Skip to main content
ပုစွန်တစ်ကောင်နှင့်ခရီးသွားခြင်း။



အမှတ်သတိနဲ. ဆွမ်းစားဆောင်ပေါ် ကျမတို.ယောဂီများ တက်လာနေကြပါတယ်။ ထုံးစံအတိုင်း လက်အုပ်လေးချီ၊ မျက်လွှာလေးချရင်း ကိုယ့်စားပွဲဆီကို လျှောက်လှမ်း အသွားမှာ..... မျက်စိက အမြင်ဓာတ်နဲ. ပြင်ထားတဲ့ ထမင်းစားပွဲပေါ်က ပုစွန်ထုပ်ဟင်းဆိုတဲ့ အမြင်အာရုံနဲ. သွားတိုက်မိပါတယ်။ တကယ်ဆို မြင်တယ်လို. သိလိုက်ရင် အဲဒီအာရုံလေး ဖြစ်ပြီး ပျက်သွားရမဲ့ကိစ္စ...။ ဒါပေမယ့် မှတ်ဖို. သတိတစ်ချက်လွတ်သွားတော့ `ဟာ. ပုစွန်ဟင်း ပါလား´ ဆိုတဲ့ နှလုံးသွင်းမှုနဲ.အတူ လောဘလေးပါ လိုက်ပါလာပါတော့တယ်။ လူတွေရဲ. စိတ်အတွေးတွေ ဘယ်လောက်တောင်မြန်ဆန်ပြီး ကြောက်ဖို. ကောင်းလိုက်ပါသလဲဆိုတာလေ..။ နောက်တော့ အမှတ်ကလေး ပြန်ကပ်ပြီး ကိုယ့်စားပွဲမှာ ထိုင်။ ဘုရားကန်တော့၊ မေတ္တာပို. ဘုရားစာရွတ်ပြီး နှလုံးသွင်း။ `ဤသည် စားဖွယ် အမယ်မယ်ကို.... ´ကိုရွတ်ဆို။

အားလုံးပြီးတော့ စားဖို. ပြင်ဆင်ရင်း ပုစွန်ဟင်းကို အကြည့် ကရောက်သွားပြန်ပါတယ်။ အင်.....ဘယ်လိုပါလိမ့်.... ဒီစားပွဲဝိုင်းမှာ ဆရာလေး ၅ပါးရှိတာကို ပုစွန်က ၄-ကောင်ပဲပါတယ်။ အကောင်တွေကလည်း တချို.ကသေး၊ တချို.ကြီးနဲ. အကောင်လည်းမညီပါလား။ အတွေးက ရောက်ပြီးတော့ ဆက်သွားပြီ..။ နောက် လွတ်နေတဲ့ စိတ်ကို ဖမ်းတဲ့ အကျင့်လေး ၀င်နေလေတော့ ချက်ချင်းသိလိုက်ပါတယ်..။ တွေးမိတယ်။ တွေးမိတယ်။ ငါ ဘာတွေ တွေးနေမိပါလိမ့်။ တကယ်တမ်းကျတော့ ပုစွန်ကို မက်မက် စက်စက် မစားတတ်တဲ့ငါ ... လောဘတွေ ၀င်နေတာကို မြင်လိုက်ရပါတယ်။ အဲဒီအခိုက် စိတ်အေးသွားပြီး ကိုယ့်အမှတ်သတိနဲ. ကိုယ်ပြန်ကပ်သွားပြန်ပါရော။

ဒီစားပွဲဝိုင်းမှာ ကျမက ၀ါအရရော အသက် အရရော အငယ်ဆုံးဖြစ်လေတော့ နောက်ဆုံးမှပဲ ဟင်းပွဲနှိုက်ရလေ့ရှိပါတယ်။ ဒီတခါ ပုစွန်ဟင်းက ကျမဆီအရောက်မှာ ၂-ကောင်ကျန်ပါသေးတယ်။ မလှည့်ရသေးတဲ့ ဆရာလေး ၂-ပါး ရှိပါတယ်။ ကဲ.. ကြည့်... စိတ်က အကုန်တွေးပြီးနေပြီ။ ကျမ တစ်ကောင်ယူလိုက်ရင် ကျန်တဲ့ ၂ပါး ကတ၀က်စီ ပဲရမယ်။ ဖဲ့ရမှာလည်း မလုပ်ချင်ဘူး။ ဖြစ်နေတဲ့ စိတ်အစဉ်တွေ။ တကယ်ဆို ပုစွန်မှ မဟုတ်။ ဘာဟင်းကိုမှ ကျမ မက်မက်မောမော မရှိခဲ့တာ ကြာပြီ။ အိမ်မှာချက်ရင်လည်း ဘယ်တော့မှ ကောင်းကောင်းမတို.ဖြစ်။ ချက်မယ်ဆိုပြီး ၀ယ်လာတဲ့ ပုစွန်တွေလည်း ရေခဲသေတ္တာထဲက deep freezer ထဲမှာ ၃-၄ ရက်မက အေးခဲနေတတ်ခဲ့သည်ပဲ။ ချက်ပြီးသွားရင်လည်း နောက်နေ.တွေအထိ ဆက်နေရသေးတဲ့ ဟင်းပွဲကို။ ကျမ ကိုယ့်ကိုကိုယ်လည်း ရယ်ချင်မိတယ်။ လောဘစိတ်ရဲ. လှည့်စားနိုင်တဲ့ အစွမ်းကိုလည်း အံ့သြနေမိတယ်။

