အိပ်မက်ကို အဟုတ်ထင်တတ်တယ်၊
အဟုတ်ကိုလည်း အိပ်မက်လို. ဇဝေဇ၀ါ ဖြစ်တတ်တယ်။
မသိတာချင်း အတူတူပါပဲ။
***********************
ရယူထားနိုင်ရင်
အရသာရှိတယ် တဲ့။
ပေးစွန့်လိုက်ရရင်လည်း
အရသာ ရှိတာပါပဲ။အရသာချင်းကတော့
မတူပါဘူး။
***********************
သူ.အတွက်ပါ ဆိုပြီး
ငါ့ဖို့ ပါတတ်တယ်။
ငါ့အတွက်ပါ ဆိုပြီး
သူ.ဖို. ပါတတ်တယ်။
ငါနဲ့ သူ
မျှရဲ့လား။
***********************
ကိုယ့်ဖို. တစ်ဖက်ထဲသာ
ကြည့်ရင် အပြစ်ပဲ မြင်တတ်တယ်။
နှစ်ဖက်မျှကြည့်ရင်
အပြစ်ကင်းတယ်။
***********************
ဘာမျှ မသိတဲ့ လူတွေက
ချီးကျူးခံရတာလောက်
သိက္ခာကျတာ
ဂုဏ်ပျက်တာ မရှိတော့ပါဘူး။
သူများ ချီးကျူးတိုင်း
ကောင်းတယ် မထင်နဲ.။
***********************
တကယ်သိရင်
မဟုတ်တာ မလုပ်ပါဘူး။
သိလျက်နဲ့ လုပ်သေးရင်
မသိတဲ့သူထက်
ဆိုးသွားပြီပေါ့။
***********************
စောင်းမပြောနဲ့
တည့်တည့်ပြော။
ရွဲ.မထိုင်နဲ.
တည့်တည့်ထိုင်၊
ကိုယ်နဲ.ကိုယ်
တည့်ပါစေ။
***********************
အတုပဲ
ခိုးလို. ရမယ်။
အစစ်ဆိုတာ
ကျင့်မှ။
အမှန်ကို သိသလောက် ကျင့်၊
အစစ်ဖြစ်တယ်။
***********************
လေးစားကြလို.
အတူတူ ပေါင်းသင်း အလုပ်လုပ်နေတာပေါ့။
အရည်အတွက်ကို လေးစားတာလား၊
အရည်အချင်းကို လေးစားတာလား။
မတူညီကြတဲ့အထဲမှာ
တူညီတဲ့ သဘောတွေကို
မြင်အောင်
ကြည့်တတ်ပါစေ။
***********************
အပူမီးကြောင့်
ပေါ်ထွက်လာတဲံ့ အလင်းရောင်ကို
အားကိုးလို. ရနိုင်သလို
ပြဿနာကြောင့်
ရရှိလာတဲ့
အသိညာဏ်ကိုလည်း အားကိုးနိုင်တယ်။
***********************
ဖြစ်ချင်ရုံ သက်သက်နဲ.
ဘာမျှ မဖြစ်လာဘူး။
ဖြစ်အောင်
လုပ်တတ်
လုပ်နိုင်
လုပ်နေ ရတယ်။
***********************
ပညာရှိရင်
စိတ်ရှင်းနေတယ်။
သမာဓိရှိရင်
စိတ်ကြည်နေတယ်.
သတိရှိရင်
စိတ်အေးနေတယ်။
***********************
--
Theingi Nwai
tg.nwai@gmail.com
Comments