Skip to main content

သမီးလေးသို့ ချော့ချင်း။

သမီးလေးရေ...

အိမ်မှာ မွေးထားတဲ့ hamster လေးတွေထဲမှာ အလှဆုံး အချောဆုံး သဘောအကောင်းဆုံးမို့ မေမေတို့ Queen လေး လို့ ချစ်စနိုးနဲ့ ခေါ်ခဲ့တဲ့ ဟမ်းစတားမလေးကတော့ ဟိုးအဝေးကြီးကို ထွက်သွားလို့ ငိုနေသလား သမီးငယ်ရယ်...။

အားလုံးထဲမှာ ထူးခြားစွာ လှပတာထက် ထူးဆန်းစွာ သဘောကောင်းနေခဲ့တဲ့ သမီးရဲ့ Queen လေးဟာ တိရိစ္ဆာန်ဘ၀က လွတ်မြောက်ပြီး နတ်သမီးလှလှလေး ဖြစ်နေမှာပါ။

မေမေလည်း ဘယ်စိတ်ကောင်းပါ့မလဲကွယ်...။ ဒါပေမယ့် သဘောကောင်းလွန်းတဲ့ သူမို့ ကောင်းရာမွန်ရာ ရောက်နေမှာပါ.. သမီးတို့၊ မေမေတို့ရော.. သူတို့လေးတွေပါ .. သံသရာခရီးသည်တွေပဲ ရှိနေသေးတာကိုး။ သူတို့က သည်ဘူတာမှာ ဆင်းသွားပေမယ့် နောက်ရထားတစ်စီးနဲ့ ခရီးဆက်ရဦးမှာလေ..။ ခုလည်း မေမေတို့ သမီးတို့ အတူတူ ရှိနေပေမယ့် ဘယ်အချိန် ဘယ်ဘူတာမှာ ဘယ်သူက ဆင်းသွားရမယ်မှန်း သိကြတာမဟုတ်...။


တကယ်လို့....Queen လေးကို ကိုကို ငယ်ငယ်တို့ကို ပြချင်လို့ ခေါ်ခဲ့ဖို့ ဖေဖေ မပြောခဲ့ဘူး ဆိုရင်...
တကယ်လို့.... ဖေဖေပြောခဲ့တောင် မေမေက ခေါ်မလာခဲ့ဘူး ဆိုရင်...
တကယ်လို့ .... မေမေ ခေါ်လာခဲ့တောင် ကိုကိုမိုးဟန်က ရုံးမှာသာ ထားခဲ့ပြီး နေပူပူထဲ ကားပေါ်သာ ခေါ်မလာခဲ့ဘူး ဆိုရင်...
တကယ်လို့.... ခေါ်လာခဲ့ရင်လည်း အရှေ့မှာပဲ ထားပြီး ကားနောက်ဖုံးထဲ ထည့်မထားခဲ့ဘူးဆိုရင်....
တကယ်လို့ ......ကားနောက်ခန်းထဲ ထည့်ထားလည်း အဖုံးကို သေချာသာ မေမေ ကရုတစိုက် သတိထားမိပြီး ပိတ်ထားခဲ့မယ် ဆိုရင်...
တကယ်လို့ .......ကားနောက်ခန်းထဲမှာ cage အပြင်ဘက်ရောက်ခိုက်မှာပဲ သူတို့လေးတွေ ကြောက်လန့်အောင် ကလေးတွေက အော်ဟစ်မနေခဲ့ဘူးဆိုရင်....
တကယ်လို့.... မေမေသာ Queen လေးကို စောစောစီးစီး ဖမ်းမိနိုင်ခဲ့ရင်...
တကယ်လို့.... Queen လေးသာ ဓာတ်ဆီတွေ ပေနေတဲ့ tools တွေကြားထဲ ၀င်ပြေးပြီး တကိုယ်လုံး ဓာတ်ဆီတွေနဲ့ ပေလူးမနေစေခဲ့ဘူး ဆိုရင်....
တကယ်လို့....
တကယ်လို့.........


အဲသည် တကယ်လို့ ...ပေါင်းများစွာဟာ.. တကယ်တမ်းကျတော့ အားလုံး ပြီးဆုံးသွားခဲ့ပြီလေ.. သမီးငယ်ရယ်...။

တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေမြင်..ကိုယ့်ဘာသာလည်း အပြစ်တင်နေမယ့်အစား...
သွားရှာလေသူ အတွက် ဆုမွန်ကောင်းတွေ တောင်းပေးရင်း၊ သူပေးခဲ့တဲ့ ချစ်ခြင်းတွက် ကျေးဇူးတင်ရင်း၊. လက်ရှိ ရှိနေသေးတဲ့ သူတွေကို ပိုကရုစိုက်ဖို့ ကတော့ မေမေတို့အတွက် အလုပ်နိုင်ဆုံးပဲ မဟုတ်လား သမီးငယ်ရယ်...။

မငိုပါနဲ့ သမီးငယ်ရယ်...
မွေးစကနေ သေဆုံးတဲ့ အထိ မေမေတို့တွေ ချစ်တဲ့သူတွေနဲ့ ကွေကွင်းရလို့၊ မချစ်မနှစ်သက်သူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရလို့... ငိုစရာတွေ အများကြီး ကျန်နေသေးတယ်...။

Queen လေးခမျာ သူ့ကို ကရုတစိုက် မြေမြှပ်ပေးတာ ခံခဲ့ရသေးတယ် သမီး...။
နာဂစ်တုန်းက ကြွေလွင့်သွားရှာတဲ့ လူတွေ.. လူသားတွေပါ..သမီးငယ်ရယ်... အဲဒီအခွင့်အရေးလေး မရရှာကြဘူး..

