Skip to main content

အတိတ်က နှစ်သစ်ကူးပျော်ရွင်ပွဲလေး တစ်ခု..

နှစ်သစ်ကူး ခါနီးတော့ ကြုံခဲ့ရတဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ တစ်ခု ကို သတိလိုက်မိရပါတယ်..

တိုက်တိုက်ဆိုင်ဆိုင် အဲဒီတုန်းက ဓာတ်ပုံလေးတွေလည်း ပြန်တွေ့လိုက်တာကိုး။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကဆိုတော့ ကြာပြီပေါ့။ ကျမတို့ ပထမဆုံးအကြိမ် ပြည်ပ ထိုင်းနိုင်ငံကို ရောက်တဲ့နှစ်မှာပဲ စက်ရုံက ဘော့စ်က နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲကို စက်ရုံမှာ လုပ်ပါတယ်။

ကျမတို့ကလည်း အတွေ.အကြုံ မရှိသေးတော့ ဘာတွေလုပ်မှန်းတော့ မသိ....စက်ရုံဝင်း လေဟာနယ် ထဲမှာ စတိတ်စင်တွေ ဆောက်ကြ... အက တွေ တိုက်ကြနဲ့ ဆိုတော့ မိသားစု ပျော်ပွဲရွှင်ပွဲ ကပွဲဆိုပွဲတွေ နေမှာပေါ့လေ..။

ပွဲစတဲ့ နေ့မှာ ဘန်ကောက်ရုံးချုပ်က ၀န်ထမ်းတွေရော.... တခြား ဧည့်သည်တွေရော ရောက်နေကြပါတယ်။ ဒီပွဲပြီးရင်....New Year Holidays လေ.. နယ်က လူတွေများတော့ ပြန်မယ့်သူတွေ ပြန်ကြပါမယ်...။

ကျမတို့လည်း အသက်တွေက ငယ်တော့တဲ့ အရွယ်တွေမှ မဟုတ်တာ.. မြန်မာပီသစွာ အိနြေ္ဒရရနဲ့ အစားအသောက်လေးတွေ စားလိုက်.. သူတို့ ယဉ်ကျေးမှုအကြောင်းလေးတွေ ပြောလိုက်နဲ့ ..တခါတခါလည်း ခပ်တည်တည်နဲ့ မြန်မာလို အချင်းချင်း အတင်းအုပ်ချင် အုပ်နေတတ်သေး။
တကယ်တမ်းကျတော့ စက်ရုံက အလုပ်သမားတွေက လာအိုနယ်စပ်က သူတို့ အခေါ် အိစံတွေ များတယ်.. သူတို့ ကြိုက်တတ်တာလည်း မြန်မာလို တောသီချင်းတွေ.... ရောက်ကာစ ဆိုတော့ ယိုးဒယားစကားက နားရည်မ၀သေးဘူး။  ကွန်မျူနီကိတ် လုပ်ဖို့လောက်ပဲ အလုပ်ဖြစ်နေတာဆိုတော့ သူတို့ ပြောတာတွေ အများစုတော့ နားမလည်ပါဘူး..။ 


က တာ ဆိုတာ တွေလည်း ဒီအတိုင်းကြည့်.. ဟာသတွေဆိုလည်း  ပုံစံကြည့်ပြီး ရယ်လိုက်ကြနဲ့....
နောက်.. သူဌေး စီစဉ်တဲ့ အထူးအစီအစဉ်ဆိုတာ တစ်ခုပါတယ် ဆိုပဲ..။ ဘယ်သူ့မှလည်း မသိကြပါဘူး။ 


အဲဒီအစီအစဉ်လည်း ရောက်ရော.. ကျန်တဲ့ သူတွေ အကုန်လုံး ကိုယ့်နေရာ ကိုယ်ယူကြပေါ့။


လူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်မှာ... ဇာအကျီင်္ရှည်ကြီးတွေ ၀တ်ထားတဲ့ ရောင်စုံ မိန်းကလေးတွေ စင်ပေါ်တက်လာကြတော့.. အကိုကာလသားတွေက တဖြောင်းဖြောင်းနဲ့ လက်ခုပ်သြဘာ ပေးကြတာပေါ့လေ.. အားငယ်ရှာမှာ စိုးလို့။

အော်.. ကကြမှာ ထင်ရဲ့။ (အဲဒီတုန်းက မြန်မာပြည်မှာ အခုလို ခေတ်မှ မမီသေးတာ) .. နောက်တော့ ကရင်း တစ်ထပ် ပြီး တစ်ထပ် ချွတ်လိုက်ကြတာ.. နောက်ဆုံးတော့ .. အင်း .. ဘာမှ မကျန်တော့အောင်ပဲ...။


