Skip to main content

Posts

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ငါတို့ တိုင်းပြည် အမှောင်ကျခဲ့တာ ၉ လ လွန်ခဲ့ပြီးနောက်... ရောင်နီလာခဲ့ပြီ...
Recent posts

Eain Mat Myrr

၁၆၀၆၂၀၂၀

၁၆၀၆၂၀၂၀ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် နိုင်တင်းကြောင့် လည်ပတ်နေတဲ့ ကမ္ဘာကြီးဟာ ရုတ်တရက် ဆိုသလို ပြောင်းလဲသွားခဲ့ကြရတော့တယ်... ဘယ်အရာတွေ အရေးကြီးတယ်ပဲ ဆိုဆို ခုလိုအချိန်မှာ အရေးအကြီးဆုံးဟာ ကျန်းမာရေး နဲ့ ရှင်သန်နေထိုင်ရေးပဲ ဖြစ်သွားခဲ့တယ်.. ကူးစက်မြန် ရောဂါဆိုးကြီးဖြစ်နေတဲ့အတွက် ဒီဖြစ်စဉ်မှာ Butterfly effect ဟာ သိသာထင်ရှားစွာ ပေါ်လွင်လာခဲ့တယ်... ကိုယ့်စိတ်နဲ့ ကိုယ်ကိုယ်လို့ ယူဆထားတာဟာ မှားယွင်းကြောင်း လူ့ပတ်ဝန်းကျင်အသိုင်းအဝန်းကြား ထင်ရှားစေခဲ့တယ်... ကိုယ်တို့ တိုင်းပြည်ဟာ နောက်ကျမှ ရောက်လာခဲ့တဲ့ ဒီရောဂါကပ်ဆိုးအတွက် ပြင်ဆင်ချိန်တွေ အများကြီး ရှိခဲ့တယ်.. ဆင်းရဲတဲ့ နိုင်ငံမို့ ကမ္ဘာ့အင်အားကြီး ချမ်းသာတဲ့ နိုင်ငံတွေနဲ့ အပြိုင်တော့ ဘယ်လိုက်လုပ်နိုင်ပါ့မလဲလေ၊ ဒီလိုအချိန်မှာ ပြည်သူတွေအတွက် အားကိုးရာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ တန်ဖိုးဟာ ပိုပြီး သိသာထင်ရှားစေခဲ့တယ်၊ မိခင်နဲ့ တူတဲ့ ခေါင်းဆောင်ကောင်းတယောက်ရယ် သူ့လူတွေကို မေတ္တာကရုဏာနဲ့ ထွေးပွေ့ ပြင်ဆင်ခဲ့တဲ့ အရည်အချင်းပြည့် ခေါင်းဆောင်တစ်ယောက်ကြောင့် ကိုယ့်တွေရဲ့ ဘရမ်းဘတာ အကျင့်သဘာဝတွေနဲ့ ကိုယ့်အမျိုးတွေဟာ ခုချိန်ထိတော့ အထိအခိုက် အပျက်အစီး သက်သာနေတုန

သိပ္ပံမောင်၀ မှ ပေးစာများ (27.11.1941)

ကျမအဘိုးရဲ. လက်ရေးနဲ. ကျမအဘွားဆီ ပို့ခဲ့တဲ့စာတွေကို ရေးစုရင်း တင်ထားလိုက်ပါတယ်။ Lady Innes C. Magwe 27 th Nov: 1941 မြင့် ကနေ.တော့ တရားဟောပွဲ မရှိလို. တော်တော်နေရာကျတယ်။ အခုဘဲ ဘကြွားတို.အိမ်က ညစာစားပြီး ပြန်လာခဲ့ကြတယ်။ တပျော်တပါးကြီးဘဲ။ အခု ၁၁-နာရီခွဲနေပြီ။ စာရေးရင်း ပြတင်းပေါက်ကနေ လှမ်းပြီး ကြည့်လိုက်တော့ လသာလိုက်တာ ထိန်နေတာဘဲ။ လရဲ.အရောင်ဟာ ဧရာဝတီမြစ်အပေါ်မှာ ဟပ်လိုက်တော့ တဖြတ်ဖြတ်နဲ.နေတယ်။ ရေစီးနေတဲ့ အသံလေးကလည်း တမျိုး၊ မြေပဲလှည်းတွေကလည်း တကျွီကျွီနဲ့ နေတော့တာဘဲ။ ကိုကိုတို. စလင်း၊ ကျောက်ဆည်၊ ရွှေဘိုမှာတုံးက ကြားရတဲ့ လှည်းသံတွေလို နေတယ်။ လှည်းသမားတွေကလည်း သီချင်း တအေးအေးနဲ.၊ မြစ်တဘက်ကမ်းက တောင်တန်းကလေးကိုလည်း ရေးရေးမြင်ရရဲ.။ အဲသည်လို ကြည်နူးဘွယ်ကောင်းတဲ့ အချိန်အခါမှာ ကို ချစ်တဲ့ သားသမီး ဇနီး ဆွေမျိုးတို.ကို လွမ်းဆွတ်တဲ့ ဓမ္မတာအတိုင်း လွမ်းဆွတ်တာပါဘဲ။ ကိုကို မလာခင်က သားကလေး၊ သမီးကလေးတွေနဲ.ပျော်ပျော်ပါးပါး ကန်တော်ကြီးကို သွားကြတာတွေ၊ တိရိစ္ဆာန်ရုံကို သွားကြတာတွေကို စာရေးရင်း ထင်ယောင်မြင်ယောင်နေတော့တယ်။ ကိုင်း။ ကနေ.အတွက် ဒိုင်ယာရီကလေးကို ရေးကြပါစို.။ မနက်စောစော လ္ဘက်ရည်သေ

နားမလည်တဲ့ အကြောင်းများ။

Blog တခေတ် သေဆုံးသွားပြီလို့ ပြောသံတွေ ကြားနေရတော့ ကိုယ့် blog လေးဆီ ပြန်ထ မိခဲ့တယ်။ ခေတ်ကုန်သွားတာမဟုတ်ပဲ ရွေ့လျှောသွားတာလား။ ဒါမှမဟုတ် စာရေးဖို့ motive တွေ အကြောင်းအရာတွေ အချိန်တွေက တခြား လူမှုရေးကွန်ယက် တွေပေါ်မှာ ကုန်ဆုံးသွားခဲ့ကြတာလား။ ဒါတွေကတော့ အကြောင်းမျိုးစုံဖြစ်နိုင်တာပါပဲ။ ဘလော့ဂ်ပေါ်မှာ ပို့စ်တခု တင်နိုင်ဖို့က အချိန်တခုတော့ အသေအချာ လိုအပ်နေတာပါ၊ ကိုယ်ကတော့ အရိုးသားဆုံး ဝန်ခံရရင် တိတ်တဆိတ် စာရေးနေရခြင်းကိုပဲ နှစ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆို ကိုယ်ရေးတာက ကိုယ့်စိတ်ထဲ ရှိတာတွေ တွေးမိပြီး အစာမကြေတာတွေလည်း ဖြစ်ချင် ဖြစ်နေနိုင်တာပါပဲ။ ခံစားမှုက စေ့ဆော်လို့ စာရေးဖြစ်သွားတာကတော့ အသေချာဆုံးပါပဲ။  ကိုယ့်အတွက်၊ ကိုယ့်မိသားစုတွက်၊ ကိုယ့်သူငယ်ချင်းတွေတွက်..... ကိုယ်ပြောချင်တာတွေ ပြောနိုင်တဲ့အတွက် ကိုယ် ဘလော့ဂ်မှာ စာရေးဖြစ်ခဲ့တာပါ။ တခါတလေတော့လည်း မှတ်တမ်းတင်ထားချင်လေးတွေပေါ့။  အခုလည်း ကိုယ့်စိတ်ထဲ တင်းကြပ်နေတာ တချို့ ဖြေလျော့ဖို့ ကိုယ် ဘလော့ဂ်ထဲ ပြန်ရောက်လာခဲ့ရတယ်။   အခုလောလောဆယ် နားမလည်နိုင်တာတွေ ရှိလို့ပါ။ တခါတခါတော့ လူတွေက ကိုယ့်ရှုထောင့်ကပဲ ကိုယ်ကြည့်ပြီး ကိုယ်မှန်တယ်ထင်ရင် ပြီးရောလို့ ထ
မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်
မောင်လူအေး လိုမျိုး ကိုယ့် ဇာတ်လိုက်ကို နံမယ်ပေးဖို့ စဉ်းစားနေတယ်။ ချစ်သူဘဝက ခေါ်တဲ့ နာမ်စားကို သုံးမလား။ မေလေး ဆိုတာက သိပ်နုနေသလိုပဲ။ ကိုယ်နဲ့ လိုက်ဖက်တယ် လို့ ဘယ်တုန်းကမှ မထင်မိ။ ချစ်သူဘဝတုန်းက အနုအရွမလုပ်တတ်တဲ့ သူက မနည်းစဉ်းစားပြီးု သုံးထားသည့် နာမ်စားမို့ အားနာနာနဲ့ လက်ခံထားရတာ။ တော်ကြာ ခေါင်းနောက်ပြီး နင်နဲ့ ငါနဲ့ဲပဲ အေးပါတယ်ဆို ရန်ဖြစ်စိတ်ကောက်ချိန်များတဲ့ သူတို့ချစ်သူဘဝ ရင်ခုန်စရာ အနုအရွ နာမ်စားလေးပါ မရှိပဲ ဖြစ်နေမစိုးလို့….။ ဒါဆို…မေလေးကို မကြိုက်ပြန်တော့ ပြောင်းပြန် လေးမေ ဆိုရင်ရော… စာရေးဆရာ ဦးသုမောင်က သူ့ချစ်ဇနီးကို လေးဘုံခေါ်သလား လေးမေခေါ်သလား…ဆရာမင်းလူရဲ့ မဟေသီနာမ်စားတခုလေးလား  ရောထွေးသွားပြန်သည်။ နောက်တမျိုး စဉ်းစားစမ်းပါလေ…. ကိုယ့်ဘာသာ ဘလော့ဂါယောင်ယောင် စာရေးဖူးသူယောင်ယောင် လု နံမယ်ရှာရတာတော့ တော်တော်တော့ ခက်သားကလား။  နံမယ်ပေးကောင်းပုံတွေကတော့ ပြောမနေချင်တော့ပါဘူးလေ... ကိုယ့်သားသမီးတွေ နံမယ်တွေပဲ ကြည့်ဦး။ ပထမဦးဆုံး သားကြီးကျတော့ ကြာသပတေးသားမို့ " မိုး" သူ့ကို သွေးလှူပေးတဲ့ ဆရာဝန်ကြီးရဲ့ နံမယ် "ဟန်"၊ သူ့အဖေနံမယ် " ကျော်" ကို ယူပြီး မ