Skip to main content

လွတ်လပ်ရေးနေ့ အမှတ်တရ... လွတ်လပ်သော စိတ်



ကျမတို့ ချစ်သောမြန်မာနိုင်ငံတော်ရဲ့ ၆၁-နှစ်ပြည့် လွတ်လပ်ရေးနေ့  အမှတ်တရအဖြစ်..   ဆရာတော် ဦးဇောတိက  ရဲ့  လွတ်လပ်သောစိတ် စာအုပ်ထဲက မာတိကာ  ခေါင်းစဉ်လေးတွေပါ...။
၃။  လွတ်လပ်သောသူဟာ  မယုံသင့်တာကို မယုံတော့ဘူး
၎။ လွတ်လပ်တဲ့သူဟာ သဘာဝ အကြောင်းအကျိုးကို  လေးစားတယ်
၅။ လွတ်လပ်သူ၏  တာဝန်ယူတတ်သော  စိတ်ထား
၆။ လွတ်လပ်သူ၏  ကိုယ့်ကိုယ်ကို ကိုယ်  ထိန်းသိမ်းနိုင်စွမ်း
၇။လွတ်လပ်သူ၏  ရွေးချယ်စရာများကို  ကိုယ်တိုင်  သတ်မှတ်နိုင်စွမ်း
၈။ လွတ်လပ်မှု လမ်းစ
၉။ လွတ်လပ်မှု ၏ စစ်မှန်သော ဂုဏ်သိက္ခာ
၁၀။  လွတ်လပ်ရင် စိတ်ချမ်းသာတယ်၊  တရားမျှတရင် ဂုဏ်သိက္ခာရှိတယ်
၁၁။ လွတ်လပ်သူ၏ ကိုယ့်ဘ၀ကို  ကိုယ် ပုံဖော်နိုင်သော စိတ်ဓာတ်
၁၂။  လွတ်လပ်တဲ့သူဟာ အမှန်တရားနဲ့ လွတ်လပ်မှုကို  စံထားတယ်
၁၃။ လွတ်လပ်မှုဆိုတာ  အကြီးမားဆုံး လက်ဆောင်
၁၄။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်
၁၅။  လွတ်လပ်တဲ့သူဟာ  ဆုံးရှုံးမှု ရှိနိုင်တဲ့ အခြေအနေကို စွန့်စားရင်ဆိုင်နိုင်တယ်
၁၆။ လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး
၁၇။ လွတ်လပ်မှုကို လိုချင်ရင် ထောင့်စေ့အောင်  စဉ်းစားပါ
၁၈။  လွတ်လပ်စွာ စူးစမ်း  ရှာဖွေခွင့်
၁၉။ အသိဉာဏ်ပိုင်းမှာ ကျွန်မခံတဲ့သူ
၂၀။ ဉာဏ်မသုံးပဲ  တုန့်ပြန်လိုက်ရင်  လွတ်လပ်မှု မရှိဘူး
၂၁။ လွတ်လပ်တဲ့သူမှာပဲ  စစ်မှန်တဲ့ မေတ္တာစိတ်  ဖြစ်တယ်
၂၂။  အမှန်တရားက သင့်ကို လွတ်လပ်စေမယ်
၂၃။ လွတ်လပ်တဲ့သူမှပဲ ဖန်တီးနိုင်တယ်။
၂၅။ အမှန်ကို သိရမှာ တာဝန်တစ်ခု။
၂၆။ လွတ်လပ်တဲ့စိတ်  ရှိတဲ့သူဟာ ဘ၀ကို တီထွင်ကြံဆပြီး  နေသွားတယ်
၂၇။ အခြေအနေကို  ကိုယ်က  ဖန်တီးနိုင်မှ လွတ်လပ်တဲ့  ဘ၀ကို ရမယ်
၂၈။ စိတ်ရဲ့ လွတ်လပ်မှုဟာ ကိုယ့်စိတ်ကို  ကိုယ်သိနေတဲ့  အချိန်မှာပဲ  ရှိတယ်
၂၉။  လွတ်လပ်တဲ့သူဟာ အချိန်မဖြုန်းဘူး
၃၀။  လွတ်လပ်တဲ့သူဟာ  ဉာဏ်မသုံးရတဲ့ ဘ၀ကို မကျေနပ်ဘူး
၃၁။ လွတ်လပ်တဲ့သူရဲ့  အသိဉာဏ်ဟာ  အမြဲတမ်း တိုးတက်ပြောင်းလဲနေတယ်
၃၂။ လွတ်လပ်တဲ့သူမှာ အဓိကကျတဲ့ ရည်မှန်းချက် ရှိတယ်
၃၃။  လွတ်လပ်တဲ့သူရဲ့ပျော်ရွှင်မှု
၃၄။  လွတ်လပ်တဲ့သူမှာ  တန်အောင်  လုပ်ပြီး ယူတယ်
၃၆။ လွတ်လပ်တဲ့သူဟာ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိနှိုင်းနိုင်တယ်
၃၇။ ကိုယ့်ဉာဏ်ကိုကိုယ် မသုံးတဲ့သူဟာ  လူသားတွေကို သစ္စာဖောက်တဲ့သူ
၃၈။ ကောင်းတာတွေ အားလုံးကို လွတ်လပ်တဲ့စိတ်က မွေးဖွားပေးလိုက်တယ်
၃၉။  လွတ်လပ်တဲ့သူဟာ  ကိုယ့်ဘ၀ အဓိပ္ပာယ်ကို ကိုယ် ဖန်တီးနိုင်တယ်
၄၀။  လွတ်လပ်တဲ့သူဟာ grow up  ဖြစ်လာတယ်
၄၁။ လွတ်လပ်တဲ့သူမှာ  ရိုးသားမှုနဲ့ သတ္တိ ရှိတယ်
၄၂။  ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ပဲနဲ့ လွတ်လပ်မှုကို မရနိုင်ဘူး
၄၃။ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင် လွတ်လပ်မှု  ပျောက်သွားမယ်
၄၄။ လွတ်လပ်တဲ့သူဟာ  ကိုယ့်ကိုကိုယ် ဘယ်လိုလူဆိုတာကို သိတယ်
၄၅။ လွတ်လပ်တဲ့သူ  ဖြစ်အောင်  လုပ်ရမှာ  လူတိုင်းရဲ့ အခွင့်အရေးနဲ့ တာဝန်
၄၆။ သတ္တိမရှိတဲ့သူဟာ အမှန်တရားကို စူးစမ်းမှု မလုပ်နိုင်ဘူး
၄၇။ လွတ်လပ်သူ၏ အတွေးအခေါ်  အယူအဆများ
၄၈။ လူတော်လူကောင်းဖြစ်ဖို့ လွတ်လပ်မှု  ရှိရမယ်။


