Skip to main content

ကျမ နားလည်တဲ. ဘလော.ဂါ....

ကျမ နားလည်တဲ့ ဘလော့ဂါဆိုသည်မှာ...

ကိုယ်ပိုင်နေရာလေးတစ်ခု လိုချင်တဲ့ သူတွေ၊ အတွေးအမြင် ခံစားချက်တွေ ဖလှယ်ပြီး အသိုင်းအ၀ိုင်းလေးဖွဲ့ချင်တဲ့သူတွေ၊  ကိုယ် ၀ါသနာပါရာ ပါရာတွေကို မှတ်တမ်းတင်ထား၊ ပြီး ဝေမျှချင်တဲ့သူတွေ..၊ တချို.ကျတော့လည်း ဘလော့ဂ်ကို professional ဆန်ဆန်လုပ်သလို၊ တချိုကျတော့လည်း ကိုယ့်ဒိုင်ယာရီ မှတ်စုထဲ ရေးချင်တာတွေ ရေးထည့်ထားတတ်ကြပြန်ပါတယ်။ တချို.ကျတော့လည်း ကိုယ်ပိုင်ဘလော့ဂ်လေးကိုပဲ ကိုယ့်အိမ်ကလေး ပြင်ဆင်သလို ဟိုပြင် သည်ထည့် အလှဆင်တတ်ကြသလို၊ တချို.ကျပြန်တော့လည်း စာကောင်းပေခန့်တွေနဲ့ ခန့်ခန့်ထည်ထည်ကြီး မွမ်းမံတတ်ကြပြန်ပါတယ်။ လူတစ်ကိုယ် စိတ်တမျိုးစီပေါ့။

ကဲ... ထားပါတော့လေ။ ဘလော့ဂါတွေ (ဆိုလိုတာက ကိုယ်ပိုင်ဘလော့ဂ်ပိုင်ရှင်တွေ) များလာတော့ ဘယ်သူတွေ အကျိုးယုတ်သွားပါသလဲ။ ကျမကတော့ ကိုယ်သန်ရာ သန်ရာ ဘလော့ဂ်တွေပဲ ရောက်လို့လားတော့မသိ၊ စာပေအနုပညာလက်ရာသန့်သန့်လေးတွေ အများကြီး တွေ့မြင်ဖတ်ရှုရတော့လေ... သဘောကျလိုက်တာ။ တစ်စစီဖြစ်နေတာကိုတော့ နှမြောမိပါတယ်။ ဒါပေမယ့် တကယ်ကောင်းတဲ့ လက်ရာလေးတွေဆို ဟိုလက်တို့ သည်လက်တို့နဲ့ ဝေမျှတတ်တာကိုက ဘလော့ဂ်အသိုင်းအ၀ိုင်းရဲ့ အလေ့အထ တစ်ခု။ အတွေးအခေါ်ကောင်းတွေ၊ ရည်ရွယ်ချက်ကောင်းလေးတွေ တွေ့ရတော့ အားရလိုက်ရတာ။ တကယ်ပါပဲ... ။

တစ်ခုရှိတာက... ကျမတစ်ဦးတည်းအနေနဲ့ပြောရရင်.. ကျမတင်ချင်တာတွေကို ကျမ ခံစားချက်နဲ့ညှိပြီး တင်တတ်ပါတယ်။ တခါတခါ ကျမရေးပြီးမှ အမျိုးသားဖတ်ရတော့မှ... ကျမကို သူသိရတာမျိုး။ ဆိုလိုတာက.. သိပ်လွတ်လပ်တယ်။ ကိုယ့်ဖာသာကိုယ်ပဲ တင်သင့်၊ မတင်သင့် စဉ်းစား ဆင်ဆာလုပ်ရတာကိုး။ ကျမဘလော့ဂ်ကတော့ အစကတည်းကိုက ကိုယ်ပိုင်ဘလော့ဂ်လေးပါ။ ဘာအရောင်အသွေးမှ မပါဘူး။ ဒါပေမယ့် ကျမရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ရေးဖြစ်တဲ့ စာတွေဖြစ်တဲ့အတွက်၊ ချစ်တာ၊ မုန်းတာ၊ မကျေနပ်တာ၊ ပင်ပန်းစိတ်ဓာတ်ကျတာ...။ တစ်ခါတစ်လေ.. သူများစာတွေ ဖတ်ပြီးမှ စိတ်ထဲ မနေနိုင်မထိုင်နိုင် ဖြစ်လာရင် ကွန်မက်လေးတွေကိုယ့်ဖာသာ ထပ်ပေးဖြစ်မယ်။ ဒီလောက်ပါပဲ။ 

