ငါဟာ ငါမဟုတ်...တဲ့
မော်ဒန်ကဗျာတပုဒ်လိုပဲ နားလည်ဖို့ ခက်ခဲနေဆဲ...
ရေးချင်သလိုရေး ရေးဖြစ်ဖို.သာ အဓိက....တဲ့။
ဘ၀ ဆိုတာ ဘာလဲလိုများ ငါ့ လာ မမေးနဲ့။
ငါနေ နေတာ ငါ့ဘ၀ လား။
ပျော်သလား လေ။
ဖြစ်တည်ခြင်းအတွက် ပျော်နေရရင် ပျက်သွားတော့ရင် ငိုရမှာလား။
သုခ ဆိုတဲ့ ဆင်းရဲခြင်းကို တွယ်ဖက်ထား၊ ဒုက္ခ ဆိုတဲ့ ဆင်းရဲခြင်းကိုတော့ ဟို....အဝေးဆုံးမောင်းထုတ်ပစ်။
အကောင်းတကာ့အကောင်းဆုံးတွေ အကုန်လုံး လိုချင်တာ လောဘကြီးသူတွေ အလုပ်...။ အဲ.....ငါ့အလုပ်။
ဒါတွေ့ရင် ဒါထည့်၊ ဒီလိုဆိုရင် ဒါ လုပ်။
ပုံသေနည်းတွေလို အလွတ်ကျက်မှတ်ရတာ ကျောင်းသင်ခန်းစာတွေမှာပဲ ရှိမယ်ထင်ခဲ့။
အခုတောင် ရောဂါတခြား ဆေးက တခြား ရယ်..။
မသိကိန်း တစ်လုံး၊ မသိကိန်း နှစ်လုံး.. လေးလုံး.. ရှစ်လုံး.. မရေတွက်နိုင်တော့။
ပွားလာလိုက်တာ.. ဘိုးဘိုးအောင်ရဲ. ၀ တွေလိုလား။
AP, GP, Combination, Permutation, Exponential..
ဘာတွေလဲ မမေးနဲ.နော်... ငါဘာမှ မသိ
ငါသိတာ ... ငါ သိတာ ... ဘာရှိသေးသလဲ.. ဟင်။
ငါသိတာ ဘာမှ မသိခြင်း။
ကြုံလာသမျှတော့ စုန်လမ်းအတိုင်းသာ မျောသွားလိုက်၊
သည်အကွေ.မှာ သည်တက်နဲ့ လှော်၊ ဟိုအကွေ.မှာ ဟိုတက်နဲ့လှော်
လမ်းဆုံ ရောက်ရင် ခဏလောက်ရပ် ဘယ်ညာအရှေ့ အနောက်၊ ဘယ်ဆက်လိုက်ရမလဲ။
ဗေဒင်ဆရာမမေးဘူး...။
သင်ထားတာတွေလည်း မေ့သလောက်...
လက်တွေ့ အသုံးချလို့မရ တဲ့ လော့ဂျစ်တွေကိုလည်း ခေါင်းထဲကထုတ်။
မျက်စိစုံမှိတ်ပြီး တပတ်လှည့်လိုက်၊ ခြေဦးတည့်တာ ငါ့လမ်းကြောင်းပဲ။
လူများတဲ့လမ်းတော့ မရွေးမိစေနဲ့။ လောကကြီးထဲ လူမိုက်တွေက များသတဲ့။
အဖော်မင်တတ်တဲ့ အမျိုးမို့ လူနည်းနည်းနဲ့တော့ ပွဲမစည်လေဘူး။
ငရဲတောင် အဖော်ကောင်းရင် လိုက် လိုက်ဦးမတဲ့။
လူပါးတဲ့နေရာတွေကိုတော့ ပျင်းလွန်းလွန်လို့၊
ခါးလွန်လွန်းလို့၊
အူမှ မတောင့်တာ သီလ ဘယ်လိုစောင့်ရမလဲ။
အများညီရင်တော့ "ဤ" ကိုလည်း "ကျွဲ" ဖတ်ရတော့ မတဲ့။
ဆင်ခြေတွေ လိုသလောက် ရမယ်...။ ကင်းခြေများမှ ခြေ နည်းနေသေး။
လူတကာ လျှောက်တဲ့လမ်း ငါလည်းလျှောက်ရမယ်လေ... ဘာများ မှားနေလို့လဲ။
ိနိတိတွေ လာမပြောနဲ့။ တက်ကျမ်း ဆိုတာ ငါ့အတွက်တော့ ခေါင်းအုံးစရာ။
ပီတိဆိုတာ ပီကေလိုပဲ ခဏသာ ချိုပြီး ပါးညောင်းအောင် ၀ါးနေရတဲ့ Latex sap လိုမျိုးလား..။
မှုကို မှု. လို့ ရေးလိုရေး၊ စ လုံးနဲ့ ဆလိမ် အသံတွေ မကွဲပြား။
မြန်မာတွေ မြန်မာသတ်ပုံတွေမှား၊
ရင်ထဲက ယားကျိကျိနဲ့။
ကိုယ်ကလည်း မှန်မနေပေမယ့် သူများတွေမှားတာတော့ သဘောမတွေ့ချင်ချင်။
နေချင်သလို နေလိုက်ကြလေ...။ ပျော်သလိုသာ..နေ..။ ပျော်အောင်သာ...နေ။
နောက်ဆုံးအချိန်ထိကို နေလိုက်စမ်းတော့...။
မျက်လုံး နှစ်လုံးနဲ့ ကမ္ဘာကြီးကို ကြည့်လိုက်မယ်...
နည်းလိုက်တာ ... ပြောစရာ အပြစ်တွေက မကုန်သေးဘူး။
ကိုယ့်ကိုကိုယ်တော့ ပြန်မကြည့်ချင်။
ငါမပါစေနဲ့...
ငါကို ခွာကြည့်၊
ငါ့ကို ခွာကြည့်၊
ငါ့ကို ငါမသိ။ ။
(ရေးချင်သလို ရေးလိုက်ပြီး ကဗျာလို့ အမည်တပ်လိုက်တာကို နားမလည်လိုက်ပါနဲ့။ နားလည် လိုက်ရင် ကျမရဲ. ရည်ရွယ်ချက် ပျောက်သွားမှာစိုးလို့နော်.... အဟဲ)
မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ.... သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...
Comments
မျက်လုံးကြီး နှစ်လုံး ပြူးပြီးတော့ မကြည့်နဲ့။ မျက်လုံးလေး မှိတ်ပြီးတော့ကြည့်။
သတိတော့ရှိ။
ငါ မပါအောင်၊ ငါကို ခွာကြည့်တယ်လား။
ငါ မရှိတာ၊ ငါ သိနေရင်တော့ ...