Skip to main content

Create your Avatar with Face Your Manga!

ပြီးခဲ့တဲ့ တနင်္ဂနွေက ကျမ သွားရင်းလာရင်းနဲ့ လင့်ခ်လေး တစ်ခုတွေ့တာနဲ့ ၀င်ကလိကြည့်ဖြစ်ပါတယ်။ တကယ်တမ်းက သမီးငယ် ကစားနေကျ dress-up game လိုပါပဲ.. အခုဟာကတောင်မှ လုပ်နိုင်တာတွေ နည်းနေပါသေးတယ်..
 
ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ အနည်းစပ်ဆုံးတူမယ် ထင်တဲ့ မျက်နှာပေါက်ကို ရွေးပြီး .. ဟိုရွေး သည်ထည့်နဲ့ ကိုယ့်စိတ်ကြိုက်တွေ ထည့်ပြီးတော့ ... ( တကယ်တမ်းကျတော့ ကိုယ်နဲ့ တူတာထက် လှမယ်ထင်တာလေး ရွေးတာပေါ့..ငှဲငှဲ..) အပြီးသတ်မှာ မျက်မှန်လေး တပ်လိုက်ဦးမယ်.. ရွေးစရာကလည်း သိပ်မရှိတော့လေတော့ သူပေးတဲ့ အထဲကပဲ ရှိတာတပ်လိုက်တော့တယ်.. အပြီးသတ်ထွက်လာတဲ့ပုံက..  မေ၀င်းမောင် ငယ်ငယ်တုန်းက ပုံလိုလို.. ဘာလိုလိုနဲ့ဆိုတော့ သဘောတွေကျလို့ gtalk မှာ တင်ထားလိုက်ရော.. 

 
ခဏနေတော့ သမီးငယ်နဲ့ သားငယ်က တက်လာ ကြည့်.. သားငယ်ကတော့ အမေလုပ်သမျှ အကုန် မြှောက်နေတဲ့ သားဆိုတော့.. ဟာ.. မေမေ့ပုံ က သိပ်မိုက်တာပဲ.. သမီးကတော့ အမေ့ကို ကြည့်လိုက်.. ပုံကို ကြည့်လိုက် .. ဟင်.. မေမေနဲ့ တူလည်း တူဘူး. အပြင်က မေမေက ပုံထဲကလို လှ မှ မလှတာ...တဲ့.... အေး. မလှရင်လည်း လာမကြည့်နဲ့ ..သွား.. ဆိုပြီး ရန်ဖြစ်လွှတ်လိုက်တယ်..

ကိုယ့်အလှည့်ပြီးတော့... သူ့အလှည့်ပေါ့... မျက်နှာကျပုံကလည်း သူ ငယ်ငယ်ကနဲ့ တော်တော် တူပါတယ်..။ ပါးစပ်ပုံစံကတော့ ခပ်ကြီးကြီး.. ပြုံးမနေပဲ ခပ်မဲ့မဲ့ ဖြစ်နေတဲ့ နှုတ်ခမ်းပဲ  ရှိတာနဲ့ နီးစပ်တာပဲ ကောက်တပ်ပေးလိုက်ပေါ့. move down လုပ်လို့ ရတာ မသိလိုက်လို့ နဲနဲတော့ အပေါ်ရောက်သွားရတယ်.... ဆံပင်ပုံစံက ခေတ်လူငယ်ပုံစံတွေပဲ ရှိပါတယ်။ ဒါလည်း နိုး ပလုံပလုံပါပဲ.... ဦးထုပ်ဆောင်းပေးလိုက်မယ်.. နေဦး.. ငယ်ငယ်က ဆေးလိပ်သိပ်သောက်တာ ဆိုတော့ ဆေးလိပ်လက်ကြား ညှပ်ပေးလိုက်ရင် သဘောကျမယ်... အခုချိန်မှာ အာသာပြေ သောက်လို့ရတာပေါ့.. အခုတလော ကွန်ပျူတာ ကြည့်ရင် မျက်မှန်တပ်နေရပြီ ဖြစ်တဲ့.. သူ့အတွက်တော့ ကိုယ့်လို နေကာမျက်မှန်မတပ်ပေးတော့ပါဘူး..  အသားလည်း  နဲနဲ မည်းသွားတယ် (အရောင်ပြောင်းဖို့ မေ့သွားလို့) .. နေပြည်တော်က ပြန်လာခါစ မို့ သဘောထားလိုက်ပေါ့...။

ပြီး သူ့ကို ပြလိုက်တော့ .. ရီတယ်.. အင်း.. ခင်ဗျားကတော့ အဲဒီလိုတွေ လုပ်နေရရင် ပျော်တာပဲ မဟုတ်လားတဲ့...

ဟုတ်ပါတယ်လေ.. တခါတခါတော့လည်း ကိုယ် စိတ်ပေါ့ပါး လန်းဆန်း သွားမယ့် အရာလေးတွေ... ဘာရယ်တော့ မဟုတ်ပါဘူး... လုပ်နေချင်သေးတာပဲလေ...။

ကျမလိုပဲ ကိုယ့်ပုံလှလှလေးတွေ လုပ်ချင်ရင်တော့.. ဒီကို နှိပ်ပြီး သွားနိုင်ပါတယ်.

Comments

လင့်လေး ပေးထားတာ ကျေးဇူးနော်။ ခုပဲ ကိုယ့်ပုံကို ကိုယ်သွားဆွဲလိုက်တယ်။ မေဝင်းမောင် အကယ်ဒမီ ရတဲ့ ကြည်ပြာ ရုပ်ရှင်ကိုတောင် လွမ်းလာတယ်။
Sonata Cantata said…
အစ်မကြီး က မေ၀င်းမောင်လိုပဲ ချောလား။ အစ်ကိုကြီး ကလည်း ခန့်ပါတယ်ဗျ။ တစ်ခါမှ မမြင်ဖူးတော့ စိတ်မှန်းနဲ့ ပဲ ချောလိုက် ခန့်လိုက်ပါတယ်.. အဟတ်
(comment ကို ဟိုတစ်ယောက် သွားမပြနဲ့ဦး
ခင်ဗျားတို့ကတော့ အဲဒီလိုတွေ လုပ်နေရရင် ပျော်တာပဲ မဟုတ်လား လို့ပြောလိမ့်ဦးမယ်.. မှန်နေတော့လည်း အဟဲ )
ThuHninSee said…
အပြင်မှာ အဲလိုပဲကုတ်အကျီင်္ကြီးနဲ့ နေကာမျက်မှန်တပ်လားဟင်။
ပုံထဲမှာတော့ ဟောင်ကောင်ဂျက်မနဲ့တူနေတယ်။ :P
khin oo may said…
ဘာလို့များကိုယ်တီု့ဟာ လူကြီး မဖြစ်လာကြသေးပါလိမ့်။
tg.nwai said…
မချို ဘယ်သူနဲ. တူအောင် ဆွဲလိုက်တာလဲ.. ဟဲဟဲ
သီတာရေ.. ကိုယ့်ချင်းကိုယ်ချင်းတွေ.. သိရင် .. ရှူး.. တို.တွေလည်း နက်ထဲမှာပဲ သောင်းကျန်းရတာလေ..
အပြင်မှာတော့ ကုတ် မ၀တ်ပါဘူး အမွန်ရယ်.. အိုက်လွန်းလို့..နေကာမျက်မှန်မတပ်ရင် နေပူထဲ မထွက်နိုင်လို့ တပ်ရတာ.. ဟောင်ကောင်ဂျက်မလည်း ကောင်းတာပဲ.. ဟဲဟဲ

မမ ခင်ဦးမေရေ.. လူကြီးက ဖြစ်နေပါပြီ.. အပြင်မှာပေါ့..ဒါပေမယ့် နုလုံးသားကတော့ နုပျိုနေတုန်းပါပဲ.. ဟဲဟဲ.. လောကကြီးထဲ ကိုယ်လည်းပျော် သူများတွေလည်း ပျော်ရင် လူကြီးလူငယ်ရယ် မဟုတ်ပါဘူး.. လူဖြစ်ရတာ ကျေနပ်ပါတယ်...