ဘလော့ဂ်တိုင်းဟာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ့် theme နဲ့ ကိုယ် ရပ်တည်နေကြတာပါ။ ဘယ်သူကမှ ကြားက ၀င်ပြီး ဆင်ဆာလုပ်၊  edit လုပ်စရာမလိုပါဘူး။ လာဖတ်တဲ့သူတွေကလည်း ကိုယ့်အကြိုက်နဲ့ ကိုက်ရင် ကိုက်သလို၊ မကြိုက်ရင် မကြိုက်သလို လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ ဝေဖန်နိုင်တယ်ဆိုတဲ့သဘောကို လက်ခံလို့ ကွန်မက်ပေးခွင့်၊ စီဘောက်စ်မှာ အော်ခွင့် ပေးထားလေ့ရှိပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ရေးချင်တာ ရေးတင်တယ်ဆိုပေမယ့် လာဖတ်တဲ့သူတွေကိုလည်း အလေးထားကြပါတယ်။ ကိုယ့်ဖာသာကိုယ်ရေးတယ်ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေ စော်ကားမော်ကားစကားတွေ ရေးထားလို့ကတော့ လမ်းမှားလို့ရောက်တဲ့ တစ်ခေါက်အပြင် နောက်ထပ် မလာတော့ပါဘူး။ ကျမကတော့ သွားနေကျ ဘလော့ဂ်လေးတွေ သွားဖတ်ပြီး ဖတ်ရင်းဖတ်ရင်းနဲ့ ဘလော့ဂ်ပိုင်ရှင်နဲ့ကို စိတ်ထဲက ရင်းနှီးသွားလိုက်တာ...။ တကယ်တမ်း ကိုယ့်.. သူမသိ၊ သူ. ကိုယ်မသိလေ။ 

နိုင်ငံရေးဘလော့ဂ်တွေကရော... သူတို့လည်း သူတို့ ရည်ရွယ်ချက်နဲ့ သူတို့ ရပ်တည်နေကြတာပါပဲ။ သူတို့မှာလည်း အားပေးတဲ့သူတွေ ရှိမယ်။ လာဖတ်တဲ့သူတွေ ရှိမယ်။ ဒါပေမယ့် အကုန်လုံးကို ငါးကွန်ပစ်ပြီး ဖမ်းသလို သိမ်းကျုံးစည်းရုံးလို့ ရမတဲ့လား။ စာဖတ်သူတွေဆီမှာ ဝေဖန်စဉ်းစားတတ်တဲ့ အသိဉာဏ်တွေ ရှိပါသေးတယ်။ ဒါက အမှန်၊ ဒါက ချဲ့ကားထားတာ၊ ဒါကတော့ ဇာတ်နာအောင် လုပ်ကြံထားတာ....။ တစ်ခါ နှစ်ခါ နားလည်လို့ရသေးတယ်၊ ဒီထက်ပိုလာရင် လက်ခံနိုင်တဲ့သူတွေပဲ ကျန်ခဲ့မှာပဲ။ သေချာတာကတော့ ရင်ဘတ်ထဲက ဘာသာစကားမတူရင် ရေရှည်စကားပြောလို့မရဘူးဆိုတာပါပဲ။ 

