၂၇ မတ်လ ၂၀၂၆ Blog စ ရေးခဲ့တုန်းက ရွှေဝါရောင် အရေးအခင်း နဲ့ ကြုံတယ်... ပြီး နာဂစ်... အခု တကျော့ပြန်အာဏာသိမ်းမှုအောက်မှာ အလူးအလဲ ခံစားနေရတဲ့ ဒီ ၅ နှစ်မှာ လူရော စိတ်ရော အတော့်ကို ကျသွားခဲ့ရပြီ... တသက်မှာ အဆိုးဆုံးအချိန်တွေပါပဲ... တယောက်တည်း ဆိုးနေတာမဟုတ်ပဲ...တတိုင်းပြည်လုံး... ခုဆို ... ကမ္ဘာနဲ့ အဝှမ်း ဆိုကြပါစို့ရဲ့... အရင်က ကိုယ့်မိသားစုလေးဟာ ကိုယ့်ကမ္ဘာပဲလေ... ကလေးတွေနဲ့ ရုန်းရင်း ကန်ရင်း ကုန်ခဲ့ရပြီး ... ခုကျတော့ ကလေးတွေကို အဝေးကို ပို့ထားရတဲ့ မိဘတွေသာ ကျန်ရစ်ခဲ့ကြရတော့ ငါတို့ တိုင်းပြည်... အရွယ်ရလာတဲ့ ကိုယ်တွေက ကြွေမှည့်လု မိဘတွေကို စောင့်ရှောက်ရတဲ့အခါ ... အရာရာဟာ ကိုယ်တို့တွေချည်းသာမို့ အထက်မီး အောက်မီးသာ မက..မီးပေါင်းစုံနဲ့ မြှိုက်ခံထားရတဲ့ ဆနွင်းမကင်းတွေလိုပါပဲ... ဘဝတွေဆိုတာထက် အတွေ့အကြုံ ပတ်ဝန်းကျင်တွေက အတော်ကွာခြားနေလေတော့ ပြောရဆိုရ ဆက်ဆံရတာဟာ သွေးအေးသွားတာပါပဲ... ပြောလည်း နားလည်မှာ မဟုတ်ပါဘူးဆိုတာက စိတ်ထဲ အရင်ရောက်လာတဲ့ အရာ... ဒါတွေချည်းပဲ ပြောနေရတာလည်း ကိုယ်လည်း မော သူတို့လည်း မော...အကုန်လက်ပန်းကျနေကြနေပြီမို့ ဒီအရိပ်အောက်က ခဏဖြစ်ဖြစ် ရှောင်ချင်ကြတာချည်းပါပဲ... အဝေးရောက်နေတဲ့...
"ယောနိသော မနသိကာရ" တဲ့ နှလုံးသွင်းမှန်ကန်မှုလို့ ဆိုကြတဲ့ စကားစုလေးပေါ့... ကိစ္စရပ်တခုတည်း အာရုံတခုတည်းကိုပဲ ကိုယ့်ရဲ့ နှလုံးသွင်း မှန်ကန်မှု၊ မမှန်ကန်မှုပေါ် မူတည်ပြီး ရလဒ်ကလည်း ပြောင်းလဲသွားတတ်တာမျိုး... ကြားဖူးနေကျ ဥပမာဆိုရင် ဖိတ်စင်သွားတဲ့ ရေတဝက်နဲ့ ကျန်နေသေးတဲ့ ရေတဝက် ပေါ့…. ကိုယ့်အမြင် ကိုယ့်လက်ခံမှုပေါ်မူတည်ပြီး ရတဲ့ အကျိုးဆိုတာက ကိုယ့်စိတ်ခံစားမှုနဲ့ ပိုနီးစပ်မယ်ထင်တယ်...ကုသိုလ်, အကုသိုယ်၊ ကောင်းကျိုး ဆိုးပြစ်တွေက ဝေးနေသေးလို့... ဒီကနေ့တော့ စားမယ်လို့ အပတ်တိုင်း ကြိမ်းဝါးထားတဲ့ နံနက်စာ ဘူးဖေးကို တကယ် သွားစားဖြစ်ကြတယ်.... သူတို့က နံနက်စာဆိုပေမဲ့ ကိုယ်တွေတွက်တော့ ဘရန့်ချ် ပေါ့…အရင်တခေါက်က အစားအသောက်ဖက် အာရုံစိုက်နေလို့ နောက်ဆို အေးအေးဆေးဆေး စကားလေးပြောရင်း စားကြတာပေါ့လို့ ဆိုတဲ့ အခေါက်မှ အချိန်က ကမန်းကတန်း…. ရိပ်သာတွေ ငယ်ငယ်ကတည်းက သွားထားလို့ အတိုင်းအဆ သတိထားတတ်အတဲ့ အလေ့အကျင့်ကြောင့် အစားအသောက်နဲ့ ပတ်သက်ပြီး သိပ်ပြီး ဒုက္ခမများဖူးဘူး... မျက်နှာချင်းဆိုင် နှစ်ယောက်သား စားလိုက် သောက်လိုက် စကားပြောလိုက်နဲ့ပေါ့.... ပြီးတော့ Sprit ဘက်သွားပြီး အပေါ်မှန်ကွဲန...