Skip to main content
နာဂစ်လာတဲ့အချိန် ကျမတို.က ထိုင်းနိုင်ငံ ဘန်ကောက်မြို.မှာ။ မနက်မိုးလင်းတနေကုန်ထွက် ညမိုးချုပ်မှ ဟိုတယ်ပြန်အိပ်ရုံသာ နေခဲ့။ အဲဒီနေ.ည မေလ-၂-ရက်နေ.မှာ မနက်ဖြန်ပြန်မှာမို.လို. ကလေးတွေကို သူတို. သိပ်ကြည့်ချင်နေတဲ့ IRON MAN ကို EMPORIUM က ဈေးဝယ်အပြီး အပေါ်ထပ်မှာပဲ တက်ကြည့်ဖြစ်ပါတယ်။ ကာတွန်းကို အသက်ပြန်သွင်းထားတဲ့ ရုပ်ရှင်မို.လို. ယုတ္တိမတန်ပေမယ့် အက်ရှင်တွေများလို. hero ကို သဘောကျတဲ့ ကလေးတွေကတော့ sound effect နဲ.ပြည့်ပြည့်၀၀ ကြီးကို သဘောတွေ.နေကြလေရဲ.။ ကျမတောင် IRON MAN အပြင်မှာ ရှိရင် ကျမတို. တိုင်းပြည်အတွက် သွားပြီး အကူအညီတောင်းချင်စိတ်တောင် ပေါက်သွားပါရဲ.။ ဒါမှမဟုတ် ကျမတို.ရဲ . လေဒီကိုပဲ IRON LADY အဖြစ် ဖန်တီးပေးရင်ကောင်းမလား စဉ်းစားမိသေးရဲ.။

မနက် မိုးလင်း ပစ္စည်းတွေ သိမ်းဆည်းပြီး သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာတယ်။ မနက်ပိုင်း ရန်ကုန်-ဘန်ကောက် လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းလို. ကျမတို.ကို ပြန်ဖြစ်ရဲ.လားလို. လှမ်းမေးတာပါ။ ကျမတို.လည်း အင်တာနက်နဲ. ဝေးနေတော့ ဘာသတင်းမှကို သတိမထားမိဖြစ်ခဲ့တော့ ရန်ကုန်ကို မုန်တိုင်းလာမှာလည်း မသိခဲ့ပါဘူး။ ဒါနဲ. လေယာဉ်ရုံးကို ဖုန်းဆက်မေးတော့ ညနေပိုင်းလည်း cancel လို.ပြောတာနဲ. ကျမတို.လည်း လေဆိပ်မဆင်းဖြစ်ခဲ့ပါဘူး။ ရန်ကုန်ကို ဖုန်းခေါ်ကြည့်တော့လည်း ခေါ်လို.သာမရတယ်။ ဖုန်းကတ်တွေ တကဒ်ပြီး တကဒ် စားကုန်ပါတယ်။ ဒါနဲ.ကျမတို.လည်း ဟိုဟိုသည်သည်လျှောက်သွားပြီး အင်တာနက်ဆိုင်တစ်ဆိုင်မှာ ၀င်ကြည့်ဖြစ်တော့မှ မုန်တိုင်းဝင်သွားမှန်းသိရတယ်။ ကြာလေကြာလေ အခြေအနေတွေ ပိုဆိုးနေမှန်း သိရလေ။ အိမ်ကို စိတ်ပူလေ။ အိမ်နဲ. အဆက်မသွယ်မရလို. ပူရတာတမျိုး၊ ကျမတို. အပြန်ခရီး မသေချာလို. စိတ်ထင့်ရတာတမျိုးနဲ. လူကြီးတွေက စိတ်တွေ ပူပင်နေသလောက် ကလေးတွေကတော့ ရောက်တဲ့အရပ်မှာ ပျော်နေကြတာပါပဲ။ တကယ်တမ်းကျမတို.ကမှ အပြင်မှာ စောင့်နေရလို.တော်သေး။ တချို.က check-in ၀င်ပြီးတာလောက် အထဲမှာ ငုတ်တုတ်ထိုင်စောင့်နေခဲ့ရပါတယ်။ ကျမတို.ကိုလည်း လေဆိပ်မှာ stand-by လာစောင့်နေဖို.ပြောပေမယ့် ကလေး ၃-ယောက်နဲ. ပစ္စည်းတွေနဲ. သွားလိုက် လာလိုက်ဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို. စောင့်ရင်း စောင့်ရင်း။

