e-mail က ရလာတဲ့ ကဗျာလေးတပုဒ်ကို ကြိုက်လို. တင်လိုက်တာပါ..မနေ.က သူငယ်ချင်းတစ်ယောက်ရဲ. စိတ်မကောင်းစရာ သတင်းလေးကြားရတော့ ငယ်တုန်းက သူငယ်ချင်းတွေကို ပြန်သတိရကြတယ်.. သူ.အကြောင်းတွေလည်း ပြောဖြစ်ကြတယ်.. တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာလေးဖတ်လိုက်ရတော့ ကျမတို.တစ်တွေ မပြီးဆုံးနိုင်တဲ့ နိစ္စဓူဝ ကိစ္စတွေနဲ.ပဲ အချိန်ကုန်သွားတာတွေကို ပိုသတိထားမိလာတယ်.. .သတိနဲ.နေဖို. ကြိုးစားရင်း ကိုယ့်ချစ်သူ ကိုယ့်အရေးပါတဲ့သူတွေနဲ. ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အပြစ်မကင်းတဲ့ ဟန်ဆောင်မှုတွေ မပါပဲ နေသွားကြဖို. ကျမစဉ်းစားမိတာပါ...
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments