Skip to main content

ရီလေတီဗီတီ သီအိုရီ ( မင်းလူ)


ရီလေတီဗီတီ သီအိုရီ

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။
ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။
တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။
နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏။          ။

(မင်းလူ ၏ ဦးမင်းလူကောင်းမှု အချစ်ကဗျာစု စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Comments

PAUK said…
ဟားဟ..
ကောင်းလိုက်တဲ့ ကဗျာလေးး..
ဦးမင်လူကို အသားကုန်ကြိုက်တာ..
သူ့ကဗျာတွေနဲ့တော့..သိပ်မရင်းနှီးဘူး..
ဝတ္ထုတွေတော့..မလွတ်တမ်း..
ဒီအထိ သယ်လာတာ...
မသိဂီၤေရ...
ကျေးဇူး
Sonata Cantata said…
အနာဂတ်တွေ အများကြီး ရှိသေးတာပဲ...ဟဲဟဲ
ကဗျာဖတ်ပြီး စဉ်းစားစရာတွေ ပေါ်လာတယ်။
ကိုယ်က မကြီးမငယ်ဆိုတော့
အချစ်ဟာ အတိတ်ဖြစ်မလား။ အနာဂတ်ဖြစ်မလား။
လောလောဆယ်တော့ ပစ္စုပန်မှာပဲ.... ငှဲငှဲ
khin oo may said…
ကြိုက်ပြီးသား မင်းလူကို
Taungoo said…
အမရေ
ပြန်တင်ပေးတာ ကျေးဇူးပါ။
မဖတ်ရသေးဘူးဗျ ဒီကဗျာကို
ThuHninSee said…
လူလတ်ပိုင်းများအတွက်ရော အချစ်ဆိုတာ....
tg.nwai said…
>ပေါက်ရေ... အကြိုက်ချင်းတော့ တူနေပြီ.. ဟဲဟဲ

>သီတာရေ... အနာဂတ်တွေ အများကြီး ပိုင်ဆိုင်ပါစေ..:P

>မွန်နဲ့ မချိုတို့အတွက်တော့.. လူလတ်များအဖို့ အချစ်သည် ပစ္စုပန်ဖြစ်သည်လို့ ဖြည့်စွက်သင့်တာပေါ့နော်.. ကောင်းလေစွတကား.. :)

>မမ KOM ကြိုက်ပြီးသားဆိုတော့ အားရှိလေစွ..

>ကိုတောင်ငူရေ.. သည်နေရာလေးတွေက ကိုယ့်ခံစားချက်တွေ ဝေမျှတဲ့ နေရာလေးဆိုတော့ သဘောကျတယ်ဆိုရင် စိတ်ချမ်းသာရပါတယ်...။