Skip to main content

၁၂၀၅

စိတ်ထဲ မအေးတိုင်း ဒီမှာ စာလာရေးဖြစ်နေပြန်တယ်...only me နဲ့ ရေးထားရမယ်ထင်ရဲ့..
သားသမီးတွေကို ဘယ်လို မပူပါဘူးပဲ ပြောပြော ရင်ထဲမှာတော့ မအေးတဲ့ ခံစားမှုမျိုး...
သားကြီး အစစ အရာရာ အဆင်ပြေပါစေ... လောကကြီးမှာ ဒီလိုပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြရတယ် ဆိုပေမဲ့ အဆင်ပြေရင် ပိုကောင်းစေချင်တာကလည်း ကိုယ့်အလိုဆန္ဒ လောဘပဲဖြစ်မှာပေါ့...
ခုချိန် ကိုယ်တွေအရွယ်က ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ကြား ကြားညှပ်နေတဲ့ မျိုးဆက်ပေါ့...ခေတ်ကြပ်ကြီးထဲဆိုတော့ ပိုပင်ပန်းတယ်...ဝန် နှစ်ခုကို balance ဖြစ်အောင် ကြိုးစားနေရတာနဲ့ပဲ ကိုယ်တိုင်ကျ out of balance ဖြစ်နေသလိုပါပဲ...

ဒီနေ့ ဒီဇင်ဘာ ၅ ရက်...အရင်က လွမ်းတာတွေ များလို့လား မသိ..ကျောင်းကို လွမ်းတဲ့စိတ်ဟာ ခြောက်ကပ်ပြီး သေသွားတဲ့ သစ်ခြောက်ပင်လိုပဲ....ခုလိုကာလထဲ ဒီအငွေ့အသက်နဲ့ ကင်းပြီး စိတ်မဖြစ်တတ်တော့တာလည်း ကိုယ့်အတွက် မလွတ်မြောက်ခြင်းပဲ.... ကြာလာရင် ဒါကိုပဲ စွဲလမ်း addict ဖြစ်သွားမလားတောင် စိုးရိမ်လာမိတဲ့ အထိ...

ဒီနေ့ ကြက်ရေချိုချက်တယ်။ ထိုင်းလို ကြက်ဥနဲ့ ဆူးပုပ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိထောင်း.... လူကြီးတွေအတွက် ဟင်းချက်ပြီးမှ အပြင်ကမန်းကတန်းထွက်ရတော့ ထမင်းစားဖို့ အချိန်မရ၊ ဘူးထဲ ထည့်ပြီး ကားပေါ်မှာ စားရတယ်...တခါတလေကျ စဉ်းစားမိတယ်...ဘာဖြစ်ဖြစ် ရအောင် လုပ်တတ်ပေမဲ့ တနေ့တနေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ...အထူးသဖြင့် လူကြီးတွေနဲ့ အဆင်ပြေအောင် စဉ်းစားရတာ အတော်ပင်ပန်းတာပဲ....လူကြီးတွေက ကြိုက်ရင် စားတယ်..မကြိုက်ရင် တို့ကနန်း ဆိတ်ကနန်း...နှစ်ယောက်ကလည်း အကြိုက်ချင်း ဆန့်ကျင်ဖက်...

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနည်း အဆင်ပြေအောင် နေ နေရတဲ့ အချိန်မို့.... တော်တန်ရုံဆို ဘာစကားမှလည်း မပြောချင်...မဆိုချင်.... ဘယ်သူ့ကိုမှလည်း စိတ်လည်း ပူမနေချင်တော့...

အားလုံး အစစ အရာရာ အဆင်ပြေကြပါစေလို့ပဲ....

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...
"ယောနိသော မနသိကာရ" တဲ့ နှလုံးသွင်းမှန်ကန်မှုလို့ ဆိုကြတဲ့ စကားစုလေးပေါ့...  ကိစ္စရပ်တခုတည်း အာရုံတခုတည်းကိုပဲ ကိုယ့်ရဲ့ နှလုံးသွင်း မှန်ကန်မှု၊ မမှန်ကန်မှုပေါ် မူတည်ပြီး ရလဒ်ကလည်း ပြောင်းလဲသွားတတ်တာမျိုး... ကြားဖူးနေကျ ဥပမာဆိုရင် ဖိတ်စင်သွားတဲ့ ရေတဝက်နဲ့  ကျန်နေသေးတဲ့ ရေတဝက် ပေါ့…. ကိုယ့်အမြင် ကိုယ့်လက်ခံမှုပေါ်မူတည်ပြီး ရတဲ့ အကျိုးဆိုတာက ကိုယ့်စိတ်ခံစားမှုနဲ့ ပိုနီးစပ်မယ်ထင်တယ်...ကုသိုလ်, အကုသိုယ်၊ ကောင်းကျိုး ဆိုးပြစ်တွေက ဝေးနေသေးလို့... ဒီကနေ့တော့ စားမယ်လို့ အပတ်တိုင်း ကြိမ်းဝါးထားတဲ့ နံနက်စာ ဘူးဖေးကို တကယ် သွားစားဖြစ်ကြတယ်.... သူတို့က နံနက်စာဆိုပေမဲ့ ကိုယ်တွေတွက်တော့ ဘရန့်ချ် ပေါ့…အရင်တခေါက်က အစားအသောက်ဖက် အာရုံစိုက်နေလို့ နောက်ဆို အေးအေးဆေးဆေး စကားလေးပြောရင်း စားကြတာပေါ့လို့ ဆိုတဲ့ အခေါက်မှ အချိန်က ကမန်းကတန်း….  ရိပ်သာတွေ ငယ်ငယ်ကတည်းက သွားထားလို့  အတိုင်းအဆ သတိထားတတ်အတဲ့ အလေ့အကျင့်ကြောင့် အစားအသောက်နဲ့  ပတ်သက်ပြီး သိပ်ပြီး ဒုက္ခမများဖူးဘူး... မျက်နှာချင်းဆိုင် နှစ်ယောက်သား စားလိုက် သောက်လိုက် စကားပြောလိုက်နဲ့ပေါ့.... ပြီးတော့ Sprit ဘက်သွားပြီး အပေါ်မှန်ကွဲန...