၂၇ မတ်လ ၂၀၂၆
ပြီး နာဂစ်...
အခု တကျော့ပြန်အာဏာသိမ်းမှုအောက်မှာ အလူးအလဲ ခံစားနေရတဲ့ ဒီ ၅ နှစ်မှာ လူရော စိတ်ရော အတော့်ကို ကျသွားခဲ့ရပြီ...
တသက်မှာ အဆိုးဆုံးအချိန်တွေပါပဲ...
တယောက်တည်း ဆိုးနေတာမဟုတ်ပဲ...တတိုင်းပြည်လုံး...
ခုဆို ... ကမ္ဘာနဲ့ အဝှမ်း ဆိုကြပါစို့ရဲ့...
အရင်က ကိုယ့်မိသားစုလေးဟာ ကိုယ့်ကမ္ဘာပဲလေ...
ကလေးတွေနဲ့ ရုန်းရင်း ကန်ရင်း ကုန်ခဲ့ရပြီး ...
ခုကျတော့ ကလေးတွေကို အဝေးကို ပို့ထားရတဲ့ မိဘတွေသာ ကျန်ရစ်ခဲ့ကြရတော့ ငါတို့ တိုင်းပြည်...
အရွယ်ရလာတဲ့ ကိုယ်တွေက ကြွေမှည့်လု မိဘတွေကို စောင့်ရှောက်ရတဲ့အခါ ...
အရာရာဟာ ကိုယ်တို့တွေချည်းသာမို့ အထက်မီး အောက်မီးသာ မက..မီးပေါင်းစုံနဲ့ မြှိုက်ခံထားရတဲ့ ဆနွင်းမကင်းတွေလိုပါပဲ...
ဘဝတွေဆိုတာထက် အတွေ့အကြုံ ပတ်ဝန်းကျင်တွေက အတော်ကွာခြားနေလေတော့ ပြောရဆိုရ ဆက်ဆံရတာဟာ သွေးအေးသွားတာပါပဲ...
ပြောလည်း နားလည်မှာ မဟုတ်ပါဘူးဆိုတာက စိတ်ထဲ အရင်ရောက်လာတဲ့ အရာ...
ဒါတွေချည်းပဲ ပြောနေရတာလည်း ကိုယ်လည်း မော သူတို့လည်း မော...အကုန်လက်ပန်းကျနေကြနေပြီမို့ ဒီအရိပ်အောက်က ခဏဖြစ်ဖြစ် ရှောင်ချင်ကြတာချည်းပါပဲ...
အဝေးရောက်နေတဲ့ သူအဖို့ သူတို့အာရုံရောက်တဲ့အချိန်မှသာ သူတို့အတွက်စိတ်ဖြစ်လာကြတာဆိုပေမဲ့... ပြည်တွင်းက လူတွေအဖို့ စက္ကန့်နဲ့အမျှ သက်သာမနေကြဘူး...မြို့ကြီးပြကြီးတွေထက် ပြေးစရာ ပုန်းအောင်စရာမရှိတဲ့ သူတွေ ဒီအပူကြားမှာ စက္ကန့်ပိုင်းလောက်တောင် သက်သာရာရကျပါ့မလား.....
ပင်ပန်းတယ်...
ကိုယ်ပင်ပန်းတယ်ဆိုတဲ့ နေရာကနေ ပိုပင်ပန်းနေကြတဲ့ သူတွေကို လှမ်းကြည့်ရင်း ကိုယ့်အပူကို မငြှိမ်းနိုင်သေးတာကလည်း လွှဲနေသလိုပါပဲ....
အန်တီ့ကိုလည်း စိတ်ပူတယ်...
ဒီလောက်ပူပြင်းတဲ့ နွေနေကြား အန်တီ ဘယ်လို ရှင်သန်နေမလဲ....
အန်တီ....
လူ့လောကမှ ရှိရော ရှိသေးရဲ့လား....
စိတ်ပူတယ်
Comments