Skip to main content

သဇင် အမှတ်တရများ....ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား (ရေးသားသူ..K- မမ)

 
ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၁)

သိင်္ဂီရေ သဇင်အမှတ်တရအများကြီးထဲ ကတစ်ခုပေါ့။
ငါဟာ သဇင်ရဲ့ရွှေအိုရောင်နေ့ရက်များကို လွမ်းနေသူပါ။ သဇင်ဟာ သစ်ပင်ပန်းမာလာတွေနဲ့ ဝန်းရံနေတဲ့ ဥယျာဉ်လေးထဲက ဒေဝီလေးတပါးပေါ့။ 
 
သဇင်အဝင် Security Guest House အများခေါ် အနီးကပ် ကျုရှင်ခန်းရဲ့ အမိုးမှာတော့ စက္ကူပန်းရုံ၊ အနီးမှာ ဇီးပင်ရှိတယ်လေ။ တရက် ကျောင်းပိတ်ရက်မှာတော့ ပဲခူးဆားးပွင့်တွေနဲ့ အတူ အနီးကပ် ကျုရှင်ခန်းရဲ့ အမိုးပေါ်ကတဆင့် ပေါင်းမိုးပေါ် တက်ပြီး ဇီးသီးခူးစားနေတာကို မြင်သွားတဲ့ မြင်းခြံသား အောင်သင်း က ကျောင်းမှာ ငါတို့ကိုမြင်ရင် ဇီးသီးသူခိုးလို့ လိုက်လိုက်စတတ်တယ်။ ငါတို့ကလည်း သူ့ကိုနာမည်ပေးလိုက်တယ် (ဇီးသီး) လို့။ (အရင်က သူ့အမည်မသိဘူး၊ တကယ်တော့ ကျောင်းမှာက မိဘတွေပေးထားတဲ့ အမည်ရင်းတွေသိစရာမလိုဘူးလေ။ လက်ဘက်ရည် မုန့်မကျွေးရပဲ ကွယ်ရာမှာ အမည်သစ်တွေရသွားတာပဲ။ အခုအချိန်ထိ တချို့ဆို အမည်ရင်းပြောရင်မသိပေမဲ့ အမည်ပြောင်ပြောရင်တော့ အော်....ဆိုပြီး သိကြတာလေ။)
 
ထမင်းစားဆောင် ပတ်ပတ်လည်မှာတော့ ပိန္နဲပင်၊ သရက်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရိပ်အာဝါသ ကောင်းတဲ့ နေရာလေးပါ။ အဆောင်မျက်နှာစာ နဲ့ ဝင်းအဝကနေ အဆောင်ပေါက်ထိသွားတဲ့ ပေါင်းမိုးတလျှောက် မှာတော့ ရောင်စုံရွက်လှတွေ၊ စံပယ်ရုံတွေ၊ အရိပ်ကောင်းတဲ့ ပိန္နဲပင်တွေ၊ ငုဝါ နဲ့ ပိတောက်ပင်တွေ ဝေဝေဆာဆာကြားမှာ ခုံတန်းရှည်လေးများနဲ့ အဆောင်သူတွေသာမက လာရောက်တဲ့ ဧည့်သည်အပေါင်းတို့ကိုလဲ အေးချမ်းစေခဲ့တာပါ။ အဆောင်မှူးနေတဲ့ အခြမ်းမှာ Basket Ball ကွင်း နဲ့ သရဖီ၊ သမိုင်းဝင်း ကန်တင်းဘက် သွားတဲ့ အခြမ်းမှာ Volley Ball ကွင်းတို့ ဟာ ဥယျာဉ်လေးကို အလှတိုးစေတဲ့ အရာတွေပေါ့။ 
 
