Skip to main content

SMS, E-mail များနှင့် ကျမတို့။

စာဖတ်နေတုန်း ဘေးနားက လက်ကိုင်ဖုန်းက မက်ဆေ့ခ်ျရောက်ကြောင်း အချက်ပေးတဲ့ အသံထွက်လာပါတယ်။ အမျိုးသားကလည်း ခရီးထွက်နေတယ်ဆိုတော့ သူပို့လိုက်တာလို့ပဲ ထင်လိုက်မိပါတယ်။ အော်.. ဘယ်ရောက်နေပြီလဲ မသိ.. ဆိုပြီး ကြည့်လိုက်တော့ ကျမ မသိတဲ့ ဖုန်းနံပါတ်တစ်ခု...နံမယ် တပ်ထားလို့သာ ဖုန်းမှားပို့လိုက်တာကို သိလိုက်ရတာပါ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နေကောင်းတယ်..ကျေးဇူးဆိုတဲ့ စာကလေးတင်ပါပဲ။ ကျမ ဘာဆက်လုပ်ရမလဲ..။ သူ့ဆီ ဖုန်းဆက်ပြီး မက်ဆေ့ခ်ျမှားပို့လိုက်တယ် လို့ ပြောဖို့ လိုဦးမလား။ စကားသိပ်မများချင်တဲ့ ကျမအဖို့တော့ ဘာမှ မပြောပဲ ဒီအတိုင်းပဲ နေလိုက်ဖို့ပဲ ရှိပါတယ်။


ဒီလို မက်ဆေ့ခ်ျမျိုး မှားဝင်တာလောက်က ကိစ္စမရှိပေမယ့် တစ်ခါ ရောက်လာတာကတော့ နဲနဲ ဆိုးပါတယ်။ ဖေဖေ ခရီးထွက်သွားတော့ သူသုံးလို့မရနိုင်လို့ ဖုန်းကို အိမ်မှာပဲ ထားခဲ့ပါတယ်။ မေမေကတော့ လာရင် ထူးဖို့ကလွဲလို့ ပိတ်နေရင်တောင် မဖွင့်တတ်ပါဘူး။ ကျမ မေမေ့ဆီရောက်တော့ ဖုန်းကိုကိုင်ကြည့်လိုက်တာ မဖတ်ရသေးတဲ့ မက်ဆေ့ခ်ျ နှစ်ခု.... ဖေဖေက မက်ဆေ့ခ်ျတွေ ဘာတွေ ပို့လေ့မရှိပါဘူး။ လက်ကိုင်ဖုန်းတစ်ခုကို ဖုန်းပြောဖို့ အ၀င်လက်ခံ ဖို့၊ အဆက်အသွယ် မပြတ်ဖို့ လောက်ပဲ သုံးဖို့ စဉ်းစားတဲ့ လူကြီးတွေ.... ဒါနဲ့ ဖေဖေလည်း ခရီးထွက်နေလို့ ဘာများ အရေးတကြီး ပါလိမ့်လို့ ကျမ ဖွင့်ဖတ်လိုက်မိတယ်။ ကျမ ကြက်သေ သေသွားတယ်။ ရေးထားတာ ဘားဂလစ်ခ်ျနဲ့ ko, bar lote nay le.. lwan nay tae. chit! တဲ့။ ဒါနဲ့ပဲ ကျမလည်း နေရင်း ထိုင်ရင်း ခေါင်းနပမ်းတွေကြီး..။ ဘယ်နှယ့် .. ဖေဖေဆီ ပို့တာတော့ မဟုတ်နိုင်ဘူး.. ဒါဆို အရင်သုံးတဲ့ သူပဲ ဖြစ်ရမယ်။ သူဖြစ်ရလောက်အောင်လည်း သူအရိပ်နီးပါးဖြစ်နေခဲ့တဲ့ ကျမ လေ.။ စိတ်ထဲ ကလိကလိနဲ့ မနေတတ်သူမို့ သူ့ သွားမေးတော့ ရီတယ်..ဖုန်းမှားတာနေမှာပါ.. ကိုယ်မသုံးတာ ဘယ်လောက်ကြာနေပြီလဲ..တဲ့။ ဖေဖေ့ကို သွားမေးမိရင် အအော်ခံရဦးမယ်..။ လုပ်လို့ရတာ တစ်ခုကတော့ အဲဒီဖုန်းနံပါတ်ကို ဖုန်းဆက် မေးဖို့ပဲ ရှိတော့တယ်။ ဒါနဲ့ပဲ.. အဲဒီ မက်ဆေ့ခ်ျ ဇာတ်လမ်းကို မှားပြီး ၀င်လာတာလို့ပဲ assume လုပ်ပြီး ကေ့စ်ကို ပိတ်ပစ်လိုက်ရပါတယ်။


