Skip to main content

သဇင်အမှတ်တရများ- တန်ဆောင်မုန်းလ ရေအိုး ငတက်ပြား ( ရေးသားသူ.. K- မမ)

တန်ဆောင်မုန်းလ ရေအိုးငတက်ပြား

သိင်္ဂီရေ ဒီတခါတော့ သဇင်ရဲ့ ပညာသင်လေးနှစ်မှာ တစ်ကြိမ်တစ်ခါတည်းသာ ကျရောက်ခဲ့တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲ (ငတက်ပြားနေ့) အကြောင်း ပြန်ပြောပြချင်ပါတယ်။ "နင်ကလည်း ငတက်ပြားသံသရာထဲက မထွက်ကို မထွက်နိုင်ဘူး" လို့ နင် ပြောရင်လဲ ခံရမှာပါပဲ။ ဟုတ်ပါတယ် ခိုးသားတွေများတဲ့ ဒီကာလမှာ ဟိုတချိန်တုန်းက မတရားသဖြင့်ကြီးပွားနေတဲ့ ဥစ္စာဓနတွေကို ခိုးယူပြီး ဆင်းရဲသားတွေကို ပြန်ဝေမျှခဲ့တဲ့ ငတက်ပြားကို မသိစိတ်က လွမ်းနေခဲ့လို့ ဖြစ်မှာပေါ့။

သူငယ်ချင်း သင်းနွယ်ဇင် က နင့်ရဲ့စိတ်ကူးယဉ် ကိုဖတ်ပြီး ငါ့ကို "ဆက်ပြီးစိတ်ကူးယဉ်လိုက်ပါလားတဲ့" လေ။ ငါ့ကို စိတ်ကူးယဉ်ခိုင်းရင်တော့ အခုချိန်မှာ ငတက်ပြား ဖြစ်ချင်တယ်။ ငတက်ပြားလို ပေါင်းစားပြီး ဖောင်းကားနေတဲ့ သူဌေးကြီးတွေအိမ်က အစားအသောက်တွေ မှိုမတက်ခင် အကျိုးရှိသွားအောင်၊ နေ့ခင်းမှာ မလိုအပ်ပဲ ထိန်ထိန်သာတဲ့ အလင်းတွေ အလဟဿ မဖြစ်အောင်၊ Model အောက်သွားတဲ့ အဝတ်တွေ အရှက်လုံရန် လိုအပ်သူတွေဆီရောက်အောင်၊ expired မဖြစ်ခင် ဆေးဝါးတွေ အသုံးချခွင့်ရအောင်၊ သော့ခတ်ထားတဲ့ အခန်းတွေ အိမ်တွေကို အမိုးအကာမဲ့သူတွေဆီရောက်အောင် အသာလေး မ ယူပြီး မြေလျှိုးမိုးပျံပြီး ဧရာဝတီကိုသွားချင်တယ်။ ရခိုင်ကိုသွားချင်တယ်။ ချင်းကိုသွားချင်တယ်။ ကချင်ကိုသွားချင်တယ်။ ရှမ်းအရှေ့ခြမ်းကိုသွားချင်တယ်။ ကရင်ကိုသွားချင်တယ်။ အညာကိုသွားချင်တယ်။ အောက်အကြေကိုသွားချင်တယ်။ နောက်ပြီး ရော့ လို့ပေးခဲ့ပြီး ကိုယ့်ပစ္စည်းကိုယ်ယူသလို ထပ်ခါထပ်ခါယူ ခေါက်တုံ့ခေါက်ပြန် ပေးချင်တယ်။ နိုင်ငံဘဏ္ဍာ ကာကွယ်ခဲ့တဲ့ ငတက်ပြားလို ဘုရင့် ဘဏ္ဍာစိုးကြီး ဖြစ်ချင်တယ်။ လိုအပ်နေတဲ့နေရာတွေမှာ သုံးဖို့အတွက် ငါ့ရဲ့ လက်မှတ်ကို ကျေကျေနပ်နပ် ထိုးချင်တယ်။ ( အင်း.... ရှည်ပြန်ပြီ။ လိုရင်းရောက်ဖို့ တစ်မိုင်လိုပါသေးတယ်၊)