ကျမတို့လည်း မျက်နှာပူပြီး မကြည့်ရဲတော့ပါဘူး..
ကျမတို့ အုပ်စုထဲက အိုင်စီနဲ့ ကျောင်းပြီးတဲ့ ကောင်လေး တစ်ယောက်ပါပါတယ်။  သူ့အပြောအရ.. တကယ့်ကို ရိုးသားရှာတယ်.. ကျောင်းသာပြီး သွားတယ်.. လက်ဖက်ရည်ဆိုင် တစ်ခါမှ မထိုင်ဖူးဘူး. ကျောင်းတစ်ခါမှ မလစ်ဖူးဘူးတဲ့။ ဘီယာလေး နှစ်ဘူးလောက် သောက်ဖူးတာကိုပဲ ခဏ ခဏ ပြောနေတတ်တော့ ကျမဆို သူ အဲဒီအကြောင်း ပြန်စဖို့ စကားပျိုးလိုက်တာနဲ့..  ဘီယာနှစ်ဘူး သောက်တဲ့အကြောင်း မဟုတ်ရင် ဆက်ပြောလို့ နောက်လိုက်ရင် ပါးစပ်ကြီးကို တစ်ခါတည်း ပိတ်သွားတာပဲ။ (ဒါတောင် မမနဲ့ မတွေ.သေးလို့)


အဲဒီလို ရိုးသားတဲ့ ကိုဖိုးခွား ခမျာ.. အဲဒီ show လည်း မြင်ရော.. ထိုင်နေရရာကနေ ဆတ်ကနဲ ထရပ်လိုက်ပါတယ်။ ဟဲ့ ဘာလို့ရပ်တာလဲ ပြန်ထိုင်လို့ တစ်ယောက်က ပြောလိုက်တော့.. သူဘာဆက်လုပ်ရမှန်းမသိ... လက်တုန်တုန်နဲ့ သူ့ ရှေ့မှာ တွေ.တဲ့ ကင်မရာ ကောက်ကိုင်ပြီး ရိုက်မယ် လုပ်ပြန်ပါလေရော.... ကင်မရာ ပိုင်ရှင်ဖြစ်တဲ့ မစပယ်က... ဟဲ့ နင်က ဘာဖြစ်လို့ ငါ့ကင်မရာနဲ့ ရိုက်မှာလဲ သည်ပုံတွေကို..ငါက ဘယ်လို ကူးရမှာလဲ...တဲ့.. (အင်းလေ..အခုလို ဒီဂျစ်တယ်ခေတ်မှ မဟုတ်သေးတာ..ဟားဟား)
ဒါနဲ့ သူလည်း ကင်မရာကြီးကို ပြန်ချ.... နဂိုက မဖြူတဲ့  မျက်နှာကြီးကို နီရဲနေတာပါပဲ။ လုပ်မိလုပ်ရာ... ရေနွေးကြမ်းတွေ ကောက်သောက်လိုက်ပြန်ရော..ရေနွေးကြမ်းက ပူပူလောင်လောင်ဆိုတော့ သူ့ခမျာမှာ တကယ့်ကို ရုပ်ပျက် ဆင်းပျက်ပါပဲ။ 


ကျမတို့တွေလည်း မျက်နှာပူတာကနေ သူ ယောက်ယက်ခတ်နေတာကို ကြည့်ပြီး ရယ်နေရတာနဲ့ နဲနဲ နေသာထိုင်သာ ရှိသွားရပါတယ်။ ခဏနေတော့ အဲဒီ နတ်မိမယ်တွေ အောက်ဆင်းလာပြီး အမျိုးသားတွေနားမှာ ရစ်သီ ရစ်သီ လာလုပ်.. တချို့ကလည်း ပေါင်ပေါ်မှာ ထိုင်ခိုင်း... ပြီး တဟီးဟီး တဟားဟားနဲ့ သဘောတွေ ခွေ့နေကြတာပေါ့လေ။


အဲဒီနှစ်တုန်းက ဘော့စ်က ဖိတ်လိုက်လို့  ဘန်ကောက်ကို ခဏရောက်နေတဲ့ သူလည်း (မမ အခေါ် မန်းကီး) ရောက်လာပါတယ်။ ဘယ်.. သူကတော့ အိနြေ္ဒတစ်စက် မပျက်ပါဘူး။ လက်ပိုက်ပြီး  ခပ်တည်တည်ပါပဲ။ အာအိုင်တီကျောင်းသားဟောင်းဆိုတော့ ဂလောက်တော့ ဂလက်တောင် မဖြစ်သေး...နေမှာပေါ့။


တကယ်တမ်း မိသားစုပွဲ ဖြစ်လေတော့ မတင့်တယ်ပါဘူး။ တချို့ သမီး ပေါက်စမ တွေကလည်း  အဲဒီ နတ်မိမယ်တွေကို ကြည့်ြ့ပီး ပေါက်တတ်ကရတွေ လျှောက်မေးတော့ အဖေတွေလည်း ဘာဖြေရမှန်း မသိ။ တော်တော်တော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရတဲ့ နှစ်ကူးကြိုပွဲ တစ်ခုပါပဲ...


