Skip to main content

Posts

Showing posts with the label ကဗျာ၊ (မြန်မာ)

ဆရာကြီးဇော်ဂျီ ရဲ့ သူ့အပြုံး

  (ကိုဇော်မောင်ရဲ့ လက်ရာပါ) သူ့အပြုံး.... ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းကို သူမဲ၊ လူပုံထဲ၌ ဆိုဆဲ  ရိုင်းပြ၊ သူ ရန်စ လည်း မင်းက မဖြုံ၊ မင်း  မမှုန်ခဲ့ မတုန်မလှုပ်၊ မင်းပြုံးရုပ်သည် ဟုတ်လှပေစွ ဟုတ်ပေစွ။ အခါတစ်ပါး၊ မြတ်ဘုရားကို ပုဏ္ဏားဒွါဇ၊  အမျက်ရှ၍ ငဆ  နင်ပဲ၊ မျိုးစုံဆဲ၏ ဆိုဆဲအားရ၊ ထိုခဏ၌ ဗုဒ္ဓဘုရား၊ ထို  ပုဏ္ဏားနှင့် စကားချီချ၊ ဆိုခဲ့ကြ။ “ ဘာရဒွါဇ၊ ဗြဟ္မဏ အိမ်ဝရောက်လာ၊ သင့်ဆွေညာအား ရသာ  ချိုအေး၊ ခဲဘွယ်ပေး၍ မကျွေးသလော ကျွေးသလော ” “ ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍ မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါဟု ငါကျွေးမွေး၏ ငါပေး၏ ” “ ဘာရဒွါဇ  ဗြဟ္မဏ သူက  ငြင်းဆန်၊ လက်မခံသော် ကြံ  ပျား ဆီဥ၊ ခဲဘွယ်စုသည် မည်သူ့လက်မှာ ရှိသနည်း ” “ သူ မယူဘိ၊ နေသည်ရှိသော် ငါ၏ လက်မှာ ရှိသည်သာ ” “ ဘာရဒွါဇ  ဗြဟ္မဏ ငါ့အား သင်ပေး၊ မယဉ်ကျေးသည့် ဆဲရေးတိုင်းထွာ၊ ဆဲတစ်ရာကို ငါ လက်မခံ ” မိန့်လိုက်ဟန်သည် သုတ္တန်ထင်ရှား အရှိသား။ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း  သိ မသိ၊ ငါ မသိခဲ့ ငါ သိသည်မှာ၊ သိရုံသာတည့် မင့်မှာတမူ၊ ယူ မတူတို့ ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌ မတုန်မလှုပ် ၊ မင်...

ဖတ်မိတဲ့ ကဗျာလေးတပုဒ်

ဟိုတနေ့က ၀ယ်လာဖြစ်တဲ့ (ဆရာ)အံ့မောင်ရဲ့  စိန်ပွင့်  မြပွင့် ပတ္တမြားပွင့် ကဗျာများ  စာအုပ်ထဲက  ကဗျာလေးတွေကို  ဖတ်ဖြစ်နေပါတယ်..။ အဲဒီ့ သဘောကျမိတဲ့ ကဗျာလေးတွေထဲက တပုဒ်ကို တင်ပေးလိုက်ပါတယ်...။ ဆားချက်တာမဟုတ်ပါဘူးနော်.. :D    ပြီးခဲ့တဲ့ရက်တွေတုန်းက သားငယ် ရေကျောက်ဆက်ပေါက်နေတာရယ်.. သူတို့ စာမေးပွဲတွေ ဆက်နေတာရယ်.. ကျမလည်း  ဒီလောက်  ပူလောင်တဲ့  နေပူကျဲတဲထဲ  မထွက်ချင်ပဲ တချိန်လုံးအပြင်မှာ ရှိနေခဲ့တာရယ်ကြောင့် ဘလော့ဂ်ကို အချိန်မပေးနိုင်ြ  ဖစ်သွားရပါတယ်... ကိုယ့် ဆီမှာ မတင်နိုင်ပေမယ့်  မိတ်ဆွေတွေဆီတော့ အပြေးအလွှားသွား ဖတ်ဖြစ်ခဲ့ပါတယ်.. တချို့လည်း ကော်မန့်ရေးလို့မရ.. စီဘောက်စ်ထဲမှာလည်း ချန်ထားခဲ့လို့ မရလို့ ပျောက်သလို ဖြစ်နေခဲ့ရတာပါ...။ The  Triple  Happiness Oh, snake! you  have had  your bite. Oh, arrow! you  have had  your shot. Oh  Piliyekkha, what  a rare man you are! Your offer to serve Thuwunnathama's parents On his behalf. Oh, Pa, Mom and  Goddess! You've all  don...

