Skip to main content

ပျောက်ဆုံးသွားသော ....

ဒီနေ့တော့ လွတ်လပ်တယ်... လစ်တုန်းလေး ပို.စ်တစ်ခုလောက်တော့ တင်ထားမှဆိုပြီး ပိတ်ထားတာတွေ ကျော်ဝင်.. ခါးညောင်း လက်ညောင်း မျက်စိညောင်း..အင်း..အကုန်ညောင်း... ဒီကြားထဲ တဖက်ကလည်း ဘလော့ဂ်တွေ လိုက်လည်ဖြစ်သေး။ ဘယ်သူမှ လာမကူတဲ့ ကိုယ့်အထုပ်ကိုယ်ဖြေ..အတင်းညှစ်ထုတ်ပြီး ထွက်လာတဲ့ သဇင်(၃)..ကို အားရ၀မ်းသာနဲ့ Publish တခါတည်း လုပ်လိုက်မိတာ..မတင်ခင်လေး စိတ်ထဲ ထင့်နေသေး။ copy လုပ်ပြီး text file နဲ့ သိမ်းလိုက်ရမလားလို့။ စဉ်းစားတုန်းရှိသေး။ firefox error ဆိုပြီး တခါတည်း ပိတ်ချသွားပါလေရော။ .စိုင်းစိုင်းလိုပဲ သေပြီဆရာ လို့ပဲ ရေရွတ်ရမလား။ ချစ်ဦးမောင့်ထံ ပြန်လာခဲ့တော့ကွယ် လို့ပဲ တမ်းတမ်းတတ တ တဲ့ တေးပဲ ဟစ်ဆို လိုက်ရင်ကောင်းမလား။ သေချာတာကတော့ ဒီပို.စ် ဖတ်ပြီးရင် တဟားဟားနဲ့ ရီပြီး ကောင်းတယ်..မှတ်ပလား။ သူတော်ကောင်းကို ပြစ်မှားလို့ ဆိုပြီး သဘောတွေကျနေမယ့် လူတစ်ယောက်တော့ ရှိလေရဲ့။ ရှိစေတော့ ရှိစေတော့လေ..။ ခုတော့..ညောင်းပြီ..နောက်နေ့မှပဲ ဆက်လက်ကြိုးစားလိုက်ဦးမည်။

Comments

ThuHninSee said…
အစ်မရယ် ဖြစ်ရလေတယ်။ နောက်ဆို ကော်ပီလုပ်ထားနော်။
khin oo may said…
အစ်မကတော့ အမြဲ word ထဲမှာရေးပြီးမှ အဲဒီထဲကို pasteုလုပ်တယ်. ဒင်းတို့ ကို စိတ်မချဘူး။
AYE said…
မသိဂီ င်္ရေ..
ဟီးဟိ..
တကယ့်ကိုLost သွားတာပါ့လား..
ဆောတီး..ဆောတီး...
မွ..မွ...
မျှော်နေပါတယ်စိုမှ ဟင့် :(
Sonata Cantata said…
ပျောက်ဆုံးသွားမှာ စိုး...ဟိုး..ဟိုး
(tg နဲ့တူတူ သီချင်းလိုက်ဆိုပေးတာ)