Skip to main content

စိတ်ကူးယဉ်တိုင်းသာဖြစ်မယ်ဆိုရင်....


စိတ်ကူးယဉ်တိုင်းသာဖြစ်မယ်ဆိုရင်.... 

ကြယ်ပွင့်လေးက စိတ်ကူးယဉ်ပေးပါဆိုပြီး ပြောထားတာ ကြာပါ့။ ဘယ်လို စိတ်ကူးယဉ်ရမလဲဆိုတာ စိတ်ကူးလို့က မရ...။

ကိုယ်ဖြစ်စေချင်တာတွေကို စိတ်ကူးယဉ်ကြည့်ပါဆိုရင်တော့...

 ++++++++++++++++

တိုင်းပြည်လေး တစ်ခု။ နိုင်ငံလေး တစ်နိုင်ငံ..ပေါ့...။..

အစမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓသာသနာတော် ရှိတယ်...။ အကျင့်အကြံ သိက္ခာနဲ့ ပြည့်စုံတဲ့ သံဃာတော် အရှင်သူမြတ်တွေ သီတင်းသုံးလို့ရယ်....။

အဲဒီတိုင်းပြည်မှာ လူတိုင်းက ပြည်သူတိုင်းက အကျင့်သီလနဲ့ ပြည့်စုံကြတယ်။
မခိုးဘူး.. မ၀ှက်ဘူး.. မလုယက်ကြဘူး။ ညာမပြောဘူး.. လိမ်မပြောကြဘူး။
သူများကို ထိခိုက်နစ်နာအောင်.. ဘာတစ်ခုမှ မလုပ်ကြဘူး။ လုပ်မိတဲ့သူတွေကလည်း သတ္တိရှိကြလေတော့ ကိုယ်မှားရင်လည်း ၀န်ခံကာ ပြန်လည် ပြင်ဆင်တတ်ကြသလို... ကျန်တဲ့ သူတွေကလည်း မေတ္တာတရားနဲ့ ပြည့်စုံလို့ရယ်.. တစ်ဦးကို တစ်ဦး နားလည် ခွင့်လွှတ် ကြည်ဖြူတတ်ကြတယ်။

အဲဒီတိုင်းပြည်မှာ.. ရေသာခိုတဲ့သူ မရှိဘူး။ သူများကို ခေါင်းပုံဖြတ် အနိုင်ယူချင်တဲ့သူ မရှိဘူး။  အဲဒီတိုင်းပြည်မှာ ဘယ်သူမှ မတရား မလိုချင်ကြဘူး။ ကိုယ်လုပ်သလောက်သာ ကိုယ်တန်သလောက်သာ ကိုယ်ယူကြတယ်။

အဲဒီတိုင်းပြည်မှာ အကျင့်သိက္ခာ ပျက်တဲ့သူတွေ မရှိသလို..မပျက်.ပျက်အောင် ဖျက်တဲ့ သူတွေလည်း မရှိဘူး။ ကိုယ့်အစွမ်းအစနဲ့ ကြိုးစားတဲ့ သူတွေအတွက်.. လုပ်သလောက် အကျိုးခံစားခွင့်တွေ ရှိတယ်။

အဲဒီတိုင်းပြည်မှာ လက်နက်မလိုဘူး။ မေတ္တာနဲ့ ငြိမ်းချမ်းရေးပဲ ရှိပါတယ်။

အဲဒီတိုင်းပြည်ကို .. မင်းကျင့်တရား ဆယ်ပါးနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ညီညီညွတ်ညွတ် တိုင်ပင်ပြီး အုပ်ချုပ်ကြသလို.. တိုင်းသူပြည်သားတွေကိုလည်း ကျောသားရင်သား မခွဲခြားကြဘူး။ လူတိုင်းအတွက် ဥပဒေဟာ တစ်ခုတည်းပဲ ရှိတယ်။ တစ်သွေးတည်း တစ်သားတည်း ထပ်တူကျနေတယ်...။