မေလ ၅-ရက်နေ.မှာ လေယာဉ်ခရီးစဉ်တွေ ပြန်resume လုပ်လို. နေ.လည်လောက်မှာ လေဆိပ်ဆင်းဖြစ်ပါတယ်။ ညနေပိုင်း ခရီးစဉ်ကို stand-by စောင့်ပြီးမှ မရရင် မေလ-၇-ရက်နေ. မနက်ပိုင်းခရီးစဉ်အတွက် confirm ရပါတယ်။ ဒါနဲ. နေ.လည်စာ လေဆိပ်က food-centre မှာပဲ စားသောက်ပြီး Observation space မှာ စောင့်ပြီး ၄-နာရီလောက်မှာ stand-by မှာ check-in ၀င်ဖို. သွားစောင့်နေပါတယ်။ ကျမတို. တန်းစီနေတဲ့ နေရာက staff တွေက ၅ နာရီမှာ ချိန်းထားခဲ့လို. ၅-နာရီမထိုးမချင်း ကျမတို.ကို ငုတ်တုတ်စောင့်ခိုင်းပြီး တခြားလူတွေကိုတော့ လက်ခံနေပါတယ်။ နောက် ကျမလည်း Luggage လှည်းကြီးနဲ. အမြင်ကတ်လောက်အောင် ဟိုတွန်းသည်တွန်းလုပ်နေတော့ သူတို.တွေထဲက senior ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက်က ကျမလာမေးပါတယ်။ ဘယ်သွားမှာလဲဆိုတော့ မြန်မာပြည်ပြန်ဖို. စောင့်နေတာလို.ပြောတော့ လက်မှတ်ကိုတောင်းကြည့်ပြီး အဲဒီ staff တွေကို တခုခု ပြောလိုက်တော့မှ ကျမတို.ကို လက်ခံပြီး check-in ပေးလုပ်ပါတယ်။ အဲဒီတော့မှ ၅နာရီ ၄၀မှာ boarding closed လုပ်မယ့် E1A ကို ပြေးရပါတယ်။ ဒီကြားထဲ အပြေးအလွှား VAT CLAIMED လုပ်ရပါသေးတယ်။ လေယာဉ်ပေါ်ရောက်မှပဲ ဟင်း ချနိုင်ပါတော့တယ်။ အပြင်မှာ ရာသီဥတု ဆိုးဝါးနေလည်း စိတ်ထဲ ထုံထုံထိုင်းထိုင်း ဖြစ်နေပါတယ်။

ရန်ကုန်လေဆိပ်ရောက်တော့ မီးကကွက်ကွက်လေး လင်းနေပါတယ်။ ထုံးစံအတိုင်း ပစ္စည်းတွေ ဘာတွေရွေးပြီး ရုံးကလာကြိုတဲ့ ကားလေးနဲ. အိမ်ပြန်လာခဲ့ပါတယ်။ မှောင်မှောင်မဲမဲကြားမှာ သစ်ပင်တွေ အတုံးအလုံး ပြိုလဲ....။ ထွက်လာတဲ့ ကာလ ၂-ပတ်အတွင်းမှာ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ.....။ billboard တွေလဲ ပြိုကျလို.။ ကျမ စိတ်ထဲ မကောင်းလိုက်တာ။ လမ်းတွေမှာ သစ်ပင်ကြီးတွေက ပိတ်နေတော့ လူတွေက မှောင်မှောင်မဲမဲထဲမှာ လမ်းတွေပေါ်တက်လျှောက်ကြ။

