Skip to main content

Posts

ကိုကြီးကျောက်သို့ နောက်ဆုံး နှုတ်ဆက်ခြင်း။

ကိုကြီးကျောက်ကို စတင် သိကျွမ်းခဲ့တာ ကိုအောင်သာငယ် ရဲ့ ဘလော့ဂ်မိတ်ဆက်ကြောင့်ပါ... ဘလော့ဂ်တွေလိုက်ဖတ်နေရင်း ဘလော့ဂ်ရေးဖြစ်သွားတဲ့ အစ်ကိုကြီးတယောက်။ ရွှေရတုမှတ်တမ်းမှာ စာတွေ သွားသွားဖတ်ရင်း ရယ်လိုက် နောက်လိုက် ကွန်မန့်တွေ ပေးခဲ့ရင်းနဲ့ ကေ တို့ ခေါ်သလို ကိုကြီးကျောက်လို့ လိုက်ခေါ်ရင်း ရင်းနှီးလာခဲ့ကြတာလေ။ ကိုကြီးကျောက်ရဲ့ အတွေ့အကြုံအစုံအလင်တွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ရေးထားတာတွေ ဖတ်ရတာကလည်း ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ ငေးမောနားထောင်နေရသလိုလို ...  သရဲအကြောင်းတွေလည်း မျိုးစုံလို့ပေါ့။ နောက်ပိုင်း ကျမလည်း ဘလော့ဂ်တွေ အရေးကျဲ....စာတွေ သွားဖတ်ပေမယ့် ကွန်မန့်က ရေးလို့ မရတာ ခပ်များများ... ဒါပေမယ့် ဖေ့စ်ဘွတ်ခ်မှာ ဘလော့ဂ်က မိတ်ဆွေတွေနဲ့ ဆက်တွေ့နေသေးတော့ သတင်းတွေက မပြတ်။ ကိုကြီးကျောက် နေမကောင်းဘူးဆိုတာ ကြားလိုက်ရတော့ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်မိခဲ့တယ်... အကုန်လုံးသွားရမယ့် လမ်း...ကိုယ်တိုင်လည်း သွားရမယ့် လမ်းပေမယ့်....။  ဂျီတော့ခ်မှာ တခါ တခါ မက်ဆေ့ချ်နဲ့ သတင်းလေး မေးရင်း နှုတ်ဆက်ရင်း သက်သာစေကြောင်း ဆုတောင်းပေးရုံ... အတူတူရှိနေကြကြောင်း အသိပေးရုံကလွဲလို့.....။ ကိုကြီးကျောက်ကလ...

ပြန်မပြောချင်တဲ့ အချစ်အကြောင်း...

  ဒီဘဝမှာ အချစ်ဆိုတာ ဘာလဲလို့ သိရှိခံစားခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် မောင်.....။ လူတယောက်ကို ချစ်ဖို့ဆိုတာ ကိုယ့်အတ္တ မာနတွေ ယုံကြည်ချက်တွေနဲ့ပါ လဲလှယ်ရအောင် ထိုက်တန်လို့လားလို့ မမေးပါနဲ့ မောင်ရယ်... သူများတွေအတွက် တလောကလုံးဟာ လှပဆန်းကြယ် လင်းလက်တောက်ပတဲ့ အချိန်မှာ အချစ်ကို စ တွေ့တတ်ကြတာလို့ ကြားဖူးပေမယ့်.... အဲဒီနေ့က မိုးမရွာသလို တိမ်ပြာ နေသာတယ်လို့ မှတ်မိချင်စရာကောင်းနေတဲ့ နေ့တနေ့မဟုတ်ခဲ့ပါဘူး....   ကျူရှင်မှာ ဆရာမလာခင် သူငယ်ချင်းတွေ စကားပြောကြရင်း ဘာမဆိုင် ညာမဆိုင်နဲ့ အသေးအဖွဲ အကြောင်းအရာတခုကြောင့် ကျမ စိတ်ကောက်သွားခဲ့မိတယ်.... ထူးဆန်းတာက သူနဲ့ ကျမက စိတ်ကောက်ရလောက်အောင် ရင်းရင်းနှီးနှီး အကျွမ်းအဝင်ရှိတဲ့ သူငယ်ချင်းတွေ မဟုတ်ခဲ့တာ.... ပိုပြီး ထူးဆန်းတာက သူငယ်ချင်းတွေ အများကြီးကြားမှာ ဖြစ်သွားခဲ့ပေမယ့် သူနဲ့ ကျမနဲ့ နှစ်ယောက်ထဲပဲ သိလိုက်ကြတာ။ အဆောင်ပြန်ရောက်လို့ အခန်းထဲမှာ တယောက်တည်း ကိုယ့်ဘာသာကိုယ်တောင် ဘာဖြစ်သွားပါလိမ့်လို့ မင်သက်အံ့သြရင်း နားမလည်နိုင်ဖြစ်နေခဲ့တဲ့ ကျမကို သူက အဆောင်ထိ တယောက်တည်း လာပြီး တောင်းပန်တာကလည်း တော်တော် ရယ်စရာကောင်းတဲ့ တလွဲတချော်အဖြစ်ပါ...... ဒါပေမယ့်...