ဖြစ်တတ်နေတာကိုး။ တစ်ခါ သူ meeting တစ်ခုက အပြန် ကျမဆီ ပို့လိုက်တဲ့ ဘယ်မှာ နေ့လည်စာ စားကြမလဲ ဆိုတဲ့ မက်ဆေ့ခ်ျက ညနေဘက် ထမင်းစားခါနီးမှ ၀င်လာတယ်။ ဒီထက်ဆိုးတာ ရှိသေး။ နောက်တနေ့ ပုဂံ ခရီးထွက်မှာမို့ သူလည်း အလုပ်တွေ ရှုပ်၊ ကျမလည်း အလုပ်တွေ ရှုပ်။ ကျမ လိုတာလေးတစ်ခု မှာချင်လို့ သူ့ဆီ လှမ်းဆက်တာ လူကြီးမင်းနဲ့ပဲ တိုးနေလို့ မက်ဆေ့ခ်ျပို့်လိုက်တာ..။ လိုချင်တဲ့ ပစ္စည်းတော့ မပြောပါနဲ့။ အဲဒီ မက်ဆေ့ခ်ျတောင် နောက်တနေ့ ပုဂံလေယာဉ်ကွင်းကနေ အထွက် ကားပေါ်ရောက်မှပဲ ၀င်လာတော့တယ်။ တစ်ခါကလည်း သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းတဲ့ message က သူနဲ့တောင် တွေ့ပြီး နောက် သုံးလေးရက်နေ့တော့ ၀င်လာပါရော။ ဘယ်နှယ့်... ပို့လိုက်တဲ့ အကြောင်းအရာက အဟောင်းဖြစ်နေလို့ သူ့ ပြန်လှမ်းဖုန်းဆက်မေးတော့မှ.. အရင် လေး ငါးရက်က ပို့လိုက်တဲ့ message ဖြစ်နေတယ်။ အဲဒါကတော့ မြန်မာပြည်က sms ရဲ့ အခြေအနေတွေပါ။ Short Message Service မဟုတ်တော့ပဲ Slow Motion Service ဖြစ်နေပါပြီ။


နောက်တစ်ခု ဆိုးတာကတော့ အီး-မေးလ်တွေ.. (တချို့ တချို့ အီးမေးလ် service တွေပါ) တမြို့နဲ့ တမြို့ ၊ နိုင်ငံရပ်ခြားမပြောပါနဲ့။ ရုံးတွင်းပို့တာတောင်.. မရောက်။ လူတွေကလည်း အရင်ကလို စာရွက်တွေနဲ့ မသုံးတော့ပဲ လွယ်လွယ်ကူကူ compose လုပ်လို့ရတာလေးနဲ့ ပို့နေလိုက်ကြတာ။ တစ်ရက်လည်း မရောက်. နှစ်ရက်လည်း မရောက်။ နောက်ဆုံးတော့ မမ်မိုရီ စတစ်ခ်နဲ့ပဲ ယူလာပါတော့လို့ ပြောရတော့ပါတယ်။ အပြင်နဲ့ ဆိုရင်ကတော့... ပြောရရင် ..ဂျီမေးလ်လောက်ကမှ သေချာသေး။ British Council Library မှာ စာကို ကပ်ထားတာ တွေ့ခဲ့ပါတယ်။ အရင်က ပို့တဲ့ newsletter တွေကို subscribe လုပ်မယ်ဆိုရင်.. ဘယ်မေးလ်တွေ ဘယ်မေးလ်တွေဆိုရင် ရောက်မှာ မဟုတ်တဲ့အတွက် ဂျီမေးလ်အကောင့်တွေရယ်.. တခြား သူတို့ recommend လုပ်တဲ့ accountတွေနဲ့ subscribe လုပ်ဖို့ ..။ ကဲ...မရီရဘူးလား။