အငိုတိတ်တော့ပြီး အိပ်တော့နော်..သမီးလေးရေ... အိပ်မက်ထဲမှာ Queen လေးက နတ်သမီး လှလှလေး အဖြစ် ရောက်လာလိမ့်မယ် ထင်ရဲ့။

မေ့သမီးလေး ပင်ပန်းရှာပြီ... တွယ်တာမိတဲ့ သံယောဇဉ်တွေကြောင့်....။

Comments

မီယာ said…
သမီးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲခွာခြင်းရဲ့ ဒဏ်ရာကို ခံစားနေရတယ်။ အမြန်ဆုံး သက်သာပြီး ပြန်လည် ပျော်ရွှင်နိုင်ပါစေနော်။
Sonata Cantata said…
ဒီမိသားစု သိပ်ချစ်တတ်တာ ဘေးကလူတွေတောင် သိတယ်...
ချစ်ခြင်းမေတ္တာ၊ အကြင်နာတရား ... ကောင်းခြင်းတွေကို
ရင်ခွင်၌ ပွေ့ပိုက်သူတို့ အေးချမ်းပါတယ်/စေ
ThuHninSee said…
ငယ်ငယ်တုန်းက ကိုယ်မွေးထားတဲ့ ခွေးလေးတွေ သေတိုင်း ငိုရတာအမောပဲ။ နောက်ပိုင်း ငိုရတာများလာလို့ ထုံလာရော။ သမီးလေး လဲ အချိန်နည်းနည်းကြာရင် စိတ်သက်သာလာမှာပါ။
ဇနိ said…
သိပ်ချစ်တတ်တဲ့ မေမေ ချော့တတ်တဲ့ မေမေပါပဲ
း)
PAUK said…
မသိဂီ င်္
ချစ်တတ်လိုက်တာ..
ကျနော်က အကောင်မှန်သမျှ
အကုန်ကြောက်..
Anonymous said…
မtgရေ.. Queen လေးအတွက်စိတ်မကောင်းပါဘူး။ မေမေပြောသလို သဘောထားပြီးနေ။း)
ဝိုင်းဆုတောင်းပေးမယ်နော်..
အော် သံယောဇဉ်ကြောင့် ကလေးကို အပူတွေဟတ်ကုန်ပြီ်။ ကိုယ်တတ်နိုင်တဲ့အရာမှမဟုတ်ပဲ။
ပျော်ပျော်နေပါ ကလေးရယ။်

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...
"ယောနိသော မနသိကာရ" တဲ့ နှလုံးသွင်းမှန်ကန်မှုလို့ ဆိုကြတဲ့ စကားစုလေးပေါ့...  ကိစ္စရပ်တခုတည်း အာရုံတခုတည်းကိုပဲ ကိုယ့်ရဲ့ နှလုံးသွင်း မှန်ကန်မှု၊ မမှန်ကန်မှုပေါ် မူတည်ပြီး ရလဒ်ကလည်း ပြောင်းလဲသွားတတ်တာမျိုး... ကြားဖူးနေကျ ဥပမာဆိုရင် ဖိတ်စင်သွားတဲ့ ရေတဝက်နဲ့  ကျန်နေသေးတဲ့ ရေတဝက် ပေါ့…. ကိုယ့်အမြင် ကိုယ့်လက်ခံမှုပေါ်မူတည်ပြီး ရတဲ့ အကျိုးဆိုတာက ကိုယ့်စိတ်ခံစားမှုနဲ့ ပိုနီးစပ်မယ်ထင်တယ်...ကုသိုလ်, အကုသိုယ်၊ ကောင်းကျိုး ဆိုးပြစ်တွေက ဝေးနေသေးလို့... ဒီကနေ့တော့ စားမယ်လို့ အပတ်တိုင်း ကြိမ်းဝါးထားတဲ့ နံနက်စာ ဘူးဖေးကို တကယ် သွားစားဖြစ်ကြတယ်.... သူတို့က နံနက်စာဆိုပေမဲ့ ကိုယ်တွေတွက်တော့ ဘရန့်ချ် ပေါ့…အရင်တခေါက်က အစားအသောက်ဖက် အာရုံစိုက်နေလို့ နောက်ဆို အေးအေးဆေးဆေး စကားလေးပြောရင်း စားကြတာပေါ့လို့ ဆိုတဲ့ အခေါက်မှ အချိန်က ကမန်းကတန်း….  ရိပ်သာတွေ ငယ်ငယ်ကတည်းက သွားထားလို့  အတိုင်းအဆ သတိထားတတ်အတဲ့ အလေ့အကျင့်ကြောင့် အစားအသောက်နဲ့  ပတ်သက်ပြီး သိပ်ပြီး ဒုက္ခမများဖူးဘူး... မျက်နှာချင်းဆိုင် နှစ်ယောက်သား စားလိုက် သောက်လိုက် စကားပြောလိုက်နဲ့ပေါ့.... ပြီးတော့ Sprit ဘက်သွားပြီး အပေါ်မှန်ကွဲန...