သတိရလို့ ရေးဖြစ်သွားတဲ့ စာ။

ဘလော့ဂ်မှာ စာမရေးဖြစ်တာ... စာတွေ မတင်ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီပဲ...။ အသစ်မရေးနိုင်တဲ့ ကိုယ့် ဘလော့ဂ်လေးကို သွားသွားကြည့်ရတာလည်း အားနာလှတယ်...။ ရေးမယ် ရေးမယ်လို့ အားခဲပြီး မရေးဖြစ်ခဲ့တာတွေကြောင့် ဒီနေရာလေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားတောင် စဉ်းစားမိရဲ့။ ဒါပေမယ့် သံယောဇဉ်ကြီးတတ်တဲ့ ကျမအတွက်တော့ ဒီကိစ္စက အဲဒီလောက် ဘယ်လွယ်လိမ့်မလဲလေ...။ သူများတွေလို  အဆင့်အြမင့် အဖိုးတန်စာတွေ ဟုတ်မနေပေမယ့် သားသမီးတိုင်းဟာ မိဘတွေအတွက်တော့ ရတနာချည်းပါပဲ။ အဲဒါအပြင် မိတ်ဆွေတချို့ရဲ့ ပိတ်ထားတဲ့ တံခါး၀ ကနေ လှည့် လှည့်ပြန်လာရတဲ့ ခံစားမှုကြောင့်လည်း ကိုယ့်တံခါးလေးကို အမြဲဖွင့်ထားချင်ခဲ့တာပါ...။ စာတွေ သိပ်ရေးချင်ခဲ့တဲ့ အချိန်တချိန်ရှိခဲ့ပါတယ်... ၂၀၁၀ နိုဝင်ဘာလအတွင်းမှာ ကျမအတွက်တော့ အမှတ်တရ ရေးချင်စရာတွေ သိပ်များခဲ့တယ်လေ... မြန်မာပြည်အတွက် အပြောင်းအလဲတွေ များခဲ့တဲ့ လ ဆိုလည်း မမှားသလို ကျမအတွက်လည်း ဆယ်စုနှစ်အတွင်း သူငယ်ချင်းတွေနဲ့ အများဆုံးတွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေပေါ့။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံခဲ့ရသလို မိတ်ဆွေ အသစ်တွေလည်း အများကြီးတိုးခဲ့ပါတယ်။ ဘလော့ဂ်တွေကနေ စခဲ့တဲ့ ခင်မင်မှုတွေကနေ အပြင်မှာပါ စာရေးဆရာမ...

