Skip to main content
ခင်ဗျားအခု နေ နေတဲ့ life-style ကြီးက ဘယ်လိုကြီးမှန်းမသိဘူး။ တမျိုးကြီးပဲ..တဲ့.။ သူက ပြောတယ်။
ကျမ ရယ်နေလိုက်တယ်။ ဟုတ်တယ်လေ။ ညဖက် တရေးနိုးထပြီး အိမ်အလုပ်တွေလုပ်၊ အင်တာနက်လေး ပြေးကိုင်လိုက်နဲ. မိုးလင်းတဲ့ညတွေလည်း များပြီပဲ။ ကျမလည်း ဒီလို နည်းလမ်းမကျတဲ့ routine ထဲမှာ လည်နေတာ ကြာတောင် ကြာနေပြီပဲ။ ကျမကို ကြည့်ပြီး သူစိတ်ချမ်းသာဟန်မတူပါဘူး။ ကျမကတော့ ကိုယ့်ဝတ္တရားတွေ၊ တာဝန်တွေကြားထဲကနေ ကွန်ပြူတာတလုံးနဲ. အင်တာနက်ထဲ လျှောက်လည်နေတော့ ကိုယ့်ကိုကိုယ် အရှိန်တွေရလို.ပါပဲ။

အရင်ကတော့ ကလေးတွေ ကျောင်းပို.ရင်း လိုက်၊ ပြီး သူနဲ. မနက်စာစား၊ သူသွားတဲ့နောက်လျှောက်လိုက်၊ သူ.ကားပေါ်မှာ စာအုပ်တစ်အုပ်နဲ. လိုက်ထိုင်၊ သူ.ဘေးနားမှာလည်း ကျမအမြဲပါနေကျ။ ရုံးရောက်ရင်လည်း ကိုယ့်အလုပ်မရှိလေတော့ ကွန်ပြူတာတလုံးနဲ. ထုံးစံအတိုင်းနှစ်ပါးသွား၊ သူအလုပ်များရင် အရိပ်အခြေကြည့်ပြီး စကားလေး ဘာလေးပြောပေါ့။ ဒါပေမယ့် သူနဲ.ကျမ စကားပြောတဲ့အချိန်က ခပ်ရှားရှားရယ်။ သူ ဘယ်အချိန် စကားတွေ ပြောသလဲဆို... ကားမောင်းနေရင်း လမ်းမှာ ရှုပ်ရှက်ခတ်နေတဲ့အခါဆို.... ပြောပြပါလိမ့်မယ်....။ သူ စကားများလေ ကျမက (ကားကို ကိုယ်မမောင်းရပဲ) အာရုံပိုစိုက်နေမိတော့ သူ.စကားတွေကို နားထောင်ချင်ချင်၊ မထောင်ချင်ချင် ကားပေါ်မှာ ဆိုတော့ ပြေးလို.လည်းမရ။ ဒီကြားထဲ သူ ဖုန်းတွေကလည်း တချိန်လုံး လာ၊ သူကားမောင်းရင်း ဖုန်းပြောနေရင် ကျမ ရင်တမမ။

သူပြောတဲ့ အကြောင်းတွေမှာ သူအလုပ်အကြောင်းနဲ. သူ.နဲ.သက်ဆိုင်တဲ့ သူများအကြောင်းတွေ။ အရင်ကတော့ သူပြောတာနားထောင်၊ အင်း အဲ လိုက်။ ပြီး ကိုယ်ထင်တာ ကိုယ်ပြောပေါ့။ တခါတခါ သူ.ကို ဆရာကြီးဝင်လုပ်ပေါ့။ ဒါပေမယ့် ကြာတော့လည်း ဒါတွေချည်းပဲ ကျမ နားမထောင်ချင်တော့။ ကိုယ်ပြောတဲ့အကြောင်းကျတော့ သူ.ဘက်က response မလာ။ တကယ့်ကို အင်း အဲ မလှုပ်၊ လှည့်ကြည့်ရင်တော့ စဉ်းစားနေတာ...ဆိုပဲ။ ပြီး အိမ်ပြန်ရောက်တော့ ကိုယ်က အိမ်အလုပ်နဲ. ကလေးတွေနဲ. လုံးလည်ချာလည် အော်ဟစ်နေရပြန်ရော။ အကုန်လုံးပြီးပြီဆို... ကိုယ်တော်ချောလေးတွေကို သိပ်ရပြန်တယ်။ ကိုယ်မှ မသိပ်ရင် သမီးလေးက ဘယ်တော့မှမအိပ်။ အနားနား လာပြီး ဂျီကျတတ်သည်ပဲ။ သည်တော့ ည ဆယ်နာရီလောက်ဆို ကလေးတွေ ကို အပေါ်ထပ်မှာ မီးအားလုံးပိတ်ပြီး သိပ်။ ကိုယ်လည်း အိပ်ပျော်သွားတတ်သည်ပါပဲ။ ဒါပေမယ့် ကြာကြာတော့ မအိပ်နိုင်၊ မီးပျက်မဲ့အချိန်နဲ. တိုင်မင်ကိုက်ပြီး လုပ်စရာတွေရှိနေသေးတော့ တညတည ကိုယ် စိတ်ဖြောင့်ဖြောင့်မအိပ်နိုင်ခဲ့။ ကိုယ်ပြန်ထတဲ့ ၁၂-နာရီ။ နာရီပြန်တချက်လောက်ဆို ကိုယ်ကအထ၊ သူက အိပ်ယာ အ၀င် ဖြစ်ချင်ဖြစ်နေတတ်သေးသည်။ တကယ်တမ်းကျ ခဏ အလုပ်ထ လုပ်တာပေမယ့် ကလေးတွေ ဖွသွားတာကိုပဲ ပြန်ရှင်းရတာ မသက်သာလှ။ ပြီးပြန်အိပ်ဖို.ကြည့်တော့ မိုးလင်းလု။ ပြန်အိပ်ရင် ပြန်ထ ဖို.က သိပ်မလွယ်တာနဲ. ... နောက် သူတို.ကျောင်းသွားတဲ့ အချိန်ကျော်တော့မှ မနက်စာ ကော်ဖီလေး မော့ပြီး... အိပ်လိုက်တာ နေ.လည် ၁၀-နာရီခွဲ ၊ ၁၁ နာရီမှ ပြန်ထ ဖြစ်တော့တာပဲ။ ကလေးတွေ မရှိတဲ့အချိန်လေးဆိုတော့ သူတို.နဲ. လုပ်လို. မဖြစ်တဲ့ ကိစ္စတွေ လက်စ ပြန်သိမ်း၊ အဲဒီအချိန်တွေကတော့ နည်းနည်း အေးအေးဆေးဆေးနိုင်ပါတယ်။ မနက်အိပ်ယာကနိုးတာနဲ. မိုဒန်းနဲ. စက်က ဖွင့်ထားပြီ။ ပြီးမှ လုပ်စရာရှိတာပြေးလုပ်လိုက်၊ ဖတ်ချင်တာတွေ လာဖတ်နဲ.။ အဲ .. သူတို.လေးများပြန်လာပြီဆိုရင်တော့ သူတို.ကို ကျွေးမွေးသုတ်သင်၊ အိမ်စာတွေ ပြန်စစ်ပြီးလုပ်ခိုင်းတန်တာ လုပ်ခိုင်း၊ အဲဒါကျတော့ အချိန်နဲ.လုပ်လို.မရတောပြန်။ မီးမလာခင်ဆို ကစားချိန်ပေး၊ မီးလာနေရင်တော့ သူတို.အကြိုက် ကာတွန်းကားတွေအရင် ကြည့်ခိုင်း၊ ရေမိုးချိုးပေး။ ပြီးမှ အိမ်စာတွေ ကြည့်ပေးရတာပေါ့။

