Skip to main content

သတင်းသမားလူငယ်လေးတွေကို ကျေးဇူးတင်တယ်

ဒီတပတ်လည်း Weekly Eleven (11-6-2008)မှာ ပါတဲ့ ဆရာလူထုစိန်ဝင်းရဲ. ဆောင်းပါးကို တင်ချင်ပါတယ်။ မီဒီယာတွေရဲ. အရေးပါပုံနဲ. သတင်းသမားတွေရဲ. ကျင့်ဝတ်သိက္ခာအကြောင်းတွေ ရေးထားတာဖတ်ရတော့ သိပ်သဘောကျသွားတာနဲ.ပါ.....။ လူဆိုတာ အတ္တကင်းဖို.တော့ ခက်သား။ ဒါပေမယ့် မှားမှန်းသိရက်ကြီးနဲ. ဗြောင်မှန်ပါတယ်လို. ပြောရတဲ့ကိစ္စ၊ ဘယာကြောင့်ဖြစ်ဖြစ်၊ တဏှာကြောင့်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လည်း ပြန်ညာနေရတဲ့ ကိစ္စမျိုး။ သူများတွေထက် သတင်းမီဒီယာသမားတွေမှာ ပိုပြီး တာဝန်ကြီးတယ်လို. ထင်ပါတယ်။ ကိုယ့်သမိုင်းတင်မက၊ တိုင်းပြည်နဲ. လူမျိုးအထိပါ ထိခိုက်နစ်နာစေလောက်တဲ့အထိ အပြစ်ကြီးတယ်လို. ထင်ပါတယ်။ ကဲ...။ သတင်းသမားလုပ်ပြီးတော့ သတ္တိမရှိရင်၊ တာဝန်မယူရဲလို. ရှိရင် အသာဘေးထွက်ထိုင်လိုက်ပါ။ နောင်တချိန်မှာ ကိုယ်လိပ်ပြာသန်.နိုင်ပါသေးတယ်။

ကျမကလည်း နာဂစ်နဲ.အတူပါလာတဲ့ သတင်းသမားလူငယ်လေးတွေရဲ. တာဝန်ကျေမှုကို ချီးကျူးဂုဏ်ပြုရင်း ဆရာကြီးရဲ. ဆောင်းပါးလေးကို တင်လိုက်ပါတယ်။...

သတင်းသမား လူငယ်လေးတွေကို ကျေးဇူးတင်တယ်
လူထုစိန်ဝင်း
(Weekly Eleven 11-6-2008)

တစ်လောလေးက လူငယ်ဂျာနယ်သမားလေးတစ်ယောက်က ။နာဂစ်မုန်တိုင်းကြီးအရေးမှာ ကျွန်တော်တို. ဒီခေတ်ဂျာနယ်တွေ တာဝန်ကျေတယ်လို. ယူဆပါသလား။ လို.မေးလာပါတယ်။ လူရောက်လာချိန်က အသက်ရှူကျပ်ပြီး မောနေလို. တစ်ခွန်း နှစ်ခွန်းပဲ ပြောလိုက်နိုင်ပါတယ်။ သူလည်း အလိုက်တသိနဲ. ဘာမှ ဆက်မမေးတော့ဘဲ ပြန်သွားပါတယ်။

တာဝန်ကျေပါတယ်။ တကယ်ကို ချီးကျူးပါတယ်။ ကျေးဇူးလည်း တင်တယ်။ အဲဒီလောက်ပဲ ဖြေလိုက်နိုင်ပါတယ်။ ဒီခေတ်လူငယ်လေးများဟာ အတုယူစရာမရှိ၊ ကန့်ကူလက်လှည့် သင်ပြပေးမယ့်ဆရာမရှိ၊ ဖတ်ရှုလေ့လာစရာ စာအုပ်စာတမ်း များများစားစားမရှိတဲ့ အခြေအနေမျိုးမှာ စမ်းတ၀ါးဝါးနဲ. မုဆိုးစိုင်သင် သဘောထားပြီး ကြိုးစားနေရတာကြောင့် အမှန်အတိုင်း ၀န်ခံရရင် သူတို.တတွေ ဒါလောက်လုပ်နိုင်လိမ့်မယ်လို.တောင် မထင်မိပါဘူး။ အခုတော့ သူတို.လုပ်နိုင်လိုက်ကြတာ အံ့မခန်းပါပဲ။