ဒီမိုကရေစီ ( တင်တင့် ရဲ့ ပြဇာတ်)

ပြဇာတ် အစအဆုံးကို တပေါင်းတည်းဖြစ်အောင် ပီဒီအက်ဖ်နဲ့ တင်ထားပါတယ်။ စာမရိုက်ဖြစ်တာရယ်၊ စက်မအားတာရယ်၊ ပီဒီအက်ဖ်ပြောင်းပြီး scribd ပေါ် တင်တာမှာ အဆင်မပြေဖြစ်နေတာနဲ့ နောက်ကျသွားတာကို လာအားပေးတဲ့ မိတ်ဆွေများကို အားနာကြောင်းပါ။း) မြတ်နိုးရေ...ဆောရီးပါနော်။ ဒီမိုကရေစီ (တင်တင့်၏ ပြဇာတ်)

(တင်တင့် ၏ ပြဇာတ်) ဒီမိုကရေစီ

၁၉၃၅ ခုနှစ်၊ ဇန်န၀ါရီလ ကြီးပွားရေးမဂ္ဂဇင်းမှာ  “တင်တင့် ” ကလောင်အမည်နဲ့ ရေးသားခဲ့တဲ့ သိပ္ပံမောင်ဝရဲ့  ပြဇာတ်တပုဒ်ပါ။  အဲဒီခေတ်ရဲ့ အခြေအနေကို သိမြင်ခွင့်ရစေနိုင်တာအပြင်  လက်ရှိ  အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း သဘောကျစရာပဲဖြစ်နေလို့  ကျမရဲ့ မှတ်စုစာအုပ်လေးထဲမှာ ထည့်သွင်းဖော်ပြပါရစေ...။   ဒီမိုကရေစီ အခန်း ၁ (  နုံချာသော အိမ်ကလေး တအိမ်တွင် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ  ဆေးပြင်းလိပ် တလိပ်ကို ဖွာလျက်နေသော သူမှာ အသက်လေးဆယ်ခန့်  ရှိလေသည်။ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် တစ်ခုခုကို စဉ်းစားနေစေ။ အချိန်ကား ညနေ ၅ နာရီခန့်၊ အခြား အသက်လေးဆယ်ခန့်ရှိ လူ ခပ်နုံနုံ တစ်ယောက် ၀င်လာစေ။  ) ဦးဘိုးမောင် ။   ။ အောင်မယ် တယ်စဉ်းစားချက် ကောင်းပါကလား၊ ဘာများ  စဉ်းစားနေသလဲဗျာ ကိုသာအောင်။ ဦးသာအောင် ။   ။ သြော် ကိုဘိုးမောင်လား၊ ၀င်ပါ ၀င်ပါ၊  လာဗျာ ၊ ဒီနားမှာ  ထိုင်ပါ၊   (  အနားရှိ ကုလားထိုင်  အလွတ်တစ်ခုကို  ထိုးပေးစေ၊) မောင် ။    ။  အင်း.. ဘာများ စဉ်းစားခန်း ထုတ်နေသလဲ၊ ထမင်းစားပြီြး...

