Skip to main content

Posts

Showing posts with the label Tag ပို့စ်။

ပြန်မပြောချင်တဲ့ အချစ်အကြောင်း...

  ဒီဘဝမှာ အချစ်ဆိုတာ ဘာလဲလို့ သိရှိခံစားခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် မောင်.....။ လူတယောက်ကို ချစ်ဖို့ဆိုတာ ကိုယ့်အတ္တ မာနတွေ ယုံကြည်ချက်တွေနဲ့ပါ လဲလှယ်ရအောင် ထိုက်တန်လို့လားလို့ မမေးပါနဲ့ မောင်ရယ်... သူများတွေအတွက် တလောကလုံးဟာ လှပဆန်းကြယ် လင်းလက်တောက်ပတဲ့ အချိန်မှာ အချစ်ကို စ တွေ့တတ်ကြတာလို့ ကြားဖူးပေမယ့်.... အဲဒီနေ့က မိုးမရွာသလို တိမ်ပြာ နေသာတယ်လို့ မှတ်မိချင်စရာကောင်းနေတဲ့ နေ့တနေ့မဟုတ်ခဲ့ပါဘူး....   ကျူရှင်မှာ ဆရာမလာခင် သူငယ်ချင်းတွေ စကားပြောကြရင်း ဘာမဆိုင် ညာမဆိုင်နဲ့ အသေးအဖွဲ အကြောင်းအရာတခုကြောင့် ကျမ စိတ်ကောက်သွားခဲ့မိတယ်.... ထူးဆန်းတာက သူနဲ့ ကျမက စိတ်ကောက်ရလောက်အောင် ရင်းရင်းနှီးနှီး အကျွမ်းအဝင်ရှိတဲ့ သူငယ်ချင်းတွေ မဟုတ်ခဲ့တာ.... ပိုပြီး ထူးဆန်းတာက သူငယ်ချင်းတွေ အများကြီးကြားမှာ ဖြစ်သွားခဲ့ပေမယ့် သူနဲ့ ကျမနဲ့ နှစ်ယောက်ထဲပဲ သိလိုက်ကြတာ။ အဆောင်ပြန်ရောက်လို့ အခန်းထဲမှာ တယောက်တည်း ကိုယ့်ဘာသာကိုယ်တောင် ဘာဖြစ်သွားပါလိမ့်လို့ မင်သက်အံ့သြရင်း နားမလည်နိုင်ဖြစ်နေခဲ့တဲ့ ကျမကို သူက အဆောင်ထိ တယောက်တည်း လာပြီး တောင်းပန်တာကလည်း တော်တော် ရယ်စရာကောင်းတဲ့ တလွဲတချော်အဖြစ်ပါ...... ဒါပေမယ့်...

အသွင်တူ၏၊ မတူ၏ (Tag)

(သူငယ်ချင်း သက်ဝေက ချစ်လို့ တက်ဂ်တဲ့ ပို့စ်ကို ချစ်သောအားဖြင့် ရေးပါသည်။ အမှတ်တရ တက်ဂ်လို့ ကျေးဇူးပါ..သူငယ်ချင်းရေ.) အသွင်တူ၏ မတူ၏ တဲ့။ အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ စကားကို နားလည်တာကတော့ လိုက်ဘက်ညီတဲ့ အိမ်ထောင်ဘက်တွေကို ပြောချင်တယ်လို့ ထင်တာပါပဲ။ ဆိုပါတော့....တယောက်က ဂီတာတီးရင် တယောက်က သီချင်းဆို...(ချိုသင်းတို့လို)၊ တယောက်က ဘလော့ဂ်ရေးရင် နောက်တယောက်က အားလည်းပေး ၊ ကိုယ်တိုင်လည်းရေး...( ဒါက ကိုဧရာ+မသီတာ စုံတွဲ)၊ နောက် အစ်မမေငြိမ်းတို့လို တယောက်က စားပင် ပန်းပင်တွေစိုက်.. တယောက်က အဲဒါတွေနဲ့ ပန်းအိုးထိုးအလှဆင်.... အဲ... သူငယ်ချင်း သက်ဝေကရော... တယောက်က အနုပညာစွမ်းအားအပြည့်နဲ့ ဖန်တီးလက်စွမ်းပြတဲ့ အခါ တယောက်က မော်ဒယ်လုပ်ပေး..... (ဒါက သက်ဝေပို့စ်ထဲမှာ မပါဘူး..)နောက်ပြီး နံပါတ်နဲ့ ဂဏန်းတွေကို မမှတ်မိတတ်တဲ့ သူနဲ့ နောက်တယောက်က အကုန်လုံးမှတ်မိနေတတ်တဲ့ မခင်မင်းဇော်တို့ စုံတွဲ... ကဲ..ဘယ်လောက်တောင် လိုက်ဖက်ညီတဲ့ စုံတွဲတွေပါလိမ့်နော်....။ နေဦး.... သူများရေးထားတဲ့ ပို့စ်တွေ ဖတ်ပြီး အားကျနေရုံနဲ့ မပြီးသေးဘူးလေ..ကိုယ်ပေါင် ကိုယ်လှန်ထောင်း.. အဲ.. ကိုယ့်အကြောင်း ကိုယ်ရေးရမှာတဲ့...။ စပြောရရင်တော့ ချစ်သူသာဖြစ...

