ကျမလည်း ပျင်းပျင်းရှိတာနဲ့ ရယ်စရာတွေ သွားဖတ်မိတာ... ပြန်ဖောက်သည်ချလိုက်ဦးမယ်...။ +++++++= နှစ်ယောက်စလုံး အသက် ခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်တဲ့ ဇနီးမောင်နှံ နှစ်ဦးက သူတို့ရဲ့ ၃၅-နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ ပါတီပွဲ ကျင်းပနေကြသတဲ့။ အဲဒီပါတီကျင်းပနေတဲ့ အချိန်မှာ နတ်သမီးတစ်ပါးပေါ်လာပြီး သူတို့မင်္ဂလာနှစ်ပတ်လည်အတွက် ကောင်းချီးပေးတယ်။ ပြီးတော့ သူတို့ကို တစ်ယောက်ချင်းစီကို လိုချင်တဲ့ဆု တောင်းပါဆိုပြီး လက်ဆောင်ပေးတယ်ပေါ့။ အဲဒီတော့ အမျိုးသမီးကြီးက အရင်ဆုံး ဆုတောင်းရတော့ ကမ္ဘာအနှံ့ ခရီးဆန့်ချင်ပါသတဲ့။ နတ်သမီးကလည်း သူ.ရဲ. ဆေးကြိမ်လုံးကို ဝှေ့ယမ်းလိုက်ပြီး “ ပြည့်စေ” ဆိုပြီး ဆုပေးလိုက်တော့ အမျိုးသမီးကြီးလက်ထဲမှာ ခရီးသွားခွင့် လက်မှတ်တွေ ရောက်လာပါလေရော။ ဇနီးဖြစ်သူ အမျိုးသမီးကြီးလည်း သူ့ဆန္ဒပြည့်တော့မယ်ဆိုတော့ ပျော်နေမှာပေါ့လေ။ နောက်တစ်ခါတော့ ခင်ပွန်းသည် အမျိုးသားကြီးအလှည့်..။ နတ်သမီးကတော့ မျက်နှာမလိုက်ပါဘူး။ တစ်ယောက်တစ်ခုပေါ့။ ဘာလိုချင်သလဲ ပြောပါဦးပေါ့။ အဲဒီမှာတင် အနှစ်သုံးဆယ့်ငါးနှစ်တောင် ပျော်ရွှင်စွာပေါင်းသင်းလာတဲ့ ခင်ပွန်းသည် အမျိုးသားကြီးက “ ကျွန်တော်ကတော့ ကျွန်တော့်ထက် အသက် သုံးဆယ်လေ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!