အဆောင်မှူးအခန်းရှေ့ မျက်နှာစာမှာတော့ မာလကာပင်၊ အိုးလေးတွေနဲ့စိုက်ထားတဲ့ နှင်းဆီ၊ kiss me quick တွေ။ အဆောင်မှူးအခန်းဘေး မှာတော့ သရက်ပင်၊ မာလကာပင် ( ဒီမာလကာပင်တွေကတော့ အပင်ကြီးတွေလောင်းရိပ်မိလို့ အဆောင်မှူးရဲ့ဧည့်ခန်းရှေ့က အပင်လို အသီးလှိုင်လှိုင် မရှိပါဘူး) ။ ဧည့်ခန်း၊ TV ခန်း၊ ရေချိုးခန်းဘေးမှတော့ သရက်ပင်၊ ပိန္နဲပင်။ အဆောင်နောက်မှာတော့ ရာသီမသိတဲ့ ဥဩနဲ့ တောက်တဲ့တို့နေတဲ့ ကုက္ကိုပင်တွေ ဝိုင်းရံနေတာပါ။ မရှိမဖြစ် နယ်နမိတ် သတ်မှတ်ဖို့အတွက် စိုက်တဲ့ စက္ကူပန်းရုံ၊ ပုဏ္ဏရိတ်ပင်တွေရောပေါ့။ (ရှိတာတွေ ဖြစ်ညှစ်ထုတ်ကြွားတာ။ ဆရာ နေဝင်းမြင့်သာ သဇင်ကို အလည်ရောက်ခဲ့ဘူးရင် သူ့ရဲ့ အေးအေးလူလူအတွေးများ ထဲက “ဥယျာဉ်ချစ်လျှင်” ဆိုတဲ့ဆောင်းပါးထဲမှာ ပြင်သစ်က ဥယျာဉ်တွေနဲ့ အပြိုင် တခမ်းတနားဖော်ပြမှာ မြေကြီးလက်ခတ်မလွဲပါ။ ဒါတောင် သရဖီလို စီးပွားဖြစ်စိုက်တဲ့ သပြေ၊ စံပယ်ပန်းတွေ မရှိလို့ ။ )

ဥယျာဉ်ထွက် သရက်သီးနဲ့ ပိန္နဲသီးကိုတော့ ရာသီချိန်မှာ အနည်းဆုံး ၂-ခါ၊ ၃-ခါ လောက် အဆောင်သူအားလုံးကို ညီတူမျှတူဝေပေးလေ့ရှိပါတယ်။ တခါဝေရင်လဲ သရက်သီးဆို ၂-လုံးကနေ ၁၀-လုံးထိ၊ ပိန္နဲသီးဆိုအနည်းဆုံး လေး၊ ငါး၊ ရှစ်မွှာလောက်ရကြတာပါ။ သရက်သီးဝေတဲ့နေ့ဆို တောင်းကြီး တောင်းငယ်တွေနဲ့ ဧည့်ခန်းထဲမှာ ချထားတာ။ ညနေ Roll Call ချိန်မှာ အဲဒီ အပတ်မှာ တာဝန်ကျ အဆောင်ကော်မတီဝင်တွေက တစ်ယောက်ချင်း ဝေပါတယ်။ ပိန္နဲသီးဝေမယ့်နေ့ဆို နေ့လည်လောက်ကတည်းက ထမင်းစားဆောင်မှာ ပိန္နဲသီးနံ့လေး သင်းနေတာပါ။ ပိန္နဲသီးကတော့ အမာနဲ့ အပျော့ရှိတော့ ကိုယ့်ကံပေါ် မူတည်ပြီး အမာနဲ့ အပျော့ရကြတာပါ။ ကံကိုမယုံတဲ့ ငါကတော့ ဦးလေး ဦးစံလှ ဆီကဖြစ်ဖြစ်၊ ဦးလေးလာ ဆီကဖြစ်ဖြစ် သူတို့ဝေစုထဲက ပိန္နဲသီးအမာကို တောင်းစားထားပြီးသားလေ။ ဝေမယ့် ပိန္နဲသီးတွေကိုတော့ လေးပေအဝန်းလောက်ရှိတဲ့ ဒန်အိုးတွေနဲ့ ထည့်ထားတာပါ။ 
 
အသီးမှာ ဘုရင်လို့ တင်စားခံရတဲ့ သရက်သီးကတော့ မီးမီးတို့ သွားရည်ယိုစေတဲ့ အသီးပါ။ ရာရှင်စနစ်နဲ့ရတာ မတင်းတိမ်နိုင်တော့ မနက်အိပ်ယာထ မျက်နှာမသစ်ခင် အပြေးအလွှား အဆောင်အပြင်ထွက် ပံ့သကူ အသီးကို သူများထက်ဦးအောင် ကောက်ရတဲ့ ဘဝအရသာကို တကယ်လွမ်းတာပါ။ ညကျတော့ လူစုစကားပြောကြတဲ့အချိန်.... မနက်က ကောက်ထားတဲ့ သရက်သီးစိပ်လေးတွေ ဟာလဲ လက်ဖက်သုတ်နဲ့ အပြိုင် မျက်နှာပန်းပွင့်ခဲ့တာပဲလေ။ 
 
