Skip to main content

သဇင် အမှတ်တရများ....ကိုယ်နှင့် လှဧကရီ (၁) (ရေးသားသူ..K- မမ)

ကိုယ် နှင့် လှဧကရီ

သိင်္ဂီရေ ရေးမကုန်ပြောမကုန်နှိင်တဲ့ သဇင်အမှတ်တရအများကြီးထဲ ကတစ်ခုပေါ့။

မစန္ဒာရဲ့ “ဂျီဟောသူ” လိုပဲ စာသင်နှစ် လေးနှစ်တာကျင်လည်ခဲ့တဲ့ သဇင်ဆောင် ရဲ့ ညိုထွေးတို့ ခင်ချိုတို့ အကြောင်းဖတ်ချင်သူ တစ်ယောက်ပါ။ ဒါနဲ့ နင့် Blog မှာ “ဂျီဟောသူ” ကိုတင်တဲ့နေ့ နင့် “C Box” မှာ သဇင်သူ ဆိုပြီးရေးဖို့လာအော်ခဲ့တာပါ။ တကယ်တော့ ဖတ်ဖို့ပဲ ဆန္ဒရှိသူပါ။ ရေးဖို့ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဘူးလေ။ အခုတော့ စူဠလိပ် ရေထဲလွှတ်လိုက်သလို ဆိုတဲ့ကိန်းဖြစ်နေပါပြီ။ တိတ်တိတ်လေး မဝံ့မရဲလွမ်းခဲ့ရတဲ့ သဇင်ကို ကိုယ်တိုင်ကိုယ်ကျ အတိုးချလွမ်းခွင့်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ။ 
 
၁။ လှဧကရီ နှင့် အတိုစိုးတူ
ဟိုတုန်းက စက်မှုတက္ကသိုလ်ဟာ မြန်မာတပြည်လုံးမှာမှ တစ်ခုတည်းတာရှိခဲ့တာလေ။ အနယ်နယ်အရပ်ရပ်က ရန်ကုန်စာစစ်ဌာနမှ ဝင်ဖြေသူကလွဲရင် စက်မှုတက္ကသိုလ်တက်ခွင့်ရသူ အားလုံး အဆောင်နေခွင့်ရကြတာပါ။ ဝင်ခွင့်ရသူရဲ့ ၁၅ % ရှိတဲ့ နယ်ကျောင်းသူတွေ သဇင့်ရင်ခွင်မှာ ခိုလှုံခွင့် ရခဲ့ကြတာလေ။ မြန်မာပြည်ထဲကဆိုပေမယ့် တူသယောင်နဲ့ မတူတဲ့ လေယူလေသိမ်း၊ ဓလေ့စရိုက်၊ အခေါ်အဝေါ်တွေ အနည်းငယ်စီ ကွဲပြားကြပါတယ်။ ရှမ်းမလေးတွေက ရှမ်းသံလေးဝဲလို ၊ ကချင်မလေးတွေက ကချင်သံလေးဝဲ၊ ထားဝယ်မလေးတွေက ထားဝယ်လေသံပေါ့။ တိုင်းရင်းသူတွေမို့ ဝဲတယ်မထင်ပါနဲ့ ဗမာတွေလဲ တနယ်နဲ့တနယ် မတူကွဲပြားကြတာပါ။ 
 
