(ကိုဇော်မောင်ရဲ့ လက်ရာပါ) သူ့အပြုံး.... ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းကို သူမဲ၊ လူပုံထဲ၌ ဆိုဆဲ ရိုင်းပြ၊ သူ ရန်စ လည်း မင်းက မဖြုံ၊ မင်း မမှုန်ခဲ့ မတုန်မလှုပ်၊ မင်းပြုံးရုပ်သည် ဟုတ်လှပေစွ ဟုတ်ပေစွ။ အခါတစ်ပါး၊ မြတ်ဘုရားကို ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍ ငဆ နင်ပဲ၊ မျိုးစုံဆဲ၏ ဆိုဆဲအားရ၊ ထိုခဏ၌ ဗုဒ္ဓဘုရား၊ ထို ပုဏ္ဏားနှင့် စကားချီချ၊ ဆိုခဲ့ကြ။ “ ဘာရဒွါဇ၊ ဗြဟ္မဏ အိမ်ဝရောက်လာ၊ သင့်ဆွေညာအား ရသာ ချိုအေး၊ ခဲဘွယ်ပေး၍ မကျွေးသလော ကျွေးသလော ” “ ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍ မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါဟု ငါကျွေးမွေး၏ ငါပေး၏ ” “ ဘာရဒွါဇ ဗြဟ္မဏ သူက ငြင်းဆန်၊ လက်မခံသော် ကြံ ပျား ဆီဥ၊ ခဲဘွယ်စုသည် မည်သူ့လက်မှာ ရှိသနည်း ” “ သူ မယူဘိ၊ နေသည်ရှိသော် ငါ၏ လက်မှာ ရှိသည်သာ ” “ ဘာရဒွါဇ ဗြဟ္မဏ ငါ့အား သင်ပေး၊ မယဉ်ကျေးသည့် ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို ငါ လက်မခံ ” မိန့်လိုက်ဟန်သည် သုတ္တန်ထင်ရှား အရှိသား။ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း သိ မသိ၊ ငါ မသိခဲ့ ငါ သိသည်မှာ၊ သိရုံသာတည့် မင့်မှာတမူ၊ ယူ မတူတို့ ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌ မတုန်မလှုပ် ၊ မင်...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!