ကမ္ဘာပျက်တော့မယ်ဆိုပါတော့....

ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။  အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ  ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်...  ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး...  (၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ.. ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို  စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ  ဖတ်ပြမယ်..  သူတို့နဲ့  အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်..  အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့  ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။ ...

T for Theingi....

 T for ...Theingi   1. What is your name : Theingi 2. A four Letter Word : True 3. A boy's Name : Thura 4. A girl's Name : Thuzar 5. An occupation : Ticket conductor 6. A color : Teal 7. Something you'll wear : Trousers 8. A food : Tofu 9. Something found in the bathroom : Taps 10. A place : Tibet 11. A reason for being late : Tarrying 12. Something you'd shout : That's life! 13. A movie title : Titanic 14. Something you drink : Tea with honey 15. A musical group : Take That 16. An animal : Tapir 17. A street name : Thisar Street (Yankin Tsp, Yangon,Myanmar) 18. A type of car : Tesla 19. The title of a song : Take me home, country road  by John Denver 20. A verb : Throw away. ..   မနော် FB  မှာ tag သောကြောင့် ဘလော့ဂ်မှာပါ တင်ဖြစ်သောပို့စ်ပေါ့ ။ ကိုအောင်သာငယ့်ဆီမှာ ဖတ်မိတဲ့ Rule ကို ပြန်တင်ထားတာပါ။ Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer eac...

ခုတလောမှာ...

ခုတလော.... တွေးနေမိတာက >>> (၁) သေခြင်းတရား (၂) ဘ၀ ဆိုတာ... (၃)  စိတ်ကလေး ဒီထက်ပိုရှည်လာအောင် ဘယ်လို ဆွဲဆန့်ရပါ့..... ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာ>>>   ပြုပြင်ရန် စာရင်းက ပိုရှည်လာပါကလား..ဘုရား ဘုရား။ ကျန်းမာရေး >>> ဟာတာတာ.. နုံးချိချိ... ဟိုလိုလို.. ဒီလိုလို.. (အဓိက ကတော့    စိတ်ပေါ့လေ..  အလုပ်လုပ်ရမယ်ဆို    ဟိုလိုလို..ဒီလိုလို.. ဘလော့ဂ်လည်မလား.. ညလုံးပေါက်..ဟဲဟဲ) ဖတ်ဖြစ်တဲ့စာအုပ်တွေက>>   ရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀ သံသရာ မြန်မာအက်ဆေး ၁၀၀ စာရေးသူစိတ်ကြိုက် စာအုပ်တွဲများ Will work for fun ( BC စာကြည့်တိုက်က ငှားလာတာပါ) ရောက်နေဖြစ်တာက >>> ကိုယ်ရှိနေသင့်တဲ့ နေရာတွေကို.. ရေးဖြစ်နေတာက>>> အခု တက်ဂ် ပို့စ်လေးပေါ့ နားထောင်ဖြစ်နေတာက >>> စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ... ( MP3 တွေဆိုတော့ မဆုံးနိုင်တော့ဘူးပေါ့) တခါတခါလည်း ရှင်ဆေကိန္ဒရဲ့ ကလေးတွေ အတွက်ဟောတဲ့ တရားတော်တွေနာပြီး ကလေးတွေနဲ့ အတူတူရယ်မောပေါ့လေ...။ ရွတ်နေမိတဲ့ကဗျာက >>> ကဗျာတွေတော့ မရွတ်ဖြစ်ပါဘူး..  ဖြစ်ချင်...