ရီလေတီဗီတီ သီအိုရီ ( မင်းလူ)

ရီလေတီဗီတီ သီအိုရီ ယောကျာင်္းကလေးများအဖို့ တစ်ထွာသော ဆံပင်သည် အရှည်ကြီးဖြစ်၏။ မိန်းကလေးများအဖို့ တစ်ထွာသောဆံပင်သည် တိုတိုကလေးဖြစ်၏။ ဘတ်စ်ကားပေါ်မှ လူအဖို့ အင်းစိန်နှင့် ရန်ကုန်ခရီးသည် အဝေးကြီး ဖြစ်၏။ ကိုယ်ပိုင်ကားပေါ်မှ လူအဖို့ အင်းစိန်နှင့် ရန်ကုန်ခရီးသည် နီးနီးကလေးဖြစ်၏။ တောင်အောက်မှ လူအဖို့ ထိုလမ်းသည် အတက်ဖြစ်၏။ တောင်ပေါ်မှ လူအဖို့ ထိုလမ်းသည် အဆင်းဖြစ်၏။ ညအဖို့ ၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။ နေ့အဖို့ ၁၂ နာရီသည် မွန်းတည့်ဖြစ်၏။ လူကြီးများအဖို့ အချစ်သည် အတိတ်ဖြစ်၏။ လူငယ်များအဖို့ အချစ်သည် အနာဂတ်ဖြစ်၏။          ။ (မင်းလူ ၏ ဦးမင်းလူကောင်းမှု အချစ်ကဗျာစု စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဘုန်းမင်းဇွန် .... နှမြောတယ်....

နှမြောတယ်.... နှမြောတယ် … တိုင်းပြည် လူမျိုး နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့ အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။ နှမြောတယ် … ပြည်သူရဲ့ သွေးချွေးမျက်ရည် တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက် ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့ အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။ နှမြောတယ် … အဆင့်မြင့်ပညာရပ်တွေကို အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ အညွန့်တလူလူနဲ့ လူတော်တွေ … လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။ နှမြောတယ် … မတရားမှုတွေကို ထောက်ခံ အမှန်ကိုအမှား အမှားကိုအမှန် အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့  မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။ ဘုန်းမင်းဇွန် ဒီကဗျာလေးကို ကျမ တစ်ခါတင်ပြီးသားပါ။ အခုတစ်ခါ ထပ်တင်ပါရစေ... နှမြောတယ်.. နှမြောတယ်.. ရင်ထဲမှာ မချိလွန်းလို့...  အနှစ် နှစ်ဆယ်နဲ့ ခြောက်လ တဲ့... ဘာဖြစ်လို့...ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့ပါလဲ....။

