Skip to main content
အမှတ်မှားခဲ့မိသော ပြည်ထောင်စုနေ. မှ နောက်ဆက်တွဲ အတွေး ...

ကျမ ပို.စ်မတင်ဖြစ်တာ ကြာပြီပဲ.... စာရေးချင်စိတ်တွေ ပျောက်နေသလို လူကလည်း အပျင်းကြီးနေပြန်ပါတယ်... မနေ.က ပြည်ထောင်စုနေ.ကို အမှတ်တရ ပို.စ်တင်ဦးမယ်ဆိုပြီး စိတ်ကတင်းထားပေမယ့် မတင်ဖြစ်ပြန်ပါဘူး။ အဲဒါထက်ပိုဆိုးတာက ၆၁-နှစ်ပြည့်တဲ့ ပြည်ထောင်စုနေ.ကို နှစ် ၆၀ ဆိုပြီး ကိုယ့်ကိုကိုယ် ထင်ရုံမက ဂျီတော့ခ်မှာတောင် တင်ထားလိုက်သေးတယ်... အဲ... မနေနိုင်တဲ့သူငယ်ချင်းတယောက်က ပြင်ပေးမှပဲ သိတော့တယ်.. ဒါတောင် အင်တင်တင် ရယ်... ၄၈ ကနေ ၂၀၀၈ ဆို နှစ် ၆၀ ပဲ ဖြစ်ရမှာပေါ့လို.။ သူငယ်ချင်းက ဆရာကြီးဆိုတော့ ကိုယ် ပြိုင်မငြင်းမိတာ တော်သွားတယ်။ ဟဲဟဲ။ တကယ့်ကို ၁၉၄၈ လို.ပဲ စိတ်ထဲထင်နေတာကိုး။ နောက်မှ... သေတော့မှာပဲလို.။ ဒုက္ခပဲနော်...

ကျမ အမှတ်သညာတွေ တကယ့်ကို လျော့ရဲနေပြီ။ ကိုယ့်ပညာသင်ပေးခဲ့တဲ့ ကျောင်းက ဆရာတွေ မမေးနဲ.။ ဘာတွေ သင်ခဲ့ရသလဲ မမေးနဲ.။ သူငယ်ချင်းဟောင်းတွေ နာမည် လည်း တချို. မေ့တေ့တေ့.... ကိုယ်မေ့လို. အမျိုးသား မမေးလိုက်လေနဲ.။ သူက ကိုယ့်ထက် ပိုဆိုးတယ်။ သူက အဲဒီနံမယ်မေ့တတ်တာ စာရေးဆရာ ဇော်ဇော်အောင်ရေးတဲ့ ၀တ္ထုထဲက နံမယ် သုံးလုံးဆို ဘယ်တော့မှ မမှန်တဲံ့ ဆရာ့ ဇာတ်ကောင် မြတ်သစ်ထက် ပိုဆိုးတယ် ထင်တာပဲ။ ဒါတောင်မှ recall လုပ်ရင် အမျိုးသားက အရင်ပေါ်သေးတယ်။ တကယ်ပြောတာ။ ကျမ ငယ်ငယ်က အမှတ်သညာမျိုး မရှိတော့တာ ကလေးတွေနဲ. လုံးချာလည် လိုက်ပြီးတဲ့ အချိန်က စတာ ထင်တာပဲ။ အမျိုးသားနဲ. ကျမဆို သိပ်ရီရတယ်။ တခါတလေ ကိုယ်တွေကို လာနူတ်ဆက်ရင် စကားသာ ပြောလိုက်ရတယ် ဘယ်သူမှန်းမသိဘူး... ပြီးမှ နှစ်ယောက်သား တီးတိုး အဖြေတိုက်ရပြန်ပါတယ်။ ပြီးကျမတို. ၂-ယောက်စလုံးက ကျောင်းအတူတက်ခဲ့တော့ နှစ်ယောက်စလုံးကို သိရင်တော့ သေချာတယ် ကျောင်းတကျောင်းကျောင်းက ပဲလို.။ မကောင်းတာတော့သိတယ်။ တခါတခါကျ တော့ တွေးမိတယ်။ လူတွေက နီးစပ်ရင် အကျင့်တွေ ကူးစက်တတ်တာတော့ ထားပါတော့။ အဲဒီလို မေ့တတ်တာတွေပါ ကူးတတ်နေသလားလို.ပါ။ (ကိုယ့်အပြစ် သူများလွှဲချတာ အကျင့်ပါနေလို.ပါ...)