ဒုတိယအကြိမ် ပုံနှိပ်ခြင်း..(နာဂစ်တနှစ်ပြည့် ၀မ်းနည်းသတိရခြင်း )

ကိုဖိုးဂျယ် တက်ဂ်ထားတဲ့ ဒုတိယအကြိမ်ပုံနှိပ်ခြင်း ပို့စ်လေးအတွက် ကျမ ပြန်မရေး (အဲလေ) ပြန်မရွေးနိုင်သေးလို့ အကြွေးတင်နေခဲ့ပါတယ်...... အခု နာဂစ်တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခေါင်းစဉ်မတပ်ပဲ တင်ထားခဲ့တဲ့...(အဲဒီတုန်းက ကမန်းကတန်းတင်ထားခဲ့ရတဲ့) ပို့စ်လေးကိုပဲ နာဂစ်အမှတ်တရအဖြစ်နဲ့ရော.. ကိုဖိုးဂျယ်ရဲ့ တက်ဂ်ပို့စ်အဖြစ်နဲ့ ပြန်တင်ထားလိုက်ပါတယ်...။ အဲ.. နဲနဲတော့ ဖြတ်တောက်ထားပါတယ်..။ :) ############ နာဂစ်လာတဲ့အချိန် ကျမတို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ။ မနက်မိုးလင်းတနေကုန်ထွက် ညမိုးချုပ်မှ ဟိုတယ် ပြန်အိပ်ရုံသာ နေခဲ့။ အဲဒီနေ့ည (မေလ-၂-ရက်နေ့)မှာ မနက်ဖြန်ပြန်မှာမို့လို့ ကလေးတွေကို သူတို့ သိပ်ကြည့်ချင်နေတဲ့ IRON MAN ကို EMPORIUM က ဈေးဝယ်အပြီး အပေါ်ထပ်မှာပဲ တက်ကြည့်ဖြစ်ပါတယ်။ ကာတွန်းကို အသက်ပြန်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်လို့ ယုတ္တိမတန်ပေမယ့် အက်ရှင်တွေများလို့ hero ကို သဘောကျတဲ့ ကလေးတွေကတော့ sound effect နဲ့ပြည့်ပြည့်၀၀ ကြီးကို သဘောတွေ့နေကြလေရဲ့။ မနက် မိုးလင်း ပစ္စည်းတွေ သိမ်းဆည်းအပြီးမှာ သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာပါတယ်။ မနက်ပိုင်း ရန်ကုန်-ဘန်ကောက် လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းလို့ ကျမတို့ကို ပြန်ဖြစ...

တွေ့ဖူးချင်တဲ့... ၁၀- ယောက်..

တွေ့ဖူးချင်တဲ့ လူ ဆယ်ယောက်တဲ့... မနော် ရဲ့ တက်ဂ်ပို့စ်ပါတဲ့... မနော်တွေ့ဖူးချင်တဲ့ သူထဲမှာ ပါခဲ့လို့ရယ် ဆက်ပြီး တက်ဂ်တဲ့ အတွက်ရယ် ၀မ်းသာအားရနဲ့ မရေးဖြစ်တာကြာတဲ့ ဘလော့ဂ်လေးကို ဖုန်ခါပြီး ပြန်ရေးလိုက်ပါတယ်နော်... လောလောဆယ် ကျမ ကျင်လည်နေတဲ့  ဘလော့ဂ်လောကထဲမှာကို တွေ့ချင်တဲ့သူတွေ အတော်များနေလို့ ဆယ်ယောက်ကို မနည်း ဖြစ်ညှစ်ရွေးချယ်လိုက်ရပါတယ်...။ (၁) လက်ဆင့်ကမ်းလိုက်တဲ့ မနော် ကိုပဲ ထိပ်ဆုံးမှာ ထားလိုက်ပါတယ်...။  လူသိများတဲ့ စာရေးဆရာမ ဆိုတော့ စာအုပ်စာပေတွေနဲ့ သိပ်မဝေးလှတဲ့ ကျမအဖို့ ကလောင်လှလှနဲ့ စာရေးဆရာမ ချောချောလေးပါလားလို့ သတိထားမိခဲ့တာပါ။ နောက် မနော် ဘလော့ဂ်စလုပ်ဖြစ်ကတည်းက ပုံမှန် သွားဖတ်ရင်း အရင်ကထက် ပိုကျွမ်းဝင် ရင်းနှီးလာသလိုပဲ။ ဒါကလည်း ၀တ္ထုတွေ ကဗျာတွေကတော့  အနုပညာမြောက်တဲ့ ဖန်တီးမှုတွေပေါ့။ ဘလော့ဂ်ဆိုတာကတော့ သူ့အကြောင်း  ကိုယ့်အကြောင်း  ကိုယ်တိုင်ရေးထားတာဆိုတော့  ကိုယ်တိုင်ကိုယ်ကျ စကားပြောနေရသလို ခံစားရလို့ ပိုရင်းနှီးမြန်တယ်လို့ ထင်ပါတယ်..။ ကဗျာတွေ စာတွေ သဘောကျလို့ အပြင်မှာ တွေ့ဖူးချင်ပါတယ်...။  (၂) အရင်ကတည်းက ကြားဖူးနားဝ ရှိခဲ့ပြီး သူဘလော့ဂ်လုပ်ကတ...

