Skip to main content

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)


ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်....ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။

အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။”

ဒုန်း.. ဒုန်း.. ဒ ရော … ဘုတ်။
(ဒုန်း =သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း= နောက်တဆင့်ခုန်သံ၊ ဒ ရော= သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ်= သရက်သီးမြေကြီးပေါ်ကျသံ)


ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ်အောင် ရိုက်ဟ။ အဖွားကြားတော့မှာပဲ။”

ရဘူးဟ။ ခေါင်းမိုးနဲ့ လွတ်တဲ့ အသီးက ဝါးလုံးမမှီဘူး။”

ဒုန်း.. ဒုန်း.. ဒ ရော … ဘုတ်။

ဘယ်တတ်နိုင်မလဲလေ။ ဟိတ်ကောင်..... မြန်မြန်..... ဆယ်နှစ်နာရီ ထိုးတော့မယ်။ တော်နေကြာ မမဝေ ထမင်းစားပြန်လာရင် လာတော့မှာ”


ဒုန်း.. ဒုန်း.. ဒ ရော … ဘုတ်...

ဘယ်နှစ်လုံးရပြီလဲ။ အပင်မှာ အများကြီးရှိသေးတယ်။”

ဟိတ်ကောင် .... လောဘမကြီးနဲ့ သရက်သီးဆိုတဲ့ အမျိုးဟာ တခုခုနဲ့ထိမိရင် အမြန်စားမှ ..... ဒါမှမဟုတ် မမှည့်ပဲ ပုပ်သွားရော။ ဗဟုသုတက ငါ့ခြေဖျားတောင် မမှီဘူး။” (ထည့်ဟ ဒီလို အခွင့်ရေးဆိုတာ ရခဲပါဘိ။)


ဒုန်း.. ဒုန်း.. ဒ ရော … ဘုတ်

ဟိတ်ကောင် ဆင်းတော့။ ဆင်းတော့ပါဟ။ ဟာ....မင်း … မင်းထမီ ခါးတောင်းကျိုက် ပြုတ်သွားပြီလား။ ပြန်ကျိုက်လိုက်ဦး။” (အခုခေတ်လို အင်္ကျီနဲ့ဆင်တူ ဘောင်းဘီလက်စကတွေ ရှိခဲ့ရင်တော့ ဒီလိုပြဿနာပေါ်မှာ မဟုတ်ပါ။)

မမ လုပ်အုံးဟ။ ငါ့ထမီက တိုသွားလားမသိဘူး .... နောက်ကိုညှပ်လို့မရတော့ဘူး။”

အရာထဲ အရေးပေါ်ပြန်ပြီ။ ညှပ်လို့မရလဲ ထမီ မြဲမြဲပြန်ဝတ်။ ဒီတိုင်းဆင်းတော့။ ဘယ်နှယ့်... ဆင်းဖို့မနည်း ပြောနေရတာ မဟုတ်တော့ဘူး။ မမဝေ ပြန်လာခါ နီးနေပါပြီဆိုမှ။”


ဘယ်လို ပြန်ဆင်းရမလဲ။ ငါမဆင်းတတ်တော့ဘူး။”

ဟင်....တက်တုန်းကတော့ ရှောရှော ရှူရှူ။ အဆင်းကျတော့ ခါးတောင်း မကျိုက်တတ်တာနဲ့... ဘာနဲ့။ အတက်တုန်းက အဆင့်တွေ မှတ်မိလား။ အဲဒီအဆင့်တွေကို ပြောင်းပြန်လှန်မှတ်။ ဒါပဲဟာ။ လွယ်လွယ်လေးကို ခက်အောင် လုပ်နေတယ်။ ငါပြတင်းပေါက်ကို ကိုင်ထားပေးမယ်။ မင်း အမိုးခေါင်ကို ကိုင်.... ပြတင်းပေါက်ဘောင်ကို လှမ်းနင်း ”

ဟိတ်ကောင် .... မမ အပေါ်မော့မကြည့်နဲ့နော်”
အော် …. အပေါ် မော့ကြည့်မိလို့ မတော်မရာ မြင်ရင်လဲ ရေငုံနှုတ်ပိတ် နေပါ့မယ်။ မီးမီးက ပိုတောင် ကြောက်တတ်သေး။”
- - -။” (ကောင်းချီးပေးခြင်း)
ဟိတ်ကောင် ... ဘယ်ခြေက သံဇကာကို လှမ်းကူးလေ။ တန်းလန်းကြီး မလုပ်ထားနဲ့ဟ။ ဒီမှာ ငါကိုင်ထားတာ ညောင်းလာပြီ။ ”