မာတိကာပဲ ဖတ်သွားတာတောင် လွတ်လပ်သူဖြစ်ဖို့ ဆိုတာက မလွယ်တာကို တွေ့နိုင်ပါတယ်။  လွတ်လပ်ရေးဆိုတာ နံမယ်သက်သက်ပဲ  ဟုတ်ဟန်မတူပါဘူး။ တောင်းရုံနဲ့ မရနိုင်သလို... ပေးတာနဲ့ ရသွားတတ်ပါသလား။ လွတ်လပ်မှုအစစ်အမှန် ရအောင် ကိုယ်တိုင်ပဲ ဖန်တီးယူ ကျင့်ကြံအားထုတ်ရမှာ အမှန်ပါပဲလေ..
အဲဒီအချက်တွေနဲ့သာ တိုင်းတာရင်တော့  အင်း..ကျမလည်း  လွတ်လပ်ဖို့ အဝေးကြီးလိုနေသေးတာပဲ။
မြန်မာသူ မြန်မာသား အပေါင်းနှင့် ကမ္ဘာသူ  ကမ္ဘာသားများ ၆၁-နှစ်ပြည့် လွတ်လပ်ရေးနေ့မှသည်....စစ်မှန်စွာ လွတ်လပ်နိုင်ကြပါစေ....။

Comments

မီယာ said…
ဆရာတော်ရဲ့ အဲ့ဒီစာအုပ် မဖတ်ရသေးဘူး။ ကျေးဇူးပါ မသိင်္ဂီ။
စာအုပ်ကောင်းလေးတွေညွှန်ပြပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။
Anonymous said…
ကောင်းလိုက်တာ စာသားလေးတွေ။ အဟီး
အန်တီtg ပြောသလို အားလုံးလွတ်လပ်ကြပါစေ..။း)

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...