နောက်တော့ ကျမလည်း ပန်းကန်ထဲက ဟင်းအနှစ်ကိုပဲ ခပ်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ဆရာလေးတွေကတော့ အားလုံးပြီးသွားပြီ ဆိုတော့ တစ်ယောက်တစ်ကောင် ကိုယ်စီ ပန်းကန်ထဲကို ထည့်လိုက်ကြပါတယ်။ ကိုယ့်အမှတ်ကလေးနဲ. ကိုယ်စားနေရင်း ကျမလည်း အဆင်ပြေနေပါတယ်။ ကျမ စိတ်ထဲမှာ ပုစွန်လည်း မရှိတော့ပါဘူး။ ခိုးလို.ခုလုလည်း ဖြစ်မနေခဲ့ပါဘူး။ ဟုတ်လှပြီပေါ့နော်။ အမှတ်သတိက နိုင်သွားတော့ လောဘ၊ ဒေါသတွေ ဖြစ်ခွင့်မရှိတော့ဘူးတဲ့။

အဲဒီအချိန်လေး အတွင်းမှာပဲ လိုက်ပွဲထည့်နေတဲ့ ဆရာလေးက ဟင်းခွက်ထဲကို ပုစွန် ၂-ကောင် လာထပ်ထည့်ပေးပါတယ်။ အမှတ်သတိတောင် ဘယ်ရောက်သွားမှန်း မသိလိုက်ပါဘူး။ ပုစွန်တစ်ကောင်က ကျမပန်းကန်ထဲရောက်နေပါပြီ။ အင်း.......မြန်လွန်းအားကြီးလို. ဘယ်အရာက ဘယ်ထောင့်က ပေါ်လာပြီး ခတ်ထည့်လိုက်တယ် မသိပါဘူး။ ကျမ အမှတ်သတိက အမှီမလိုက်နိုင်ခဲ့လိုက်ပါဘူး။ လောဘ က ပဲလား၊ ဒေါမနဿ က ပဲလား။ သေချာတာကတော့ ကျမ ကိန်းအောင်းနေတဲ့ ဒီကိလေသာတရားတွေကို တော်တော်ကြောက်လန့်သွားရတာပါပဲ။

ကျမလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဒီဘ၀မှာပဲ ရနိုင်ဖို.ဆိုတာအတွက် အများကြီး ကြိုးစား အားထုတ်ရဦးမယ်ဆိုတာကိုလည်း ပိုပြီး သဘောပေါက် လိုက်ရပါတယ်။ ဒီလို အေးချမ်းဖို. မမေ့မလျော့တဲ့ သတိတရားထား တကယ့်ကို ကြိုးကြိုးစားစား အားထုတ်နေတဲ့ ကိုယ့်စိတ်ကိုယ်ဆုံးမနေရတဲ့ တရားစခန်းမှာတောင် ဒီစိတ်က မယဉ်ပါးနိုင်သေးခဲ့။....... ကိုယ်လွတ်လက်လွတ် သတိလက်လွတ်နဲ. နေနေတဲ့ လူ.လောကအသိုင်းအ၀ိုင်းမှာ နောက်ထပ်သံသရာ ရှည်စေမယ့် အကုသိုလ်တရားတွေ အများကြီး လုပ်မိ၊ ဖြစ်နေဦးတော့မှာပဲလို. ကိုယ့်ကိုကိုယ် ဆင်ခြင်မိပါတယ်။ သတိတရား လက်ကိုင်ထားမှ ကျမတို.တတွေ သက်သာရာရမယ်ဆိုတာကိုလည်း သိလိုက်ရတယ်။ တကယ်တမ်း ကျမတို. စင်ကြယ်အောင် ဆေးကြောသင့်တာက ကိုယ့်ကို သံသရာရှည်စေပြီး အပယ်ငရဲကို ဆွဲချသွားမဲ့ ဒီကိလေသာ အညစ်အကြေးတွေကိုပါ။ အရင်ကလို စာတွေ.မဟုတ်ပဲ သေသေချာချာ ကိုယ်တိုင် တွေ.သိလိုက်ရတဲ့အတွက် ဘာလုပ်ရမလဲဆိုတာ ကိုယ်တိုင်ပဲ သိသင့်နေပြီပဲလေ။ ။

အပ္ပမာဒေန သမ္ပာဒေထ။

(အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ ပြင်းပြထက်သန် မှန်ကန်သော သတိတရားဖြင့်
သမ္ပာဒေထ - သီလ၊ သမာဓိ၊ ပညာ ဟု ဆိုအပ်သော သိက္ခာသုံးပါးတို.ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။)

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။