ကျမ မနေ.က ပြည်ထောင်စုနေ.ကို မှားသွားတော့ စိတ်ထဲတော်တော်မကောင်း ဖြစ်သွားတယ်။ မှားတာရဲ. နောက်ကွယ်က မေ့နေခြင်းကိုပါ လှမ်းမြင်လိုက်ရလို.လေ။ ကျမ တခြားသူငယ်ချင်းတွေကလည်း ဘာမှ မပြောဘူး။ သူတို. ကိုယ်တိုင်လည်း ကျမလိုပဲ ပြည်ထောင်စုနေ. ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ် အရေးမပါတော့ဘူးလား...။ သတင်းစာမျက်နှာစာမှာလည်း သာမန်နေ.တွေလိုပဲ.. အချပ်ပိုတွေ ဘာတွေလဲမပါ...။ ကြာခဲ့ပြီပဲ..။ ကျမတို.ကိုယ်တိုင်ကလည်း သတင်းစာကို သာရေး နာရေးအတွက် ယူထားရတာကလွဲရင် ဘာမှ မှတ်လောက် သားလောက်စရာ မရှိခဲ့တာ ကြာပါပြီ။ ခေါင်းကြီးပိုင်းတို. ဆောင်းပါးတွေဘက်ဆို ယောင်လို.တောင် မလှန်ကြည့်မိဘူး။ မြင်လို. ဖတ်မိရင် အဲဒီနေ. ရင်တုန်ရလို.။ တီဗွီလား။ ကိုးရီးယား ကားတို.၊ ကလေး ကြိုက်တဲ့ ကာတွန်းကားလေးတွေ၊ အခု တလောလာနေတဲ့ လူရွှင်တော် ရွှေဖလား ပြိုင်ပွဲလေးတွေကိုမှ ဖွင့်ကြည့်ဖြစ်တယ်။ ဘာအခမ်းအနားတွေ လုပ်သလဲ။ မလုပ်ဖူးလဲ ဆိုတာတော့ ကျမ စိတ်မ၀င်စားတော့ဘူး။ တနေ.တနေ. ဘယ်အချိန် မီးလာမလဲ။ ဘယ်အချိန်ဆို မီးပျက်မလဲ၊ ရေတင်ဖို.၊ မီးပူတွေ တိုက်ဖို.၊ ကလေးတွေ ကျောင်းအမှီ ထမင်းဟင်းကျက်နေဖို. တွက်နေရတာနဲ့ပဲ ၂၄-နာရီ ဘယ်လိုကုန်မှန်းကို မသိပါဘူး။ တဖြေးဖြေးနဲ. ကျမတို.တွေ ဝေး ဝေး သွားသလို ခံစားရတယ်။ ကျမတို.မြန်မာပြည်တွင်းမှာပဲ နေတယ်။ မြန်မာစာ နဲ. မြန်မာစကားကို နေ.စဉ်သုံးနေရတာပဲ။ ဒါပေမယ့်..... ဝေးနေသေးတယ်။ ကျမတို. သားသမီးတွေ လွတ်လပ်ရေးနေ.၊ ပြည်ထောင်စုနေ.၊ အာဇာနည်နေ. ဆိုတာတွေက သူတို. ကျောင်းပိတ်လို. ပျော်တာထက်ပိုပြီး ဘာမှ မသိတော့ဘူး။ ကျမတို. ကြီးပြင်းလာတာ ဆိုရှယ်လစ်ခေတ်ထဲမှာ...။ ဒါပေမယ့် လွတ်လပ်ရေးနေ. ဟောပြောပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ activity တွေ ရှိခဲ့သေးတယ်။ အာဇာနည်နေ.ရောက်တိုင်း၊ ဥသြဆွဲသံကြားတိုင်း ရင်ထဲဆို.နင့်ယူကျုံးမရ နှမြောတ သ ရှိခဲ့ရတာတွေ... ။ ဒါတွေ နောက်ကလေးတွေ မသိတော့ဘူး။ သမိုင်းကို ဖျောက်နေရင် လူမျိုးပါ ပျောက်ရချည်ရဲ.နော်...။ ကျမတို. မြန်မာပြည်သူပြည်သားတိုင်းမှာ တိုင်းပြည်ကိုချစ်ဖို.၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို.ဆိုတာ မွေးရာပါတာဝန်တွေပါ။ ဘယ်သူက ဘယ်နိုင်ငံမှာ နိုင်ငံသားခံသွားပြီ၊ ဘယ်သူဘယ်ဝါတော့ဖြင့် သူများနိုင်ငံမှာ ဒုက္ခဆင်းရဲတွေ ခံနေရတယ်၊ ကိုယ့်နိုင်ငံသားတွေ သူများတိုင်းပြည်ရဲ. ဥပဒေအရရော.. ဥပဒေမဲ့ ရော အစီရင်ခံနေကြရတာတွေ ကြားရ သိရတဲ့အခါတိုင်း ရင်ထဲ တင်းကြပ်တယ်၊ ပေါက်ထွက်သွားမတတ်ပဲ။ အေးလေ။ ကိုယ့်တိုင်းပြည်မှာမှ ကိုယ်မနေတာ၊ ရှည်ကဲပြီးသွားကြတာကိုးလို. .... မဆိုရက်။ ခဏတဖြုတ် အလည်ပြန်လာတဲ့ လူတွေကလည်း ကိုယ်နေခဲ့တဲ့ တိုင်းပြည်၊ ကိုယ့် ပညာသင်ပေးလိုက်တဲ့ အမိပြည်ကို သနားတဲ့ အကြည့်တွေနဲ. ကြည့်တာ၊ ပြည်တွင်းက လူတွေကို သနားစာနာတာနဲ စည်းပါးပါးသာ ခြားထားတဲ့ နှိမ့်ချတဲ့ အကြည့်ဆန်ဆန်တွေနဲ. ကြည့်တာတွေ မြင်ရတိုင်း ရင်ထဲမချိ။ ရှေ့ရေးအတွက် မျှော်တွေးပြီး လှမ်းချင်နေတဲ့ ခြေလှမ်းတွေလည်း ခင်မောင်တိုးရဲ. အေးအတူ ပူအမျှ သီချင်းသံအောက်မှာ တွန်.ဆုတ်ဆဲ.......။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။