အဲဒီတိုင်းပြည်မှာ သူတောင်းစား မရှိဘူး။ ရိုးရိုးတောင်း၊ ဗြောင်တောင်း၊ ဖွက်တောင်း၊ ခြိမ်းခြောက်တောင်း၊ ညစ်တောင်း၊ ချော့တောင်း၊ မြှောက်တောင်း၊ အဲဒါမျိုး...ဘာမှ မရှိဘူးနော်..။ (အဲ..တောင်းစားတာ မရှိသလို ပေါင်းစားတာတွေလည်း မရှိပါဘူး) အဲဒီတိုင်းပြည်မှာ အဖိုးကြီး အဖွားကြီးတွေ လမ်းပေါ်မှာ မျက်နှာငယ်လေးတွေနဲ့ လျှောက်ပြီး လူတကာကို မျက်ရည်စမ်းစမ်းနဲ့ လိုက်တောင်းတာတွေ မရှိဘူး။ ကလေးသူငယ်တွေက သားတို့ ထမင်းမစားရသေးလို့ပါ ဆိုပြီး လက်အုပ်ကို အလွယ်တကူချီပြီး လွယ်လွယ်တောင်းတဲ့ အလုပ် မလုပ်ကြဘူး။

လူတိုင်းက ကိုယ့်တာဝန်ကို ကိုယ်စေတနာ မေတ္တာထားပြီး လုပ်ကိုင်တတ်ကြသလို ကိုယ်နဲ့ ဆက်ဆံသူတွေကိုလည်း စိတ်ချမ်းသာအောင် ကူညီတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် မတွက်ကပ်ကြဘူး။ သူမှ..ငါမှ.. မာန်မစောင် ရန်မထောင်ကြဘူး။ မတရားကြီးပွားနေတာ တစ်ယောက်မှ မရှိတဲ့အတွက် ကိုယ့်ထက်သာတဲ့သူကို မနာလို ဖြစ်စရာ အကြောင်းမရှိသလို ကိုယ့်အားကိုယ်ကိုး တက်လာကြတာဖြစ်လို့ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကိုလည်း နှိမ်ချတဲ့ အကျင့် မရှိကြဘူး။

ကြီးသူကို ရိုသေလို့ ငယ်သူကို ညှာတာ..ရွယ်တူဆို လေးစားတဲ့ ဗြဟ္မာစိုရ်တရားနဲ့ ပြည့်စုံတဲ့ လူတွေ...။သူ့နေရာနဲ့သူ... ကိုယ့်နေရာနဲ့ကိုယ် အကုန်လုံးဟာ အံဝင်ခွင်ကျလို့ရယ်...။ ငါသိ ငါတတ် ဆရာကြီးတွေ မရှိဘူး။ စွန့်လွှတ် အနစ်နာခံရဲတဲ့သူတွေက သူတို့စွန့်လွှတ်ရခြင်းပေါ် ဘယ်တော့မှ နံမည်ကောင်း မယူတတ်ကြဘူး။ မစွန့်လွှတ်ရဲတဲ့ သာမန်ပြည်သူတွေကတော့ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်သီလကိုတော့ ခါးဝတ်ပုဆိုးလိုပဲ မြဲမြံအောင် ထိန်းသိမ်းလို့ရယ်...

အဲဒီတိုင်းပြည်ကလူတွေဟာ အကုန်အေးချမ်းလို့ရယ်...

အဲဒီတိုင်းပြည်က လူတွေဟာ.. ငြိမ်းချမ်းလို့နေတယ်...

အဲဒီတိုင်းပြည်မှာ ပစ္စည်း ဥစ္စာမကြွယ်ဝပေမယ့် မဆင်းရဲဘူး။

ခေတ်လွန်ပညာတွေ မရှိပေမယ့် ခေတ်နောက်ကျ ကျန်မနေခဲ့ဘူး။

အင်း..အဲဒီတိုင်းပြည်ဟာ...

အဲဒီတိုင်းပြည်ဟာ...

တို့များ ချစ်တဲ့ ရွှေရည်စိမ်မဟုတ်တဲ့ ရွှေစင်စစ်နဲ့ မြန်မာပြည်ကြီးပေါ့ကွယ်... 
 
