Skip to main content

သဇင်အမှတ်တရများ... ကိုယ် နှင့် လှဧကရီ ( ၂ )(ရေးသူ- K-မမ)

၂။ လှဧကရီ ကြောက်တဲ့ တောက်တဲ့

"သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ …. မိုးလေဝသ ဟောနေတယ် တောက်တဲ့ တောက်တဲ့ …. အို ဟောလိုက်စမ်းပါ .. အို တောက်တဲ့ …. "
" နွေအကြိုရွှေဥဩ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ ကိုယ်သိတယ် … အော် ...နွေတဲ့လား…"


နွေအလှဟာ ဥဩငှက်ကြောင့် ပိုပီပြင်လာတယ်လို့ ကဗျာတွေ သီချင်းတွေမှာ ဆိုခဲ့ကြတာပါ။ ဒီလိုပါပဲ မိုးရာသီနဲ့ တောက်တဲ့အော်သံ ဟာ ပနံသင့်ခဲ့တာပေါ့။

သရက်သီး ငတက်ပြားမှာရေးခဲ့သလို သဇင်ဆောင်ရဲ့ အနောက်ဘက် ကုက္ကိုသုံးပင်မှာ ရာသီမသိတဲ့ ဥဩနဲ့ တောက်တဲ့ တို့ ရှိခဲ့ကြတာပါ။ ငါတို့ သဇင်ဆောင်ရောက်စက ဒီဇင်ဘာပေါ့။ အဲဒီဥဩနဲ့ တောက်တဲ့ဟာ သုံးရာသီလုံး မနက်မှာဆို Good Morning ဆိုပြီးနှုတ်ဆက်အိပ်ယာထခဲ့သလို ညဘက်ဆို Good Night ဆိုပြီးနှုတ်ဆက်အိပ်ယာဝင်ခဲ့ကြတာ။ ဟဲ့.. ဥဩ ဒါဆောင်းရာသီ နင်အော်စရာ မဟုတ်ဘူး။ ဟဲ့ တောက်တဲ့ ဒါမိုးရာသီမဟုတ်ဘူး မအော်နဲ့လို့ တားခဲ့ရင် တရားသောလုပ်ရပ် မဟုတ်ပါ။ ဒါဟာ မွေးရာပါသူ့အခွင့်အရေးပါ။ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ သူ့ဆန္ဒ၊ သူ့လွတ်လပ်မှု့ပါ။ လေးစားရမှာ သဇင်သူတို့ တာဝန်ပါ။ ( အင်း...ဒါကြောင့် လိုရင်းတိုရှင်းမှာ ဘဲဥ မကွဲခဲ့တာ။ ဟိုတုန်းက ကျောင်းဖွင့်ရက် ကျောင်းပိတ်ရက် မကြေညာပါ။ ဒီဇင်ဘာ ပထမပတ် တနလာင်္နေ့ဟာ တက္ကသိုလ်အားလုံး စာသင်နှစ်အစ ကျောင်းဖွင့်ရက်ဖြစ်သလို၊ စက်တင်ဘာ စာမေးပွဲကြီးပြီးရင်တော့ စာသင်နှစ်နောက်ဆုံး ကျောင်းပိတ်ရက် ဖြစ်ပါတယ်။ မတ်လကုန်လို့ ဧပြီလ တလလုံး 1st term ကျောင်းပိတ်ရက်ဖြစ်ပြီး 2nd term ကိုတော့ မေလ ပထမပတ် မှာပြန်ဖွင့်ပါတယ်။ )

