Skip to main content
မနေ.က စာရဲ.အဆက် အနေနဲ.ရော မြန်မာ့ပညာရေး လောကအတွက်ပါ တွေးတော ဆင်ခြင်စရာ ရနိုင်မယ့် နောက်ထပ် ဆောင်းပါး တစ်ပုဒ် ထပ်တင်လိုက်ပါတယ်။

မြန်မာစာပေအကြောင်း

နံပါတ် (၄၉)

(ကျောင်းသားကလေးများနှင့် ပတ်သက်၍)

မြန်မာပြည်တွင် ယခုအခါ ကျောင်းများ၌ မြန်မာစာသင်ကြားပြသနေပုံ အကြောင်းကို အနည်းငယ် ထုတ်ဖော်ရေးသားရပေမည်။ မြန်မာသဒ္ဒါအကြောင်းနှင့် ပတ်သက်၍ ယခင်ဆောင်းပါးတို.တွင် အကျယ်အားဖြင့် ရေးသားခဲ့ပေပြီ။ ဤဆောင်းပါးတွင်ကား စာစီကုံးခြင်းအကြောင်းနှင့် ပတ်သက်၍ ရေးသားရန် ဖြစ်ပေသည်။

ယခုခေတ်၌ ကျောင်းဆရာတို.သည် ကျောင်းသားများအား စာစီစာကုံး ရေးသားပုံ နည်းစနစ်တို.ကို မသင်ကြားသေးဘဲ တစ်စုံတစ်ရာသော အကြောင်းကို စာစီကုံးခိုင်းကြ၏။ ထိုစာစီကုံးခိုင်းသော အကြောင်းအရာ တို.မှာလည်း ကျောင်းသားကလေးများနှင့် သင့်လျော်သော အကြောင်းအရာတို. မဟုတ်ဘဲ ရဟန်းတော်များနှင့် မြန်မာစာပေကို ကောင်းစွာ လေ့လာဖူးသူတို.သာ ရေးသားနိုင်မည် ဖြစ်သော အကြောင်းအရာတို.သာ ဖြစ်ကြပေသည်။

တစ်ခါတစ်ရံ ၁၅ နှစ်မျှ မပြည့်ကြသေးသော ကျောင်းသားကလေးတို.အား နက်နဲ၍ ခြောက်သွေ.လှသော “ရိုသေခြင်း၏အကျိုး”၊ “ဖြစ်လျှင်ပျက်မြဲ ” အစရှိသော အကြောင်းအရာ တို.ကိုလည်း အရေးခိုင်းကြသေး၏။ ဤကဲ့သို. ခက်ခဲသော အကြောင်းတို.ကို ငယ်ရွယ်သူ ကျောင်းသားကလေးများ အဘယ်မှာလျှင် စိတ်ကူးထုတ်၍ ရေးသားနိုင်ပါအံ့နည်း။ ထိုအခါ မိမိတို.၏ စိတ်ကူးဉာဏ်တို.ကို အသုံးမပြု ကြတော့ဘဲ လူကြီးများထံမှ ကြားဖူးသော စကားတို.ကို တိုက်ရိုက် ရေးသားသူက ရေးသား စာအုပ်ထဲမှ တိုက်ရိုက် ကူးယူသူကလည်း ကူးယူနှင့် ပြုလုပ်ကြရရှာလေ၏။ ဤသို. အရွယ်နှင့် မလိုက် နက်နဲ ခက်ခဲသော အကြောင်းအရာတို.ကို အရေးခိုင်းသော သူတို.မှာ ကျောင်းသားများ၏ ပင်ကိုယ်ဉာဏ်၊ စိတ်ကူးဉာဏ်၊ ဆင်ခြင်တတ်သော ဉာဏ်တည်းဟူသော အညွန်.အဖူးကလေးတို.ကို ချိုးဖဲ့ လိုက်ကြသော သူတို.ပေတည်း။

ကျောင်းသားကလေးများ ရှာဖွေ၍ ရေးသားပြီးသောအခါတို.၌လည်း ဆရာလုပ်သူတို.က ဂရုစိုက်ကာ ပြင်ဆင်ခြင်း မရှိ၊ သတ်ပုံ အမှားအယွင်းတို.ကိုသာလျှင် အနည်းငယ် ပြင်ဆင်၍ ပြန်ပေးလိုက်လေ့ ရှိ၏။ စာစီစာကုံး ရေးသားရာတွင် မည်သို. ကောင်းအောင် စီကုံးရမည် ဟူသော နည်းစနစ်ကို လည်းကောင်း၊ မည်သို.သော အကြောင်းကိ စီကုံးလျှင် မည်သို. စိတ်ကူးထုတ်ရမည် ဟူသော အကြောင်းတို.ကို လည်းကောင်း၊ အနည်းငယ်မျှ ဖော်ပြသွန်သင်ခြင်း မရှိသောကြောင့် ကျောင်းသားအပေါင်းမှာ စာပေ အရေးအသား၌ မတိုးတက်ရုံမျှမက စိတ်ကူးဉာဏ် ထိုင်းမှိုင်း၍ပင် လာတတ်ကြလေသည်။ ဤကဲ့သို.သော ကျောင်းဆရာတို. လက်အောက်၌ မြန်မာစာ သင်ကြားကြရသော ကျောင်းသားတို.မှာ မည် သည့်နေရာတွင်မျှ အဟုတ်အဟတ် မတတ်သည်မှာ အထူးအံ့သြရန် မရှိတော့ပေ။