အိမ်ရောက်တော့ ကျမတို.လမ်းထိပ်က စုပေါင်းနေထိုင်ကြတဲ့ တဲစုလေးတွေ ပြားပြားဝပ်လို.။ ကောင်းကင်ကြီးကို ကြည့်လိုက်ရင်လည်း ရှင်းလင်းလို. နေလေရဲ.။ ဘယ်လိုမှန်းမသိတဲ့ ဟာတာတာ ခံစားမှုတွေ....။

အိမ်ထဲရောက်လို. ဖိနပ်ချွတ်ပြီး ခြေအချ...။ ကော်ဇောရဲ. မွမွအိအိ အထိအတွေ.အစား စွပ်ကနဲ စိုစိစိ ခံစားလိုက်ရတယ်။ အနံ.အသက် ခပ်ဆိုးဆိုးကလည်း နှာခေါင်းဝ ကို နှုတ်ဆက်နေလေရဲ.။ ဖရောင်းတိုင်မီးထွန်းပြီး အပေါ်ထပ်တက်တော့ ခရီးမသွားခင် ပလတ်စတစ်အိတ်အမဲအကြီးတွေနဲ. ပစ္စည်းတွေ ထည့်သိမ်းထားခဲ့လို. ဘာမှတော့ သိပ်ပျက်စီးဟန်မရှိပါဘူး။ တံခါးနှစ်ချပ်ကတော့ ဗလာအကျင်းနဲ. လေပြေသွေးနေလေတယ်။ ဖေဖေတို.အိမ်သွားတော့ သူတို.တွေရဲ. အတွေ.အကြုံတွေကို ပြန်ပြောပြကြတယ်။
ကျမတို.ကလည်း တခုခုဖြစ်ပြီဆို အနီးအနားမှာ ရှိမနေတတ်ပါဘူး။ ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်တုန်းကလည်း ကျမတို.က မေမြို.ရောက်နေခဲ့ပြီး ဘာမှကို မသိလိုက်ရပါဘူး။

မနက်မိုးလင်းတာနဲ. အနံ.အသက်ဆိုးဝါးနေတဲ့ အောက်ထပ်ကြမ်းခင်းထားတဲ့ ကော်ဇောတွေကို ခွာရပါတယ်။ မိုးမရှိလို. ရေတင်လို.မရပေမယ့် နောက်ဆုံးမီးလာတဲ့အချိန်အထိ ရေတင်ထားတတ်တဲ့ မေမေ့ကြောင့် ရေတွေကတော့ အပြည့်ရှိနေခဲ့လို. ချွေတာသုံးစွဲနေကြရပါတယ်။ အဲဒီတရက်တော့ ရုံးသွားပြီး ဟိုသည်လျှောက်ကြည့်။ ပြီး မမှောင်ခင်ပြန်လာ အိပ်ကြနဲ. ပြီးသွားပါတယ်။ ပူတတ်အိုက်တတ်တဲ့ သမီးလေးကတော့ အဲကွန်း မဖွင့်လို. ဂျီကျပါတယ်။ သူ.ကို အအေးဆုံးနေရာမှာထားပြီး ချော့သိပ်ရပါတယ်။

