ဘာရယ်မဟုတ်.. ခုလောလောဆယ် အော်ဆိုနေချင်တဲ့ သီချင်းလေးပါ...။ နိုင်ငံတော်သီချင်း ခြေဆင်း - တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ပြည် တို့မြေ။ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ ပြည် တို့ပြည် တို့မြေ။ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ။ (ကမ္ဘာမကျေ၊ မြန်မာပြည် တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ )၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ။ ဒါ တို့ပြည်၊ ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ပြည်၊ တို့မြေ အကျိုးကို ညီညာစွာ တို့တစ်တွေ ထမ်းဆောင်ပါစို့လေ တို့ တာဝန်ပေ အဖိုးတန် မြေ။ ********* အားလုံးရဲ့ မြေ.. တို့ မြန်မာတွေ အားလုံးရဲ့ မြေပါ...။ တဦးတယောက်တည်းပိုင် မဟုတ်ပါဘူး။ ( မသီတာ သတိပေးလို့ တို့ပိုင်နက်မြေတကြောင်း ပြုတ်ကျကျန်ခဲ့တာကို ပြန်ဖြည့်လိုက်ပါတယ်.. တော်နေကြာ... :0)
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!