တစ်မနက်မှာ ကောက်လာတဲ့ သရက်သီးတွေ ပိုက်ပြီးပြန်အလာ အဆောင်ဝမှာ Hall Tutor မမ ဒေါ်ညွှန့်ညွှန့်အေး နဲ့တွေ့ပါရော။ ငါကလည်း မမ အရမ်းလှတယ်လို့ နှုတ်ဆက်ခဲ့သလို မမ ဒေါ်ညွှန့်ညွှန့်အေး ကလဲ သရက်သီးကြိုက်သလားလို့ ပြန်နှုတ်ဆက်ခဲ့တယ်။ သွက်လက်စွာ ခေါင်းညိမ့်အဖြေပေးခဲ့တဲ့ ငါ ကတော့ အမှတ်တမှဲ့ပေမှယ့် ဆရာမက လေးလေးနက်နက်ထားခဲ့တာကို တချိန်မှာပြန်သိရတော့ အတော်လေး ဝမ်းသာခဲ့ရပါသေးတယ်။ 
 
Hall Tutor ဒေါ်ညွှန့်ညွှန့်အေး ဟာ နင်တို့ ငါတို့သိတဲ့ အတိုင်း အဆောင်စည်းကမ်းနဲ့ လွဲချော်သူတွေနဲ့ အမြဲထိပ်တိုက်တွေ့တဲ့ Hall Tutor ပေါ့။ အဆောင်မှူး မမဒေါ်တင်ဌေးမူ အားထားရတဲ့ Hall Tutor ဆိုလဲမမှားပါဘူး။ သူမဟာ RC2/Main က သချာင်္ဌာနမှာ အသင်ပြ အရမ်းကောင်းတယ်လို့ နာမည်ထွက်တဲ့ ဆရာမ တစ်ယောက်ပါ။ အရောင်နုနု ပြောင်ဝမ်းဆက် အများဆုံးဝတ်ပြီး မျက်နှာထားတင်းတင်းနဲ့ ခေါင်းအနည်းငယ်မော့ ခွာမြင့်ဒေါက်ဖိနပ်ကို တခွပ်ခွပ်နဲ့ စည်းချက်ကျကျ လမ်းလျှောက်တာ သူ့ရဲ့ Style လေ။ စည်းကမ်းနဲ့ပတ်သက်ရင် တစ်လက်မတောင်မလျှော့ချင်သူ။ သူမကတော့ စကားပြောရင် “မင်းတို့ မင်းတို့” ဆိုပြီး ဆူတတ်သူပါ။ တခြားအချိန်တွေမှာ တော့ “ကလေးတို့ ကလေးတို့” ဆိုပြီး ချိုချိုသာသာပြောတတ်တာလဲ သူ့ရဲ့ Style ပဲလေ။

အဆောင်သူတွေ ကွယ်ရာမှာ “ချစ်ချစ်-” လို့ခေါ်ကြတဲ့ ဒီဆရာမကို အဆောင်စည်းကမ်းတွေနဲ့ အမြဲလွဲချော်နေတဲ့ ငါ သတိတရ ရှိတာ အဆန်းမဟုတ်ဘူးလို့ နင်တွေးနေသလားဟင်။ တညမှာ ဆူဆူညံညံမဟုတ်ပဲ စကားပြောနေတဲ့ ငါတို့အခန်းတံခါးကို ခေါက်လို့ သူငယ်ချင်း တယောက်ယောက်ထင်ပြီး “အပိုတွေလုပ်မနေနဲ့ တံခါးဖွင့်ထားတယ် ဝင်ခဲ့လို့” ရေဦးသူ လန်ဘားက အော်ပြောပါလေရော။ “မမပါ” လို့ပြောတဲ့ ဒေါ်ညွှန့်ညွှန့်အေး အသံကြားရော အခန်းလာလည်တဲ့ ပဲခူးဆား မော်ကြီးနဲ့ ရေဦးသူ မနိုင်တို့က တွေ့တဲ့စာအုပ် ကောက်လှန်ကြတော့တာပဲ။ ငါ့ကိုလဲ တံခါးဖွင့်ဖို့ ခြေဟန်လက်ဟန်နဲ့ တာဝန်ပေးပါတယ်။ ( ဘယ်လောက်ပဲ သောင်းကျန်းပြီး ဆူနေပါစေ... အဆောင်မှူးအပါအဝင် Hall Tutor အားလုံး တံခါးကို ရုတ်တရက်ဆွဲမဖွင့်ပါဘူး။ တံခါးခေါက်ပြီး ပြင်ဆင်ချိန် အနည်းငယ်တော့ ပေးပါတယ်။ အင်မတန် ချစ်စရာကောင်းပါတယ်
 
