မုန်းတယ်......
အလကားနေ ကြောက်တတ်တဲ့ စိတ်တွေကို မုန်းတယ်....
မုန်းတယ်...
မြင်ရက်သားနဲ့ ကန်းနေခဲ့ရတဲ့ မျက်လုံးအစုံကို မုန်းတယ်...
မုန်းတယ်...
မထွက်ရဲခဲ့တဲ့ ရင်လှိုင်းခတ်သံတွေအတွက် ဟောဒီနှုတ်ခမ်းတွေကို မုန်းတယ်...
မုန်းတယ်...
မကြားရဲလို့ ပိတ်နေခဲ့ရတဲ့ ကြားတတ်တဲ့ နားအစုံကို မုန်းတယ်..
မုန်းတယ်...
မလှမ်းရဲလို့ တုံ့ဆိုင်းနှေးကွေးချိနဲ့နေတဲ့ ခြေအစုံကို မုန်းတယ်...
မုန်းတယ်...
မရပ်ရဲလို့တဲ့... ငုတ်တုတ်ကြီးထိုင် ငူငိုင်နေရတဲ့ ဒီအတ္တဘောကြီးကိုလည်း မုန်းတယ်...
မုန်းတယ်...
အလင်းထဲ လျှောက်နေသူတွေနဲ့မလိုက်ရဲတဲ့
အမှောင်ထုထဲက လိပ်ပြာမသန့်ရတဲ့ အဖြစ်မျိုးကို.....
မုန်းနေရတဲ့ အတွက်လည်း.....
မုန်းတယ်...
မုန်းတယ်......
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments
ကိုယ့်ကိုကိုယ် မုန်းတယ်...
အဲဟိုနေ့ကတော့လေ ချစ်တဲ့သူရဲ့ နာမည်လေး အသည်းပုံထဲမှာ ရေးခဲ့တယ်...
အသည်းလေးကို အတောင်ပံတစ်စုံလည်း တပ်ပေးခဲ့တယ်...
ညီမလည်း အမမုန်းတာတွေကို မုန်းတယ်
ဘာလို့ ဒီလောက် မုန်းစရာတွေများပါလိမ့်
ညီမလည်း ကိုယ့်ကိုယ် လိပ်ပြာ မသန့်ဘူး မရယ်
မသီတာပြောသလို မမန့်နိုင်လို့
ကိုယ့်ကိုယ်ကို မုန်းတယ်..
အမုန်းကနေ
အပြုံးတွေ ပြောင်းလဲလာပါစေနော်...
သာမီးလဲ မုန်းတယ်....
ဘာကိုမုန်းတာလဲမမသိတယ်ဟုတ်
အာဏာရှင်စနစ်ဆိုးကြီးကို အသေအလဲ မုန်းတယ်။
:)
တွေဝေနေရတဲ့ စိတ်တွေကိုလည်းမုန်းမိပါတယ်ဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
အမုန်းတွေကို ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ဖေါ်ထုတ်ပြတဲ့ မသိင်္ဂီ ကိုတော့ ချစ်ပါတယ်...။