Skip to main content

ဂလိုဘယ်စီးပွားပျက်ပြဿနာနှင့် မြန်မာပြည်

(http://www.toonpool.com/user/611/files/crisis_inmobiliaria_177865.jpg) 
 
 စက်တင်ဘာလလယ်လောက်က စပြီး ပိုပြီးကျယ်လောင်စွာ ကြားလာခဲ့ရတဲ့ ကမ္ဘာ.စီးပွားရေး အက်ကွဲသံ... အကုန်လုံးက ရင်တမမနဲ့.. စိုးရိမ်ပူပန်ရင်း တစ်ယောက်ကို တစ်ယောက် လက်တွေ ကမ်းလိုက် လက်တွေ မြှောက်လိုက်နဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်ရောက်မလာအောင် အစွမ်းကုန် ကြိုးစားနေကြတာတွေ မြင်နေ.. ကြားနေ ရပါတယ်။

ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ၀ယ်ဖတ်ဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းမ်း ဂျာနယ်မှာလည်း မျက်နှာဖုံးဆောင်းပါး အဖြစ် အကျယ်တ၀င့် ဖော်ပြပေးလို့ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်စားစရာ ဆောင်းပါးပါပဲ.. ပါဝင်ဆွေးနွေးတဲ့ သူတွေကတော့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခ အငြိမ်းစား ဆရာမကြီး ဒေါ်လှမြင့်၊ UMFCCI ဘဏ္ဍာရေးမှူး ဦးမြတ်သင်းအောင်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဝင့်ကျော်၊ ဦးဟန်ထွန်း (အခွန်) နဲ့ လုပ်ငန်းရှင်တချို့ ပါ ပါပါတယ်။

အမေရိကန်နိုင်ငံရေးရဲ. စီးပွားရေးဂယက်ဟာ အာရှ စီးပွားရေး ထိပ်သီးတွေ ဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံများကို ကူးစက်ရိုက်ခတ်လျှက် ရှိပြီး မြန်မာနိုင်ငံကိုတော့ ရိုက်ခတ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ့အတွက်တော့ အထူး စိုးရိမ်ရဖို့ မရှိပါဘူးလို့ ခန့်မှန်းကြပါတယ်။

“ကမ္ဘာဟာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာတဲ့အတွက် ဒီအကြပ်အတည်းက အားလုံးနဲ့ ဆိုင်သလို ဖြစ်နေပါတယ်..။ မြန်မာနိုင်ငံမှာ စတော့မားကက် မရှိဘူး၊ ဘဏ်တွေ အနေနဲ့ နိုင်ငံခြားနဲ့ ချိတ်ဆက် လုပ်ထားတာ မရှိတော့ ဒီအကျပ်အတည်းကြီးက မြန်မာနိုင်ငံကို တိုက်ရိုက်အကျိုး သက်ရောက်မှုတော့မရှိနိုင်ဘူး” လို့ ဦးဝင်းကျော် (ဘဏ်လုပ်ငန်းကျွမ်းကျင်သူ) က ဆိုပါတယ်။
မြန်မာပြည်အနေနဲ့တော့ တိုက်ရိုက်မဟုတ်ပေမယ့် ဆက်စပ်နေတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ နှေးကွေးသွားနိုင်ပါတယ်။ ပို့ကုန်တွေကို မြန်မြန်ထုတ်ရောင်းပြီး cashflow မှီအောင် လုပ်ရမှာပါ.. cashflow နှေးရင်တော့ ကုန်ထုတ်လုပ်မှုပိုင်းမှာပါ ကျဆင်းလာပါမယ်..။  လောလောဆယ် ပို.ကုန် ရေထွက်ပစ္စည်းအချို. ၂၀ ရာခိုင်နူန်းကျသွားတယ်လို့ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း က ဦးညိုမင်းပြောတာလည်း ဖတ်လိုက်ရပါတယ်။

