Skip to main content

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်…..

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်…..

ကျမရဲ. ဘလောက်ဂ်ကလေးလည်း ဘာလိုလိုနဲ့ ဒီနေ့ဆို တစ်နှစ်တောင် ပြည့်သွားပါပကောလား။ တကယ်တမ်းကျတော့ သူများတွေ ရေးနေတာကြည့်ပြီး လုပ်ဖြစ်သွားခဲ့တာပါ။ မှတ်မှတ်ရရ ဇူလိုင်လ ၁၉ -ရက်နေ့ အာဇာနည်နေ့မှာ စဖြစ်တယ်။ နည်းပညာပိုင်းမရလေတော့ စမ်းတ၀ါးဝါးနဲ့ပဲ မြန်မာစာရိုက်လို့ရတဲ့ ဘလောက်ကလေးဖြစ်အောင် မြန်မာဘလောက်ဂါတွေရဲ. မျှဝေမှုတွေကို ခံယူလေ့လာရပြန်ပါတယ်။ မြန်မာပြည်ရဲ. ခက်ခဲလှတဲ့ ကွန်နက်ရှင်ကြားမှာ ဘလောက်ဂ်တစ်ခု ရှင်သန်အောင် မွေးမြူဖို့က တော်တော်ခက်ပါတယ်။ ခဏခဏလည်း မပြင်ရဲ။ ထည့်ချင်တာတွေလည်း ထပ်မထည့်ရဲ။ နည်းပညာတွေ သိပ်မြင့်နေရင်လည်း ကျမတို့ အင်တာနက်မော်ဒယ်နဲ့က သိပ်ကွာနေတော့ သုံးမရပြန်ပါဘူး။ မြန်မာပြည်မှာ အော်တိုမစ်တစ်(automatic)တွေထက် မန်နူရယ် (manual) တွေက ပိုအဆင်ပြေပါတယ်။ လူ့အစွမ်းကို ပိုတန်ဖိုးထားတဲ့ သဘောဖြစ်မယ်ထင်တယ်။


မြန်မာလို ရေးလို့ဖြစ်သွားပြန်တော့လည်း လက်ကွက်တွေကို လေ့လာပြီး မြန်မာစာရိုက်တတ်အောင် ပြန်ကျင့်ရပြန်ပါတယ်။ သူများဘလောက်ဂ်တွေလို လှလှပပ ကျကျနနလေးတော့ ဖြစ်ချင်ပါရဲ.။ ဒါပေမယ့် ကျမ စိတ်ရှည်ရှည်မထားတာနဲ့ပဲ ဘလောက်ဂ်ကလေးလည်း ဟိုမရောက် သည်မရောက် မျက်နှာလေးငယ်နေရရှာတာပေါ့။ အင်း….။ စီဘောက်စ်လေးလည်း ထည့်လိုက်သေးတယ်။ ဟိုးဘလောက်ဂ်ထိပ်ရောက်လိုက်… အောက်ခြေရောက်လိုက်နဲ့ … ပြင်ရင်း ပြင်ရင်း ပုံကလေးတော့ ပေါ်လာသား။ ဒါပေမယ့်… ဟဲဟဲ… စီဘောက်စ်မှာ တစ်လနေလို့မှ တစ်ယောက် လာမဖြည့်တော့… ကိုယ့်ဖာသာကိုယ် အရှက်ပြေ ပြန်ဖြုတ်လိုက်ရတာပေါ့လေ။

အစပိုင်းကတော့ ကိုယ်ကြိုက်တဲ့ စာလေးတွေ၊ ကဗျာလေးတွေ၊ တရားစာတွေ၊ ကိုယ့်ကိုကိုယ် ပြန်ဖတ်ဖို့ ၊ ဆုံးမဖို့ စာတွေကို တင်ပါတယ်။ နောက်တော့ ကိုယ့်ဘလောက်ဂ်ထဲ ဘယ်သူ့မှ လာကြည့်တာမှ မဟုတ်တာ ဆိုပြီး ကိုယ်ရေးချင်တာလေးတွေ ကောက်ရေးဖြစ်လာပါတယ်။ တချို့ကလည်း အမှတ်တရ အဖြစ်……..၊ တချို.လည်း ရင်ထဲရှိတာလေးတွေ…၊ ချရေးဖြစ်လာပါတယ်။ ကျမဘလောက်ဂ်ရဲ့ ပရိသတ်က များများစားစားမရှိပါဘူး။ အမျိုးသားရယ်… သူငယ်ချင်း.. တစ်ယောက်၊ နှစ်ယောက်၊ အင်း သုံးယောက်လောက်ပါပဲ။ အဲသည်လောက်ကတော့ သိပ်အရေးမကြီးဘူးလေ။ ကျမရေးတဲ့ ပုဂ္ဂလိက ခံစားချက်တွေကို သူတို့တွေ သိလည်း သိပ်တော့ ရှက်စရာ မရှိပါဘူး ဆိုပြီး ဆက်ရေးဖြစ်နေခဲ့တာ….. အခုဆို တစ်နှစ်တောင် ရှိသွားခဲ့ပြီ။

ဟိုတလောကတော့ ကျမ ဘလောက်ဂ်လေးကို ခဏနားဖြစ်ခဲ့တယ်။ ကျမဘလောက်ဂ်လေးရဲ့ မွေးနေ့မှာ ရှိမနေတော့ဘူးထင်ရဲ. ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ဘာမဆိုင် ညာမဆိုင် နေဘုန်းလတ်ကိုတောင် သတိရမိလိုက်သေးတယ်။ အော်… ကျမလည်း ပို့စ်အသစ်တွေ မရှိနိုင်မှန်း သိနေပေမယ့် သူ့ ဘလောက်ဂ်လေးဆီကို မကြာမကြာ သွားအားပေးနေမိတတ်တာကိုး။ သူ့ဘလောက်ဂ်ကလေး တစ်နှစ်ပြည့်တဲ့အချိန်မှာ ပိုင်ရှင်ကတော့……။

ကဲ…. အကျိုးရှိတဲ့ ၊ တန်ဖိုးရှိတဲ့ တစ်နှစ်မြောက်မွေးနေ့လေး ဖြစ်ပါစေ မှတ်စုစာအုပ်ကလေးရေ…။ မင်းကလေးကို အာဇာနည်နေ့မှာ မွေးဖွားခဲ့ရတာဖြစ်လို့ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့လေးတော့ မဟုတ်ခဲ့လေဘူးနော်..။ ဒါပေမယ့် မင်းစာမျက်နှာတွေမှာတော့ ဘယ်တော့မှ ကိုယ်မယုံကြည်တဲ့၊ ကိုယ့်ခံယူချက် ယုံကြည်ချက်ကို သစ္စာဖောက်ထားတဲ့ စာမျိုးတော့ မတင်လေနဲ့နော်…..။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုတော့ မှန်ကန်သစ္စာရှိနေနိုင်စေဖို့ ဆန္ဒပြုရင်း……. ။ ။

Comments

Congratulation and Happy birthday Note Book of Theingi Nwai.

KEEP IT UP!
tg.nwai said…
Thank you very much for your wish!

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...