သတင်းငတ်တာ ထမင်းငတ်တာထက်ဆိုး
မေလ ၂-ရက်နေ.ညနဲ. မေလ ၃-ရက် တစ်မနက်လုံး တိုက်နေတဲ့ မုန်တိုင်းကြီးကြောင့် ရန်ကုန် တစ်မြို.လုံး သစ်ပင်တွေလဲ၊ မီးတွေပြတ်၊ ဖုန်းတွေပြတ် ဖြစ်နေရတဲ့အထဲက မေလ ၅ ရက်နေ.မှာ စထွက်လာနိုင်တဲ့ ဂျာနယ်ရှိပါတယ်။ အဲဒီမှာ မုန်တိုင်းမှာ အပြင်းထန်ဆုံးခံခဲ့ရတဲ့ လပွတ္တာဘက်က သတင်းတွေ ဓာတ်ပုံတွေ အများကြီး ဖော်ပြထားပါတယ်။ ရန်ကုန်မြို.ကြီး တစ်မြို.လုံး သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ပြိုလဲနေတာတွေ၊ အမိုးတွေ လန်နေတာကိုလည်း ဖော်ပြနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သတင်းငတ်တဲ့ဒဏ်ကို ။နေမထိ ထိုင်မသာ၊ ဖြစ်လောက်အောင် ခံစားနေရတာကြောင့်၊ ဂျာနယ်တစ်စောင်ထွက်လာတာ တွေ.ရတော့ ၀မ်းသာလိုက်တာ။ သုံးလေးရက်လောက် ကမ္ဘာကြီးနဲ. အဆက်ပြတ်နေရာက ရန်ကုန်မြို.ကြီးအကြောင်း၊ တစ်နိုင်ငံလုံးအကြောင်း၊ ကမ္ဘာကြီးအကြောင်း သိလိုက်ရတဲ့အတွက် ဂျာနယ်သမားလူငယ်လေးတွေကို အတိုင်းမသိ ကျေးဇူးလည်း တင်မိပါတယ်။ သတင်းငတ်တာက ထမင်းငတ်တာထက်ကို ဆိုးတာကိုး။

သာဓုအကြိမ်ကြိမ်ခေါ်
မေလ ၈-ရက်နေ.နောက်ပိုင်းကျတော့ ဂျာနယ်တွေ တစ်စောင်ပြီး တစ်စောင် ဆက်တိုက်ဆိုသလို ထွက်လာကြတယ်။ မြစ်ဝကျွန်းပေါ်ဒေသက အပျက်အစီးတွေနဲ. ဒုက္ခသည်တွေရဲ. ကြေကွဲစရာအဖြစ်ဆိုးတွေကိုလည်း ပြည့်ပြည့်စုံစုံ သိကြရတယ်။ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ သိရလေတော့ တစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေသာမက ကမ္ဘာတစ်ခုလုံးက ကမ္ဘာသူ ကမ္ဘာသားအားလုံးကပါ ။ဒီလောက်ကြီးမားတဲ့ သဘာဝ ဘေးဆိုးကပ်ဆိုးကြီးကို နိုင်ငံတစ်ခုတည်းရဲ. အားနဲ.တော့ဖြင့် ၀န်နဲ.အား မမျှလောက်ပေဘူး။ အားလုံးဝိုင်းပြီး တစ်ယောက်တစ်လက် ကူညီကြမှ ဖြစ်ပေလိမ့်မယ်။ လို. သိရှိနားလည်ကြပြီး ကူညီမှုတွေ ရက်ရက်ရောရော ပြုလာကြပါတယ်။ ပြည်တွင်းကဆိုရင်လည်း ဆရာတော် သံဃာတော်ကြီးများကိုယ်တိုင် ရွှံ.ထဲ ဗွက်ထဲမှာ သင်္ကန်းကြီးတွေ တဖားဖားနဲ. မနားမနေသွားလာလှုပ်ရှား ကူညီနေရှာကြပါတယ်။ ဂျာနယ်တွေကလည်း သတင်းနဲ. ကူညီ အလုပ်အကျွေးပြုကြရုံသာမက ဒုက္ခသည်ကူညီရေးလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ စည်းရုံးလှုံ.ဆော်ပြီး လေဘေးသင့်ဒေသများအရောက် သွားရောက်ကူညီကြတာများကို တွေ.မြင်ရပြီး အကြိမ်ကြိမ် သာဓုခေါ်မိပါတော့တယ်။ ကြည်ညိုမိပါတယ်။