နောက်ဆုံးတော့....
ဘလော့ဂ်ပိုင်ရှင်တွေ များလာတဲ့အတွက်... 
ကျမကတော့ ၀မ်းသာပါတယ်။
လူတွေမှာ ဖန်တီးနိုင်ဖို့ အခွင့်တွေ ပိုရလာတယ်။ (အနုပညာ အင်အားတွေ တိုးတက်လာမယ်)
ကိုယ့်စိတ်ထဲရှိတာတွေ ပြောပြဖို့ အခြေအနေတွေ ပေးလာတယ်။ ( စိတ်ထဲမြုံတာမျိုးလျော့သွားလို့ စိတ်ဒဏ်ရာတွေ သက်သာလာမယ်)
ကိုယ့်ခံစားချက်တွေကို နားလည်တူညီနိုင်မယ့် သူငယ်ချင်းအသစ်တွေ ရလာနိုင်တယ်။ ( အပေါင်းအသင်းတွေ တိုးလာမယ်)
ကိုယ့်အတွေ့အကြုံ နည်းပညာတွေကို ဝေမျှနိုင်သလို ကိုယ်လိုချင်တာတွေလည်း အကူအညီတောင်းဖို့ ရှာဖွေဖို့ နေရာလေးတွေ ပိုများလာတယ်။ ( ဗဟုသုတတွေ တိုးပွားလာမယ်)

ဘယ်နေရာမှာမဆို pros & cons, advantages and disadvanges ဆိုတာတွေက ဒွန်တွဲနေတာပါပဲ။ မီးတောင် သုံးစွဲသူပေါ်မူတည်ပြီး ရန်သူဖြစ်လိုက်၊ ချစ်သူဖြစ်လိုက် ဖြစ်နေသေးတာပဲ။ တန်ဆေး လွန်ဘေးတဲ့။ ကျမအတွက်တော့ သိင်္ဂံနွယ် မှတ်စုစာအုပ်လေးက ကျမအတွက် ရင်ဖွင့်ရာ။ တခြားဘလော့ဂ်တွေကကျတော့ ကျမအတွက် စိတ်ဓာတ်အားဖြည့်ပေးတဲ့ အားဆေးတွေလေ....။ ဆေးခါးတွေဆိုရင်တော့ ဝေါင်ဝေါင်ရှေးပါ၏။ 



အတွေးအခေါ် မြင့်မားဖို့မလိုပါ။ လွတ်လပ်ပွင့်လင်း ရိုးသားမှုကိုသာ လိုလားပါ၏။
စာအုပ်ကြီးထဲက သီအိုရီတွေ ယူမလာပါနဲ့။ လက်တွေ့ဘ၀မှာ အသုံးချနိုင်မယ့် အရာတွေသာ ချပေးပါ။
အကြောင်းကတော့.....ကျမက သာမန်အမျိုးသမီးတစ်ဦး ဖြစ်နေလို့ပါ။

Comments

ဒီဆောင်းပါးလေးဖတ်ရတာ ဒေါသသံနည်းနည်း ပါသလိုပဲ ဘာဖြစ်လို့လဲဟင်..
ThuHninSee said…
ဒေါက်တာလွမ်းဆွေဘလော့မှာ ပို့စ်ဖတ်ရလို့လိုက်ရှာကြည့်တာ။
လာလည်မယ်နော်။
tg.nwai said…
လာလည်လို. ကျေးဇူးတင်ပါတယ်။ သုနှင်းဆီ ဆီလည်း သွားလည်ပြီးသွားပြီ။ ချစ်စရာလေးနော်... စာတွေ အများကြီး သွားဖတ်ရဦးမယ်။
Myo Kyaw Htun said…
အဆိုးဆုံးကတော့ ဘလော့ဂ်ဂါကို နိုင်ငံရေးသမားဆိုပြီး သိမ်းကြုံးသတ်မှတ်ထားတာပါပဲ။ အဲဒိလိုကြတော့ ဘာပြန်ပြောလို့ ပြောရမှန်းတောင် မသိဘူး။

Myo Kyaw Htun
www.myokyawhtun.com
NangNyi said…
မိုင်ဆွန်ခ ပီနန်း ..မနိုင်းနိုင်းဆီကနေ ဒီကိုကူးလာတာပါ .. စာတွေအများကြီး ဆက်ဖတ်လိုက်ဦးမယ်နော် ..
Sonata Cantata said…
Blog ဆိုတာကို Blogging ရင်းနားလည်အောင် ကြိုးစားနေတဲ့ Blogger တစ်ယောက်ပါ။
tg ရဲ့ post ဖတ်ပြီး ကိုယ့်ကိုယ်ကို စဉ်းစားမိတာလေးပါ။ တို့ Blog မှာတော့ အဲ့ဒီရက်က Text Message လေးအဖြစ်တင်ထားလိုက်သေးတယ်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။