ခြုံပြောရရင်တော့.. 
  • မြန်မာပြည်ကို ထိခတ်လာမှာက အခုဖြစ်နေတဲ့ စီးပွားရေး Crisis ကို တိုက်ရိုက်ထိမှာ မဟုတ်ဘဲ ဂယက်လောက်သာ ခံစားရလိမ့်မယ်လို့ မှန်းဆ ထားကြပါတယ်။
  • သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေ တချို.မှာ အနည်းငယ် အကျိုးသက်ရောက်မှု ရှိနိုင်လို့ သတိထားသင့်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အနည်းငယ် ထိခိုက်မှု ရှိနိုင်ပါတယ်။
  • ရောင်းအားကျဆင်းပြီး ပိတ်သွားရတဲ့ ကုမ္ပဏီ စက်ရုံ တချို.တော့ ရှိလာနိုင်ပါတယ်။
  • ပြည်တွင်း Trading သမားတွေကတော့ လက်ရှိကုန်ပစ္စည်းမျိုး၊ နိုင်ငံတကာမှာ ဈေးကျလို့ အတိုင်းအတာ တစ်ခုအထိ လျှော့ရောင်းရပါလိမ့်မယ်။
တော်သေးလို့ပေါ့..။ မြန်မာပြည်ကြီးက ဂလိုဘယ်လိုက်ဇေရှင်းထဲ မ၀င်ခဲ့တာ...။ တော်သေးတာပေါ့.. မြန်မာပြည်မှာ စတော့ခ်တွေ ရှယ်ယာတွေ ပေးမကစားထားတာ...။တော်သေးလို့ပေါ့... သူများဘဏ်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရောင်းဝယ်ရေးအတွက် ချိတ်ဆက်ပြီး တွင်တွင်ကျယ်ကျယ် မလုပ်ကိုင်ခဲ့တာ...။ တော်သေးလို့ပေါ့.. နိုင်ငံတကာ Money exchange တွေမှာ မြန်မာ ကျပ်ငွေတွေ လဲလှယ်နုန်းတွေ ဖော်ပြမခံခဲ့ရတာ.... တော်သေးလို့ပေါ့... တို့တွေ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေနိုင်ခဲ့တာ...

သူဌေး သဘောင်္မှောက်တာနဲ့ သူတောင်းစားခွက်ပျောက်တာ.. ဘယ်သူက ဆုံးရှုံးမှုပိုကြီးပါသလဲ....။ ဘာပဲပြောပြော ကျမတို့တိုင်းပြည်ကတော့ မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပါပဲ... ။
စာညွှန်း။ အတွဲ(၄)၊ အမှတ်(၄၁) အောက်တိုဘာ ၂၃-၂၉၊ ၂၀၀၈. ရန်ကုန်တိုင်းမ် မှ “ဂလိုဘယ်စီးပွားပျက်ပြဿနာ မြန်မာကို မထိခိုက်ပါ”  perstpective ariticle..

Comments

ThuHninSee said…
ဒီမှာလည်း သားကောင်လေးတစ်ယောက်ပါ...
မဗေဒါ အံကိုခဲ ပန်းပန်လျှက်ပါပဲ... ။
ကျမတို့ပြည်က လူတွေလဲမွဲတေလျှက်ပါပဲ..။
tg.nwai said…
မွန်ရေ.. အားတင်းထားနော်.. u r not alone.
သူငယ်ချင်းရေ.. မဗေဒါ အံကိုခဲ နေတာ ဆရာဇော်ဂျီတို.ခေတ်ကတည်းက ကွဲ.။ ခုမှ တို.တိုင်းပြည်က လူတွေ မွဲတယ်လို. ပြောတာတော့ မခံနိုင်ပါဘူးနော်.. :(
ကိုယ့်တိုင်းပြည်က မွဲလို့ပဲ သူများဆီမှာ အလုပ်သမားလာလုပ်နေရတာပေါ့.. ဟွန့်

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။