တောင်ငူ၊ ဖြူး တကြောက “ချ” နဲ့ “ရှ” ရောပြောကြတာပါ။ ချစ်တယ်ဆိုရင် ရှစ်တယ်ပေါ့”။ (မပူပါနဲ့ နောက်ဆုံးတော့ သူတို့ ရှစ်တာကို လိုလိုရှင်ရှင်(ချင်ချင်) ချိ(ရှိ)သူတွေ ချိ(ရှိ)သွားကြပါတယ်။) ရေစကြို တောင်သာဘက်ကတော့ “-ွန်” နဲ့ “-ွင်” မှားပြောကြတာပါ။“ခွန်နှစ် (- Seven) ” ကို ခွင်နှစ်၊ ခုနှစ်=ခွန်နှစ် (ရေးတော့အမှန်  ဖတ်တော့အသံ)တွန်းတွန်းတိုက်တိုက် ဆိုရင်တော့ တွင်းတွင်းတိုက်တိုက်ပေါ့။ ကျောက်ပန်းတောင်းဘက်ကတော့ “မကြိုက်ဘူး” ဆိုရင် “လွှတ်မုန်းတာ”၊ “သနားတာ”ဆို “အားနာတာ” လို့ပြောပါတယ်။ ရေဦး၊ ခင်ဦး၊ မုံရွာ ကတော့ “မီးပူ” ကို “မီးကြွေ”၊ “မီးပူတိုက်မယ်” ကို “မီးကြွေထိုးမယ်”၊ “ရေပုံး”ကို ချောင်”။ ပခုက္ကူလို့ ထင်ပါတယ် “ရေပုံး”ကို “ဘာလီဂျိုက်” တဲ့။
အဟီး ငါလား။ ဗမာပါပဲ။ သို့ပေသိ “တဝန်းပူရေ- တ” နဲ့ “သရေ-သ” တသံထဲထွက်တာ။ “ချ” နဲ့ “ရှ” ဆိုရင်တချို့ အသုံးတွေ ကို “ချ” နဲ့လား၊ ရှ” နဲ့လား မသိတာ။ (ဖြူး၊ တောင်ငူသူတွေလိုတော့ မဟုတ်ပါ။ ချစ်တာ ကို ချစ်တာမှန်း သိပါ၏။ သို့သော် ……) ၁၀ တန်းအမှတ်စာရင်းမှာ မြန်မာစာမှတ် ၄၄ နဲ့ RIT ဝင်လာတာ။ အမှတ် ၂၀ ပေးတဲ့ လိုတိုရှင်းကို အမြဲ ဘဲဥ မကွဲခဲ့တာ တွေဟာ အခု သဇင်ဆောင်ရဲ့ မှန်နန်းရာဇဝင်ကြီးကို ရေးဖို့ အကြောင်းဖန်လာခဲ့တာပေါ့၊ ဟင် ဆိုင်ဘူးလား၊ လေရှည်တတ်လို့ ဆိုင်တယ်မှတ်လို့။ ” 

ရှမ်းပြည်မှာမွေး ရှမ်းပြည်မှာကြီး၊ ၁၀-တန်းကို ပဲနွယ်ကုန်းက အောင်တဲ့ ငါ စကားမပီတာ စကားဝဲတဲတဲဖြစ်နေတာတွေဟာ အုတ်ရောရော ကျောက်ရောရော ဖြစ်သွားတာပေါ့။ စကားမပီလို့ ဆိုပြီး ဒီအတိုင်းမနေပါဘူး။ အကျိုးဆော့ အကန်းမော့ ဆိုသလိုပဲ သဇင် လှဧကရီ တောင်ငူသူကို “ရှစ်ပါတယ်” လို့ သွားသွားစ သလို သူ့ရဲ့ Icon ဖြစ်တဲ့ “ ချက်ပါတယ်ဟေ့” လို့ သူဟန်တိုင်းလေး လုပ်ပြီး သွားစလိုက်ပေါ့။ ( ငါတခုခု မှားရင် (မှားတာမဟုတ်ပါ။ တမင်လုပ်တာပါ) သူက သွားလေးစေ့ရယ်ပြီး “ ချက်ပါတယ်ဟေ့” လို့ပြောပြောတတ်လို့။
 
ရေစကြိုသူ အညို့နဲ့ တောင်သာသူ မရီမြင့် တို့ကိုတော့ “ခွင်နှစ်နာရီ ထိုးတော့မယ်” တို့ လွမ်းလွင်းလို့ လာလည်တာ” တို့ “တံခါးလေးနဲနဲတွင်းထားပေးပါ” လို့ အမျိုးမျိုး သွားသွားစနေတာပါ။  
တရက်မှာ လှဧကရီ တို့အခန်းမှာ လူစုကြရင်း ရုပ်ရှင်မင်းသား မင်းသမီးတွေဘက် ရောက်သွားတယ်။ ဘယ်မင်းသား ကြိုက်တယ်၊ ဘယ်မင်းသမီးကို ကြိုက်တယ်ပေါ့။ အသီးသီး ပြောကြပြီးတော့ ငါကိုမေ့သွားမယ်ထင်တာ မမေ့ကြပဲ မေးကြတာလေ။ အလှည့်ကျ မနွဲ့စတမ်း ဆိုပေမယ့် ငါ ဘယ်မင်းသား၊ ဘယ်မင်းသမီးကိုမှ  ကြိုက်လှတယ်မရှိ။ နောက်ပွဲကလဲ အေးနေတော့ ရေဦးသူ TMG ချိတ်ထားတဲ့ ပြက္ခဒိန်က မင်းသားစိုးသူကိုကြည့်ပြီး “ဒို့ကတော့ အတိုစိုးတူမှ အတိုစိုးတူ” ပဲ လို့ဆိုလိုက်တာနဲ့ တပြိုင်နက်ထဲ ပွဲက စိုစိုပြေပြေပြန်ဖြစ်သွားပါတော့တယ်။ 
 