ထုံးစံအတိုင်းတညမှာ လှဧကရီတို့ အခန်းမှာ စုမိကြပြန်တယ်။ လှဧကရီက တောင်ငူထွက် ဖိုးဆန်း ပဲကြီးလှော်နဲ့ ဧည့်ခံပါတယ်။ အဲဒီအချိန်မှာ တောက်တဲ့က "တောက် .. တောက် .. တောက် .. တောက် .. တောက်တဲ့ " ဆိုပြီး Good Night လုပ်ပါတယ်။ အသံက ကုက္ကိုပင်က မဟုတ်ပါ။ အခန်း ၃၃ ခန်းရဲ့ဘေး လူမထားတဲ့ အခန်း ၃၅ ဘက်က လာတာပါ။ တကယ့် နီးနီးလေးပါ။ လှဧကရီတို့ အခန်းက ၃၁။ ဘေးမှာ ငါတို့နေတဲ့ အခန်း ၃၃ ပဲခြားတော့တာ။ အခန်းထဲရှိသူအားလုံး မျက်လုံးအဝိုင်းသားနဲ့ ကြောက်စိတ်တွေ ဝင်နေကြပါပြီ။ တောက်တဲ့ကလည်း တတောက်တောက်နဲ့ အဆက်မပြတ် အော်နေတာဟာ မိုးရွာမှာမို့ ဗေဒင်ဟောတာတော့ မဖြစ်နှိင်ဘူး။ ဆောင်းညဟာ ကြယ်စုံလင်စွာ၊ တိမ်စင်ကောင်းကင်နဲ့ လှပနေတာပါ။ ဧကန္တ လောလောလတ်လတ် လှဧကရီဘွဲ့ရ ခဲ့တဲ့ လှဧကရီကို "အရမ်း .. အရမ်း .. အရမ်း .. လှတယ်ပါပဲဗျာ" လို့ပြောနေသယောင်။

တယောက်က ထ မေးပါတယ် တောက်တဲ့ မြင်ဘူးလား တဲ့။ အဖြေမလာဘူး။ ဟာ ဒီလိုတော့မဖြစ်ဘူး။ ၁၀-တန်းကြီးတောင် အောင်လို့ ၁၁-တန်းတောင် တက်နေတဲ့ တက္ကသိုလ် ကျောင်းသူကြီးတွေ ဒီလောက်လေးတောင် ဗဟုသုတ မရှိဘူးလို့တော့ အပြောမခံနိုင်ဘူးလေ။ ဒီတော့ ငါသိတဲ့ တောက်တဲ့ကို ပုံဖော်ရပါတော့တယ်။

"တောက်တဲ့က အစိမ်းရင့်(ပုတ်)ရောင်၊ အမြီးတုတ်တုတ်၊ ခြေလက်တုတ်တုတ်၊ အဖုဖုတွေနဲ့ အဆောက်ဦနံရံတို့ အမိုးတို့မှာ တွယ်ကပ်နေတတ်တယ်။ လူတစ်တောင်နီးပါး အရွယ်ရှိတယ်။ အဲ... လူကို တွယ်ကပ်မိရင်တော့ ဘယ်လိုမှခွာလို့ မရဘူး။ သူကိုယ်တိုင် ဆန္ဒရှိမှ ကွာတာ၊ အထူးသဖြင့် လှတဲ့မိန်းကလေးတွေကို" လို့ ပြောလိုက်ရော မျက်လုံးမှေးတဲ့သူကအစ သမင်မျက်လုံးလေးလို ဝိုင်းစက်သွားပါတော့တယ်။

တကယ်လားလို့ အထိတ်တလန့်နဲ့ မေးလာတဲ့ လှဧကရီရဲ့ အမေးကို ရိုးရိုးလေး တကယ်လို့ ဖြေခဲ့ရင် လှဧကရီတယောက် စောစောအားကိုးရှာမလားပဲ။ ငါ့ အဖြေလဲကြားရော ဟားတိုက်ရယ်တဲ့သူနဲ့... "ဟဲ့ .. အဲဒါ တောက်တဲ့ မဟုတ်ဘူးဟဲ့" ဆိုပြီး ခေါင်းအုံးနဲ့ ငါ့ကို ရိုက်တဲ့သူနဲ့ ခုနက ကြောက်စိတ်အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ရော။

"ဟုတ်တယ် တောက်တဲ့က မိန်းမလှလေးဆို ပိုကပ်တယ်။ မသိဘူးလား တောက်တဲ့ အပျိုလိုချင် ခေါင်းညိတ် ခေါင်းညိတ်...ဆိုတာလေ။"