နောက်ပိုင်းရက်တွေမှာ သတင်းတွေက ပိုစုံလာပြီး ဧရာဝတီတိုင်းရဲ. ပျက်စီးဆုံးရှုံးမှုတွေ ပိုပြီးကြားလာရပါတယ်။ တချို.နေရာတွေမှာ ဖုန်းလိုင်းတွေရပြီး အင်တာနက်တွေ သုံးနိုင်နေပါပြီ။ ကျမတို.လည်း ရန်ကုန်မြို.တွင်း ပျက်စီးမှုအခြေအနေတွေကိုကြည့်ပြီး ကျမတို.နေရာတွေမှာ မီးနဲ. ဖုန်းလိုင်းတွေ ရဖို. မလွယ်သေးတာကို သဘောပေါက်တာနဲ. မီးစက်ဝယ်ဖို. စဉ်းစားရပါတော့တယ်။ ညဘက် မီးလင်းပြီး ရေပါတင်လို.ရမဲ့ အိမ်သုံးမီးစက်တလုံးတော့ လိုနေပါတယ်။ ဘုရင့်နောင် မင်္ဂလာသန်းမြင့်ဆိုင်ရောက်တော့ ဈေးတွေက ၃ဆလောက် တက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ စီးပွားရေးအမြတ်ထုတ်တဲ့ လူမျိုးတွေ ရှိနေတာကိုပဲ ကျမအံ့သြမိပါတယ်။ မီးစက်တွေကလည်း ရောင်းမလောက်အောင် အ၀ယ်လိုက်ကြပါရဲ.။ မီးစက်ဆိုင်တွေရှေ့မှာ ကားကြီး ကားငယ်အသွယ်သွယ် ရပ်လိုက်၊ ပစ္စည်းသယ်လိုက်၊ ထွက်သွားလိုက်နဲ. အလုပ်ရှုပ်နေကြတာကို လိုင်းပေါ်က အပြည့်အသိပ်ဖြစ်နေတဲ့ ခရီးသည်တွေက ငေးမောကြည့်နေကြလေရဲ.။ အော်..... ရန်ကုန်မြို.ကြီးပေါ်မှာတော့ ပိုက်ဆံရှိနေသေးရင် အဆင်ပြေအောင် နေလို.ရသေးပေမယ့်....။

လမ်းပေါ်မှာ စစ်သားတချို.တွေ.ရပါတယ်။ ဟိုမတ်တတ် သည်မတ်တတ်ပေါ့။ အများစုကတော့ အရိပ်အောက်မှာ၊ ဆိုင်တွေထဲဝင်ပြီး နားနေ ကြတာပါပဲ။ ကျမတို. ရုံးရောက်တော့ မီးစက်နောက်မှာ အတုံးအရုံး ပိုက်တွေကို ခေါင်းခုအိပ်နေကြလို. စိတ်ထဲ ရုံးကလူတွေများ လက်လွန်သွားလေရော့သလားပေါ့...။ အင်း... သူတို.လည်း ပြည်သူတွေကို မုန်းတတ် တီးတတ်ရုံကလွဲလို. ကျန်တာတွေ လက်ကြောတင်းအောင် မလုပ်တတ်ကြတော့ဘူးထင်ရဲ.။ တနေရာမှာ တလက်မ လုံးပတ်လောက်ရှိတဲ့ သစ်ကိုင်းလေး ၄ ပေလောက်အရှည်ကို စစ်သား ၂ယောက်က ၀ိုင်းကိုင်ပေးထားကြပြီး တစ်ယောက်ကတော့ ဓားကြီးကို ၀င့်ကာ ၀င့်ကာ အားပါးတရ ခုတ်ဖြတ်နေပါတယ်။ ဘယ်သူကမှ ပြည်သူ.စစ်သား တို.စစ်သားလို. အားပါးတရ ကြိုဆိုတာမျိုးမရှိပါဘူး။ ကိုယ့်မျက်စိအောက်ရောက်နေတာတောင် မျက်နှာလွှဲနေကြတာတွေ မြင်ရတော့ ဗိုလ်ချုပ်သာမြင်ရင် သူ.တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးအတွက် အတော့်ကို ယူကျုံးမရ ဖြစ်နေမယ်ထင်ပါတယ်။ တကယ်တမ်းကျ စစ်သားတွေကို ပြည်သူတွေဘက်ရောက်မသွားစေချင်တာ ဘယ်သူတွေများပါလိမ့်။