ဒီထဲက လှဧကရီလေးက ဟင်းဟင်းဟင်း အတိုစိုးတူ တဲ့ ဆိုပြီး သွားလေးစေ့ ရယ်နေပါတော့တယ်။ တကယ်တော့ လှဧကရီလေးရေ မင်းလေးပျော်ပါစေတော့ရယ်လို့ ကိုယ်ပျော်တော်ဆက်ခဲ့တာပါကွယ်။ အတိုနဲ့ အကိုတော့ ကိုယ်ပီပီသသ ပြောတတ်ပါတယ်။ ( မယုံကြည်လျှင် အစမ်းသပ်ခံနိုင်ပါကြောင်း။) ဘာပဲပြောပြော အဲဒီအချိန်တုန်းက မင်းလေးပျော်နေခဲ့တယ်ဆို ကိုယ် “ပေါ” ရ ကျိုးနပ်ပါတယ်။ မင်းပျော်မယ်ဆို ကိုယ် “ပေါတာ” လုပ်ပါ့မယ် လှဧကရီ။

(၂၄ နှစ်တိုင်ကြာခဲ့ပေမယ့် ငါရဲ့ ပြက်လုံးလေးကို မမေ့မလျော့ Comment မှာ လာရောက် အစဖော်ပေးသူ သူငယ်ချင်း Blogger သင်းနွယ်ဇင် ကိုရည်ရွယ်ပါသည်။ ()() မျှော်
   
(သည်နေရာမှစ၍ tg အနည်းငယ် နှမ်းဝင်ဖြူးပါသည်)
မမရေ.. ငါက ဘိတ်သူ နဲ့ ပေါင်းနေတော့ သူ့လေသံတွေကို နားလည်အောင် မနည်းလုပ်ခဲ့ရတာလေ...။ ဘိတ်ကနေ  ဆယ်တန်းနှစ်မှ လသာ၂မှာ လာတက်ခဲ့ပေမယ့် သူက ဘိတ်သူ စစ်စစ်ပါ။ မေသန်းနုတို့ ၀ဲတာထက်  ပိုဝဲတဲ့  ဘိတ်သူလေ..။ အကုန်တော့ မမှတ်မိတော့ဘူး။ တခါ သူတို့ ဘိတ်သား ငါတို့ကျောင်းက သူ့ သူငယ်ချင်းကို  ပြောတာလေ.. ဒီကောင်က မျက်ခွက်မာတယ်တဲ့။ ငါတို့မှာ  မျက်ခွက်မာတယ်ဆိုတော့ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း မျက်နှာထား  တည်တည်တင်းတင်း အောက်မေ့နေတာ... တွေ.တော့ စပ်ဖြီးဖြီးနဲ့... ဒါနဲ့ နင်  ပြောတော့ မျက်ခွက်မာတယ်ဆို.. ခုကျတော့.. ဆိုတော့မှ...  သူကပြန်ရှင်းပြတယ်။  မျက်ခွက်မာတယ်ဆိုတာ မျက်နှာပြောင်တာကို ပြောတာဆိုပဲ...

ဟိုတလောကတောင် သူနဲ့  ငါတို့တွေ့တော့ စီးပွားရေးအကြောင်း ပြောရင်းဆိုရင်း သူက  ကြေးပြားတွေ ချက်ချင်းပေးရတယ် ဆိုလို့ KN က နားမလည်လို့ ငါ့လှမ်းကြည့်တယ်။ ငါက ကြားဝင်  ဘာသာပြန်ပေးလိုက်ရသေးတယ်.. ကြေးပြားတွေ ချက်ချင်း ပေးရတယ်ဆိုတာ.. cash down  ရှင်းရတယ်လို့ ပြောတာလို့...။

မမ အပိုင်း နှစ်၊သုံး က တို့ သဇင်ကွန်းနဲ့ ပတ်သက်တာတွေပေါ့..  ကြည့်ကျက်လုပ်ဦးနော်... တို့ သဇင်ကွန်း ပြဿနာတက်အောင်တော့ မဖွလိုက်နဲ့ဦးနော်..  သူ့ Lucky Strike  မင်းသားက ကြောက်စရာကြီး.... 8-O)

