ဒီနေ့မှာကျမ အသက် လေးဆယ့်နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။လူ့လောကကြီးထဲမှာ နေထိုင်လာခဲ့တဲ့ ဒီကာလတွေမှာ ဆန့်ကျင်ဘက်အရာတွေနဲ့ ဒွန်တွဲပြီး ကျော်ဖြတ် ကုန်ဆုံးခဲ့ပေမယ့်....ကျေးဇူးတင်ရမယ့် အရာတွေက အများကြီးပါပဲလေ..ဦးစွာ... ကျမရဲ့ ဖြစ်တည်မှုအတွက်... ကျွေးမွေးသုတ်သင် ပြုစုစောင့်ရှောက်ခဲ့ပြီး သားသမီးလိုအင်မှန်သမျှ ဟင့်အင်း လို့ မပြောခဲ့ပဲ အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို အနှိုင်းမဲ့ ကျေးဇူးတင်ပါတယ်။ပြီး.... မြန်မာပြည်မှာ လူဖြစ်လာခဲ့ရတဲ့ အတွက် ( ဘယ်လောက်ပဲ ပင်ပန်း ခက်ခဲနေပါစေလေ...)... ကျမရဲ့ အမိမြေ... ဒီမြေ.. ဒီရေ. ဒီလေ တွေကို ကျမ အမြဲ ချစ်ခင် ကျေးဇူးတင်လျှက်ပါပဲ...လူသားအဖြစ် ရရှိခဲ့တဲ့ အဖြစ်မှာမှ မြန်မာပြည်မှာ၊ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ မွေးဖွားကြီးပြင်းလာခဲ့ပြီး အနှစ်သာရကို ရိပ်မိရုံ မြည်းစမ်းခွင့် ကြုံခဲ့ရတဲ့ အတွက်.. လောကီ လောကုတ္တရာ ဆိုင်ရာ ဆရာသမားများနဲ့ မိတ်ကောင်းဆွေကောင်းတွေကို ကျေးဇူးတင်ပါတယ်...။အကျိုးအကြောင်း အဆိုးအကောင်းတွေကို ခွဲခြားသွန်သင် ဆုံးမပဲ့ပြင်ပေးခဲ့တဲ့၊ အမှား အမှန်၊ဓမ္မ နဲ့ အဓမ္မ၊ တရားမျှတခြင်းနဲ့ ရဲရင့်တည်ကြည်ခြင်းဆိုတာတွေကို ငယ်စဉ်က စခုချိန်အထိ လက်တွေ့ စာတွေ့ သိမြင် အားကျခဲ့ရတဲ့ (ကြီးငယ်မဟူ) သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကိုလည်း မမေ့မလျော့ ကျေးဇူးတင်လျှက်ပါ...ငယ်ငယ်ကတည်းက တနေရာ တနေရာ ကြာကြာ နေရတယ် မရှိပဲ ပြောင်းရွှေ့နေရလေတော့... တွေ့ကြုံဆုံကွဲ လောကဓံ အသေးစားလေးတွေကို ခပ်စောစောထဲက ခဏခဏ ကြုံခဲ့ရပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ကျမချစ်တဲ့ ကျမကို ချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တဒင်္ဂလေးပဲဖြစ်ဖြစ် ဆုံတွေ့ခွင့်ရခဲ့တာတွေအတွက် ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။အွန်လိုင်းပေါ်ရောက်လာပြန်တော့လည်း.. ဘလော့ဂ်လောကထဲမှာ လူချင်းမသိပေမယ့် ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ မိတ်ဆွေ မောင်နှမတွေ ... သူတို့လေးတွေကြောင့် စိတ်ချမ်းမြေ့ပျော်ရွှင်စရာ အချိန်တွေပိုင်ဆိုင်ခဲ့ရတာတွေကြောင့်လည်း ကျမရဲ့ မိတ်ဆွေ မောင်နှမ တွေကို ကျေးဇူးတင်ပါတယ်...နောက်ဆုံးအနေနဲ့ ပိုမိုပြည့်စုံတဲ့ ဘဝအဓိပ္ပာယ်ကို ဖန်တီးပေးခဲ့တဲ့၊ နွေးထွေးသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့....ကျမအပေါ် အမြဲနားလည်ခွင့်လွှတ် သည်းခံပေးခဲ့တဲ့.... (ဟဲဟဲ) ကျမရဲ့ ဘဝခရီးဖော် ချစ်ခင်ပွန်းကို ကျေးဇူးအထူးတင်ရှိကြောင်းပါ။
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments
""ပျော်ရွှင်တဲ့မွေးနေ့လေးတွေ မရေမတွက်အောင်ပိုင်ဆိုင်နိုင်ပါစေ""
Happy Birthday ပါအေ..
သောင်ပြင်လွှတ်တဲ့ ဘ၀ရောက်နေစဉ် နေစရာပေး၊ စားစရာကျွေး၍ ဆေးလိပ်ပါတိုက်သည့် ကျေးဇူးရှင်ကြီး မမသိင်္ဂီကို ကျေးဇူးတင်ပါတယ်ရှင့်
လေးဆယ့်နှစ်မွေးနေ့မှာပျော်ပါစေ ရည်ရွယ်ရင်း,
မှ/
သင့် ကျောင်းတုန်းက သူငယ်ချင်း
ဘလော့ဂါ သူငယ်ချင်း
သူငယ်ချင်းမှသည် သူကြီးချင်းသို့
အမရဲ့ရင့်ကျက်မှုတွေကို သယ်ဆောင်သွားပီး အတုယူနိုင်အောင်ကြိုးစားမှပါပဲ..။
မွေးနေ့မှာပျော်ရွှင်ပါစေ..
Happy Birthday to you!!!
မွေးနေ့မှစ သက်တမ်းစေ့ ဒီမိသားစုနဲ့ မခွဲမခွါနေထိုင်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ ဖြောင့်ဖြူးသာယာတဲ့ ဘဝခရီးကိုလျှောက်လှမ်းနိုင်ပါစေ။
ဒါဆို.. ကျမတို့ကို လည်း ကျေးဇူးတင်တယ်ပေါ့နော်..
မုန့်လာ စားအုံးမယ်..ဒါဆို...း)
း-)
စုချစ်