Skip to main content

Posts

Showing posts with the label “သိပ္ပံမောင်ဝနှင့် ပတ်သက်သော....

ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ (ရေးသူ - မင်းဟန်)

မဇ္ဈိမ စာမျက်နှာကနေ ဖိုးဖိုး ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးလေးကို တွေ့လို့ ကျမ မှတ်စုစာအုပ်လေးထဲမှာ စုစည်းရင်း အမှတ်တရအဖြစ် ပြန်တင်ထားလိုက်တာပါ...။ မူရင်းက http://mizzimaburmese.com/edop/songpa/5608-2010-06-29-08-44-20.html.. ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ မင်းဟန် | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၈ မိနစ် (ဆရာသိပ္ပံမောင်ဝ၏ ၁၁၁ နှစ်ပြည့် အထိမ်းအမှတ်) “မြန်မာစာပေတိုးတက်ရေးသည်၊ ကျွနု်ပ်တို့၏ တာဝန်ဖြစ်သည်၊ ကျွနု်ပ်တို့ ပြုမှ နုမည့် မြန်မာစာ ဖြစ်သည်။ ကြိုးစားကြပါစို့” သိပ္ပံမောင်ဝ ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။ (၁) ဆရာသိပ္ပံမောင်ဝ (ဦးစိန်တင်) သည် ၁၈၉၉ ခုနှစ်၊ ဇွန်လတွင် မွေးဖွားခဲ့ပြီး၊ ၁၉၄၂ ခုနှစ် ဇွန်လတွင်ပင် ကွယ်လွန်ခဲ့၏။ ယနေ့ဆိုလျှင် ဆရာသိပ္ပံမောင်ဝ၏ သက်တမ်းသည် နှစ်ပေါင်း ၁၁၁ နှစ်ရှိလေပြီ။ ဆရာသိပ္ပံမောင်ဝ ရှင်သန်ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းက၊ ကိုလိုနီခေတ်ဦးကာလဟု ဆိုရမည်။ ဆရာမွေးဖွားကြီးပြင်းခဲ့ရသည့် အောက်မြန်မာပြည် အရပ်ဒေသသည် သီပေါဘုရင် နန်းမကျမီကတည်းက ဗြိတိသျှကိုလိုနီတို့၏ လက်အောက်တွင် ကျရောက်၍နေခဲ့ပြီ။ ဤအတွက် ဆရာသည် ကျွန်ဘဝတွင် မွေးဖွား၍ ကိုလိုနီခေတ်ကြီးအတွင်း ကြ...

ဆရာစံနှင့် အိုင်စီအက်စ် နှစ်ဦးအမြင်...မှ.... သည်။

ကျမ မာယာမဂ္ဂဇင်းက စာတွေကို ကြုံရင် ကြုံသလို သွားဖတ်တတ်ပါတယ်။ ကျမ ဘလော့ဂ်လေးထဲမှာလည်း blogroll မှာ တင်ထားပါတယ်။ ဘာတွေများ အသစ်တက်သလဲလို့ ကျမကြည့်တတ်ပေမယ့် မာယာက အသစ်တက်လာတော့ ကျမ စက်ကြောင့် မြန်မာစာလုံးတွေက ကပေါက်တိကပေါက်ချာသာ မြင်နေရပါတယ်။ ကိုယ့်အထင် မှန်သမ်းဖတ်နေကြဆိုတော့.. ဆရာဝန်နဲ့ အေအိုင်ဒီအက်စ် နှစ်ဦးအကြောင်းထင်ပါရဲ.ဆိုပြီး ချက်ချင်း သွားမကြည့်ဖြစ်ခဲ့ပါဘူး။ တော်တော်ကြာလို့ တခြားဖတ်စရာတွေလည်း မရှိတော့မှ.. သွားဖတ်လိုက်ပါဦးမယ်လေဆိုပြီး ရောက်သွားပါတယ်။ ကံကောင်းလို့ ဖတ်မိသွားတယ်လို့ပဲ ဆိုရပါမယ်။ ဆရာစံ ရော.. အိုင်စီအက်စ်ရော ပါတယ်ဆိုရင်တော့ ကျမအဖိုးများ ဖြစ်နေမလားဆိုပြီးတော့ပေါ့။ ဖတ်နေရင်းနဲ့ ကျမအမြင်တွေ ၀ါးလာပါတယ်။ စိတ်လှုပ်ရှားလို့ မဟုတ်ပါဘူး။ ကျမရဲ့ ရောဂါဟောင်းပါ။  ပထမ စ စ ချင်း အမြင်တွေ မကြည်လင် ၀ါးလာပါမယ်။ အလင်းရောင်တွေက ပိုပြီး စူးရှလာပါတယ်။ အဲဒီ sign တွေပြပါရက်ကယ်နဲ့ ပါရာစီတမော၊ ဒါမှ မဟုတ် ဘိုင်အိုဂျက်ဆစ် တစ်လုံးလောက် သောက်ပြီး မျက်လုံးကို အနားမပေးလိုက်ဘူးဆိုရင်တော့ ခေါင်းတခြမ်းလုံး ကွဲထွက်မတတ်ကိုက်ခဲပါလိမ့်မယ်။ အခန့်မသင့်ရင် တဝေါ့ဝေါ့နဲ့ အန်ချတတ်ပါသေးတယ်။ ကံကောင်းချင်တော့ ကေ...