Skip to main content

Posts

၆၆ နှစ်မြောက် အာဇာနည်နေ့.....

၆၆ နှစ်မြောက် အာဇာနည်နေ့....   ဒီနေ့ ဒီ blog လေး လုပ်ဖြစ်ခဲ့တာ ခြောက်နှစ်တောင် ရှိသွားခဲ့ပြီ။ ဘာမှတော့ ဖြစ်ဖြစ်မြောက်မြောက် ရေးဖြစ် တင်ဖြစ်ခဲ့တာတွေတော့ မရှိခဲ့ပါဘူး...။  အာဇာနည်နေ့မှာ အမှတ်တရ လုပ်ဖြစ်ခဲ့တဲ့ ဘလော့ဂ်လေးမို့ အာဇာနည်နေ့ ရောက်တိုင်း သတိတရတော့ ရှိမိသား။  အထူးသဖြင့် ဒီဘလော့ဂ်လေး သတ်တမ်းတွင်းမှာ ပြောင်းလဲလာတဲ့ ဒီနှစ်ရဲ့ အာဇာနည်နေ့။ ပြောင်းလဲမှုအတုတွေကြားမှာ ပြောင်းလဲတယ်ဆိုတာ အင်္ကျီပြောင်းဝတ်ရုံပဲလား၊ အရေခွံတောင်မပြောင်းပဲ အရောင်ပြောင်းဆိုးလိုက်ရုံပဲလား။ ကျမတော့ လက်လှမ်းမမီလှပါဘူး။ အာရုံတွေများပြားတဲ့ ဒီခေတ်ကြီးထဲ တွေ့သမျှ မြင်သမျှ အာရုံတွေနောက် လိုက်ရင်း ဦးတည်ချက်တွေ ပျောက်ဆုံးကိုမှာကိုလည်း စိုးရိမ်မိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ အတူ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ အာဇာနည်တွေရဲ့ စိတ်နေသဘောထားတွေကို ကျမတို့ သားသမီးတွေဆီ လက်ဆင့်ကမ်း ပွင့်ပွင့်လင်းလင်း သိမြင်နိုင်တဲ့ တနေ့ရောက်လာတဲ့ အတွက် သူရဲကောင်း ဆိုတာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာပဲ ရှိတာဆိုတဲ့ အမြင်တွေ ပြောင်းလဲလာကြပါလိမ့်မယ်။ အာဇာနည်ဆိုတာကို မရှိတော့မှ ဂုဏ်ပြုလေးစား ချီးကျူးနေကြမယ့်အစား လက်ရှိ သက်ရှိ ခေါင်းဆော...

စာမေးပွဲ....တဲ့

အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား....  ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး  "ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။  အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ... " ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ"  " ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။  ဒါနဲ့ မျက်နှာငယ်လေးနဲ့  "ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.."  လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Rol...

ကိုယ့် ဘလော့ဂ်ပြန်ပေး.... Kunoichi.info

Blog မှာ ပို့စ်မတင်ဖြစ်တာ တစ်နှစ်တောင် ရှိသွားခဲ့ပြီ။ သူများတွေ ရေးတာ အားကျပေမယ့် ကိုယ့်မှာ ရေးစရာ အကြောင်းအရာတွေကို ပြီးဆုံးအောင် မရေးနိုင်လို့ မတင်ဖြစ် ခဲ့သလို၊ ရေးချင်နေတာတွေ ရှိနေပေမယ့် အချိန်မပေးနိုင်လို့ မတင်ဖြစ် ခဲ့တာတွေလည်း အကြိမ်ကြိမ်။ ဒီနေ့တော့ ဟိုတပတ် အင်္ဂါနေ့က ၁၅-နှစ်ပြည့်သွားတဲ့ သားကြီးကို သတိတရလည်း ရှိရင်း၊ စာမရေးဖြစ်တာကြာနေတဲ့ ဘလော့ဂ်ကိုလည်း လာကြည့်ရင်း မျက်စေ့လည်သွားခဲ့ရပါတယ်။ ဘယ်နှယ့်... ဘလော့ဂ်က ဘယ်ရောက်သွားပါလိမ့်။ kunoichi.info ဆိုတဲ့ site ကို ရောက်ရောက်သွားပါတယ်။ Refresh လုပ်တော့လည်းပဲ မရ...။ ငါ့ blog တော့ active မဖြစ်တာကြာလို့ ပိတ်ပစ်လိုက်တာလား။ ဖျက်ပစ်တဲ့ အထဲများ ပါသွားလေသလား။  register လုပ်ထားတဲ့ ဂျီမေးလ်တော့ သုံးနေတာပဲမို့ သူတို့အကြောင်းကြားရင်တော့ သိမှာပါ။ စဉ်းစားရင်းနဲ့ပဲ google လုပ်လိုက်ပါတယ်။ တခုခုဖြစ်ပြီး သိပ်ပြီး ကြောက်လန့် မနေတတ်တော့တာ google ကျေးဇူးပါပဲလေ။ ဘာ ပြဿနာ ပဲ ဖြစ်ဖြစ် google ထဲမှာ ရှာလိုက်ပြီးရင် "I'm not alone" လို့ ခပ်အေးအေးလေး နေတတ်သွားပြီပဲ။ ဟိုတခါတုန်းကလည်း အိမ်က လူရဲ့ ဖုန်းမှာ incoming call ကို block လုပ်လို့ ရ...