တန်ဆောင်မုန်းလဟာ ပုံမှန်ဆိုရင်တော့ September စာမေးပွဲကြီးပြီးတဲ့ တက္ကသိုလ်တွေ ကျောင်းပိတ်ချိန်ပါ။ ဒါပေမယ့် ၄-တန်း သဇင်မှာနေခဲ့တဲ့ နောက်ဆုံးနှစ် မှာတော့ သီတင်းကျွတ် တန်ဆောင်မုန်းဟာ ကျောင်းဖွင့်ချိန် ဖြစ်နေပါတယ်။ တန်ဆောင်မုန်းလဟာ စောရနက္ခတ် ကွန့်မြူးတဲ့လ၊ ကျီးမနိုးပွဲ ဆင်နွှဲတဲ့လပေါ့။ တန်ဆောင်မုန်းလပြည့်နေ့ ညသန်းခေါင်ကျော် လူခြေတိတ်မှာ ဒို့မြို့လေးရဲ့ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ဟိုဆိုင်ကပစ္စည်း ဒီဆိုင်ရွှေ့၊ ဆိုင်းဘုတ် ပြောင်းပြန်လှန်ချိတ်၊ ညကမရုပ်မိတဲ့ ထဘီကို မီးကပ်တိုင်နဲ့ အလံထူ စကြ နောက်ပြောင်ကြ ၊ မနက်ကျရင်တော့ ပွစိပွစိလုပ်တဲ့သူနဲ့ ၊ ရယ်မောတဲ့သူနဲ့ တကယ်ပျော်စရာကောင်းခဲ့တာပါ။ တန်ဆောင်မုန်းလပြည့်နေ့မှာ သတိထားပြီး အိမ်ပြင်က ပစ္စည်းတွေ သိမ်းကြတာပါ။ မဟုတ်ရင်တော့ မနက်မိုးလင်းရင် တစစီ လိုက်ကောက်ပဲ။ မနက်မိုးလင်းရင် လမ်းမှာ ကန့်လန့်ချ လမ်းပိတ်ထားတတ်တာ။ ရွာသာသာမြို့လေးမှာတော့ တယောက်နဲ့တယောက် စိတ်ဆိုးကြတယ် မရှိပါဘူး။ စိတ်ဆိုးလဲခဏပါပဲ။

အဲဒီနေ့မှာ ခိုးရင် အဒိန္နာဒါနံ ကံမထိုက်ဘူးဆိုပဲ။ ဒီတော့ ငါတို့ကတော့ အုန်းသီးခိုး၊ ကြက်ခိုး၊ ဘူးသီးခိုး၊ ဆန်ဆီခိုးပြီး အုန်းထမင်းချက်စားကြတာပေါ့။ (အုန်းသီးကလွဲရင် ကျန်တာအမေ့ဆီက) တန်ဆောင်မုန်း လပြည့်နေ့တိုင်း ကဲနေကျဆိုတော့ ဘာလုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတုန်း မျက်နှာချင်းဆိုင် အခန်းက ပဲခူးဆားပွင့် အသေးဆုံးလေး TTS က ငါအခန်းကူးလာပြီး တိုင်ပင်ကြတာပေါ့။ တန်ဆောင်မုန်းလပြည့်နေ့ကို ဘယ်တုန်းကမှ မကြံဖူးကြတဲ့ ၄-တန်းကျောင်းသူ သဇင်သူတွေ အိပ်မောကျလောက်တဲ့ ညဥ့် ၂-နာရီကျော်တော့ ငတက်ပြားဖြစ်တဲ့ ငါရယ်၊ ငတက်ပြား လက်ထောက် ပဲခူးဆားရယ် ကျီးမနိုးပွဲ စပါတယ်။