မမ ရယ်.. ချစ် ကို ပီတယ်ဆိုတာကိုတော့ ယုံချင်ပါတယ်.. ဒါပေမယ့်   -ျပင့် နဲ့ြ -ရစ် ရောနေတာလည်း ဖြစ်နိုင်ပါသေးတယ်။ နင့်စာတွေ သူများတွေ ချောချောချူချူ ဖတ်လို့ရအောင် ပြင်လိုက်ရသာ.. ပီပီတတ ပြောသတ်ပေလို့ပဲ...။ အဲ..နောက်သာနော်... ဆက်တာရေးပါ..)

Comments

သက်ဝေ said…
တိတွားပြီ...
တိတွားပြီ...
တူတို့  ဘာတွေပြောနေကြတလဲ ရှိုတာ တိတွားပြီ...
သဇင်ကွန်း ရှိုတာလဲ တိတွားပြီ...
ခနနေရင် တူ့ ကို တွားစလိုက်အုံးမယ်...
Sonata Cantata said…
၂, ၃ ကိုမျှော်နေပါတယ်
ဟေ့ဟေ့ ..၂ နဲ့ ၃ က ဘာရေးမှာတုံး ???
PAUK said…
မီးကြွေဆိုလို့..
ကျနော်လဲ မီးကြွေပဲပြောကျင့်ရှိတယ်..
(မေမြို့မှာ အညာကလူတွေလဲများတယ်)
ဆက်လက်အားပေးနေပါတယ်..
Anonymous said…
ဟီး..ဟီး..ဟီး...
သဇင်ကွန်းဆိုလို့ နတ်ကွန်းမှတ်တာ.. ဘယ်ဟုတ်မတုန်း။းD

အဟီး.. အန်တီသင်းနွယ်ဇင်ကတော့ အူလှိမ့်နေအောင်ရီနေမလားပဲ။။းP

အခေါ်အဝေါ်တွေအဲ့လိုကွဲကြတာ ဟုတ်တယ်။ UFL မှာတက်တုန်းကလည်း နယ်ကမိန်းကလေးတွေ ရန်ကုန်မှာအဆောင်နေရင်း ကျောင်းတက်ကြတာ.. သူတို့လည်း ဒေသအစုံကဆိုတော့ စကားဘာဝဲသလဲမမေးနဲ့။ သားသားကတော့ ထိပ်ဆုံးကကို စတာ။ စ တိုင်း၊ စ တိုင်း စိတ်ဆိုးတာတောင်မတူဘူးဗျို့.. ဒေသအလိုက်ကွဲသေးတာ..းD

ဘာပဲဖြစ်ဖြစ်ရီလိုက်ရတယ်၊ မှတ်သားလိုက်ရတယ်.. ဖတ်လို့ကောင်းတယ်နော်.. ဆက်တာရေး.. ညှော်နေမယ်.. အဲ.. မျှော်နေမယ်။း)
မီယာ said…
မနဲလိုက်ဖတ်ယူရတယ်။ စကားပြောတာကို နားလည်ဖို့ ဆိုပိုခက်မယ်ထင်တယ်နော်။ သဇင်အကြောင်း ဆက်ရေးပါဦး။
ဇနိ said…
ပခုက္ကူဖက်က ခေါ်တာက ဘာလီဂျိုက် ကို ဘာလီဂျိုင့် ထင်တယ် အမ...
ခွင်ကို မပီိလို့ spoon ကို မြန်မာလို အသံထွက်တော့လည်း ပခုက္ကူသားက စပွင်းတဲ့..
း)
ဆက်ရေးပါဗျို့...
ThuHninSee said…
အိမ်ကတစ်ယောက်က မွန်လူမျိုးပေမယ့် ဘိတ်မှာကြီးတာဆိုတော့
မွန်သံနဲ့ ဘိတ်လေသံပေါင်းတဲ့ စကားတွေဖြစ်နေတယ်။
သူပြောတာတွေထဲမှာ ရေခွက်(ရေခွေး)၊ကြက်ဥ (ကြေးဥ)အဲလို ကြားမိတယ်။
ပုဆိုးတစ်လုံးထုတ်ပေးပါ ဆိုတာမျိုးလဲ ရှိသေးတယ်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...