ဒီခေတ် ဂျာနယ်သမားလူငယ်တွေ တာဝန်ကျေကြပါတယ်။ လေးစားရုံမက ၊ကြည်ညို၊တယ်လို.တောင် ဆိုလိုက်ချင်ပါတယ်။ ဂျာနယ်တွေရဲ. ကျေးဇူးကြောင့်သာ၊ ဒါလောက် မြန်မြန်နဲ. များများကြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို. ပြည်သူပြည်သားအားလုံးက အသိအမှတ်ပြုကြ၊ ဂုဏ်ပြုမှတ်တမ်းတင်ကြမှာပါ။ ။ဂျာနယ်အသက် တစ်မနက်။ လို. နှိမ့်ချတတ်တဲ့ အသိုင်းအ၀ိုင်းက လူများလည်း အသိအမှတ် မပြုဘဲ နေနိုင်လိမ့်မယ် မထင်ပါဘူး။ သတင်းစာတို. ဂျာနယ်တို.ဆိုတဲ့ သတင်းလုပ်ငန်းများမှာ လုပ်ကိုင်နေကြသူ သတင်းသမားများဟာ သမိုင်းဖန်တီးသူများ မဟုတ်ကြပေမယ့် သမိုင်းကို မကြောက်နိုင်အောင်၊ မလိမ်နိုင်အောင်၊ မကွယ်ဝှက်နိုင်အောင် အချက်အလက် အထောက်အထားတွေကို မှန်မှန်ကန်ကန် တိတိကျကျ မှတ်တမ်းတင်ပေးသူများဖြစ်ကြပါတယ်။ အဲဒါကြောင့် ဉာဏ်အမြော်အမြင်ကြီးမားသူ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရများက သတင်းစာနဲ. သတင်းဂျာနယ် မဂ္ဂဇင်းများကို စတုထ္ထမဏ္ဍိုင်နေရာမှာ ထိုက်ထိုက်တန်တန် ထားကြတာဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ်အခါက ။ ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေး။ ဆိုတဲ့ မင်းတုန်းမင်းတရားကြီးရဲ. မိန်.ကြားတော်မူချက်ဟာ အထင်ရှားဆုံးသာဓက အဖြစ် သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။