မင့်အိမ်

ဆရာကြီးဇော်ဂျီရဲ့ ကဗျာလေးပါ။ ဟုတ်ပါတယ်။ သည်အိမ်က ကျမတို့ အိမ်ပါပဲ..။ ညည်းမနေပါနဲ့။ စွန့်မသွားနိုင်သေးတော့လည်း ပြင်ပြီး နေကြရုံပါပဲ။ ဘယ်လောက်စုတ်ပြတ်သတ်နေနေလေ... ဒါ ... ကျမတို့ အိမ်ကလေးပါပဲ။ မင့်အိမ် ဇော်ဂျီ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု မငြိမ်မသက်၊ စိတ်စက်မကောင်း စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည် နေထိကြွေမည့် ပန်းယဉ်အိ။ လှိုင်းအိအယောင် ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ စကြောသပ်ရပ်၊ စံပယ်ထပ်နှင့် ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည် ပန်းအိ နေထိ ကြွေတော့မည့်။ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့် မင့်အိမ် ရွှဲစို၊ အမိုးယိုသော် မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့ အကာ အခင်း၊ ပျက်ယိုယွင်းသော် မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့ အခွင် အနဲ့၊ အရွဲ့အစောင်း မကောင်း မပြေ၊ ဟောင်းထွေထွေကို အခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍ လုံ့လသက်သွင်း သစ်စေမင်း။ ။ လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၂၀ (၁၅၊ ၇၊ ၁၉၆၈)..

မိုးမခမှ ဆရာတင်မိုးရဲ. "ထာဝစဉ်"

ထာဝစဉ် တင်မိုး ဇူလိုင် ၂၈၊ ၂၀၀၈ မမြင်ရလည်း သင်က ရဲဘော်ပင်။ မကြားရလည်း အနားက ရဲဘော်ဟာ သင်။ မတွေ့ရလည်း မနေ့က အတိုင်းပင်။ သစ္စာ မပျက် အောက်မေ့လျက်နှင့် တသက်သက်ပ လွမ်းဆွတ်တ ကာ ဘ၀ကို မြှုပ် အလုပ်လုပ်သည် ၀ိမုတ္တိလမ်း ထာဝစဉ်။ ။ - ( ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျစဉ်ကာလတုန်းက ကဗျာဆရာကြီး ဦးတင်မိုး ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ်လောက်ကလို့ ထင်ပါတယ်။ ဆရာက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။ "ဒေါ်စုကို မမြင်မတွေ့ရတာ ကြာလို့ မြင်ချင် တွေ့ချင်စိတ် အင်မတန်ပေါက်တယ် တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ် တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလဲ ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ် တဲ့ …" ဒီကဗျာလေးကို ဝေမျှပေးတဲ့ မိုးချိုသင်း ကို ကျေးဇူးတင်ပါတယ်။) မိုးမခ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ဆန္ဒ   ဇော်ဂျီ   ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏ သားနှင့်၊ ပြောချိန်သင့်ပြီ လွတ်ခွင့်ရနီး၊ လွတ်စည် တီးမှ ဖျက်ဆီး ကြံရွယ်၊ အန္တရာယ်သည် မဖွယ် မရာ၊ တို.ပြည်ရွာ၌ ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။   ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့် နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည် တိုင်းကျိုး လိုလို၊ ဘာလိုလိုနှင့် ကိုယ်ကျိုး ထဲပိုက်၊ မှောင်ခိုတိုက်သည် မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။   အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့် လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင် ဆန်းတို.တစ်စု၊ တိုင်းပြည်ပြုတို့ မရှုမလှ၊ ကြွေလိုက်ရသည် ကျခဲ့မကောင်း ကျခဲ့ကြောင်း၊   ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းက ပြန်ပြောင်း၊ မင့် သားကောင်းကို အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏ ရှိပါကတဲ၊ သူ့စိတ်ထဲ၌ တိတ်စွဲသောက၊ စွဲဒေါသတို့ မကြွစေချင်၊ ပြေစေချင်၏ ပညာအသိ၊ သတိဖြစ်ရေး အတွေးမှန်ကန်၊ နိုင်ငံလူထု ကိုသာ ရှု၍ ပြုစေချင်၏ ပြုပါဘိ။   ။   လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၁၄ (၁၅၊ ရ၊ ၁၉၆၈) စိတ်ကူးချိုချိုမှ ထုတ်ဝေသော ဆရာကြီးဇော်ဂျီ၏ ညီသစ်ဆင်းကဗျာစုမှကူးယူဖော်ပြပါသည်။
ကဗျာလေးကလည်းကောင်းတယ်။ ကဗျာဆရာကလည်း သတ္တိ တယ်။ အယ်ဒီတာတွေကလည်း တာဝန်ယူရဲတယ်။ တိုင်းပြည်ကို ချစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမ ဒီကဗျာလေးကို သဘောကျတယ်။ ပြီး ကျမ တိုင်းပြည်ကိုလည်း ချစ်တယ်။ ပြောပြီးရင်း ထပ်ပြောနေဦးမှာပဲ။ မြန်မာဖြစ်ခဲ့တဲ့အတွက်၊ ဗုဒ္ဓ္ဒဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ရတဲ့အတွက် ကျမဘယ်တော့မှ နောင်တ မရဘူး။ သေထိပဲ။ ဒီပရင်္ဂ ကြည်မောင်သန်း ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် ရာဇဝင်ထဲက မြို့တမြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့ သမိုင်းဝင် မြို့တမြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံ...
