Skip to main content

ပျော်ရွှင်ဆင်နွှဲ ပဒေသာကပွဲ (သို့မဟုတ်) မီးရောင်အောက်က ညတစ်ည (ရေးသားသူ- K မမ)

မင်္ဂလာပါရှင်...။
ကျမလည်း ဝေဒနာ အမော..သောကအပူ..(ကဗျာရွတ်တာ မဟုတ်) တွေထဲ ရှုပ်ထွေးနေတာနဲ့ ပို့စ်ရေးဖို့ စိတ်က ၀င်စားလို့ မရ..။  ရေးဖြစ်ပြန်တော့လည်း အဆုံးသတ်မရ။ အင်း.. ဒါနဲ့ပဲ ဟိုတနေ့က ကယ်တင်ရှင်မမကို လှမ်းပြီး စာမရေးတော့ဘူးလားလို့ မျက်နှာချိုလှမ်းသွေးလိုက်တော့.. ညနေက ပို့လိုက်ပြီဆိုတာတောင် ကိုယ့်မှာ တင်ဖို့ ပြင်ဆင်တာ တောက်လျှောက် အချိန်မရလို့...။ ပြီးပြန်တော့လည်း ပီဒီအက်ဖ်လေးပြောင်းပြီး scribd နဲ့  တင်ရရင်ကောင်းမလားပေါ့... ဖြစ်ချင်တော့ ကျမရဲ့ ms-word 2007 မှာ ပီဒီအက်ဖ်ပြောင်းလို့မရပါဘူး။ ဒါနဲ့ http://www.primopdf.com/  ကနေ ဒေါင်းလုပ်ယူပြီး ပီဒီအက်ဖ်ပြောင်းထားလိုက်ပါတယ်...။ သဇင်အမှတ်တရထဲက သူ့အတွက် အမှတ်တရ ဖြစ်တာလေးပါ...။ ကျမကတော့ သူပြန်ပြောမှ... ဝေေ၀၀ါးဝါး ပြန်သတိရလာရပါတယ်...။

Comments

MANORHARY said…
မသိဂီ င်္ရေ
ကံမကောင်းချင်တော့commentကိုနှစ်ခါပြန်ပေးရတယ်။
မ၀င်ဘူးလေ။
သတိရစရာပျော်စရာကာလတွေကိုမြင်ယောင်သွားတယ်။
ကျောင်းပုံ slideshowကိုလည်းတော်တော်ကြာအောင်
ငေးသွားတယ်။ကိုယ့်ကျောင်းမဟုတ်ပေမယ့်ညနေတိုင်းညီ
မကိုသွားကြိုရင်းရောက်နေတဲ့ကျောင်းမို့ရောသူငယ်ချင်း
တွေတော်တော်များများလည်းရှိတာမို့ရော..မနော့်ဒုတိယ
ကျောင်းလိုပါပဲ။
စူး said…
ပျော်စရာကြီးးးးးးးးးးးး

မီးမီးတို့ က စတိတ်ကျောင်းသူလေးတွေပဲ ရှိသေးတယ်
ဆက်ရေးပါ များများရေးပါ
များများဖတ်ပီး အားပေးနေပါတယ်
sonata-cantata said…
This comment has been removed by the author.
Sonata Cantata said…
ချင်းကြီးခင်မမကို ချစ်ပါသည်။


(အခြား account နဲ့ရေးမိလို့ အပေါ်က ကော်မန့်ကို ပြန်ဖျက်လိုက်တာနော်)
ThuHninSee said…
loading နေတာ ကြာတယ်.. နောက်မှပြန်လာဖတ်တော့မယ် မမနဲ့ မမတီဂျီ။
အစ်မ-မခင်မမ
တရားစခန်းမှာ တွေ့ပေမဲ့ အနှောက်အယှက်ဖြစ်မှာစိုးလို့ စကားမပြောဖြစ်လိုက်ရဘူး။