မင်းနဲ. ပြည်သူကူညီလို.
မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ရဲ. အားပေးမှုကို ရလေတော့ ရတနာပုံ နေပြည်တော်သတင်းစာဟာ အဲဒီခေတ် အင်္ဂလိပ်လက်အောက်ရောက်၊ ရန်ကုန်မြို.ကျ အင်္ဂလိပ်လူမျိုးတွေ ထုတ်ဝေတဲ့ သတင်းစာများနဲ. ကောင်းကောင်းကြီး ရင်ပေါင်တန်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို. အဓိကအကျဆုံး ကူညီအားပေးသူက မင်းတုန်းမင်းတရားကြီးဖြစ်ပြီး ဒုတိယကတော့ သတင်းစာဖတ် ပရိသတ် ပြည်သူပြည်သားများဖြစ်ပါတယ်။ အဲဒီခေတ်က သတင်းစာတိုက်ဆိုပေမယ့် စာရေးတော်ကြီးလို. ခေါ်ကြတဲ့ ဦးအဟီးနဲ. ဘိုးဝဇီရတို.အပြင် တခြားသတင်းထောက်ရယ်လို. မရှိပါဘူး။ သတင်းစာပါ သတင်းအတော်များများဟာ သတင်းစာဖတ် ပရိသတ်များဆီက ရေးသားပေးပို.ကြတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ မင်းနဲ. ပြည်သူက ယုံယုံကြည်ကြည်နဲ. အားပေးကြတဲ့အတွက် ရတနာပုံနေပြည်တော် သတင်းစာရယ်လို. ဖြစ်ထွန်းအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ကျင့်ဝတ်သီလမြဲမြံစေ
သတင်းစာကောင်းတစ်စောင်ဆိုတာ နိုင်ငံ့လက်ရုံး၊ နိုင်ငံ့ပုခုံး ဖြစ်ပါတယ်။ ပခုံးသဖွယ် နိုင်ငံ့ဝန်ကို ထမ်းရွက်သယ်ပိုးပြီး လက်ရုံးသဖွယ် နိုင်ငံ့ရန်စွယ်ရန်ညှောင့်များကို ဖယ်ရှားရှင်းလင်း သုတ်သင်ပေးပါတယ်။ အဲဒါကြောင့် သတင်းစာကောင်းရှိခြင်းဟာ နိုင်ငံ့ကျက်သရေလို. ဆိုနိုင်ပါတယ်။ သတင်းစာကောင်းတစ်စောင်ဖြစ်လာဖို.အတွက် စာဖတ်ပရိသတ် နိုင်ငံသူ နိုင်ငံသားများရဲ. အားပေးထောက်ပံ့ကူညီမှုကို လိုအပ်ပါတယ်။ သတင်းသမားများကလည်း ပြည်သူပြည်သား စာဖတ်ပရိသတ်များရဲ. ရာနူန်းပြည့်ယုံကြည်မှုကို ရဖို.အတွက် သတင်းသမားတို.ရဲ. အဓိကတာဝန်ဖြစ်တဲ့ ပြည်သူပြည်သားများရဲ. နားမျက်စိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရုံမျှမက သတင်းသမားတို.ရဲ. ကျင့်ဝတ်သိက္ခာများကိုလည်း ခါးဝတ်ပုဆိုးကဲ့သို. မြဲမြံအောင် ထိန်းသိမ်းဖို. လိုအပ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။ ။



Comments

Popular posts from this blog

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

သူငယ်ချင်းများရဲ့ အမှတ်တရ...များ။

ကျမ သူငယ်ချင်းက သတိပေးလို့ ကျောင်းတုန်းက အော်တိုစာအုပ်တွေကို ရှာဖို့ သတိရသွားတယ်။ နာဂစ်လာတုန်းက ရေထိသွားတဲ့ ပထမနှစ်တုန်းက သူငယ်ချင်းတွေ ၀ိုင်းရေးပေးထားကြတဲ့ စာအုပ်လေးကို မပျောက်ပျက်ခင် scanned လုပ်ပြီး သိမ်းထားလိုက်နိုင်လို့ သူငယ်ချင်းကို ကျေးဇူးတင်ရဦးမယ်။ ဒါပေမယ့် scanner ကလည်း အဟောင်းဖြစ်နေတဲ့ အပြင်၊ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး ရေထိသွားလို့ စာရွက်တွေက မင်တွေပြန့်၊ အရောင်တွေ ပြောင်းကုန်ရပါပြီ။ ပထမနှစ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းသိပ်မသိခင် ရေးထားခဲ့တာပေမယ့် အမှတ်တရပေါ့။ တချို့ကလည်း ခဲတံနဲ့ လျှောက်နောက်လို့ မိန်းကလေး သူငယ်ချင်းတချို.လည်း စိတ်တိုခဲ့ရပါသေးတယ်။ တချို့လည်းရေးချင်တာတွေ လျှောက်ရေးပြီးမှ သူငယ်ချင်းတွေ ဖြစ်ကုန်လို့ပေါ့။ ရီစရာပျော်စရာကောင်းတဲ့ ဘ၀လေးပါပဲ။ ဖိုင်နယ်တုန်းက ရေးထားတဲ့ စာအုပ်ကတော့ ဘယ်ရောက်နေမှန်းမသိလို့ ထပ်ရှာရပါဦးမယ်။ သူငယ်ချင်းတွေရဲ့ လိပ်စာတွေကိုတော့ blur လုပ်ထားလိုက်ပါတယ်။ မကြိုက်မှာ စိုးလို့ပါ။...

စာမေးပွဲ....တဲ့

အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား....  ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး  "ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။  အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ... " ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ"  " ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။  ဒါနဲ့ မျက်နှာငယ်လေးနဲ့  "ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.."  လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Rol...