တံခါးဖွင့်တဲ့ ငါ တွေ့လိုက်တဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားစေခဲ့တာ အမှန်ပါ။ သူရတဲ့ ဝေစုထဲက သရက်သီးသုံး၊လေးလုံးကိုင်ပြီး “ကလေးတို့ဖို့” ပြောပြီးပေးသွားခဲ့တာ။ “ဟာ မမ ရတယ်... မမ ရတယ်” ကယောင်ကတန်းပြောပြီး ယူတဲ့ ငါ့ကို ကျေးဇူးတင်စကား မပြောလိုက်ရကောင်းလားဆိုပြီး စပ်ဖြီးဖြီးမျက်နှာပေး နဲ့ အပြစ်တင်တဲ့ ရေဦးသူကို အသံတိတ် ပါးစပ်လှုပ်ပြီး ကောင်းချီးပေးလိုက်ပါတယ်။ ကျေးဇူးတင်စကားပြောဖို့ မေ့လောက်အောင် အံ့အားသင့်စေခဲ့တာပါ။ 
 
ပျိုမေတို့ အကြိုက် သရက်ခိုင်တွေက ပင်မြင့်မှာပဲရှိတော့ ငတက်ပြားလုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့သလို ဘယ်သူကိုမှလဲ မတိုက်တွန်းခဲ့ဘူး။ ပံ့သကူအသီးပဲ ကောက်စားလာခဲ့တာ တတိယနှစ်ထိဆိုပါတော့။ တတိယနှစ်မှာတော့ မေဂျာတွေ ကွဲကုန်လို့ အတန်းတက်ချိန်လဲ မတူကြတော့ဘူး။ တစ်ရက် ငါတို့ Chemical အတန်းကနေ့လည်မှ စမှာမို့လို့ အိပ်ယာထနောက်ကျတဲ့ ငါ့ကို ကျောင်းမသွားတဲ့ လန်ဘား မနိုင်က သရက်သီးစားချင်ကြောင်း၊ TV အခန်းနဲ့ ရေချိုးခန်းနားက အပင်မှာ သရက်သီးတွေများကြောင်း၊ ဝါးလုံးတချောင်းလဲတွေ့ခဲ့ကြောင်း၊ မနက်ကနောက်ကျလို့ သရက်သီး တလုံးမှမရလို့ စိတ်နာနာနဲ့ ပြောနေပါတော့တယ်။ 
 
ဟိတ်ကောင်... မမ ငါ သရက်သီး တက်ခူးမယ်” လို့ ကြုံးဝါးတဲ့ အသံကြားမှပဲ ငါ အလန့်တကြား အမှန်တကယ် အိပ်ယာက နိုးလာတော့တယ်။ “ဗုဒ္ဓေါ.. နားရှိလို့သာကြားရတယ်” ဘယ်နဲ့ အုန်းပင်လိုအပင်ကလွဲရင် လက်တခုန်အကွာမှာ ကိုင်စရာကိုင်းရှိရင် လွှဲပြီး ဘယ်အပင်မဆို တက်နိုင်တဲ့ ငပြူး..ငါက မပြဲရပဲ ပထမနှစ်တုန်းက ရွှေတိဂုံဘုရား အုတ်တံတိုင်းပေါ်တက်ထိုင်ပြီး ဓါတ်ပုံအရိုက်ခံဖို့ အပေါ်ကဆွဲသူဆွဲ အောက်က တွန်းသူတွန်းလုပ်ရတဲ့ ငကန်းက ဆိုလာတယ်ဆိုတော့ ….။ အင်း... မနက်က ပြိုင်ဘက်တွေထက် စက္ကန့်ဝက်ခန့် နောက်ကျသွားပုံရတယ်။ အတန်းတောင်ဖျက်တယ်ဆိုမှတော့ တော်တော်နာကျည်းနေပုံပဲ။
စောရနတ်ဝင်ပူးနေမှတော့ တားလဲအပိုပဲလေ။ ပံ့ပိုးပေးရတော့မှာပေါ့။ ( အမှန်က မီးလောင်ရာ ဓါတ်ဆီဖြန်းတာ … အင်း...အဲဒီခေတ်တုန်းက ဈေးမကြီးသေးဘူး။
 
အေး...ဒီအချိန်က အချိန်ကောင်းဆုံးပဲ။ Hall Tutor တွေအကုန်ကျောင်းသွားတယ်။ အဆောင်မှူးနဲ့ မမဝေလဲ ကျောင်းသွားမှာပဲ။ အဖွားတစ်ယောက်ထဲပဲ။ အဖွားက အသက်ကြီးပြီဆိုတော့ မြင်မှာမဟုတ်ဘူး။ ကြားမှာလဲမဟုတ်ဘူး။ လာသွားစို့” ။