*******************
ကဲ.. ကြယ်ပွင့်လေးရေ..  စိတ်ကူးယဉ်လို့ ပြီးသွားပြီနော်..  စိတ်ကူးယဉ်ရုံနဲ့ ဘာတစ်ခုမှ ဖြစ်မလာနိုင်ဘူးဆိုတာ သိပေမယ့်လည်း....။ ထုံးစံအတိုင်း နောက်ထပ် တက်ဂ်ရမယ့်သူကတော့ သူငယ်ချင်း သင်းနွယ်ဇင်ပါပဲ.. သူငယ်ချင်းရေ.. စိတ်ကူးယဉ်လိုက်ဦးနော်...။

Comments

PAUK said…
မသိဂီ င်္ရဲ့စိတ်ကူးလေး
ဖြစ်ပေါ်လာပါစေ..
Anonymous said…
အန်တီtg ရေ.. မွန်မြတ်လိုက်တဲ့စိတ်ကူး။
သားဆန္ဒလည်း အန်တီနဲ့ တစ်ထပ်တည်းပါပဲဗျာ။း)
အမှတ်တရနဲ့ ရေးပေးတဲ့အတွက်လည်း ပြောဖို့မလိုလောက်ပေမယ့် ထပ်ပြောမယ်။ ကျေးဇူးနော်..
ဇနိ said…
စိတ်ကူးတွေမှာ တိုင်းပြည်ကို ချစ်တာ အထင်းသားပဲ..
မွန်မြတ်လှပါဘိ
May Moe said…
လေးစားပါတယ် အမရေ ။
ThuHninSee said…
ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
မီယာ said…
မသိင်္ဂီ စိတ်ကူးထားတာတွေ တကယ်ဖြစ်လာနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်
ကျွန်မလည်း မဖြစ်ခဲ့ရတဲ့ စိတ်ကူးလေး ရေးထားတယ် လာလည်ပါ့လားဟင်
www.saundoo.blogspot.com
said…
စိတ်ကူးလေးဖတ်ပြီး အဖွားတယောက်ပြောတဲ့ “---” ခေတ်က ပိုကောင်းတယ်။ အကုန်ပေါများတယ်။ ညည်းတို့ခေတ်များ ရှားပါးချက်အေ လို့ပြောတာရယ်၊ ဝတ္ထုတိုလေးတပုဒ် အမေကိုချစ်ကြတဲ့ သားသမီးတွေနဲ့ ပတ်ဝန်းကျင်ဆိုက်ကားဆရာလေးကပါ ဈေးနှုန်းတွေကို သူ့ခေတ်ကဈေးနှုန်းအတိုင်း လိမ်ပေးတဲ့ဇတ်လမ်းလေးကို သတိရမိပါတယ်။

တခါတရံ စိတ်ကူးတွေဟာ တကယ်ဖြစ်လာ တတ်ပါတယ်။ အခုတော့ ငါတို့ရဲ့ လက်ကျန် စိတ်ဓါတ်လေးတွေ မယိုင်လဲအောင် တယောက်နဲ့တယောက် နားလည်စွာ ဖေးမကြရင်း၊ အားပေးကြရင်း၊
ဒီစိတ်ကူးထဲကအတိုင်း ဆန္ဒတွေပြည့်လာမယ့် တနေ့ ကို .......
ရုံးပိတ်ရက်တခုကျရင် ရေးဖို့ စိတ်ကူးယဉ်လိုက်မယ်လေနော်။ ဟဲဟဲ

ဒေါ်မမရေ MC 14 ရက်ကြီးများတောင်ရထားတာ ဆက်ပြီးစိတ်ကူးယဉ်လိုက်ပါလား။
comment ကတောင် post တပုဒ်ရနေပြီ။
Sonata Cantata said…
ပြည်မြန်မာတဲ့လား...
:P said…
တစနေ့နေ့မှာ ဖြစ်လာမှာပါ အစ်မ

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။