အခန်းရှေ့မှာထားတဲ့ သောက်ရေအိုးတချို့တွေကို သယ်ပြီး လူမထားတဲ့ အခန်းထဲ ပို့ထားတယ်။ တချို့ကျတော့ သောက်ရေအိုးမရှိတဲ့ အခန်းရှေ့မှာ သွားထားတယ်။ အဲဒါက ပိုလက်ဝင်ပါတယ်။ သောက်ရေအိုးတင်တဲ့ လေးလုံးတတွဲ အခေါင်းပွအုတ်တွေပါသယ်ရတာပါ။ သောက်ရေအိုးအဖုံးနဲ့ ရေခွက်ပါမကျန်လေ။ စဉ်းစားကြည့်ပါကွယ် ညနေရေလာချိန်မှာ ရေဖြည့်ထားတဲ့ ရေအပြည့်နီးပါးဖြစ်နေတဲ့ သောက်ရေအိုးတွေကို ရေတစက်မှ မဖိတ်ရအောင်၊ လွတ်ကျမကွဲအောင် မ ရ ရွှေ့ရ ပျော်ချင်တော့ ဒီဂလောက်ဒုက္ခတော့ အပျော့ပေါ့လေ။ အနည်းဆုံး ၈-အိုး ၁၀-အိုး လောက်ရှိမယ်။ (သောက်ရေအိုး အခန်းထဲ ထားသူတွေလောက်ပဲ လွတ်တာပါ။)

အားလုံးနီးပါးပြီးလို့ အခန်းအပြန်လမ်းမှာ မျက်စောင်းထိုးအခန်းက တရေးနိုးထ အပေါ့အပါးသွားတဲ့ မျက်ခုံးမျက်ဆံ နက်နက်လေးနဲ့ ချောလဲချော စာလဲ အရမ်းတော်တဲ့ ရခိုင်မလေး သိန်းမြင့်ခိုင်နဲ့ တွေ့တော့ သူကမအိပ်သေးဘူးလား နှုတ်ဆက်တာကို အေး "အပေါ့ထတာ"လို့ ပြန်ဖြေခဲ့တာ။ တံခါးမကြီး ဒီတိုင်းဖွင့်ခဲ့တဲ့ သူမအခန်းထဲက ရေအိုးကတော့ ငါတို့ရဲ့နောက်ဆုံးပစ်မှတ်ပေါ့။ အိမ်သာက သူမပြန်လာခင် ရေအိုးကို ငါ့အခန်းထဲအရင်သယ် တံခါးပိတ် အိပ်ချင်ယောင်ဆောင်၊ နောက်နာရီဝက် စိတ်ချရတော့မှ အဲဒီရေအိုးကို အရင်ရေအိုးတွေထားတဲ့ အခန်းထဲပြန်ထား။ အတော်မောခဲ့တဲ့ညပါ။

မနက်ရောက်တော့ ရေအိုးရှာပုံတော်ဖွင့်တဲ့သူနဲ့ ၊ ဘယ်သူ့ရေအိုးတွေလဲ ငါတို့အခန်းရှေ့ရောက် နေတယ်လို့ အသိပေးသူနဲ့၊ ရေအိုးတွေ ဒီမှာဟေ့လို့ ရွှေအိုးကြီးတွေ့လိုက်ရလို့ ဝမ်းသာသလဲအော်တဲ့သူနဲ့၊ ဒါဘယ်သူလက်ချက်မှ မဟုတ်ဘူး "ကြောင်စုတ် ကြောင်နာ ကြောင်ပဲ့လက်ချက်ပဲ" လို့ တရားခံကို တိတိကျကျ ဖမ်းနှိင်တဲ့ စုံထောက်ဦးစံရှား ဟန်နဲ့ တထစ်ချပြောသူနဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ မနက် သဇင်ဆောင် ၃-ထပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်မှာတော့ ညက ငတက်ပြား ၂-ယောက်က စောင်ပုံထဲ ကွေးကောင်းနေတာပေါ့။ ဘယ်သူမှ ပဲခူးဆားပွင့် အသေးလေး TTS ကို သံသယမဖြစ်ကြပါဘူး။