ပြောပြီး မှားသွားပြီဆိုတာ သိလိုက်ပေမယ့် ချောဆီလွန်သွားတဲ့ လျှာကို ဘယ်လိုမှ ဘရိတ်အုပ်ဖို့ မမီတော့ဘူး။ ရလဒ်ကတော့ လှဧကရီက ငါ့ကို အမည်သစ်တခု ပေးလိုက်တာပါပဲ။ "ရွှီးစိန်" တဲ့။ အဲဒီကတည်းက ခေါ်လာတာ ၃ တန်းကျောင်းတော်ကြီး ပိတ်တဲ့ အထိပါပဲ။ ကံကောင်းတယ်လို့ ပြောရမလား ၊ မတွေ့ရတာ နှစ်တွေကြာခဲ့လို့လား မသိဘူး ကျောင်းပြန်ဖွင့်တဲ့အခါမှာတော့ အဲဒီ အမည်လေးကို သူ မေ့သွားခဲ့ပါတယ်။ ငါ လည်း နာမည်ပြောင်တခုလျှော့သွားတာပေါ့။ ကျေးဇူး လှဧကရီ။

အဖေတူမို့ချောတဲ့ (သူ့ Blog မှာဖတ်နှိင်ပါသည်။) ကိုစိုးလေး သမီးလှဧကရီဟာ ကိုစိုးလေးရဲ့ မြေးမလေးကို "ဒေါ်ရမ်းတုတ်" လို့ အမည်ပေးထားတာ သူ့ Blog မှာ တွေ့တော့ အော် အခုမှ အမည်ပေးကောင်းတာ မဟုတ်။ ဟိုလွန်ခဲ့သော ၂၄ နှစ်ကတည်းက အမည်ပေးကောင်းခဲ့သူဖြစ်ကြောင်း တိတ်တိတ်လေး မှတ်ချက်ပေးပြီး လှည့်ပြန်ခဲ့ပါတယ်။

(ဝန်ခံချက်။ ။ သင်းနွယ်ဇင် Blog မှ (My beloved "Daw Yann Tote") ကြောင့် တရံရောအခါက ရှေးဟောင်းအောင်းမေ့ဘွယ် သိုက်သမိုင်းကို တူးဖော်မိခြင်းဖြစ်ပါသည်။) ..

Comments

Anonymous said…
ဟီဟီး.. သတိရစရာလေးတွေတော့ ဖြစ်ကုန်ပီ။ ဒန်..ဒန့်..ဒန်..။ အဲ့လောက်ကြီးတဲ့ တောက်တဲ့သာဆိုရင် အန်တီသင်းနွယ်ဇင်တောင်ဟုတ်ဘူး.. သားသားပါ ကြောက်လို့လန့်ပြေးမှာ။းD

ဖိုးဆန်းပဲကြီးလှော်တဲ့ စားကောင်းလားဟင်.. ခုမှကြားဖူးလို့။
Sonata Cantata said…
မမရေ နင့်စာတွေဖတ်ပြီး ငါတို့အဖွဲ့ထဲက သူငယ်ချင်း Pyoo ကို သတိရလိုက်တာ။ သူ့နှုတ်ကထွက်လာ သမျှစကားလုံးတွေက ပြုံးပျော်စရာချည်းမို့ လမ်းသွားရင်တောင် ငါတို့တွေ သူ့ရဲ့ ဘယ်လက်(သို့) ညာလက်မှာ လက်ချင်းချိတ်ပြီး နေရာလုခဲ့ရတာ အမော...ထားတော့
ရယ်စရာတွေ ပြောတတ်တဲ့ သူတွေရဲ့ ရင်ထဲမှာတော့ ပျော်စရာတွေချည်း မဟုတ်ဘူးဆိုတာ နင့်စာတွေကပဲ ပြောနေပြန်တယ်...
ဒေါ်ရွှီးစိန်.. ဟဲဟဲသတိရသွားပြီ.. ခုချိန်ထိ ရွှီးကောင်းတုံးနော်..

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...