နောက် ရှိသေးတယ်။ အရွယ်အစားကြီးတဲ့ ဖိုင်တွေ ခံနေရင် နောက်ထပ် မေးလ်တွေ ၀င်မလာတတ်တော့တာ။ အပြင်ကလူတချို့ကလည်း ဒီဘက်ကို မသိနိုင်လေတော့.. သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေလို ဖိုင်size ကြီးကြီးတွေကို ၀ိတ်မလျှော့ပဲ ဒီအတိုင်းပို့လိုက်ကြတာ။ ဒီမှာဘက်မှာတော့ တခြားမေးလ်တွေလည်း မ၀င်နိုင်တော့.. အီးမေးလ်ရုံးကို သွားပြီး အဲဒီဖိုင်တွေကို သွားကူးယူရပါတယ်။ မေးလ်တွေ မ၀င်လို့ မသကာင်္ရင် အီးမေးလ်ရုံးကို ဖုန်းဆက် စုံစမ်းကြည့်လို့ ရပါတယ်။ သူတို့က သေသေချာချာ ပြန်စစ်ပေးပါတယ်။ ဘယ်သူပို့လိုက်တာ၊ အထဲမှာ ဘာတွေပါသလဲဆိုတာတောင် ဖတ်ပြလိုက်ပါသေးတယ်။ အော်.. အဲဒီလို ဖတ်ပြမှ အရေးကြီးလား မကြီးဘူးလား သိမှာကိုး။ ယုံကြည်စိတ်ချစွာ အားကိုးရပါပေသည်.. ပေါ့။ 
 
( G-mail, hotmail တို့လို free mail တွေကို ပြောတာမဟုတ်ဘူးနော်.. :)

Comments

PAUK said…
မသိဂီ င်္ရေ...
ဖုန်းမက်ဆေ့ခ်ျက ဒီမှာတော့ ဘယ်တုန်းကမှ
မှားမ၀င်ဖူးဘူး..
ကြားလည်းမကြားဖူးဘူး(ကျနော့်အနေနဲ့ပြောတာနော်)
မှားဆက်တာတော့ ရှိဖူးပါတယ်..
အီးမေးလ်နဲ့ပတ်သက်လို့ကတာ့..
မသိဂီ င်္ပြောတာတွေကို..
ဖတ်တော့ကြည့်တာပဲ..
နားလည်အောင်ကြိုးစားတုန်း..
မြန်မာပြန်ရင် အင်တာနက်မသုံးဖြစ်တာများတယ်
ဆိုက်ဘာမှာပါ့စ်ဝေါ့ဒ်တွေကျန်တတ်တယ်
ကြားဖူးလို့..
ကျနော်တို့မြို့က သေးသေးလေး..
ThuHninSee said…
ဒါဆို.. မင်္ဂလာနှစ်ပတ်လည်တို့ မွေးနေ့ဆုတောင်း မက်ဆေ့ခ်ျဆို
တစ်လလောက်ကတည်းက ကြိုပို့ထားရမယ်ထင်တယ်။
စိတ်ချရတာပေါ့။
Sonata Cantata said…
သင့်၏ အဆင်မပြေမှုအတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း။ ပုံ..td
(ယုံကြည် စိတ်ချစွာ CBoxမှ ကူးချလိုက်ပါသည်။)
ဟားဟား သီတာကအရင်ဉီးသွားပြီ။
email ပို့ရင်သတိထားပါမယ် ဟဲဟဲ။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...