ဖေဖော်ဝါရီလ ၁၃-ရက်နေ့ဟာ ကျမတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို .... ကျမတို့ သူငယ်ချင်းရဲ့ မွေးနေ့လည်း ဖြစ်နေပါသေးတယ်။
သူက ပေါ့ပါးတယ်... သွက်လက်တယ်..
ပြီး ပွင့်လင်းတယ်..။ ချစ်စရာကောင်းတယ်။
သဘောထားပြည့်ဝပြီး သူ့ကို ချစ်တဲ့ ခင်ပွန်းသည်လည်း ရှိတယ်...။
သူ့ကိုချစ်တဲ့ မေမေ...အကို၊ အမနဲ့ မောင်လေးတွေလည်း ရှိတယ်....။
လွတ်လပ်သော ပေါ့ပါးသော စိတ်သွားတိုင်း ကိုယ်ပါ ကျန်းမာပျော်ရွှင်စွာဖြင့် လိုရာဆန္ဒများနဲ့ တလုံးတ၀တည်း ပြည့်စုံစေဖို့......
ချစ်တဲ့ သူငယ်ချင်းများဖြစ်ကြတဲ့ KKN & TG တို့မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments