Skip to main content

Let It Be!!



ခုလို အခြေအနေကြီးထဲ ဘယ်သူ့ဘယ်သူမှ မကူမကယ်နိုင်အောင် ကိုယ်စီ ကိုယ်ငှ အပူတွေနဲ့ရယ်....

ပြောရမယ်ဆို....

ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်…

သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်….

ခုတော့လည်း....

အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ...

အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး....

ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး...

ခုတော့....

ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ....

ဆက်ပြီး အကြီးမခံတော့ဘူး....

ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်...

အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ...

အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်... 

အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျိုးစုံ စဉ်းစားတယ်... အလုပ်မဖြစ်တော့ဘူးဆိုရင်တော့ နောက်ဆုံး…လွှတ်ချလိုက်တော့တယ်...

အတော် အေးဆေးသွားတယ်...

ဒါလေး လာမှတ်တာ...

အခုချိန် တနေ့ချင်း ရှင်သန်နေရတာလေ....

ဘာတွေများ အများကြီး မျှော်လင့်ဦးတော့မှာလဲ...

နိုင်သလောက်ဝန် ထမ်းပြီး တချိန်ကျရင် ကိုယ့်အတွက် အချိန်တန်တန် မတန်တန် ထွက်သွားကြရတာပဲ မဟုတ်လား...

နောင်တတွေနဲ့ ရပ်တန့် ကြောက်ရွံ့ ရှင်သန်နေရတာထက် လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပြီး ဆက်လျှောက်နေမယ်...

သေမှာလည်း ကြောက်မနေသလို ဘယ်သူဘယ်ဝါ့အတွက် ကိုယ်ရှိနေရမယ်ဆိုတဲ့ စိတ်လည်း မရှိတော့ဘူး....

ဒီတော့ ပြောတယ်ဗျ..... မသေသေးခင် အခက်အခဲတွေ ကြုံရရင်ရောတဲ့...ဟယ်...ကြုံမှတော့ ဘာတတ်နိုင်မှာလဲ...ရင်ဆိုင်ရမှာပဲလေ... ကြိုက်ကြိုက် မကြိုက်ကြိုက် ကြောက်ကြောက် မကြောက်ကြောက် သေခြင်းတရားလိုပဲ ရင်ဆိုင်ရမဲ့ အရာတွေက အများကြီးပဲ မဟုတ်ဘူးလား...




Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။