ဒေါက်ဒေါက်ဒေါက်

ခိုင်။ ။ ဟိတ်ကောင် မမ ထ၊ ဘယ်မလဲ ငါ့ရေအိုး။

မ။ ။ ဘယ်သူလဲ။ ဒီမှာအိပ်ကောင်း…..၊

ခိုင်။ ။ အပိုတွေပြောမနေနဲ့ ။

ဒေါက်ဒေါက်ဒေါက်

ခိုင်။ ။ ဘယ်မလဲ ငါ့ရေအိုး။

ဒေါက်ဒေါက်ဒေါက်

မ။ ။ သိဘူးလေဟာ။

ဒေါက်ဒေါက်ဒေါက်

ခိုင်။ ။ ဟိတ်ကောင် ထတော့၊ ငါရေသောက်ချင်နေပြီ၊ ဘယ်မလဲ ငါ့ရေအိုး။

အား ဒီကောင်တော့ ရစ်ပြီ။ သူများတွေ ရေအိုး ပြန်တွေ့လို့ အသီးသီး ပြန်ယူနေကြပြီ။ ရေအိုးအားလုံး တခန်းထဲ အတူတူထားတာပဲဟာ။ အခန်းတံခါးဖွင့်လိုက်ရော သိန်းမြင့်ခိုင်က သူ့မျက်နှာလှလှလေးကို ရှစ်ခေါက်မကဘူး၊ ဆယ်ခေါက်ထိချိုးထားတာပါလား။ အတော်ဒေါပွနေပုံပဲ။ အခန်းထဲထားတဲ့ ရေအိုးဆိုလို့ သူ့တစ်အိုးထဲပါတာ။ ကြောက်ကြောက် လန့်လန့်နဲ့ မျက်နှာချိုသွေးပြီး တလုံးတည်းသာ ကျန်တော့တဲ့ သူ့ရေအိုးကို သွားယူပြီး သူ့အခန်းထဲပြန်ထားခဲ့ရတယ်။ အမြီးကုပ် အဲ.. မှားလို့ အသက်ဖက်နဲ့ထုပ် လေပြေထိုး စစ်ပြေငြိမ်းဖို့ ကော်လိပ်ဂျင်နေဝင်း Action အတိုင်း…။

မ။ ။ ကျေပါ မအေးစိန်ရယ်။

ခိုင်။ ။ ဟားဟား…… ဟားဟား။ မမရာ ညထဲက နင်ပုံတခုခုပဲထင်နေတာ။ ဆူညံဆူညံ အသံကြားလို့ အိပ်ယာကနှိးရော .. ဟာ ငါ့ရေအိုးလဲပါသွားပြီ။ အင်း…. အားလုံးကို စိတ်အနှောင့်အယှက်ပေးတဲ့ နင့်ကို ဘယ်လိုပြန်လုပ်ရမလဲ စဉ်းစားနေတာ နိုးကတည်းကပဲ။ ဘယ်လိုလဲ ငါ့ Action အကယ်ဒမီရှော့ပဲ မဟုတ်လား။

မ။ ။ အေး...ဟုတ်တယ်။ ဇာတ်ဆောင်ဆုတော့ မဟုတ်ဘူး။ လူကြမ်းမင်းသမီးဆု။

( ဒီပုံတွေမြင်လို့မှ သတိမရရင် သေခန်းပြတ်ပဲလို့ ကျိန်းဝါးခဲ့သူ၊ TV ပဲကြည့်မနေနဲ့ စာလဲကြည့်အုံးဟ ဆိုပြီး TV ခန်းထဲမှ ဆွဲထုတ်တတ်သူ သူငယ်ချင်း သိန်းမြင့်ခိုင် နှင့် စိတ်တူကိုယ်တူ သောက်ရေအိုးတွေ မ ခဲ့ ရွှေ့ခဲ့သူ သူငယ်ချင်း ပဲခူးသူ TTS တို့အား ရည်ရွယ်ပါသည်။ ပုံကတော့ ပန်းဂျီကျော် သိန်းမြင့်ခိုင် ပဲဖြစ်ပါသည်။ )

Comments

မီယာ said…
အမတို့တွေ သဇင်မှာ တော်တော် ပျော်ခဲ့ကြတယ် ထင်တယ်နော်။ ကံကောင်းလိုက်တာ။ အခုလို ဖတ်ရတော့ အပျော်တွေပါ ကူးသွားတယ်။
Sonata Cantata said…
K-မမ အမှတ်တရလေးတွေ ကောင်းကောင်းသိမ်းထားတတ်သူဆိုတော့ အမှတ်တရတွေ အများကြီးပိုင်ဆိုင်သူပေါ့ကွာ
ပျော်စရာတွေ ဝေမျှရတာ ကုသိုလ်အများကြီးရတယ် သူငယ်ချင်း
လေးမီ said…
အဲဒီညက နင်တော်တော်ပင်ပန်းမှာဘဲနော်။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...