လောကကြီးထဲမှာ ရှိနေတဲ့ မြေခွေးများ၊ ခွေးအ များကို မြင်ယောင်ရင်း တင်ဖြစ်တဲ့ ကဗျာတပုဒ်...... ကျားရဲ.ဝေစု အနီ အဘယ်မျှကို ကောင်းသည်ဆိုဦး ငါမျိုချမယ့် အသားတစ်ဖဲ့သည် ငါနဲ.အတူ မြေအငူ၌ နေသူထံမှ သတ်၍ ရသော အသားပါလား `ငါမစားသင့်´ ထိုအတွေးရင့်ကို မြေခွေးနှင့် ခွေးအ များသည် စဉ်းစားကြမည် မဟုတ်ချေ.....။ (အင်တာနေရှင်နယ် မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀ရ မှ)
စာအုပ်ဟောင်းလေးတစ်အုပ်ရဲ. နောက်ဆုံးစာမျက်နှာပြဲလေး မှာ ကျမလက်ရေးနဲ. ရေးမှတ်ထားခဲ့တဲ့ ကဗျာလေးတပုဒ်ကို မလွှင့်ပစ်မီ ပြန်ဖတ်မိလိုက်တော့.....။ ကျမ ဘယ်ကကူးမှတ်ထားခဲ့သလဲ မမှတ်မိတော့သလို ရေးသူ ဘယ်သူဘယ်ဝါ လို. မမှတ်ထားမိလိုက်တာ ကျမ လိုအပ်ချက်ပါ။ ကျမသိလာခဲ့ရင် ပြန်ဖြည့်စွက်ပေးပါ့မယ်။ သံမဏိပန်းတဖူးရဲ. ဥယျာဉ်မှုး ကွယ်လွန်ခဲ့တာ ဒီဇင်ဘာလ ၂၈-ရက်ဆိုရင် ၁၉-နှစ်ရှိခဲ့ပါပြီ။ သံမဏိ ပန်းတဖူး ရဲ. ဥယျာဉ်မှုး “ အမေ” ၁။ “စိတ်ချသွားခဲ့ပြီလား.....” လို. ၀မ်းနည်းစကား ရိုးသားစွာ ဆိုပါရစေ..အမေ... အမေ့ရဲ. ကွယ်လွန်ခြင်းအတွက် အမေ့သား၊ အမေ့သွေး.... အမေ့သမီး၊ အမေ့မြေးတွေနဲ.ထပ်တူ တပြည် တမြေလုံးက အမေ့သားတွေ..... အမေ့သမီးတွေ ကြေကွဲရပါတယ် အမေ....။ ၂။ “....ဗိုလ်မင်းရောင်မှသည်.... အောင်ဆန်းစုကြည်....” နီမောင်းရွှန်းလက် ခေတ်အဆက်ဆက် နိုင်ငံ့အတွက်..... ဦးထိပ်ပန်ရွက် တာဝန်မပျက်ခဲ့.....။ နယ်ချဲ.ဆန်.ကျင်ရေး.....၊ ဖက်ဆစ်တော်လှန်ရေး.....၊ အမျိုးသား လွတ်လပ်ရေး....၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေး.... .................. ဘယ်သူ ငြင်းနိုင်မလဲလေ၊ ဒါ..........အမေနဲ. မျိုးဆက်ရဲ.သမိ...
ကျမ ဆရာကြီးရဲ. တို.တိုင်းပြည်ကဗျာကို ရှာနေတာကြာပြီ။ ရှာတွေ.တော့လည်း မပြည့်စုံပြန်ဆိုတော့ ဖတ်ချင်တာ အားမရဘူး။ မနေ.က စာအုပ် အဟောင်းတွေ ပြန်ဖွတော့ တက္ကသိုလ်ဝင်းမွန် ရေးတဲ့ ခေတ်သစ်ကဗျာမိတ်ဖွဲ. ထဲမှာသွားပြန်တွေ.တော့ ပျော်သွားရတယ်။ ဒါနဲ.ပဲ အချစ်ကဗျာတွေ ဘေးဖယ်ပြီး ဒီကဗျာလေးကို တင်လိုက်ပါတယ်။ `တို.တိုင်းပြည်´ပါ။ ကျမတို.ရဲ. မြန်မာပြည်ပေါ့။ ဆရာကြီးက `တို.တိုင်းပြည်´ အပါအ၀င် ကဗျာငါးပုဒ်ကို `မျိုးချစ်ကဗျာစု´ အမည်နဲ. ၁၉၃၅-၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် သမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ ရေးဖွဲ.ခဲ့ပါတယ်ဆိုတာ အဲဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဆိုတော့... ဆရာကြီးကဗျာက အခုလို နှစ် ၇၀-ကျော်ကြာတဲ့ ဒီအချိန်အထိ ခေတ်မီနေတုန်းပဲဆိုတာ တွေ.လိုက်ရတော့ ကျမ တော်တော်အံ့သြမိပါတယ်။ တို.တိုင်းပြည် ထလော့ မြန်မာ၊ အို-မြန်မာတို. တို.ရွာတို.မြေ၊တို.ရွာမြေ၀ယ် စေတီစပါး၊များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ၊၀မ်းမ၀၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အို မြန်မာတို. တို.ရွာတို.မြေ၊ တို.ရွာမြေ၀ယ် ရေချိုသောက်ရန်၊...