ကြားရတာ တို.ရဲ. သွေးချင်း ဒုက္ခသည်တွေကို ကူညီဖို. လူသားချင်းစာနာတဲ့ သူတွေက အကူအညီတွေ အထောက်အပံ့တွေ ပို.တဲ့သူတွေကပို.လို.။ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေက သူတို.တတ်အားသလောက် ကာယအား ပညာအားတွေ လှူဒါန်းဖို. ကမ်းလှမ်းသူတွေက ကမ်းလှမ်းလို.။ သနားလိုက်ကြတဲ့ ကျမတို. မြန်မာပြည်သူ ပြည်သားတွေကို။ ရင်နာလိုက်တာကွယ်....။ တို.ပြည်သူတို. ဘယ်လိုဝဍ်ကြွေးကြောင့်ပါလိမ့်။ ကိုယ်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲစွာ အသက်တချောင်းစီကို ပင်ပန်းကြီးစွာ မွေးမြူခဲ့ရ..။ ဟော.... အခုကျတော့လည်း အသက်ပေါင်းများစွာကို ခြွေချသွားလိုက်တာများ..... လှိုင်းတပုတ်မှာ သဲ အဆုပ်လိုက် ပါသွားသလိုပါပဲ။ ကံကောင်းထောက်မစွာ အသက်ရှင်သန်ကျန်ရစ်ခဲ့ကြတဲ့သူတွေမှာ အရူးတပိုင်း... စိတ်သောက ခံစားရတာတပိုင်း၊ ကိုယ်ဒုက္ခခံစားရင်း လူ.တန်ဖိုးတွေ ပျောက်ဆုံးနေခဲ့။ ၀မ်းနည်းစရာ.....။ အခုပဲ ကြည့်ဦး...။ စာနာထောက်ထားသူတွေ ပေးကမ်းလှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံလို.မရ..။ အတားအဆီး အပိတ်အပင် အဖြတ်အတောက်များစွာ ခံနေခဲ့ရတဲ့ဘ၀...။ ကံဆိုးလိုက်ကြတဲ့ ကျမတို. မြန်မာပြည်သူ ပြည်သားတွေ...။ ကိုယ်တိုင် သွားရောက်ပေးကမ်းတဲ့သူတွေကိုလည်း တားဆီးနှောင့်ယှက် ရန်လုပ်သေးတယ်။ အမျိုးသားစိတ်ဓာတ်နဲ. လှူဒါန်းကြပါဆိုပြီး.... လှူတဲ့ ပစ္စည်းတွေကို ရွေးချယ် ဝေစုခွဲနေကြတာကို ပတ်ဝန်းကျင်က အတိုင်းသား သိနေကြားနေကြရပါတယ်။ ဒုက္ခသည်တွေဆီက အသက်ဆက်ဖို. ထမင်းတလုပ်၊ အ၀တ်တထည်ကို လုစားရဲတာကတော့ ငရဲမကြောက်တဲ့ လူတစ်စုပါပဲ...။ အော်.... မပြောနဲ.လေ။ အလှူရှင်တွေနံမည်တွေကို ဖျက် ခပ်တည်တည်နဲ. ကိုယ့်နံမယ်ကိုယ်တပ်ပြီး အလှူရှင်နံမယ်ခံရဲနေသေးတဲ့ သူတွေတောင် မျက်နှာပြရဲနေသေးတာပဲလေ။ ပေးတဲ့ လေယာဉ်တွေပေါ်ကချတာ အထုပ်တွေ အများကြီး။ လက်ထဲရောက်တော့ အထုပ်သေးသေးတခုကို ၀ိုင်းဝန်းခွဲစားနေကြရတဲ့ဘ၀။ ပစ္စည်းတွေကို ကတော့(cone) ထဲထည့် အသွင်ပြောင်းလေရော့သလားမသိ။ ၀င်တုန်းကတော့ အများကြီး၊ ပြန်ထွက်လာတော့ တစ်စက်ထဲ....။ အင်း...။ အငွေ.ပျံသွားလေရော့သလားမသိ..။...


