Skip to main content

အဆောင်ထဲမှာ ဒီလိုပဲ ရှိတယ် (တခန်းရပ်ပြဇာတ်) ရေးသူ- K-မမ

အဆောင်ထဲမှာ ဒီလိုပဲ ရှိတယ်။

Comments

PAUK said…
အဆောင်ကျောင်းသူဘ၀..
နံပါတ်၃..နဲ့ ၄) ကို အကြိုက်ဆုံးးး
tg.nwai said…
မမရေ..တစ်ယောက်ထဲ နေရင်..စာကျက်တဲ့ ထဲလဲ မပါဘူး။ အိပ်နေတဲ့ အထဲလည်း မပါဘူးနော်..ငါက.(ဘာတွေလုပ်နေပါလိမ့်နော်..:)

နှစ်ယောက်ထဲမို့ နှလုံးသားရေးရာအကြောင်းလည်း မပြောဖြစ်ပါဘူးကွယ်..ငါ့အခန်းဖော်တွေက အခန်းကပ်တယ်ရယ်မှ မရှိတာ.. :(

အဆောင်ကို ပြောင်းပြန်လှန်ရအောင်လည်း ငါကတော့ သူရဲကောင်းထုံး နှလုံးမမူနိုင်သေးဘူးလေ..။ (သိတယ်ဟုတ်)

ဖျာလိပ်နတ်က တကယ် ၀င်ပူးသွားတာ ထင်တယ်.. ပြဇာတ်ကတုန်းလေ..။ သူလည်း ဟိုအဆောင်ကြည့် နင့်ဖူးစာရှင် မြင်နိုး မြင်နိုးနဲ့..နောက်ဆုံးမတော့...ငါ့သယ်ရင်းလည်း လွတ်လွတ်ကျွတ်ကျွတ်..အဆောင်မှူးပဲ လုပ်နေတော့..ဟဲဟဲ.
MANORHARY said…
အဟဲ
မသိဂီ င်္ကဘယ်ထဲများပါလဲလို့သိချင်လာရပြန်ရော..း)
ပျော်စရာကောင်းသောအဆောင်နေကျောင်းသူများဘဝ
ပါပဲနော်။မနာလိုလိုက်တာ။အရင်ကသူငယ်ချင်းအဆောင်
လိုက်လိုက်အိပ်ရတာမှတ်မိတယ်။အဆောင်နေတဲ့ခံစားမှု
ကိုလိုချင်လို့လေ.........
ဇနိ said…
ကျောင်းသူတွေဖျာလိတ်နတ်သိပ်မေးကြတာ.. ပြီးတော့ ဖဲဗေဒင်...း)
ယောက်ျားလေးများကတော့ အသောက်အစားး)
ThuHninSee said…
တို့အစ်မက ဘယ်နားမှ မပါဘူး။..ဘယ်ပါမလဲ..
ဓါတ်ပုံလေးကို ရင်ဘတ်ပေါ်တင်ပြီး ကြည်နူးနေလို့နေမှာပေါ့။
သို့တည်းမဟုတ်..ဧည့်သည်လာလို့ ဆင်းတွေ့နေတာမှာပေါ့။
:P said…
ဖတ်သွား၊ ပျော်သွားသည်
khin oo may said…
လာလေ့လာသည်။
မမရေ ဖျာလိပ်နတ်ကို မေးတဲ့အထဲမှာ စင်ကာပူမပါလို့နေမယ် ခုထပ်မေးကြည့်ပါလား ဟဲ ဟဲ :)

