုံကြည်ပါတယ်။ လူဆိုတာတော့ ကိုယ်အမှန်ထင်တဲ့အရာကို မှားတယ်လို. တော်တန်ရုံလက်ခံမယ်မထင်ပါဘူး။ စေတနာမှန်မယ်၊ ဦးတည်ချက်ချင်းလည်းတူမယ်၊ ဆင်ခြင်တုံတရားနဲ.ပြည့်စုံတယ် ဆိုရင်တော့ အမြင်ချင်းမတူတာနဲ. ပုတ်ခတ်နေတာမျိုး၊ ငါမှ မှန်တယ်ဆိုတဲ့ တရားသေဆုပ်ကိုင်ထားတာမျိုး ရှိလိမ့်မယ် မဟုတ်ပါဘူး။ ပန်းတိုင်က တစ်ခုတည်းဆိုရင်၊ ဦးတည်ချက်ကလည်း တူနေတယ်ဆိုရင် စိတ်ကိုဖွင့်ထားပြီး အဖြေမရှာနိုင်စရာအကြောင်း မရှိလောက်ပါဘူးလို.ထင်ပါတယ်။

ဒါကတော့ ကျမတယောက်တည်းရဲ. ပုဂ္ဂလိက ခံစားထင်မြင်ချက်သက်သက်ပါ။ မှန်ချင်မှလည်း မှန်မယ်။ ပြည့်စုံချင်မှလည်းပြည့်စုံမယ်။ ဒါပေမယ့် ကျမရဲ. တခုတည်း သော စေတနာကတော့ မှန်ပါတယ်။ ကျမတို. မြန်မာပြည်နဲ. မြန်မာပြည်သူပြည်သားတွေကို ငြိမ်းချမ်းသာယာစေချင်တယ်။ မှန်သော သစ္စာစကားပါ။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။