ညှာတာကြပါဦး၊ စာနာကြပါဦးရှင်...။ ကိုယ်ထမင်းတလုတ်မျိုတိုင်း စားရမဲ့သောက်ရမဲ့ အိုးအိမ်မဲ့ မိသားစုတွေ မဲ့ကုန်တဲ့ ပြည်သူတွေ အများကြီး အဲဒီ ထမင်းလုပ်ကို မမြင်ရတဲ့ မျက်လုံးတွေနဲ. ငေးနေကြတယ်။ မိုးအေးအေးနဲ. ကွေးပြီး ဇိမ်ကျနေတဲ့အချိန်မှာ အမိုးအကာမရှိ၊ အနံ.အသက်မကောင်းတဲ့ နေရာတွေမှာ အိပ်မက်ဆိုးတွေ ခြောက်လှန်.ခံနေခဲ့ရ။ ကိုယ်မသုံးတော့တဲ့ အ၀တ်အထည်တွေ ချောင်ထိုးထားတဲ့အစား အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ဖြစ်နေကြတဲ့ ကိုယ့် ညီအကိုမောင်နှမတွေကို မျှလိုက်ကြပါ။

ကျမတို. ပြည်သူတွေက တမြေထဲနေ၊ တရေထဲသောက်နေကြတဲ့ လူသားတွေပါပဲ။

မိုးတွေ ညိုလာပြီ...... ပြည်သူတွေရဲ. မျက်ရည်တွေထက်တော့ မပိုနိုင်တော့ပါဘူးနော်.......။

အေးချမ်းတဲ့ တိုင်းပြည်လေးတစ်ခု.... ကိုယ်ထူကိုယ်ထ စံနစ်နဲ. ပြန်ထူထောင်ကြရအောင်နော်.....။

အကုန်လုံးပါဝင်ကြပြီး တတပ်တအားနဲ.ပေါ့.....ရေသာခို ကျန်မနေခဲ့စတမ်း...။ အခွင့်အရေး ပိုမယူ တလုံးပိုမရှုကြစတမ်းလေ...။

ရန်ကုန်တမြို.လုံး သစ်ပင်ကြီးတွေ အကုန်လုံးနီးပါး အလဲလဲ အပြိုပြို...။ အထင်ကရ သစ်ပုတ်ပင်ကြီးကတော့ မားမားမတ်မတ် ရပ်တည်နေဆဲ...။ ဟော... အကုန်လုံးနီးပါး ဇက်ကြိုး အရွက်မဲ့....တို.လို.တွဲလောင်း အပင်ပျက်တွေကြား ရန်ကုန်မြို.မှာ ရှိတဲ့ စိန်ပန်းနီတွေကတော့ ရဲရဲစွင့်စွင့် အပွင့်တွေ ပြန်ဝေဆဲ....။

ကဲ... တို.လည်းလေ... လက်ချင်းတွဲလို. စည်းလုံးညီညွတ်စွာနဲ. တို.တိုင်းပြည်ကြီးကို ပြန်လည် ထူထောင်ကြစို.။ တို.တိုင်းပြည် ဆုတ်ယုတ်အောင် လုပ်တဲ့သူ. တို.တွေ ရန်သူ...။ အနှောင့်အယှက် အတားအဆီးမှန်သမျှ ပြည်သူ.အားနဲ. ချေမှုန်းကြစို.။ နာဂစ်တောင် ကြံ.ကြံ.ခံခဲ့သေးတာပဲ.....။ ဘာမှုဦးမလဲ.....။ သွားစို.လေ... လက်တွဲမဖြုတ်စတမ်း.......။ ။

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။