Skip to main content

စောင်းတန်းကနေတက်ပြီး ဘုရားဖူးတဲ့အခါတိုင်း ကျမသတိရတဲ့ ကဗျာလေးတပုဒ် ရှိပါတယ်။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတဲ့ “ဘုရားစောင်းတန်းက ပန်းသည်များ” တဲ့။ ကျမတို. ဘ၀တစ်လျှောက်မှာလည်း ဘုရားစောင်းတန်းက ပန်းသည်များနဲ.တူတဲ့ လူသားတွေကို ကြုံဖူးပါတယ်။ ကိုယ့်မို. ကြုံတော့ ခံရခက်သည်။ ဒါပေမယ့် ပုထုဇဉ်လူသားတွေရဲ. ဖြစ်တတ်တဲ့ စိတ်အခြေအနေကို နားလည် သဘောပေါက်ထားရင်တော့ ကြုံနေရမယ့် လောကဓံတရား ရှစ်ပါးကို ပိုပြီး ခံနိုင်ရည်ရှိလိမ့်မယ်လို. ကျမတော့ မျှော်လင့်တာပါပဲ။

ဘုရားစောင်းတန်းက ပန်းသည်မျာ


အတက်မှာ….

မျက်နှာချိုမြ၊ ဟိုက သည်က

နှုတ်အာ စ,ရွှင်၊ အကျွမ်းဝင်ပြန်

အပြင်ဟန်လုပ်၊ စက်ခလုတ် အပြုံးနှင့်……။


အဆင်းမှာ….

သာသာနေလျက်၊ နှုတ်မသွက်တော့

မျက်နှာတည်တည်၊ တစိမ်းပီပြန်

ရင်းနှီးဟန်ပျောက်

နောက်ထပ်တက်သူ

လူအသစ်ကို၊ ကြိုရန်စောင့်နေ…….။



ဆရာ့ရဲ.သောကခြေရာ ရတနာကဗျာစုကတော့ ကျမ ငယ်ဘ၀ရဲ. တစိတ်တပိုင်းပါ။ သူ.အရွယ်နဲ.သူတော့ တော်တော်ကို စွဲလမ်းခဲ့ပါတယ်။ ဆရာ.ကဗျာကို ကိုယ့်ဝေဒနာလုပ်လိုက်၊ ကိုယ့်ခံစားချက်ကို ဆရာ့ကဗျာထဲထည့် ခံစားလိုက်နဲ.။ ဟုတ်နေတာပါပဲ။ အခုချိန်မှာ ပြန်ဖတ်တော့လည်း ကြည့်ပြီးသား ရုပ်ရှင်ကား ပြန်ကြည်.ရသလိုပါပဲ်။ တစ်ခါက ချိုမြိန်တဲ့ သစ်သီးလေးရဲ. ခါးဆိမ့်ဆိမ့် အရသာကို သတိရမိပါရဲ.။ (အဲဒီတုံးကတော့ “ဓားသွားထက်က ပျားရည်တစ်စက်” လို. နာကျင်စွာ အမည်တပ်ဖူးပါတယ်)။


သောကခြေရာ (၅)


တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။



အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

သည်နေ.လဲ စိတ်ညစ်တယ်

သိပ်ချစ်တယ်လို. မဆိုသာတော့။


ပါးစပ်ကပြောမှလား

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

အကြည့်ဆုံ ဝေဒနာနွေးတွေက

အကြင်နာခြေရာလေးတွေပဲ

အတွေးမှာ ရစ်တ၀ဲနဲ.

ချစ်သည်းရယ် ဘာသာဖြေလို.