သူစိတ်မပြောင်းခင်အမြန် ဆော်ဩလိုက်ရတယ်။ စိတ်ချရအောင် နှစ်ယောက်သား အဆောင်နောက်က မပတ်ပဲ အဆောင်မှူး အရိပ်အခြေအနေလဲ သိရအောင်ဆိုပြီး အဆောင်မှူးအခန်းဘေးက ပတ်သွားခဲ့သေးတာ။ 
 
အားပါး.... ဟုတ်သားပဲ မနိုင် ပြောသလို သရက်သီးတွေဆိုတာ ခဲနေတာပဲ။ အဆောင်မှူးကလဲ ဉာဏ်အမျှော်အမြင်ကြီးစွာနဲ့ ပင်ခြေက အကိုင်းတွေကို အကုန်ရှင်းထားတာ။ လှေခါးထောင်တက်ရမယ့် အပင်ချည်းပဲ။ တော်လေစွ တကား။ ပညာရှိတို့ မည်သည် အခြေအနေ အချိန်အခါလိုက်ပြီး မီးစင်ကြည့် က တတ်ရတယ်တဲ့။ မျက်လုံးတဝေ့မှာပဲ တွေ့ပါပြီ.... ထိုင်စရာ မရှိတဲ့ ခုံ၊ TV ခန်းက ပြတင်းပေါက်၊ ပြတင်းပေါက်ရဲ့ သံဇကာ၊ Drawing လေ့ကျင့်ခန်းက တရုတ်ကပ်မှန်တွေနောက်က ထပ်ကာထားတဲ့ သံဇကာ၊ နောက် TV ခန်းခေါင်မိုး အသုံးချစရာတွေက လိုအပ်တာအပြင် ပိုလျှံနေသေးတယ်။

ဟိတ်ကောင်.....မင်းထမိန်ကို ခါးတောင်းကျိုက်လိုက်။ .................................................

(ပို့စ် ရှည်သွားပါသဖြင့် နှစ်ပိုင်းခွဲလိုက်ရပါကြောင်း... ပုံ..tg...ဒန်တန့်တန့်....:)

Comments

သက်ဝေ said…
ဖတ်လို့ ကောင်းလိုက်တာ...
နောက်တစ်ပိုင်းကို မျှော်နေမယ်...
မီယာ said…
ပျော်စရာသိပ်ကောင်းမှာပဲနော် အခုလို ပြန်ရေးထားတော့လည်း အမှတ်တရတွေ သိမ်းထားလို့ရတာပေါ့
Sonata Cantata said…
အဒူလဲကွ ဒန်တန့်တန် တာ
မမရေ
မိန်းမမိသမီး
စူး said…
အမ လင့်မယ်နော် ..အာအိုင်တီကကိုးးး


မိုက်တယ်..ဆက်ရန်မျှော်မယ်နော်

နောက်လဲ တိတ်တိတ်လေးပဲလာဖတ်တော့မယ်နော်..
Anonymous said…
ဒန်..တန်ု့..တန်..
ထမီခါးတောင်းကျိုက်မယ်ဆိုပဲ.. ဘာဆက်ဖြစ်မလဲ
သားသားတော့မကြည့်ရဲ..။းP
khin oo may said…
ငါဟဲ့ မိန်းမ.
PAUK said…
ဖတ်ရတာ မ၀လိုက်တာ..
မ မမ ရေ...
ကျေးဇူး
tg.nwai said…
ရီလိုက်ရတာ..မမရယ်..။
အေး..အခုအရွယ်မှာတော့ သိပ်မျက်နှာပူစရာ မရှိတော့ပါဘူး။ ငယ်ကျိုးငယ်နာတွေ ဖော်ကြတာပေါ့။
သဇင်သူတွေ သောင်းကျန်းမှန်း သိကုန်ကြပြီ။ ဒါပေမယ့် ဒါ သမိုင်းဝင်းထဲမှာပဲ.. ရှိခဲ့ပြီးရင် ဖျောက်ဖျက်လို့ ရတာမှ မဟုတ်တာ..(ခုတော့ ပေါင်းတွေ ထလို့ရယ်..)
ဒါနဲ့..နင် ခုချိန်ထိ မနိုင် နင့်ကို မော့မကြည့်ရဲပုံထောက်ရင်တော့...ဟဲဟဲ...
မမရေ ငါကဗြောင်းပြန်ပြန်ဖတ်တာ အပိုင်း ၂ပြီးမှ အပိုင်း ၁။ ဟဲ ဟဲ သဇင်သူဆိုတော့ဂလောက်တော့ရှိမှာပေါ့နော ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...