အိမ်ရှင်မ တယောက်အတွက်တော့ တကယ်ပါပဲ။ နားချိန်ကို မရှိမှာ။ ကျမကတော့ အိမ်ရှင်မ တ၀က်ပဲ ဆိုတော့ ကိုယ်လုပ်ချင်တာတွေ လုပ်ပစ်လိုက်တာပါပဲ။ အဓိက ကတော့ ကျမ စိတ်ဓာတ်မကျချင်ဘူး။ depression မ၀င်ချင်ဘူး။ ကိုယ့်အတွက် “ငါ” ဆိုတာကလွဲရင် အကုန်နေပျော်စရာကောင်းနေတဲ့ဘ၀လေး၊ ကျမ နေရတာ အဆင်မပြေဘူးဆိုရင် ဘယ်သူမှ နားလည်မယ်မထင်ဘူး။ မနေတတ်သူ ကျမအလွန်သာ ဖြစ်ပေလိမ့်မယ်လေ။ “ငါ” ဘာလဲ ဆိုတာ မတွေးပဲနဲ. သူ.အရှိန်နဲ. လည်ပတ်နေတဲ့ routine ထဲမှာ အသာဝင်နေလိုက်ရင်တော့.... လူလည်း မူးလည်ချာလည်နဲ.မို. ဘာမှန်းကို မသိနိုင်ပါဘူး။ နေပျော်အောင်သာနေလိုက်။ အင်တာနက်ထဲကနေ ကမ္ဘာအနှံ.လျှောက်လည်၊ နေရာအစုံက သူငယ်ချင်းတွေနဲ. စကားတွေပြော၊ ရန်ကုန်က သူငယ်ချင်းတွေနဲ. တွေ.ဖို.မပြောနဲ.။ ဖုန်းဆက်ဖို.တောင် အနိုင်နိုင်။ သူတို.က လှမ်းမေးကြတယ်။ ဘယ်သူနဲ.တွေ.ဖြစ်သေးလားဆို...... မတွေ.တာကြာပြီ။ ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေနဲ.ဆို အမြဲ နောက်ဆုံးသတင်းတွေ သိပြီးသား။ တဖြေးဖြေးနဲ. ကျမလည်း လူတွေနဲ.စကားမပြောတတ်တော့သလိုပဲ။ virtual world ထဲမှာနေ၊ ချက်တင်တွေလုပ်လိုက်၊ ကိုယ်မလုပ်နိုင်တဲ့ နိုင်ငံရေးသတင်းတွေဖတ်လိုက်။ ကိုယ်သိချင်တာလေးတွေ လိုက်ရှာလိုက်၊ တခါတလေတော့လည်း လင့်ခ်တွေကနေ သွားရင်းသွားရင်း မူရင်းအကြောင်းအရာတွေ ပျောက်လို.။ လေလွင့်နေတဲ့ ရော်ရွက်ဝါလိုပဲ။ တကယ်ဆို အမြင်နောက်စရာပါ။ လက်တွေ.ဘ၀နဲ. ကင်းလွတ်နေတဲ့ အနေအထား။ တခါတခါတော့လည်း...... လွတ်ချင်ပြီ။ ဒီဘ၀က...။

ဟုတ်တယ်နော်။ ကျမ ဘယ်လို ပုံစံမျိုးနဲ. နေထိုင်နေတာပါလိမ့်။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...