မာယာတွေ ဟန်ဆောင်ထိန်းကာ

တစိမ်းတွေပေါ့။


သောကခြေရာ (၇)


မပြောသာတော့

ကွာခဲ့ပြီကော၊ မောလျရင်မှာ

ဟာလှိုက်နွမ်းနယ်၊ မှီတွယ်ရာကင်း

သင်း မသိလေ၊ နေမွန်းတည့်တည့်

ရင်မှာ ရှိသူ၊ သောက ဆူ၏။


နေပါစေလား

မသနားတော့၊ ကစားသလို

ဟိုဝေးဝေးမှ၊ ပျပျသံမျှဉ်း

ညှင်းဆဲပြီထင့်၊ မျှော်လင့်စရာ

နားမှာတီးတိုး၊ ပိုးကြိုးညှို.ငင်

သံစဉ်ဂီတ၊ အိပ်မက်ညကို၊ အလှဖန်ဆင်းထားပြန်သည်။


ရိုးရိပ်ဝိုးဝါး

ဖန်ဆင်းထားရစ်၊ ချစ်သူ.အရိပ်

တစ္ဆေစိတ်လှန်.၊ ပျံ.ဆွတ်မောဖွယ်

တွယ်တာသလို၊ ကိုယ်မှာပူးကပ်

မလွတ်လပ်ချေ၊ နေဆဲနေရ

ပစ္စက္ခမှ၊ ခဏဖယ်ခွာ ဝေးပါသခင်။


တကယ်ဆိုက

တစ်စစီကွဲ၊ ဘ၀တစ်ဆစ်၊ကျန်ခဲ့ရစ်သော

နွမ်းမောတင်းကျပ်၊ အဟောင်းဇာတ်ထုပ်

မြေမှာမျြုပ်၍၊ ပစ္စုပ္ပန်မှာ၊ ခံစားလွတ်လပ်ခွင့်ပေးပါ။


သောကခြေရာ (၉)


ဘယ်သူမြင် ဘယ်သူသိမှာလဲ

သူရှိတယ် ကိုယ့်ရင်ထဲ

အမြဲငြိတွယ်။


အရိပ်ကလေးလို အစဉ်ခြောက်သူရဲ.

စိတ်အတွေးကို တမင်နှောက်တာလား

သခင်ရောက်ပါလို. တ၀ဲဝဲလည်လည်။


ငွေလသာ အရိပ်ထိုးယင်လဲ

နွေညမှာ အအိပ်ခိုးပြန်ပေါ့

စိတ်ဆိုးဟန် တမင်လွှဲပေမယ့်

ရင်ထဲက အရိပ်ငယ်

ဆိတ်ကွယ်လို. ပျောက်မသွား။


အစဉ်ဝေးပြီပဲ

ရင်မအေးအောင် မနှိပ်စက်ပါနဲ.

အအိပ်ပျက်အောင် နေမရအောင်

နွေညကို ကျိန်စာတိုက်သူရဲ.

စိတ်ကြိုက်သလို ခွာခွာနေပေါ့

မာယာတွေ အဆင်ခွဲကာ

ရင်ထဲမှာ ခြေရာမချန်နဲ.

ဝေဒနာဒဏ် အရိပ်ခွာချလို.

(အချစ်ရယ်…..) အိပ်ပါရစေလား….။


သောကခြေရာ (၁၂)


မပြုံးသာ မရယ်သာ

ရင်မှာ သိုသိပ်မော

သောက၏ ခြေရာတို.သည် လည်းကောင်း။


မရုန်းသာ မဖယ်သာ

အကြင်နာ ယိုဖိတ်သော

မောလျသည့် ဝေဒနာတို.သည် လည်းကောင်း။


ချစ်၏ ကြင်၏ သူမသိလေ

ဝေဒနာကို၊ ဘာသာသိုဝှက်

တစ်ရက်တစ်နေ.၊ ရွေ.ရွေ.ကုန်ပြန်

မနက်ဖြန်ပေါ့၊ ပြောတော့ပြောမည်

ရည်ရွယ်ခဲ့လျက်၊ နှုတ်ကခက်တော့

အိပ်မက်တွေပဲ ကျန်တယ်လေ။


တစ်ခါတစ်ခါ၊ လာလေခေါ်ယူ

အတူလျှောက်စို.၊ ဟိုအနားမှာ

ကဗျာပင်အောက်၊ ကွန်းတစ်ထောက်ခို

ပန်းကောက်မယ်နော်၊ ပျော်တယ်မို.လား

ရင်ကြားမှာလေ၊ ပန်းတွေပိုက်ပွေ.