အပေါ်ကဒေါ်သိံဂီ တယောက်ထဲဘာလုပ်နေလဲ သိပါတယ်နော် ဟင်းဟင်း...:D
said…
သိင်္ဂီရေ
ဟုတ်တယ် နင်က စာလဲမကျက်၊ အိမ်လဲမအိပ် ဒါပေမယ့် ဗလာစာအုပ်မှာ အဆုံးမသတ်တဲ့ ဝတ္ထုတို့ ကဗျာတွေရေးတယ်လေ။ ငါကနင့်ရဲ့ စာဖတ်ပရိသတ် သို့ပေတည့် ခရမ်းက သိင်္ဂီ ကသာ ရွှေ (စက်မှု့တက္ကလိုလ်) ဖြစ်လာသည်။ တို့ သိင်္ဂီ ကနှစ်ပေါင်း ၂၀ ကျော်မှ blog ရေးသည်။
နှလုံးသားရေးရာအကြောင်းကိုတော့ နင်ပထမနှစ်မှာ မပြောတာတော့ သေချာနှိင်သည်။ နောက်နှစ်တွေမှာ တော့ သက်သေက နင့် blog ထဲမှာပင်။
အဆောင်ကို ပြောင်းပြန်လှန်တဲ့ထဲတွင် နင်ပါပါသည်။ KN တို့အုပ်စု အဆောင်ရှေ့သီချင်းလာဆိုတိုင်း အုပ်စုထဲက မိန်းကလေးတွေ က အဆောင်အဝင်ပေါက်ကို ဒိုးယိုပေါက်မြင်နှိင်တဲ့ နင့်အခန်း (၃၂) ကနေ အားပေးတာတို့၊ မီးမိတ်ပြတာတို့လုပ်တာလေ။ မှတ်မိပြီဟုတ်။
အခန်းကျယ် ပဲခူးဆားတွေရဲ့ အခန်းမှာ ဖျာလိပ်နတ်မေးတာလဲ ဘေးကနေ သွားစွယ်လေးတွေ လှစ်လှစ်ပြနေခဲ့တာလဲ နင်ပဲဟုတ်။

ညီမလေး သူ့နှင်းဆီ၊ ညီမလေး မနော်ရေ ညီမလေးတို့ မမ tg ဘာလုပ်နေလဲဆိုတာ သိပြီဟုတ်

ပေါက် ကျောင်းသူ-၄ ကိုအားပေးတဲ့ အတွက်ကျေးဇူး

အင်း မအောင်ဖြူကို အားကိုးတဲ့သူတွေများပုံပဲ ကိုဇနိ အရင်ရေးတဲ့ အိုးဝေမှာလဲ စစ်ကိုင်းသူရေးထားတဲ့ ဖျာလိတ်နတ်အကြောင်း ဖတ်ဘူးတယ်။

သင်းကြည်ရေ စလုံးကို မအောင်ဖြူကြောက်သည်တဲ့။
မမနဲ့  မမသိဂီင်္ရေ … အဲဒီပြဇာတ်လေးကို ကြည့်ချင်လိုက်တာ… မင်းသမီးလေးတွေထဲမှာ ကိုယ်သိတဲ့သူတွေပါနေတော့ စာရေးကောင်းတဲ့ မမရေးလိုက်တာ မျက်စိထဲ တကယ်ကြည့်နေရသလိုပဲ… လွမ်းတယ်… လွမ်းတယ်…. (တန်ခူးလဲ ဖျာလိပ်နတ်မေးတဲ့ အကြောင်းသွားတွေးမိပြီး ဖျာလိပ်နတ်ပို့ စ်တင်ထားတာ… ညီအမတွေ စိတ်ချင်းဆက်နေတာနော်)
Sonata Cantata said…
Kမမရဲ့ ကွန်မန့် ပြန်ကြားချက်ကို တစ်ပေါင်းတည်း ဖတ်ပြီးမှ တခန်းရပ်ပြဇတ်လည်း မသီတာ အတွက် ဇတ်ရည်လည်တော့၏။ ခရမ်းက သိင်္ဂီ (1st yr. R.N. 90, 1985) က ရွှေ(စက်မှုတက္ကသိုလ်) ဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာမှ သိရပလေ...ဒါနဲ့ နေစမ်းပါဦး R.N 91 ကကော ဘာဖြစ်နေသတုန်း သိရင်ပြောကြစမ်းပါဦး...

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...