ဒါပေမယ့် ဇာတ်လမ်းက သည်မှာတင် မပြီးသေးပါဘူး။

နောက်တစ်နေ့မှာပဲ.. အလုပ်သမားကောင်လေးတစ်ယောက်ကို “ဖီခေါက်” လို့တဲ့။ အင်း.. မြန်မာလို သရဲစီးတယ်လို့ ခေါ်မယ် ထင်တယ်။ သူတို့က တော်တော် သရဲကြောက်ကြတယ်။ အဲဒါနဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး.. ဘုန်းကြီးက ပရိတ်ရွတ် ဘုရားစာတွေ ရွတ်ပေးလိုက်မှ..ကောင်းသွားတော့တယ်။ ၀င်းပိုင်က အဲဒီ နတ်မိမယ်တွေ အဲဒီလိုပုံစံမျိုးနဲ့ ၀င်းထဲမှာ လာရောက် ဖျော်ဖြေတာကို ဒေါသတွေ ထွက်လို့ လုပ်လိုက်တာလို့ ဆိုပါတယ်။ 

နောက်ဆုံးတော့ ဘော့စ်ကိုယ်တိုင် ၀က်ခေါင်းတွေ.. စားကောင်းသောက်ဖွယ်တွေနဲ့ စက်ရုံဝန်းထဲက ညောင်ပင်လို အပင်ကြီးအောက်မှာ ဖယောင်းတိုင် အမွှေးတိုင်တွေနဲ့ ပြန်တောင်းပန် ပူဇော် ပ သ ရှိခိုး ရပါတော့တယ်။

နောက်ထပ်လည်း အဲဒီဝန်းထဲမှာ အဲဒီလို ပွဲမျိုးတွေ ကျင်းပ ဖြစ်တော့မယ် မထင်ပါဘူး။
ကျမလည်း နောက်ထပ် ထပ်မကြုံတော့ပါဘူး..။ (ကြုံရင်လည်း ပြောပါဦးမယ်.. ဟဲဟဲ)

Comments

Anonymous said…
ဟုတ်လား မtg။ တစ်ခါမှတော့ မကြုံဖူးသေးဘူး။ ကြောက်ဖို့ကောင်းလား။ ဒါဆိုနောက်ဆိုမလုပ်တော့ဘူးပေါ့။ ဖြစ်ရလေ။
Sonata Cantata said…
ဟ. ဟ .. ဘလော့ဂ်လာဖတ်သူတွေက ပုံကြည့်ချင်ပါတာဆို ခက်တော့မယ် ဒီကလေးမ
(မျက်နှာကြီးနီ၍ ဓာတ်ပုံရိုက်လိုသူ နေရာမှ ခံစားသည်။)
PAUK said…
အဲ့လို အကပွဲမျိုး ဒီမှာလည်း တအားပဲ..
ကန်တော့ ကန်တော့...မသာအိမ်တောင် ဒီလို
အကမိန်းကလေးတွေ ငှားပြီး ကခိုင်းသေးတယ်..
ယောင်္ကျားတွေ သေရင် ငှားကြတာ..
ငိုချင်းသည်လဲရှိတယ်..ဒီမှာ...
ကျနော်တို့ အလုပ်က တရုတ်နှစ်ကူးအတွက်
ညစာစားပွဲတွေမှာလည်း နှစ်တိုင်းလိုလို အဲ့ဒီ
အက ပါတယ်။။ အရမ်းကြီးတော့ မချွတ်ကြဘူးပေါ့..
ဒါပေမယ့်လည်း မကြည့်ချင်ဘူး...
khin oo may said…
စိတ်ဝင်စားစွာဖတ်သွားသည်။
ThuHninSee said…
တစ်ခါလောက်တော့ ကြည့်ချင်တယ်။ ဘယ်လိုများနေလဲလို့။ ဟိဟိ။
မတီဂျီရယ်..ကွန်မန့်ပေးလို့ မလွယ်ရင် မပေးပါနဲ့ ရပါတယ်။ အဲဒီဘက်ကနေ ဘလော့ဂ်ဝင်ရ ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။
said…
G Hall မှာတုန်းက ထမင်စားဆောင်မှာ ( Dinner ညလို့ထင်ပါတယ်) Pretty Women ဆိုပြီး ဖွင့်လိုက်တာ ဖော်ချွတ်ကားဖြစ်နေလို့ G Hall သူတွေပွက်လောညံ့သွားတာရယ် Video လိုက်ပြတဲ့ ကောင်းလေး ကြောက်ကြောက်လန့် ထပိတ်တဲ့ ပုံကို ပြန်မြင်ရောင်တယ်
tg.nwai said…
ဟားဟား.. အဲဒီတုန်းက ငါ မကြည့်မိပါဘူး.. ကြားလိုက်တယ်..ဒါနဲ့... video ပြတဲ့ ကောင်လေးက ဘာလို့ ကြောက်တာလဲဟင်..။ တွေးမိရင်း အဲဒီကောင်လေးအစား ကျောချမ်းလိုက်တာ..ဟဲဟဲ..

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...