မမှီဘူးဟ ထမီက တုတ်နေတာ။”
နင့်ကြောင့် ငါတို့အသံ လူကြားတယ်။ မမဝေ တွေ့သွားရင်တော့ ငါမပါဘူးလို့ပြောမှာ။ တစ်လက်မလောက် ပိုလှမ်းလိုက်လေဟာ။”
အေးပါဟ.... နင်ကလဲ အရမ်းဆရာကြီးလုပ်တာပဲ။”
ဆရာကြီးဆိုပေမယ့်လဲ အောက်က နေရတာပါ။”
နောက်ဆုံးတော့ သရက်သီး ငတက်ပြားဟာ မဟာပထဝီမြေကြီးပေါ် အောင်မြင်စွာ ဆင်းသက် နှိုင်ခဲ့ပါတော့တယ်။ ရာဇဝင်ထဲက ငတက်ပြားကတော့ မြေလျှိုးမိုးပျံနိုင်ပေမယ့် သဇင် ငတက်ပြား များထဲက သရက်သီး ငတက်ပြားကတော့ မိုးမရောက်မြေမကျ ငါးမိနှစ်ကျော်ခန့် TV ခန်းကပြတင်းပေါက်မှာ ဈာန်ဝင်စား ခဲ့ပါတယ်။ အတက်ထက် အဆင်းဟာ ပိုခက်တာ ကြားခဲ့ဘူးပေမယ့် လက်တွေ့ မဟုတ်တော့ မခံစားခဲ့ရဘူး။ အခုမှ တကယ်။

ပုတ်ချထားတဲ့ သရက်သီး ၁၀-လုံးကျော်ကျော်ကို နှစ်ယောက်ခွဲ သယ်ပြီး အဆောင်နောက်က ပတ်ပြန်လာခဲ့ကြတယ်။ ရေညှိတွေကို သတိထားရှောင်ရင်းနဲ့ပေါ့။ (အော် ထပ်ကြွားရအုံးမယ်။ မီးမီးတို့ ဥယျာဉ်တော်မှာ ရေညှိကော မြက်ရိုင်းပင်တွေကောရှိသေးတယ်။)
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ညကျတော့ မနိုင် ဈာန်ရခဲ့တဲ့ အကြောင်းပြန်ပြော ရယ်မောရင်း ... အဲဒီ နှစ်ရက်က စားခဲ့တဲ့ သရက်သီး ဝင်းရောင်တွေလောက် ဘဝမှာ ချိုမြိန်တဲ့ သရက်သီး မရှိခဲ့ပါဘူး။ နင်တို့ နှစ်ယောက်ပြောတာတွေနဲ့ သရက်သီးကြွေကျသံတွေက အဖွား နားလေးနေဦးတော့ မကြားပဲမနေဘူး လို့ တယောက်က ဝင်ပြောတော့မှ ပညာရှိ သတိဖြစ်ခဲလေ လို့ပြောမိလို့ “ငပေါ” ဆိုပြီး ချီးမြောက်တာခံလိုက်ရသေးတယ်။ ဘယ်ရမလဲ “ရှားပါးခြင်း” ထက် “ပေါ” ခြင်းက ပြိုမတ်၏ လို့ အထွတ်တက်လိုက်တာပေါ့။

မြစ်ကြီးနားသူ ကေသွယ် က ငါအဖြေရကျပ်မယ့် မေးခွန်းကို မေးခဲ့သေးတာ။ “ဟိတ်ကောင် .... မမ နင် တကယ်ပဲ အပေါ် မော့မကြည့်ခဲ့ဘူးလား” တဲ့လေ။ ။

(ပြန်ပြောင်း တွေးလိုက်တိုင်း ရယ်ပြုံးစေအောင် အဖြစ်အပျက်လေးကို ဖန်းတီးပေးတဲ့ စတုတ္ထနှစ်မှလွဲ၍ ကျန်နှစ်တွေမှာ အခန်းဖော်ဖြစ်ခဲ့တဲ့ ရေဦးသူ ချစ်သူငယ်ချင်း မနိုင် သို့ ရည်ရွယ်ပါသည်။)


ဤပို.စ်တွင် သုံးခဲ.သော ဓာတ်ပုံလင့်ခ်များ...
http://i.pbase.com/g4/69/426369/2/61765427.E8LAWjYL.jpg]


(ကာယကံရှင် မနိုင်စိတ်ဆိုးပါက.. သည်ကိစ္စ အရပ်ရပ်သည် ကေ-မမ နှင့်သာ သက်ဆိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်..ပုံ. tg)