စောင်းတန်းကနေတက်ပြီး ဘုရားဖူးတဲ့အခါတိုင်း ကျမသတိရတဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတဲ့ “ဘုရားစောင်းတန်းက ပန်းသည်များ” တဲ့။ ကျမတို. ဘ၀တစ်လျှောက်မှာလည်း ဘုရားစောင်းတန်းက ပန်းသည်များနဲ.တူတဲ့ လူသားတွေကို ကြုံဖူးပါတယ်။ ကိုယ့်မို. ကြုံတော့ ခံရခက်သည်။ ဒါပေမယ့် ပုထုဇဉ်လူသားတွေရဲ. ဖြစ်တတ်တဲ့ စိတ်အခြေအနေကို နားလည် သဘောပေါက်ထားရင်တော့ ကြုံနေရမယ့် လောကဓံတရား ရှစ်ပါးကို ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ်လို. ကျမတော့ မျှော်လင့်တာပါပဲ။ ဘုရားစောင်းတန်းက ပန်းသည်များ အတက်မှာ…. မျက်နှာချိုမြ၊ ဟိုက သည်က နှုတ်အာ စ,ရွှင်၊ အကျွမ်းဝင်ပြန် အပြင်ဟန်လုပ်၊ စက်ခလုတ် အပြုံးနှင့်……။ အဆင်းမှာ…. သာသာနေလျက်၊ နှုတ်မသွက်တော့ မျက်နှာတည်တည်၊ တစိမ်းပီပြန် ရင်းနှီးဟန်ပျောက် နောက်ထပ်တက်သူ လူအသစ်ကို၊ ကြိုရန်စောင့်နေ…….။ ဆရာ့ရဲ.သောကခြေရာ ရတနာကဗျာစုကတော့ ကျမ ငယ်ဘ၀ရဲ. တစိတ်တပိုင်းပါ။ သူ.အရွယ်နဲ.သူတော့ တော်တော်ကို စွဲလမ်းခဲ့ပါတယ်။ ဆရာ.ကဗျာကို ကိုယ့်ဝေဒနာလုပ်လိုက်၊ ကိုယ့်ခံစားချက်ကို ဆရာ့ကဗျာထဲထည့် ခံစားလိုက်နဲ.။ ဟုတ်နေတာပါပဲ။ အခုချိန်မှာ ပြန်ဖတ်တော့လည်း ကြည့်ပြီးသား ရုပ်...
ကျမလည်း အခုတလော ကဗျာတွေ ပြန်ဖတ်ဖြစ်နေတယ်။ ကိုယ်စွဲမက်ခဲ့တဲ့ ကဗျာလေးတွေ စာလေးတွေ ကို ဘယ်အချိန် ပြန်ဖတ်ဖတ် စိတ်ထဲကျေနပ်သွားရတာပါပဲလေ။ ကျမကြိုက်တဲ့ ကဗျာလေးတွေပဲ ဆက်တိုက်တင်ဖြစ်မယ် ထင်တယ်။ ဒီနေ့တော့ ဆရာမကြီး “ ကြည်အေး ” ရဲ. တစ္ဆေ ဆိုတဲ့ ကဗျာလေး တင်ထားပါတယ်။ ကျမကတော့ ခံစားသူ သက်သက်ပါပဲ။ တစ္ဆေ အိပ်လို.မရ ညကြီးမင်းကြီး၊ ထပြီးထိုင်နေ မွေ.ရာတွေလဲ၊ ကြေမွတွန်.လိပ် သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့် ခိုတွယ်စရာ၊ အတည်မကျ။ အပြင်ဘက်မှာ သစ်ရွက်တွေကြား၊ ကြယ်လေး ငါးပွင့် စကားပင်အို၊ ကန်ရေစိုစွတ် ဟိုမှာ လှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ တစ္ဆေ ငါကိုယ်တိုင်ပါပဲ။ ခုတင်ခြေရင်း ဖြည်းနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက် ခန်းဝကိုလာ၊ ၀ရန်တာမှာ သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန်. ကြောက်ကြောက်နဲ.ကြည့်၊ မျက်နှာလှည့်စမ်း တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ တဆင်တည်းပဲ သူနှင့်ငါ။ မြစ်နက်ထဲမှာ ငါ ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက် ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။ မောပန်းလျနှင့် တစ်ယောက်သော ငါ၊ ငါများစွာမှ ထလာလွင့်ပါး၊ မောင့်အနားကို စကားထွေရာ၊ ငိုသံပါနှင့် ဘာမှမကြား၊ မောင့်အနားမှာ `ထသွား စို.ဆိ...
ကျမ လေးစားတဲ့ ဆရာကြီးဇော်ဂျီရဲ. ညီသစ်ဆင်းကဗျာစုထဲက ကျမကြိုက်တဲ့ကဗျာလေးတပုဒ်ပါ။ သခင်အောင်ဆန်းတရား ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏သားငယ်၊ မင့်သက်လှယ်ကို အဘယ်တရား ဟောမည်နည်း။ ဆန်း၏သတ္တိ ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ ဟောစရာကား၊ အလွန်များ၏ မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင် လူငယ်အောင်ဆန်း၊ သူ.အစွမ်းကို ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို. မင့်သား သိစေချင်လှ၏။ သူ.အစွမ်းကား၊ အခြားမဟုတ် အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ် ဗန်းပြအလှ၊ ပကာသနကို ပြာကျလောင်မြိုက်၊ သူမီးတိုက်၏ ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို.ဆောက်၏ ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင် ရိုးကျင့် မြင့်ကြံ၊ သူ.အလံတည့် ပျံတလူလူ၊ သူထူခဲ့ကြောင်း ခေါင်းဆောင်သဘော မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။ ။ လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)