သင်္ကြန်မှာ သူများတို့ကတဲ့ အကြောင်းလေးလည်း ရေးပါဦး။ အဲဒီတုန်းက ဆရာဦးဇော်မင်းအောင်တို့ လက်မလည်လို့ အစ်မတို့ကို တန်ခူးနဲ့ သူများက မိတ်ကပ်ကူလိမ်းပေးခဲ့ဘူးတာ မှတ်မိတယ်ဟုတ်။ နံနက် စောစော မှောင်ရီဝိုးတ၀ါးမှာ မမြင်မကန်းနဲ့ မိတ်ကပ်တွေ အလိမ်းလွန်ပြီး ဓါးနဲ့တောင် ခြစ်ချလို့ရတာလေ...း-)

အစ်မ မသိဂီ င်္ရဲ့ဘလော့ကို အမြဲလာဖတ်ဖြစ်တယ်။ ခြေရာလက်ရာသာ မချန်ဖြစ်ခဲ့ပဲ တိတ်တိတ်လေး ပြန်ပြန်သွားတာ...း-)

စုချစ်
မီယာ said…
မနော် တယောက်ထဲ မဟုတ်ဘူး.. ညကတည်းက မန့်ထားတာ အိပ်ရာထလို့ နောက်တခေါက် ပြန်လာကြည့်တာ မပေါ်သေးတာနဲ့ ထပ်မန့်တာ.. မသိင်္ဂီတို့ ကျောင်းမှာ တော်တော် ပျော်ခဲ့ရတယ်နော်.. ကံကောင်းသူလေးများ...
သူညားလဲပါပါတယ်။ ကယားမလေးလုပ်ပြီး ဘယ်ညာနင်းတယ်လေ။ :)
PAUK said…
မ မမ
တင်ကတည်းက ဖတ်ရတယ်..
ပြတ်တောင်း ပြတ်တောင်း..
ဂျီတော့ခ်ပြောနေတော့ မန့်ဖို့ အခွင့်မသာဘူး
အခုမှ အေးဆေးပြန်လာဖတ်ရတယ်..
ချင်းမလေးက ..မ မမလားး
မ ရေ… ဟိုတနေ့ က ရုံးမှာ ဖတ်ပြီး ဒီကော်မန့် လေး ပြင်ထားတာ… ကော်မန့် တင်လို့ မရလို့ …

ခေါင်းတွေ အရမ်းကိုက်နေလို့  မနေ့ ကရော ဒီနေ့ ပါ ဘလော့ဂ်လည်ခြင်း ခဏနားထားတာ… မြတ်နိုးက ညွှန်းလိုက်လို့  ခေါင်းကိုက်ကိုက်နဲ့  လာဖတ်တာ ခေါင်းကိုက်တောင် ပျောက်သွားသလိုပဲ မ နဲ့  မမရေ… တင်ပေးသူရော… ရေးပေးသူပါကျေးဇူးပါ… ပိုးတူသူတွေမို့  ဖတ်ရတာ လေးလေးပင်ပင်နဲ့  စင်ပေါ်တောင်ပြန်ရောက်သွားသလို ခံစားရပါတယ်… ပြီးတော့… မင်းသမီးတော်တော်များများက ကိုယ့်အမတွေပဲ ဆိုတော့ မျက်စိထဲ မြင်ယောင်လာပြီး လွမ်းလိုက်တာ… သွားရည်ကျခဲ့ရတဲ့ အဆောင်သူဘ၀ကို မမရေးမှ ပိုအားကျမိပြန်တယ်… (ခုတော့လဲ နောက်ကျပြီလေ)… မမရေ… သဇင်အတွဲကလဲ စာအုပ်တအုပ်ထုတ်ရလောက်အောင် အရေးအသားကောင်းပြီး အဆောင်သူဘ၀ကို ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်ပါတယ်… လေးစားအားကျမိပါတယ်…
tg.nwai said…
မနော်ရေ..တကူးတက ကော်မန့်လေး ထားခဲ့ပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်...။ မနော်ဆီက မလွမ်းဘူးလား လာကြည့်ပြီးတော့ လွမ်းနေတဲ့သူတွေ အလွမ်းပြေ စလိုက်ရှိုးလေးတွေ့တာနဲ့ တင်ထားလိုက်တာ...။

မြတ်နိုးလေး.. မြတ်နိုးရေးတဲ့ ကျောင်းအကြောင်းတွေဖတ်ပြီး သည်အလွမ်းပိုး ထလာတာနဲ့ သဇင်ဇာတ်လမ်း စဖြစ်သွားတာ..

