Skip to main content
ဒီနေ.ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ပါ။ ဘာရည်ရွယ်ချက်နဲ. ဖော်ပြတယ်ဆိုတာကတော့ ရှင်းမယ်ထင်ပါတယ်။ မြန်မာဆိုင်ဘာလောကမှာလည်း အလားတူ သတင်းမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။ သတိထားကြစေချင်ပါတယ်ရှင်။ ဥပဒေကို ချိုးဖောက်တဲ့ ညစ်ညမ်းခြင်း၊ လှုံ.ဆော်ခြင်း သို.မဟုတ် မငြိမ်မသက် ဖြစ်စေခြင်း စသည့် နိုင်ငံရေးကို ထိခိုက်မှု အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းမျိုး ထုတ်လွှင့်ချက်မျိုးတွေ မထုတ်လွှင့်ဖို. သက်ဆိုင်ရာက ကြေငြာချက်ထုတ်လာလိမ့်မယ်ထင်ပါတယ်။

တရားမ၀င် ထုတ်လွှင့်မှုဖြင့် ၀က်ဘ်ဆိုက် ၆၂ ခုကို တရုတ်၌ ပြစ်ဒဏ်ချမှတ်မည်

ပေကျင်း မတ် ၂၄

တရုတ်နိုင်ငံမှ ၀က်ဘ်ဆိုက်တချို.သည် ခွင့်ပြုမှု မရှိဘဲ ထုတ်လွှင့်နေခြင်း သို.မဟုတ် တားမြစ်ထားသော အသံနှင့် ဗီဒီယို အစီအစဉ်များကို အွန်လိုင်းမှ ထုတ်လွှင့်ပြသခြင်းတို.အတွက် ၀က်ဘ်ဆိုက် ၆၂ ခုကို ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာသည်။

အဆိုပါ ၀က်ဘ်ဆိုက်များသည် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ကို တွေ.ရှိရကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နှစ်လတာကာလအတွင်း စည်းကမ်းချိုးဖောက်ခဲ့သည့် ၀က်ဘ်ဆိုက်ပေါင်း ၆၂ ခုရှိကြောင်း နိုင်ငံပိုင် ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်သံ စီမံခန်.ခွဲရေးဋ္ဌာန (အက်စ်အေအာရ်အက်ဖ်တီ) က မတ် ၂၀ ရက်တွင် ပြောကြားသည်။

အဆိုပါ ၀က်ဘ်ဆိုက်များ၌ ထုတ်လွှင့်ချက်သည် ညစ်ညမ်းခြင်း၊ လှုံ.ဆော်ခြင်း သို.မဟုတ် မငြိမ်မသက်ဖြစ်စေခြင်း စသည့် နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်မှု အန္တရာယ် ဖြစ်နိုင်သဖြင့် အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း၊ တရားမ၀င် ထုတ်လွှင့်ခဲ့သည့် ၀က်ဘ်ဆိုက်တွင် ပေါ်ပြူလာ ဒဗလျူဒဗလျူဒဗလျူ ဒေါ့ အမ်အိုပီဗွီအိုဒီဒေါ့ကွန်း အပါအ၀င် ၀က်ဘ်ဆိုက် ၂၅ ခုကို တွေ.ရှိခဲ့သည်။ ၄င်းတို.သည် အသံနှင့် ဗီဒီယိုလုပ်ငန်းများမှ အကူအညီကို ရယူပြီး တရားမ၀င် ၀က်ဘ်ဆိုက် လွှင့်တင်ခဲ့သည်။

သတိပေးခံခဲ့ရ

အခြားသော ၀က်ဘ်ဆိုက် ၃၂ ခုသည်လည်း ဥပဒေ ချိုးဖောက်သည့် အစီအစဉ်မျိုး မငြိမ်မသက်ဖြစ်စေရန် လှုံ.ဆော်မှုမျိုး ထုတ်လွှင့်မှုကြောင့် သတိပေးခံခဲ့ရသည်။ ထိုအထဲတွင် လူသိများသော ၀က်ဘ်ဆိုက် အချို.လည်း ပါဝင်သည်။ အမ်အင်အေ၊ ဆင်ဟွာ

၁၃၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ဓဟူးနေ. (၂၆-၃-၂၀၀၈) ကြေးမုံ သတင်းစာမှ

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။