နိုဝင်ဘာ-၇-ရက်။

ဒီနေ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မန္တလေးအက်ဖ်အမ် နားထောင်နေရင်း သတင်းမှာ ကြားလိုက်ရပါတယ်။ နိုဝင်ဘာလ ၇-ရက်နေ့၊ တနင်္ဂနွေနေ့..တဲ့။ အဲ..၂၀၁၀ ထဲမှာပေါ့။ သူများတွေတော့ မသိပါဘူး...။ ကျမကတော့ နိုင်ငံရေးဆိုတာနဲ့တော်တော်ဝေးပါတယ်။ ဘယ်အချိန် မီးလာမလဲ၊ ဘယ်အချိန် ရေတင်ရင် ကောင်းမလဲ၊ ကိုယ့်အရေးနဲ့ ကိုယ် လုံးလည်ချာရင်း တိုင်းပြည်မှာ ဘာတွေဖြစ်လို့ ဖြစ်နေတယ်ဆိုတာကို စိတ်မဝင်စားဖြစ်ပါဘူး။ အဲ... ကြိုးတန်းလျှောက်နေတဲ့ ခရုငယ်လို ပြုတ်ကျလိုက် ပြန်လျှောက်လိုက်နဲ့ သွားနေတဲ့ အင်တာနက်ကွန်နက်ရှင်ကို စိတ်ရှည်လက်ရှည် ရံဖန်ရံခါ သုံးမိနေလို့သာ...ကြားလိုက်ရတယ် ဆိုရုံလောက်ပါပဲ...။ သေသေချာချာတော့ လာမရှင်းပြပါနဲ့လေ... ဖြစ်စေချင်တာကတော့ ကျမတို့ တိုင်းပြည်လေး အေးချမ်းသာယာဖို့နဲ့ လူတွေဒီထက် ပိုပြီး ပင်ပန်းဆင်းရဲခြင်းတွေကနေ နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်တာပါပဲ။ လူဆိုတာ ခက်သားကလားနော်... တခုခုဆို အတိတ်ကိုပဲ ပြန်သတိရတတ်ကြတာလေ... အခုလည်းကြည့်.... ပါတီတွေ အသံကြားတော့ ဘာမှမဖြစ်သလိုနဲ့ ...ဟော.. ရွေးကောက်ပွဲလည်း ဆိုရော.... တကယ်ပါ။ တသက်မှာ တခါပဲ မဲပေးဖူးခဲ့တာကိုး။ အဲဒီတခါကလည်း တကယ့်ကို မှတ်မှတ်ရရ နဲ့ မျှော်လင့်ချက်တွေ မျာ...

အသွင်တူ၏၊ မတူ၏ (Tag)

(သူငယ်ချင်း သက်ဝေက ချစ်လို့ တက်ဂ်တဲ့ ပို့စ်ကို ချစ်သောအားဖြင့် ရေးပါသည်။ အမှတ်တရ တက်ဂ်လို့ ကျေးဇူးပါ..သူငယ်ချင်းရေ.) အသွင်တူ၏ မတူ၏ တဲ့။ အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ စကားကို နားလည်တာကတော့ လိုက်ဘက်ညီတဲ့ အိမ်ထောင်ဘက်တွေကို ပြောချင်တယ်လို့ ထင်တာပါပဲ။ ဆိုပါတော့....တယောက်က ဂီတာတီးရင် တယောက်က သီချင်းဆို...(ချိုသင်းတို့လို)၊ တယောက်က ဘလော့ဂ်ရေးရင် နောက်တယောက်က အားလည်းပေး ၊ ကိုယ်တိုင်လည်းရေး...( ဒါက ကိုဧရာ+မသီတာ စုံတွဲ)၊ နောက် အစ်မမေငြိမ်းတို့လို တယောက်က စားပင် ပန်းပင်တွေစိုက်.. တယောက်က အဲဒါတွေနဲ့ ပန်းအိုးထိုးအလှဆင်.... အဲ... သူငယ်ချင်း သက်ဝေကရော... တယောက်က အနုပညာစွမ်းအားအပြည့်နဲ့ ဖန်တီးလက်စွမ်းပြတဲ့ အခါ တယောက်က မော်ဒယ်လုပ်ပေး..... (ဒါက သက်ဝေပို့စ်ထဲမှာ မပါဘူး..)နောက်ပြီး နံပါတ်နဲ့ ဂဏန်းတွေကို မမှတ်မိတတ်တဲ့ သူနဲ့ နောက်တယောက်က အကုန်လုံးမှတ်မိနေတတ်တဲ့ မခင်မင်းဇော်တို့ စုံတွဲ... ကဲ..ဘယ်လောက်တောင် လိုက်ဖက်ညီတဲ့ စုံတွဲတွေပါလိမ့်နော်....။ နေဦး.... သူများရေးထားတဲ့ ပို့စ်တွေ ဖတ်ပြီး အားကျနေရုံနဲ့ မပြီးသေးဘူးလေ..ကိုယ်ပေါင် ကိုယ်လှန်ထောင်း.. အဲ.. ကိုယ့်အကြောင်း ကိုယ်ရေးရမှာတဲ့...။ စပြောရရင်တော့ ချစ်သူသာဖြစ...