Comments

said…
ဟင့် အဲဒီဂလိုတော့ လုပ်နဲ့လေ။
ဖိတ်ခေါ်သူ ဒေါ်သိင်္ဂီ ၊ မှတ်တမ်းတင်သူ tg ၊ ရေးသားသူ ဒေါ်မမ ကြံရာပါ ဒီနှစ်ဦးဖြစ်တဲ့ နင်နဲ့ငါ ၇၀/၃၀ လေ။
မနှိင်ရေ သိင်္ဂီ=၃၅
tg=၃၅
ငါ=၃၀
အဟီး သူကစိတ်ဆိုးတတ်ဘူးဟ။
မနိုင် ကြီးကိုသတိရလိုက်တာနော်။
သူ့အကြောင်းမကြားရတာတောင်အတော်ကြာနေပြီ။
ThuHninSee said…
တယ်ကဲခဲ့ကြပါလား။ အခုတော့ အိန်ဒရေကြီးတွေနဲ့နော်။
မမစာရေးကောင်းတာကြောင့် သရက်သီးတွေကို မြင်ယောင်လွမ်းဆွတ်လာလို့ ဒီနေ့ပဲ တစ်လုံး ၂ဒေါ်လာနဲ့ဝယ်ခဲ့တယ်။ သုပ်စားရမလား။ ငန်ပြာရည်နဲ့တို့စားရမလား စဉ်းစားလိုက်အုံးမယ်။
tg.nwai said…
နေပါဦး မမရဲ့။ ငါတို့က သဇင်မှာ သုံးတန်းနဲ့ လေးတန်းမှာ single ခန်းတွေ ရတာပါ..နင်တို့က ဘယ်လိုဖြစ်တာတုန်း..။
ဇနိ said…
ပျော်စရာကြီးဗျ... မိန်းကလေးတွေ ဆိုပေမယ့် တကယ်လုပ်ကြတာပဲ ကိုး
:)
နောက်ထပ် အဲသလို တွေ ဖတ်ချင်ပါသေးတယ်ဗျို့....
said…
သဇင်ဆောင်ရဲ့ အခန်းချထားရေး ပေါ်လစီအရ ဒီနှစ် ရှေ့ဘက်အခြမ်းဆို နောက်နှစ် နောက်ဘက်ခြမ်း လေ။ သို့ပေသိ သောင်းကျန်းသူဘွဲ့ ရထားတော့ ၁ တန်းမှာ ၃၃ နောက်ဘက်ခြမ်း ၊ ၂ တန်းမှာ ၉၅ နောက်ဘက်ခြမ်း ၊ ၃ တန်းမှာ အခန်းကျယ် ၃ နောက်ဘက်ခြမ်း ၊ ငါ အဆောင်မှူး ကို သွားပြောသေးတယ် မမ ၃နှစ်ဆက်တိုက်ဆိုတော့ မလွန်လွန်းဘူးလားလို့ သူက ပြောတယ် “နင်လိုသောင်းကျန်းသူကို front roll ထားရင် ငါအဆောင်မှောက်သွားမှာပေါ့တဲ့။ အဟီး အဲဒီလို ကြောက်တာ ငါကို။
စူး said…
ပျော်စရာကြီးးးးး

သ.ါချင်းတွေကိုသတိရလိုက်တာ မြတ်နိုးက အဆောင်မနေဘူးဘူး။ဒါပေမဲ့ သွားခိုးအိပ်နေကျ
ခိုးအိပ်တဲ့ညတွေဆို သဇင်ရှေ့မှာ ကောင်လေးသယ်ချင်းတွေလာပီး သီချင်းဆိုပေးတယ်.
လက်ဖက်သုတ်တွေ ဇလုံနဲ့တလုံး တူ၂သုတ်စားကြ ပေါက်ကရတွေပြောကြနဲ့ သိပ်ပျော်ဖို့ကောင်းတယ်။
သတိရလိုက်တာ..။
အဆောင်ဒင်နာည ကိုလည်း သတိရတယ်..။
အဆောင်က ဟောကျူတာမမတွေကိုလည်း မျက်နှာချိုသွေး ပီးရင်ခိုးအိပ်
ဂျီဟောမှာလည်း ခိုးအိပ်...
ပျော်ခဲ့ရတဲ့ညတွေပေါ့.. အဆောင်သူအစစ်တွေက ပိုပျော်မှာပေါ့

ဟီးးးး သတိရလိုက်တာ
Sonata Cantata said…
မနိုင်ကို ကြောင်တစ်ကောင်လို ပေါ့ပါးအောင် လမ်းညွှန်မှုပေးနိုင်သည့် ကျားခင်မမ ကို လေးစားပါတယ်
PAUK said…
ပျော်စရာကြီး..
မ မမ..
ဆက်ရေးပေးပါနော့...

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...