ဝါသနာလေးတွေ ဆိုလို့....

ဝါသနာ.....တဲ့...။ ညီမငယ် တန်ခူး  (လေနူအေး) က သတိတရ Tag လာပါတယ်...။ ကျမ နားလည်တဲ့ ၀ါသနာဆိုတာကတော့ ကိုယ်စိတ်ဝင်တစားနဲ့ ပျော်ရွှင်ကျေနပ်စွာ ကိုယ့်ရဲ့ အချိန်တွေကို နှစ်နှစ်သက်သက် ကုန်ဆုံးစေတာမျိုးလို့ ထင်ပါတယ်..။ လူအမျိုးမျိုး ၀ါသနာ အမျိုးမျိုးပေါ့..။ အချိန်ကာလတွေ ပြောင်းလာတာနဲ့ အမျှ ၀ါသနာတွေလည်း ပြောင်းလဲသွားနိုင်သလို တချို့တလေကလည်း အခြေအနေမပေးသေးရင်တောင် တနေရာမှာ ငုပ်လျှိုးနေတတ်တာမျိုးလို့ ထင်ပါတယ်...။ ကျမကို “ဘာ ၀ါသနာပါ ပါသလဲ၊ တခုထဲ ဖြေ” လို့ ပြောလာခဲ့ရင်တော့ မဆိုင်းမတွ ဖြေမိမှာကတော့ စာဖတ်ခြင်းပါပဲ...။ စာရေးစာဖတ်ခြင်းက တွဲနေတာပေမယ့် စာဖတ်ဖြစ်တိုင်းလည်း စာမရေးဖြစ်ပါဘူး။ ဒီတော့ ကျမအတွက် စာဖတ်နေရတာကိုက စိတ်အပန်းဖြေစရာ  အနားယူ အားသစ်တွေ မွေးယူဖို့အတွက် မရှိမဖြစ် ၀ါသနာ... စာရေးတာကတော့ စိတ်ရဲ့ ထွက်ပေါက်၊ ရင်ထဲ တင်းကျပ်တာတွေ.. ကိုယ့်အတွက် သင်ခန်းစာအဖြစ် မှတ်ထားချင်တာလေးတွေ၊ အမှတ်တရ သိမ်းဆည်းထားချင်တာလေးတွေကို စာရေးဖြစ်ခဲ့ပါတယ်..။ ဘလော့ဂ်မလုပ်ခင်အထိတော့ ဝေမျှဖို့အတွက် မဟုတ်ပဲ ကိုယ်ဖတ်ဖို့အတွက်ပဲ ရေးဖြစ်ခဲ့တာပါ...။... အားတာနဲ့ (အချိန်မရွေး၊ နေရာမရွေးပဲ) ကောက်ကိုင်ဖြစ်တာက စာအုပ်ပ...

