Skip to main content

Posts

Showing posts with the label အက်ဆေး။

တစ်ဦးတည်းသော သမီး။

ကျမသည် တစ်ဦးတည်းသော သမီး ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် မင်္ဂလာဆောင်ဖိတ်စာကမ်းစဉ်က ဖိတ်စာကို ဖတ်ရင်း ဇဝေဇ၀ါနှင့် အမေးခံခဲ့ရသော မေးခွန်းတစ်ခုကို အမှတ်ရမိပါသည်။ “သမီးတို့က မောင်နှမ သုံးယောက်  ရှိတာ မဟုတ်လား”..တဲ့။  “ဟုတ်ကဲ့..    ဒါပေမယ့် ကျမ က သမီးတစ်ယောက်တည်းမို့ တစ်ဦးတည်းသော သမီးပါ..” လို့ အနည်းငယ် ရဲတင်းစွာ ပြန်ဖြေခဲ့မိတာတွေကိုလည်း မှတ်မှတ်ရရ။  ဘယ်သူတွေ ဘယ်လို ဆိုနေပါစေ..ကျမ ဖွင့်ဆိုတဲ့ အဘိဓာန်မှာတော့ ကျမသည် တစ်ဦးတည်းသော သမီးသာ ဖြစ်သည်။ ဒါမှမဟုတ်.. တစ်ဦးတည်းသော အဖြစ်သည် ကျမရင်ထဲ စွဲနစ်နေခဲ့သည်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ တချို့သော မောင်များ၍ နှမ တစ်ဦးတည်းသာ ရှိသော  နှမများသည်  ယောကျာင်္းလေးဆန်စွာ ပွင့်လင်း သွက်လက် ထက်မြက်ကြသည်။ တချို့လည်း သိုဝှက် မျိုသိပ်နေတတ်သူများ ဖြစ်နေကြသည်။ တချို့လည်း မိန်းကလေးသူငယ်ချင်းများကို ခင်တွယ်လွန်းလှသည်...။ တချို့လည်း မိန်းကလေးဖြစ်လျှက် မိန်းကလေးများနှင့် သိပ်ပေါင်းမရ ဖြစ်လာကြသည်။ ကျမသည်လည်း.....။ တခါတရံ ပွင့်လင်းသယောင်ရှိ၍ တခါတရံ မျိုသိပ်နေတတ်သူ ဖြစ်နေတတ်ပြန်သည်။ တခါတရံ သူငယ်ချင်းများကို ညီအစ်မကဲ့သို့ ခင်...