Skip to main content


တခါတလေ ဘဝမှာ ဘာမှမလုပ်ပဲ herbination ကို အလုပ်တခုလို လုပ်နေရတဲ့ အချိန်တွေ ရှိတယ် မဟုတ်လား...<- font="">

ခုလည်း စုစည်းလို့ မရတဲ့ စိတ်တွေကို အဆိုးဘက်ရောက်မသွားအောင် ရုပ်ရှင်ကြည့်လိုက် တရားနာလိုက်နဲ့ ချော့မော့နေရတယ်... ကုသိုလ်အလုပ်တွေမှာ အာရုံစူးစိုက်လို့ မရတော့ မောဟမှာပဲ မျောမျော ....မျှောပစ်လိုက်တော့တာပါပဲ... ခက်တာက ကိုယ်ကြိုက်တဲ့ drama တွေက စိတ်ပင်ပန်းစရာတွေဆိုတော့ အမောမပြေ ပိုမောလေဆိုသလို.... ဒါနဲ့ လွှတ်ထားလို့ကလည်း မဖြစ်တော့ "ထာဝရငြိမ်းချမ်းရေး" ဆိုတာကို ရသလောက် ယူသွားနိုင်ဖို့ ကြိုးစားရတော့တာပေါ့...

ဒီနေ့အဖို့ သဘောကျနေတာက... သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ ၊ ပညာ တရားငါးပါးနဲ့ ပြည့်စုံအောင် ဖြည့်ကျင့်နေထိုင်ပြီး ဒီဘဝ တမဂ်တဖိုလ် မရနိုင်သေးလို့ နောက် နောက် ဘဝတွေ ထပ်နေရဦးမယ်ဆိုရင် ကိုယ်လားရာဘဝတွေ ရွေးချယ်ထားလို့ ရသတဲ့... ကိုယ့်မှာ ပြုကျင့်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိလျက်သားနဲ့ ဘယ်ဘုံဘဝလို့ စိတ်ထဲ သတ်မှတ် ရွေးချယ်ထားတာမရှိရင် ကောင်းတဲ့ ဘုံဘဝတော့ ရောက်ချင်ရောက်မယ် .. တိတိကျကျတော့ မဖြစ်နိုင်တဲ့ အပြင်  နိကန္တိဆိုတဲ့  အစွဲတွေ ရှိနေတတ်လို့ နိမ့်ကျတဲ့ ဘုံဘဝတွေကိုလည်း ရောက်သွားနိုင်သတဲ့။ ဒါကြောင့် ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကိုရည်မှန်းပါ။ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးခင်စပ်ကြား ကျင်လည်ရမဲ့ ဘဝကိုလည်း စိတ်ထဲမှာ သတ်မှတ်ထားနိုင်ရင် ပိုကောင်းတယ်တဲ့..

တကယ်တော့ လောကကြီးကို ဘဝကို ငြီးငွေ့နေပြီ။ ဒါပေမဲ့ တကယ်လွတ်မြောက်ဖို့ကိုလည်း မကြိုးစားနိုင်သေးတော့ သက်သာလို သက်သာငြား လူမိုက်တွေနဲ့ ပြန်မဆုံနိုင်တဲ့ ဘုံဘဝတခုခုမှာ....


Comments

:P said…
ညီမလည်း လူမိုက် လူရမ်းကားတွေမရှိတဲ့ဘုံမှာနေချင်တယ်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။