အခုအချိန်မှာ အမှတ်တရ....အဲဒီတုန်းကတော့ အူလည်လည်....။

ကျမကို  ကိုဖိုးဂျယ်လေးက Tag ပါတယ်တဲ့... နောက်တိုးထဲမှာ ပါလာတော့ ကိုယ့်ကို သတိတရ ဒီကစားနည်းထဲ ဖိတ်ခေါ်လို့ ကျေးဇူးတင်ရပါသေးတယ်..။ တကယ်တမ်း ရန်ကုန်က မီးအခြေအနေနဲ့ ကျမမိသားစု အခြေအနေတွေကြောင့် ရေးဖို့ နှောင့်နှေးခဲ့ပါတယ်။ တတ်နိုင်သလောက် ဒီ ဂိမ်းထဲ ၀င်ကစားကြည့်တာပါ...။  :) အခုချိန် ခေါင်းထဲရောက်လာတဲ့ အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်လေး တစ်ခုပါ..။ အဲဒီတုန်းက ကျမ မရည်ရွယ်ထားပဲနဲ့ ထိုင်းနိုင်ငံ ရရောင်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ လာဖို့ ရည်ရွယ်ချက် ရှိထားတာမဟုတ်လေတော့ စာရော..ထိုင်းစကားရော..ဘာမှ မသင်လာခဲ့ပါဘူး။  ဘန်ကောက်ကနေ ရရောင်းကို ဒွန်မွန်းလေဆိပ်ကနေ တန်းရောက်လာခဲ့တာဆိုတော့ တနေ့တနေ့ စက်ရုံမှာ အလုပ်လုပ်လိုက်..  စက်ရုံဝင်းထဲက အခန်းမှာ အတူလာခဲ့တဲ့ သူတွေနဲ့ စားလိုက်  သောက်လိုက် စကားပြောလိုက်နဲ့...။ စက်ရုံဝင်းထဲက နေထိုင်တဲ့ သူတွေနဲ့ ယဉ်ကျေးမှုချင်း ဘာသာစကားချင်း သွေးတိုးစမ်းရင်း ဖလှယ်နေတဲ့ အချိန်လေးပေါ့...။ သူတို့တွေက စနေညဆို  ပိုင်ထိရို ဆိုပြီး လျှောက်လည်ကြပြီ... ကျမတို့ အတူလာ ရွှေမြန်မာလေးယောက် ကတော့ မျက်စိသူငယ် နားသူငယ်နဲ့ သူငယ်ခ...

စိတ်ကူးယဉ်တိုင်းသာဖြစ်မယ်ဆိုရင်....

ဒီက ပုံလေးပါ။   စိတ်ကူးယဉ်တိုင်းသာဖြစ်မယ်ဆိုရင်....  ကြယ်ပွင့်လေး က စိတ်ကူးယဉ်ပေးပါဆိုပြီး ပြောထားတာ ကြာပါ့။ ဘယ်လို စိတ်ကူးယဉ်ရမလဲဆိုတာ စိတ်ကူးလို့က မရ...။ ကိုယ်ဖြစ်စေချင်တာတွေကို စိတ်ကူးယဉ်ကြည့်ပါဆိုရင်တော့...  ++++++++++++++++ တိုင်းပြည်လေး တစ်ခု။ နိုင်ငံလေး တစ်နိုင်ငံ..ပေါ့...။.. အစမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓသာသနာတော် ရှိတယ်...။ အကျင့်အကြံ သိက္ခာနဲ့ ပြည့်စုံတဲ့ သံဃာတော် အရှင်သူမြတ်တွေ သီတင်းသုံးလို့ရယ်....။ အဲဒီတိုင်းပြည်မှာ လူတိုင်းက ပြည်သူတိုင်းက အကျင့်သီလနဲ့ ပြည့်စုံကြတယ်။ မခိုးဘူး.. မ၀ှက်ဘူး.. မလုယက်ကြဘူး။ ညာမပြောဘူး.. လိမ်မပြောကြဘူး။ သူများကို ထိခိုက်နစ်နာအောင်.. ဘာတစ်ခုမှ မလုပ်ကြဘူး။ လုပ်မိတဲ့သူတွေကလည်း သတ္တိရှိကြလေတော့ ကိုယ်မှားရင်လည်း ၀န်ခံကာ ပြန်လည် ပြင်ဆင်တတ်ကြသလို... ကျန်တဲ့ သူတွေကလည်း မေတ္တာတရားနဲ့ ပြည့်စုံလို့ရယ်.. တစ်ဦးကို တစ်ဦး နားလည် ခွင့်လွှတ် ကြည်ဖြူတတ်ကြတယ်။ အဲဒီတိုင်းပြည်မှာ.. ရေသာခိုတဲ့သူ မရှိဘူး။ သူများကို ခေါင်းပုံဖြတ် အနိုင်ယူချင်တဲ့သူ မရှိဘူး။  အဲဒီတိုင်းပြည်မှာ ဘယ်သူမှ မတရား မလိုချင်ကြဘူး။ ကိုယ်လုပ်သလောက်သာ ကိုယ်တန်သလောက်သာ ...