Skip to main content

၁၁၂၇


ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ....
အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ...
ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ
ဖြစ်မနေဘူး...
အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့....

မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ...

ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်...

အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်းလေးပေါ့... ကိုယ်တွေ ငယ်ငယ်တုန်းကနေ ခုချိန်ထိ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန် ဆေးခန်းသွားပြရပြီဆိုရင် အရူးတယောက်လို သဘောထားခံခဲ့ကြရတာ.. တကယ်တမ်း ရုပ်ရော နာမ်ပါ ရှိတဲ့ လူတယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်တတ်ကြသလို စိတ်ပိုင်းဆိုင်ရာလည်း နေမကောင်းဖြစ်နိုင်တာပဲဆိုတာ ဘာဖြစ်လို့ လူတွေက မေ့နေကြတာပါလိိမ့်... ရိုးရိုးဖျားနာတာလောက်က ကွမ်းရွက်ပြုတ်ရည်လောက်၊ ပါရာဆက်တမောလောက်နဲ့ ပျောက်နိုင်တာရှိသလို သက်ဆိုင်ရာ ဆရာဝန်ဆီ သွားတိုင်ပင် ပြသ ပြီး ကုသမှုခံယူမှ ပျောက်ကင်းတာမျိုးလည်း ရှိတာပဲ...ဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း တော်တန်ရုံလောက်နဲ့ သက်သာသွားနိုင်သလို မဖြစ်မနေ ကုသမှုခံယူလိုက်မှ ရောဂါပျောက်နိုင်တာမျိုးကို ငါ စိတ်ရောဂါကုဆရာဝန်နဲ့ သွားတွေ့တယ်ဆိုရင် ငါ့ကို ရူးနေပြီလို့ ထင်တော့မှာလို့ ကြောက်နေတော့ ပိုဆိုး....

နောက်ပြီး စိတ်ရောဂါကု ဆရာဝန်တို့ ကျန်းမာရေးဝန်ထမ်းတို့ဆိုတာလည်း သာမန်လူတွေပဲဆိုတော့ သူတို့လည်း စိတ်မကျန်းမာတဲ့ အခိုက်အတန့်တွေလည်း ကြုံနိုင်တယ်ဆိုတာလည်း သတိထားဦးမှ...မဟုတ်ရင် ဆရာဝန်လည်း သေရသလားတို့....ဘုန်းကြီးကလည်း တရားမရှိဘူးတို့တွေနဲ့ ကိုယ်တွေရဲ့ ပစ္စလက္ခတ် မှတ်သားချက်တွေကြောင့် သဘာဝတရားတွေလည်း စူပါနက်ထရယ်တွေ ဖြစ်ကုန်ရော...

ဘာရယ် မဟုတ်ပါဘူး..... ခုတလော စိတ်အတက် အကျ မြန်နေလို့  ဘိုင်ပိုလာဒစ်စ်အော်ဒါ များ ဖြစ်နေတာလားများလို့လည်း တောင်တွေး မြောက်တွေး တွေးနေမိပြန်.... ၁၀၂၇ က စပြီး တက်ကြွလာခဲ့တဲ့ စိတ်တွေဟာ ဒီနေ့ ဘာမဟုတ်တဲ့ ကိစ္စလေးတခုကို စိတ်ထဲ မကျေနပ်လို့ မှုံမှိုင်းမှိုင်း ဖြစ်သွားရပြန်တယ်... မှိုင်းပြီဆို ချက်ချင်းလိုလို ပုံကျသွားမတတ် အားပြတ်သွားတာကလည်း ပုံမှန်မဟုတ်သလိုပါပဲ....

အခုတလော ဆရာဦးစိုးလွင်ရဲ့ တရားလေးတွေ နားထောင်ပြီး နှလုံးသွင်းဖြစ်နေတော့ စိတ်ရဲ့ အပြောင်းအလဲလေးတွေကို ပိုသတိထားမိလာတယ်...ခက်တာက ဒီထက် မကျော်နိုင်သေးတာ....

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကိုယ့်မှာ ကလေး သုံးယောက်နဲ့ ချာလပတ်လည် ယမ်းနေတဲ့ အချိန် နေ့နဲ့ ညတွေမှား အလုပ်တွေက မနိုင်...ခုချိန် ပြန်တွေးရင်တော့ ပင်ပန်းလွန်းခဲ့တဲ့ ဘဝမှာ ဘလော့ဂ်လေးတခု လုပ်ဖြစ်ခဲ့ရင်းနဲ့ ကိုယ် ကျော်ဖြတ်နိုင်ခဲ့တယ်....

အခုလည်း ကိုယ့်တွက် လိုအပ်လာလို့ ပြန်လာခဲ့ပြီ ဆိုပါတော့....

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...