ဤသို. ဖြစ်သောကြောင့် ဆရာတို.အပေါ်မှာသာလျှင် အပြစ်လုံးလုံးတင်ရန် အကြောင်းမရှိပေ။ ဆရာ အပေါင်းမှာ ဆိုင်ရာဆိုင်ရာ အစိုးရ စာမေးပွဲတို.တွင် မေးမြန်းလေ့ရှိသော မေးမြန်းလေ့ရှိသော မေးခွန်းတို.နှင့် တိုက်ဆိုင်မည့် အကြောင်းအရာနှင့် ပတ်သက်၍သာလျှင် တင်ကြိုကာ သင်ကြားထားကြရသောကြောင့် အပြစ်ဆိုစရာ ရှိလျှင် စာမေးပွဲနည်းစနစ်နှင့် စာမေးပွဲကို ယခု အုပ်ချုပ်လျက် ရှိသော အဖွဲ.တို.ကိုသာ ကောင်းစွာ အပြစ်ဆိုရန် ရှိပေတော့သည်။ ခုနစ်တန်း၊ ဆယ်တန်း စာမေးပွဲတို.၌ ကျောင်းသားများနှင့် မသင့်သော မေးခွန်းများကို မကြာမကြာ မေးမြန်းတတ်ကြ၏။ တစ်ခါတစ်ခါ စိတ်နုနယ်သေးသော ကျောင်းသားကလေးတို.ကိုပင် တိုင်းရေးပြည်ရေးနှင့် ပတ်သက်သော မေးခွန်းတို.ကိုလည်း မေးတတ်ကြပေသေး၏။ သပိတ်မှောက်ကိစ္စမပေါ်မီက ယခုထက်ပင် ပိုမို၍ ဆိုးပေသေး၏။ ယခုအခါတွင် အတော်အသင့် ကောင်းမွန်လာပေပြီ။ ဤထက်ကောင်းအောင် ဆောင်ရွက်နိုင်ကြပါစေသတည်း။

ယခုခေတ်၌ ကျောင်းသားကလေးတို.သည် မြန်မာစာပေကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆလုပ်၍ မရ အလေးဂရုပြုကာ သင်ကြားလေ့လာကြရသည့်အကြောင်းကို ကြားရသူတိုင်း ၀မ်းမြောက်ကြပေလိမ့်မည်။ စာမေးပွဲစစ်သောသူတို.ကလည်း မေးခွန်း ထုတ်သောအခါ ရှေးကထက်မြှင့်၍ စစ်ဆေးကြသည်ကိုလည်း ကြားရ၏။ ဤသို. စစ်ဆေးခြင်းကိုလည်း ကျေးဇူးတင်မိပေသည်။ မြှင့်သည်ဆိုရာ၌ ခက်သည်ကို မဆိုလို၊ ပိုမို ကောင်းမွန် သည်ကိုသာ ဆိုလိုရင်း ဖြစ်ပေသည်။ မြှင့်၍ စစ်ဆေးရာ၌ “ခက်လျှင်ပြီးရော” ဟူသော သဘောကို ထားကာ စစ်ဆေးခြင်းကား အကျိုးမရှိ။ ကျောင်းသားများ၏ အသိဉာဏ် အမြော်အမြင် စိတ်ကူးဉာဏ်တို.ကို အရင်းခံထားကာ မြှင့်၍ စစ်ဆေးခြင်းသာလျှင် အကျိုးကို ဆောင်ပေမည်။ မကြာမီက စာမေးပွဲ တစ်ခုတွင် စစ်ဆေး မေးမြန်းသော မေးခွန်းတစ်ခုမှာ ကျောင်းသားများနှင့် မအပ်မရာ မဆိုင်သော အချက်များကိုပါ ခက်အောင် ရွေး၍ မေးထားသည်ကို တွေ.မြင်ရပေသည်။ ကျောင်းသားများ ဖြေဆိုနိုင်ရန်ကို မဆိုထားဘိ ၄င်းတို.၏ ဆရာများနှင့် မြန်မာစာပေတွင် များစွာ ကျွမ်းကျင်သူ ဆရာကြီးများပင်လျှင် မဖြေနိုင်သဖြင့် လက်မှိုင်ချ ကြရသည်ကို တွေ.မြင်ရသောအခါ “သြော် ဤမေးခွန်းကို ထုတ်သူမှတစ်ပါး မည်သူအား ဖြေဆိုနိုင်ပါအံ့နည်း” ဟူ၍ ညည်းညူ မိခဲ့ပါသည်။ ၄င်းမေးခွန်းမှာ ပညာအုပ် ဦးဘိုးစိန်၏ လက်ရာဟူ၍ ကြားရ၏။ မှန်မမှန်ကိုကား မဖြေကြားနိုင်။

ကျောင်းသားတို.၏ စိတ်ကူးဉာဏ်ကိုလည်း အားမပေး။ စာအရေးအသား ကျနရန်လည်း ထောက်ပံ့ခြင်း မရှိသော မေးခွန်းတို.ကို ခက်လျှင်ကောင်းပြီ ဟူသော အနေမျိုးဖြင့် ထုတ်ခြင်းကား မြန်မာစာပေကို အားပေးသည် မမည်ပေ။ “ ၀မ်းဘဲဟသာင်္ အင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ.” ဆိုသော စကားကဲ့သို. မြန်မာစာပေတွင် မဆိုင်သော အခက်မေးခွန်းတို.ကို မေးနေပါလျှင် မေးခွန်းခက်၍ အကွက်မစေ့ ဖြစ်မည်ကို ကောင်းစွာ သတိချပ်ကြရာသတည်း။

၂၈ ဇွန်၊ ၁၉၂၉

သူရိယသတင်းစာ

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...