သီတာရေ..ချင်းကြီးကချင်းမလေးနဲ့ မတွဲဘူးနော်.. တစ်ယောက်ထဲ နေလို့..ခုလဲ..ဟီးဟီး။

မွန်ရေ..အဆင်မပြေမှုအတွက် စိတ်မကောင်းပါ..:)

စုချစ်ရေ.. ညီမလေးဆီလည်း လာလည်ဖြစ်ပါတယ်.. ပြက္ခဒိန်လေးလည်း လာယူသွားသေးတယ်.. ဟဲဟဲ..။

မီယာရေ.. ဟုတ်တယ်နော်..အခုတလော ကော်မန့် ပေးလို့ မရဖြစ်နေတာ..တော်တော်ခက်နေတယ်..။

သင်းကြည်.. ဟုတ်သားပဲ..နင့်ပုံပို့လိုက်လေ..တွဲသိမ်းထားရအောင်..ငါလည်း နင်တို့ကို အားကျလို့ နောက်နှစ်မှာ ပါမဟဲ့လို့ အားခဲပြီး စာရင်းပေးတာပဲ.ငါပါမယ်ဆိုကာမှ ပွဲက ပျက်.....ငါ့မှာ ခါးက တောင့်တောင့်ကြီးဖြစ်နေလို့ အကနည်းပြအကူ ပြန်လုပ်နေတဲ့ တောင်ကြီးသူ ဒေါ်မီ ပြောတာ သတိရသေး...။

ပေါက်ကတော့ လုပ်ပြီ..ဟိဟိ.. ကွန်မန့် သပ်သပ်လာပေးတဲ့အတွက် ကျေးဇူး။ အဲဒါ ချင်းအမျိုးသားဝတ်စုံနဲ့ မမပေါ့..။ ချင်းမလေးဆို..ဘယ်..ရှာလပတ်စ်..ဟဲဟဲ။

တန်ခူးရေ... အခုတလော ခေါင်းကိုက်တဲ့သူတွေ တော်တော်များနေတယ်..ရာသီအပြောင်းအလဲကြောင့်လား မသိ။ တန်ခူးတို့နဲ့ ကတဲ့အကြောင်း မမ သီးသန့် ထပ်ရေးမယ် ထင်တယ်..။ အမှတ်တရလေးတွေ စုထားချင်လို့ မမဆီက တောင်းထားရတာ..သူ တော်တော် မှတ်မိတာကိုပဲ အံ့သြလွန်းနေတာ..။

( ပိုစ့်ရေးသားသူသည် အကြီးစား operation ကို ကိုယ်တိုင် ဦးဆောင်ပါဝင် ဆင်နွဲနေပါသဖြင့် မအားလပ်ပါသောကြောင့် ကိုယ်စား ၀င်ဖြေပါသည်။ )
Taungoo said…
အမကြီးတို့ အဆောင်ကပွဲတော့ အနော်တို့ နောက်ဆုံးသုတ်လေးနဲ့ အလှမ်းဝေးပါတယ်။ ပျော်စရာကြီးပဲ။ အခြားအဆောင်တွေက ကျောင်းသားတွေ မကြည့်ရဘူးလား။ (ဒီမှာ စာမူခဝင်ပေးတာတောင် နည်းနည်းကြောင်နေတယ်။ အနော် တစ်ယောက်တည်း မောင်ကျောင်းသား ဖြစ်နေလို့)
ဒါပေမယ့် မျိုးဆက်တော့ပြတ်ပါဘူး။ ဧပြီ ၁၁ မှာ RIT/ YIT/ YTU/ MIT/ MTU/ PIT/ PTU သင်္ကြန်ပွဲရှိတယ်။ ဒီမှာတော့ နှစ်တိုင်းအစဉ်လာမပျက် လုပ်နေကြပါ။

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။