ပျော်ရွှင်မွေ.လို.၊ တစ်နေ.ကုန်မှ ပြန်ရအောင်။


ပန်းခင်းမွေ.ရာ၊ ကဗျာနှင်းဆီ

သည်ပန်းတွေကြား၊ နှစ်ကိုယ်ကြားရုံ

ကြိုးစားပြောမယ်၊ တကယ်တော့လေ

ပျော်ပါစေလား၊ ကိုယ့်စကားကြောင့်

ပန်းများကိုခွာ၊ သူစိတ်နာလို.

ခမျာ ပန်းမုန်းလေမလား။


ပန်းတွေမုန်းရင်၊ လုံးလုံး ကိုယ့်ကြောင့်

စိုးနှောင့်ဗျာဆူ၊ ကိုယ့်အပူကို

သူမသိစေ၊ နေတော့ နေတော့

စိတ်ကိုလျှော့မယ်၊ တွယ်တာသမျှ

သည်ဘ၀တော့၊ လ နဲ.မြေလွှာ

ကွာကြီး ကွာစမ်း၊ ကိုယ်ပဲ လွမ်းမယ်

ပန်းမုန်း လူမုန်း၊ အဖြစ်ရှုံးယင်

နှလုံးကွဲပြီးသေမှာပဲ။


အချစ်ရယ်

တွယ်တာတတ်လို.၊ အပြစ်ဖို.ယင်

ကိုယ့်အဆိုးပဲ ရှိစေတော့။


မရုန်းသာ မဖယ်သာ

အကြင်နာ ယိုဖိတ်ခိုက်ပါတည့်။


မပြုံးသာ မရယ်သာ

ရင်မှာ သိုသိပ်လိုက်ပါ၏။


သောကခြေရာ (၁၃)


ဝေးကြပြီတည့်၊ သိကားသိနေ

ဝေဒနာစု၊ သူ.မှာ ကိုယ့်မှာ

ဘာသာဟန်လုပ်၊ မပူရုပ်နှင့် နှုတ်ဆက်သည်။


နေရစ်ပေတော့

နွမ်းလျော့ရှိုက်ငင်၊ သောကပင်ပျိုး

ရင်မှာ ဆတ်ဆတ်၊ စိတ်မွန်းကျပ်နေ

ဝေဒနာကို၊ သိပါ ကြည့်ပါ

လှပ်ဟာမပြ၊ တစ်ဘ၀စီ။


ပုထုဇဉ်တွေ

ရင်ထဲလှိုက်နွေး၊ မျက်လုံးလေးများ

တအားနှောင်ညှို.၊ ၀န်းစို.ဝေရီ

သည်မှာစည်းစု၊ ခံစားမှုဈာန်

လွန်.လူးပျံ.ကြွ၊ ခဏဖြစ်ဖြစ်

ပစ္စက္ခကို မေ့ထားသည်။


ဦးနှောက်တွေက၊ ပြညွန်ထိန်းချုပ်

ဟန်ဆောင်ရုပ်တွေ၊ နှုတ်ကစည်းစောင့်

တစ်ထောင့်တစ်ည၊ မပြောရဦး

နှလုံးသားက

ခဏနိဗ္ဗာန် ဖန်ဆင်းသည်။



ကျမ နှစ်သက်ခဲ့ရတဲ့ ရတနာကဗျာစုကို တော့ နောက်နေ.မှပဲဆက်တင်သွားပါမယ်။ တချိန်က မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာတွေကြိုက်ခဲ့ဖူးသူအတွက် အမှတ်တရဖြစ်စေမယ် ထင်ပါတယ်။ အကြိုက်ချင်းမတူခဲ့ရင်လည်း လူချင်းမတူလို. လို. ဖြည့်တွေးပေးစေလိုပါတယ်။

Comments

သက်ဝေ said…
သူငယ်ချင်းရေ...
မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာလေးတွေ ရှာရင်း ရောက်လာခဲ့တယ်...
မတွေ့တာတောင် အတော်ကြာနေပြီ...
အားလုံးနေကောင်းကြတယ် မဟုတ်လား....
သတိရနေတယ်...
ပျော်စရာ ၂၀၁၀ ကို အတူတူကြိုဆိုကြမယ်နော်...

ချစ်တဲ့
သက်ဝေ

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။